backup og meta

သိုင်းရွိုက်ရောဂါနှင့် ပတ်သတ်ပြီး မးခွန်းပေါင်းသောင်းခြောက်ထောင်

သိုင်းရွိုက်ရောဂါနှင့် ပတ်သတ်ပြီး မးခွန်းပေါင်းသောင်းခြောက်ထောင်

သိုင်းရွိုက်ဂလင်းဆိုတာ ညှပ်ရိုးအပေါ်လည်ပင်းမှာခွနေတဲ့ လိပ်ပြာပုံ အင်္ဂါတစ်မျိုးပါ။ ကယ်လိုရီတွေလောင်ကျွမ်းစေဖို့နဲ့ နှလုံးခုန်နှုန်းကို ထိန်းညှိပေးတဲ့ ဟော်မုန်းတစ်မျိုးကို ထုတ်ပေးပါတယ်။ အဲဒါကြောင့် သင့်သိုင်းရွိုက် မှာချို့ယွင်းချက်တစ်ခုခု ဖြစ်နေပြီဆိုရင်တော့ စိတ်မချမ်းသာစရာ အရာအမျိုးမျိုး ကြုံတွေ့ရတော့မှာပါ။

သိုင်းရွိုက်ဂလင်းရဲ့ ချို့ယွင်းချက်တွေဆိုတာဘာလဲ။

သိုင်းရွိုက်ချို့ယွင်းနေတဲ့ လူနာတွေဟာ ပြသနာအမျိုးမျိုးနဲ့ ကြုံတွေ့နိုင်ကြပါတယ်။ ယင်းတို့မှာ

· သိုင်းရွိုက်ကင်ဆာ

· လည်းပင်းကြီးရောဂါ။ သိုင်းရွိုက်ဂလင်း ကြီးနေခြင်း

· သိုင်းရွိုက်ဟော်မုန်းလွန်ကဲခြင်း- သိုင်းရွိုက်ဂလင်းက ဟော်မုန်းကို လိုတာထက် ပိုထုတ်ခြင်း

· သိုင်းရွိုက်ဟော်မုန်းချို့တဲ့ခြင်း- လုံလောက်တဲ့ ဟော်မုန်းကို မထုတ်ပေးနိုင်ခြင်း

· သိုင်းရွိုက်အကျိတ်ထွက်ခြင်း- သိုင်းရွိုက်တွင် အဖုများထွက်နေခြင်း

· သိုင်းရွိုက်ရောင်ရမ်းခြင်း- သိုင်းရွိုက်ဂလင်းဖောင်းကားလာခြင်း

တို့ပဲဖြစ်ပါတယ်။

အခြားရောဂါတွေနဲ့ မတူဘဲ သိုင်းရွိုက်ဂလင်းရောဂါဟာ စိတ်မသက်သာစရာ တွေကို ဖြစ်စေပါတယ်။ ဒါပေမဲ့လည်း ရောဂါစဖြစ်ကတည်းက သိရှိကုသမယ်ဆိုရင်တော့ စိုးရိမ်စရာရှိမှာ မဟုတ်လောက်ပါဘူး။

သိုင်းရွိုက် ဂလင်းရောဂါတွေ ကို ဘယ်အရာတွေက ဖြစ်စေတာလဲ။

ဘယ်အရာက ဘယ်လို သိုင်းရွိုက်ရောဂါမျိုးကို ဖြစ်စေတာလဲဆိုတာ ပြောရခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သိုင်းရွိုက်ရောဂါတစ်မျိုးစီကို ဖြစ်စေတဲ့ အရာတွေဟာ တစ်ခုထက်ပိုပြီး ရှိနေလို့ပါ။

သိုင်းရွိုက်ဟော်မုန်းလွန်ကဲခြင်း။ သိုင်းရွိုက်ဟော်မုန်းလွန်ကဲစွာ ထုတ်လုပ်ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရာအမျိုးမျိုး ရှိပါတယ်။ ယင်းတို့မှာမှာ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

· ဂရေ့စ်ရောဂါ။ သိုင်းရွိုက်ဟော်မုန်းဟာ လွန်ကဲစွာထုတ်လုပ်ခံရပါတယ်။

· အဆိပ်ဖြစ်စေသော အကျိတ်များ။ သိုင်းရွိုက်ဂလင်းမျာ အကျိတ်တွေဖြစ်ပြီး ဟော်မုန်းတွေကို နဂိုထက်ပိုထုတ်ပါတယ်။ အဲဒီအခြေအနေဟာ သင့်ခန္ဓါကိုယ်ရဲ့ ဓါတုဓါတ်တွေ မျှခြေမှာ ရှိနေတာကို ပျက်ပြားအောင် လုပ်တဲ့ အဓိက အကြောင်းအရင်းတစ်ခုပါ။ အကျိတ်တွေကိုဘာတွေကဖြစ်စေလဲဆိုတော့ တချို့ လည်းပင်းကြီးရောဂါတွေကြောင့်လို့ပဲ ပြောရမှာပေါ့။

· မစိုးရိမ်ရသော သိုင်းရွိုက်ရောင်ရမ်းခြင်း။ အဲဒါကတော့ သိုင်းရွိုက်ဂလင်းရောင်တာပါပဲ။ ရလဒ်အနေနဲ့ကတော့ သိုင်းရွိုက်ဂလင်းဟာ ဟော်မုန်းကို လိုတာထက် ပိုထုတ်ပေးလာပါတယ်။ အဲဒီအချိန်မှာတော့ သိုင်းရွိုက်ဟော်မုန်းဟာ ရက်သတ္တပတ်အနည်းငယ်အထိ လွန်ကဲနေပါလိမ့်မယ်။

· ဦးနှောက်အောက်ခြေရှိ အဆီကျိတ် ပုံမှန်အလုပ်မလုပ်ခြင်း သို့မဟုတ် ကင်ဆာဖြစ်ပြီး ကြီးနေခြင်း။ အဲဒါမျိုးက အဓိကတော့ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဖြစ်တာ အရမ်းရှားလို့ပါ။

Hypothyroidism။ အဲဒါကတော့ သိုင်းရွိုက်ဟော်မုန်းနည်းနေတဲ့ အခြေအနေကို ဖော်ပြတဲ့ ဆေးပညာအခေါ်အဝေါ်တစ်ခုပါ။ Hypothyroidism ဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

· ဟာရှီမိုတို သိုင်းရွိုက်ရောင်ရမ်းခြင်း။ အဲဒါကတော့ ကိုယ်တွင်းမှာ ရှိနေတဲ့ ပဋိဓါတ်တွေက သိုင်းရွိုက်ဂလင်းကို တိုက်ခိုက်လို့ပဲ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ သိုင်းရွိုက်ဂလင်းဟာ သေဆုံးသွားပြီး ဟော်မုန်းလုံ၀ မထုတ်တော့ပါဘူး။

· သိုင်းရွိုက်ဂလင်း ဖယ်ရှားခံခဲ့ရခြင်း။ သိုင်းရွိုက်ဂလင်းဟာ ဓါတုဓါတ်တွေကြောင့် ပျက်စီးခဲ့ရခြင်း ဒါမှမဟုတ် ခွဲစိတ်ဖယ်ရှားခံခဲ့ရခြင်း။

· အိုင်အိုဒင်းအများအပြားနှင့် ထိတွေ့ခံရခြင်း။ အိုင်အိုဒင်းဓါတ်လွန်ကဲတယ်ဆိုတာ ဆေးတွေကြောင့် နဲ့ X-ray မရိုက်ခင် ပေးသော ဆိုးဆေးအချို့ကြောင့် စသဖြင့် အကြောင်းအရင်း အမျိုးအမျိုးရှိပါတယ်။ သိုင်းရွိုက်ရောဂါတစ်ခါဖြစ်ဖူးတဲ့ သူဟာ နောက်ထပ်တစ်ခါ ထပ်ဖြစ်ဖို့ ရာခိုင်နှုန်းများသွားပါပြီ။

· လစ်သီယမ်။ လစ်သီယမ်ပါတဲ့ ဆေးတွေဟာ သိုင်းရွိုက်ဟော်မုန်းထုတ်တာကို နည်းစေပါတယ်။

မွေးကင်းစနဲ့ နို့တိုက်ကလေးငယ်တွေအတွက် သိုင်းရွိုက်ဟော်မုန်း နည်းတာဟာ စိုးရီမ်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒါက အစာစားချင်စိတ်မရှိခြင်း၊ လှုပ်လှုပ်ရှားရှား မရှိခြင်း နဲ့ အလွန်အကျွံအိပ်ခြင်း တို့ကို ဖြစ်စေနိုင်လို့ပါ။ ယင်းသို့ဖြစ်ရခြင်းမှာ

· ဦးနှောက် အောက်ခြေရှိ အဆီကျိတ်မှာ မူမမှန်ခြင်း

· သိုင်းရွိုက်ဂလင်း ချို့ယွင်းနေခြင်း

· သိုင်းရွိုက်ဂလင်း လုံး၀ မပါရှိခြင်း

တို့ကြောင့် ဖြစ်ပါတယ်။

သိုင်းရွိုက်ကင်ဆာ။ အဲဒီ စိုးရိမ်ရတဲ့ ရောဂါဟာ ဝက်ခြံကုထုံးလိုမျိုး ဦးခေါင်းနှင့် လည်ပင်းတွေမှာ ဓါတ်ကင်ကုသလေ့ရှိတဲ့ လူတွေ မှာဖြစ်နိုင်ပါတယ်။ သိုင်းရွိုက်ကင်ဆာဖြစ်တယ်ဆိုတာကတော့ ခပ်ရှားရှားပါပဲ။ သိုင်းရွိုက်အကျိတ်ထွက်တဲ့လူတွေရဲ့ ၅ရာခိုင်နှုန်းလောက်မှာပဲ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ကင်ဆာဖြစ်နေပြီလို့ သိရတဲ့အခါမှာ တချို့အကျိတ်တွေဟာ နှစ်ပေါင်းများစွာအထိ ရှိနှင့်နေပြီးသား ဖြစ်ပါတယ်။

သိုင်းရွိုက်ရောဂါတွေဟာ သင့်ရဲ့ဘဝနဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ ဆိုးကျိုးများစွာရှိပါတယ်။ အဲဒါကြောင့် သင့်ကိုသင်ဂရုစိုက်သင့်ပြီး လည်ပင်းမှာ မူမမှန်တာ တစ်ခုခုဖြစ်နေပြီပါက အနီးဆုံး ဆေးရုံ၊ဆေးခန်းတွေမှာ သွားပြသင့်ပါတယယ်။

Hello Heath Group သည် ဆေးပညာအကြံပေးခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Thyroid diseases. https://medlineplus.gov/thyroiddiseases.html. Accessed October 27, 2016

Understanding thyroid problems-The basics. http://www.webmd.com/women/guide/understanding-thyroid-problems- basics#1. Accessed March 23, 2015Thyroid diseases. https://medlineplus.gov/thyroiddiseases.html. Accessed October 27, 2016

Understanding thyroid problems-The basics. http://www.webmd.com/women/guide/understanding-thyroid-problems- basics#1. Accessed March 23, 2015

ယခုပုံစံ

19/01/2022

Phyo Wai Yan မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။

ဆက်စပ် အကြောင်းအရာများ

ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက

ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်းအချို့

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe

Phyo Wai Yan မှ ရေးသားသည်။ · 19/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement