backup og meta

သင်ဟာ သေဆုံးရမှာကို ကြောက်လန့်နေတတ်သူလား။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 08/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင်ဟာ သေဆုံးရမှာကို ကြောက်လန့်နေတတ်သူလား။

    သင်ဟာ သေဆုံးရမှာကို ကြောက်လန့်နေတတ်သူလား။ လူတွေကိုသေရမှာ ကြောက်လားလို့မေးရင် ကြောက်တယ်လို့ဖြေတဲ့သူကတချို့၊ မကြောက်ဘူးလို့ ဖြေတဲ့သူက နည်းနည်း၊ မသိဘူးလို့ဖြေမယ့်သူတွေလည်း ရှိမယ်ထင်ပါတယ်။ ကြောက်တယ်ဆိုတဲ့သူတွေက သေဆုံးခြင်းလို့ကြားလိုက်ရင် ကိုယ်က ဒီကမ္ဘာကြီးထဲက ထွက်သွားရမှာ၊ ကိုယ့်မိဘ ဆွေမျိုးသားချင်း သူငယ်ချင်း ချစ်သူတွေကို ထားခဲ့ရမှာ စသဖြင့် ဒါတွေကို အများအားဖြင့် တွေးကြောက်တတ်ကြပါတယ်။

    သင်ဟာ သေဆုံးရမှာကို ကြောက်လန့်နေတတ်သူလား။

    သင်ဟာ သေဆုံးရမှာကို ကြောက်လန့်နေတတ်သူလား။ ဆိုတော့ မေးတဲ့သူကရော မကြောက်ဘူးလားလို့ မေးစရာ ရှိနိုင်ပါတယ်။ တကယ်ကတော့ လူတော်တော်များများက သေရမှာကို ကြောင့်ကြပါတယ်။ ဒီလိုကြောက်တတ်တာက ပုံမှန်ပဲလား။ ဒီကြောက်လန့်စိတ်ကြောင့် အိပ်ပျက်စားပျက်ဖြစ်နေပြီဆိုရင်ရော။

    သေခြင်းတရားကို အလွန်အမင်း ကြောက်လန့်ခြင်း သို့မဟုတ် Thanatophobia

    Thanatophobia ရဲ့ Thanatos ဆိုတာ ဂရိဘာသာမှာ သေခြင်းတရားကို ခေါ်တာဖြစ်ပြီး Phobos ကတော့ ကြောက်ရွံ့ခြင်းဖြစ်ပါတယ်။

    သေခြင်းတရားကို ကြောက်လန့်တာ စိတ်ပူတာတွေက လူတိုင်းမှာ ရှိကြတာမှန်ပေမဲ့ Thanatophobia ရှိနေတဲ့သူတွေကတော့ သေဆုံးခြင်း ဒါမှမဟုတ် သေခြင်းတရားနဲ့ပတ်သက်တဲ့ဖြစ်စဉ်တွေ ရောဂါ အခြေအနေတွေအကြောင်း တွေးမိတာနဲ့ အလွန်အမင်း စိုးရိမ်ပူပန်စိတ်တွေဖြစ်လာတတ်ကြပါတယ်။

    ဒီလိုစိုးရိမ်ပူပန်တာဟာ အဆိုးဆုံးဖြစ်စဉ်တွေမှာ ပုံမှန်ကိုယ်လုပ်နေကျအလုပ်တွေကိုပါမလုပ်နိုင်တော့တာ၊ အိမ်ကထွက်ပြေးတာ၊ ပတ်ဝန်းကျင်နဲ့ မိသားစုကိုရှောင်ဖယ်နေတာတွေကိုပါ ပြုလုပ်တတ်ကြပြီး နောက်ဆုံး စိုးရိမ်စိတ်ကြောင့်ပဲ စိတ်ထောင်းကိုယ်ကြေနဲ့ သေဆုံးတဲ့အထိဖြစ်သွားနိုင်ပါတယ်။

    Thanatophobia လို့ဘယ်အချိန်မှာ သတ်မှတ်မလဲ။

    Thanatophobia ကို ဆရာဝန်တွေက စိတ်ကျရောဂါ (depression)၊ အလွန်အမင်း စိုးရိမ်ပူပန်တတ်တဲ့ရောဂါ (anxiety) တို့လို စိတ်ရောဂါတမျိုးဆိုပြီး မသတ်မှတ်ထားသေးပါဘူး။ ဒါပေမဲ့ အမြင့်ကြောက်တာအမှောင်ကြောက်တာတို့လိုမျိုး ကြောက်လန့်စိတ်တစ်မျိုးဆိုပြီး သတ်မှတ်ထားပါတယ်။

    ဒီလိုမျိုး ကြောက်တဲ့စိတ်ဟာ

    • ၆ လကျော်လာတဲ့အခါ
    • ကြောက်လန့်စိတ်ဖြစ်လာတိုင်း ဇောချွေးပြန်၊ အသက်ရှူမြန်၊ အသက်ရှူကြပ်၊ နှလုံးခုန်နှုန်းမြန်၊ ပျို့ချင် အန်ချင်၊ ဗိုက်အောင့်တာတွေဖြစ်လာတာ
    • စိုးရိမ်စိတ်ကြောင့် နေ့စဉ်အလုပ်တွေကို ထိခိုက်လာတဲ့အခါ
    • သေခြင်းတရား ကိုတွေးမိစေမယ့်အခြေအနေတွေ ဥပမာ နာရေးတွေ ဆေးရုံတွေကိုပါရှောင်လာတာ
    • သေရမယ့်အကြောင်းကိုစဉ်းစားပြီး စိတ်ဓါတ်ကျလာတာ စသဖြင့် ဖြစ်လာရင် Thanatophobia လို့စတင်သတ်မှတ်လို့ရပါတယ်။

    ဒီလိုကြောက်စိတ်တွေရှိလာရင် ဘယ်လိုကျော်လွှားကြမလဲ

    • စိတ်အခြေအနေကို ပိုဆိုးစေနိုင်မယ့် အိပ်ချိန်မမှန်တာ၊ ကော်ဖီအရက် ဆေးလိပ်ေသာက်တာ စတာတွေကိုရှောင်၊ အိပ်ရေးဝဝအိပ်အစာမှန်မှန်စားတာတွကနေစပြီး ပုံမှန်လုပ်နေကျအလုပ်တွေကို လုပ်ပါ။
    • လိုအပ်ရင် ဆရာဝန်နဲ့ ပြပြီး စိုးရိမ်ပူပန်စိတ်၊ ကြောက်စိတ်တွေကို ထိန်းချုပ်နိုင်တဲ့ဆေးတွေကို ဆရာဝန်ညွှန်ကြားတဲ့ အတိုင်းသောက်ပါ။
    • စိတ်ရောဂါဆရာဝန်၊ ကျွမ်းကျင်သူတွေနဲ့ တွေ့ပြီး စိတ်ထဲမှာ ဖြစ်နေတာတွေ၊ အတွေးတွေကို ပြောပြီး ဖြည်းဖြည်းချင်း လက်ခံနိုင်အောင် ကြိုးစားကြည့်ပါ။
    • စိုးရိမ်ပူပန်စိတ်တွေကိုမထိန်းချုပ်နိုင်တဲ့အခါ အသက်ပြင်းပြင်း၊ ဝဝရှူပါ။ တရားထိုင်ပါ။

    ကမ္ဘာပေါ်မှာ ဆေးပညာ၊ နည်းပညာတွေ အရမ်းတိုးတက်လာပြီး လူတိုင်းဟာ ရှိရင်းစွဲရုပ်ထက်ပိုငယ်ဖို့၊ အသက်ရှည်ဖို့ပဲကြိုးစားနေကြတဲ့အချိန်မှာ လူမှန်ရင် တစ်နေ့သေရမယ်ဆိုတဲ့ အချက်ကိုမေ့လျော့သွားတတ်ကြပါတယ်။ မေ့မေ့လျော့လျော့နေနေရင်းနဲ့ အကြောင်းတစ်ခုခုကြောင့် ဥပမာ ကိုယ်နဲ့အရင်းနှီးဆုံးလူတစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့ အချိန်မျိုးမှာ Thanatophobia ကိုခံစားလာရတတ်ပါတယ်။

    ဒါကြောင့် ကိုယ်ကိုယ်တိုင် ခံစားနေရတာဖြစ်ဖြစ်၊ ကိုယ့်ပတ်ဝန်းကျင်မှာ ဒီလိုစိတ်တွေခံစားနေရတဲ့သူတွေ့နေရတာဖြစ်ဖြစ် ကျွမ်းကျင်ရာ ဆရာဝန်နဲ့ ပြသဆွေးနွေးသင့်ကြောင်း အားပေးကြဖို့တိုက်တွန်းရင်း ဒီစာလေးကိုဝေမျှလိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 08/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement