backup og meta

အမြင်အာရုံချို့ယွင်းခြင်းဆိုတာဘာလဲ

အမြင်အာရုံချို့ယွင်းခြင်းဆိုတာဘာလဲ

အမြင်အာရုံချို့ယွင်းခြင်းသည် မျက်ကြည်လွှာပုံစံပြဿနာကြောင့် မျက်လုံးပြဿနာဖြစ်ခြင်းဖြစ်သည်။ အမြင်ချို့ယွင်းခြင်းတစ်ဖက်ကိုမကုသပါက မျက်လုံးေဝဝါးခြင်း သို့မဟုတ် လေးဇီးအိုင်းဖြစ်လာစေနိုင်သည်။

အမြင်အာရုံချို့ယွင်းခြင်းဆိုတာဘာလဲ။

ပုံမှန်မျက်လုံးသည် ဘောလုံးတစ်လုံးကဲ့သို့ဝိုင်းပြီး မျက်ကြည်လွှာက ညီမျှစွာခုံးနေသည်။ ထိုသို့ခုံးပေးထားခြင်းကြောင့် မျက်လုံးအနောက်တွင်အလင်းကိုစုဆုံစေကာ ပုံရိပ်ပေါ်စေသည်။ မျက်လုံးအမြင်အာရုံချို့ယွင်းခြင်းသည် အလင်းသွားစုံဆုံခြင်းကိုပြောင်းလဲစေသည်ထိုသို့ပြောင်းလဲခြင်းကြောင့် အနီးအဝေးရှိပစ္စည်းများ ဝါးခြင်း ရှုပ်ထွေးခြင်းများဖြစ်လာနိုင်သည်။

ပုံစံ။

အမြင်အာရုံပျက်စီးခြင်းပုံစံနှစ်မျိုးရှိသည်။ မျက်ကြည်လွှာနှင့် မျက်စိမှန်ဘီလူးကြောင့်ဖြစ်ခြင်းဟူ၍ နှစ်မျိုးရှိသည်။ မျက်ကြည်လွှာ အမြင်အာရုံချို့ယွင်းခြင်းသည် မျက်ကြည်လွာပုံစံ မမှန်ခြင်းကြောင့်ဖြစ်ပြီး မှန်ဘီလူး ပုံစံမမုန်က အခြားဟာကိုဖြစ်စေသည်။

ဖြစ်စေသောအကြောင်း။ ဖြစ်စေသော အကြောင်းအတိအကျကို မသိသေးပါ။ မျိုးရိုးဗီဇကြောင့်အဓိကဖြစ်နိုင်သည် သို့သော် အသက်ကြီးလာသည်အမျှမျက်လုံးထိခိုက်ခြင်း သို့မဟုတ် မျက်လုံးခွဲစိတ်ခြင်းကြောင့်လည်းဖြစ်လာနိုင်သည်။ မျက်လုံးချို့ယွင်းခြင်း သည် အဝေးမှုန်ခြင်းအနီးမှုန်ခြင်းတို့မှစလာနိုင်သည်။

ရောဂါလက္ခဏာများ ရောဂါရှာဖွေခြင်း နှင့်ကုသခြင်းများ။

အဝေးမှပစ္စည်းကိုအမြင်ဝါးခြင်းသည် အဓိကလက္ခဏာဖြစ်သည်။ အခြားလက္ခဏာများဥပမာ မျက်ရိုးကိုက်ခြင်း မျက်လုံးစွေခြင်း၊ ခေါင်းကိုက်ခြင်း၊ မျက်လုံးယားခြင်းတို့ဖြစ်လာနိုင်သည်။

ထိုလက္ခဏာများဖြစ်ပါက ဆရာဝန်နဲ့တိုင်ပင်ပြီး ဖြစ်စေသော ပြဿနာကိုရှာသင့်သည်။ မျက်လုံးကိုစမ်းသပ်ခြင်း သည် အမြင်ပြဿနာကိုစမ်းသပ်ရန် ပြုလုပ်ဖို့လိုအပ်သည်။

ကုသမှုပုံစံနှစ်မျိုးအဓိကရှိသည်။

မှန်ဘီလူးပြင်ခြင်း။ အသုံးအများဆုံးကုထုံးဖြစ်သည်။ ထိုသို့အမြင်အာရုံချို့ယွင်းခြင်းကို မျက်မှန် သို့မဟုတ် မျက်ကပ်မှန်တပ်ပြီးပြင်နိုင်သည်။ ဆရာဝန်မှ အထူးပြုလုပ်ထားသော တိုရစ်ဟုခေါသော လားရာမျိုးစုံကွေးနိုင်သည့် မျက်ကပ်မှန်ကိုအသုံးပြုဖို့ညွန်ကြားလိမ့်မည်။ ပြင်းထန်သောကိစ္စများတွင် အငွေ့ဖြတ်နိုင်သော မာသည့် မျက်ကပ်မှန်ကိုသုံးရန် ညွန်ကြားနိုင်သည်။

အလင်းယိုင်ခြင်းကိုပြင်သည့် ခွဲစိတ်ခြင်း။ ရောဂါအခြေအနေပြင်းထန်ပါက ထိုသို့ခွဲစိတ်ခြင်းပြုလုပ်နိုင်သည်။ ထိုသို့ခွဲစိတ်ခြင်းကို လေဆာသို့မဟုတ် ဓါးကိုအသုံးပြု ပြီး မျက်ကြည်လွာကိုပြင်ဆင်ခြင်းပါဝင်သည်။ ထိုပြုပြင်ပြီးက သင့်ပြဿနာကိုတစ်သက်သုံးသက်သာစေသည်။ အယ်အေအက်အိုင်ကေ(လေဆာဖြင့် မျက်ကြည်လွာပြင်ခြင်း) ပီအာကေ( အလင်းဖြင့်မျက်ကြည်လွာဖြတ်တောက်ခြင်း) နှင့် အာကေ( မျက်ကြည်လွှာအလုံးစုံဖြတ်တောက်ခြင်း)တို့သည် အသုံးအများဆုံးကုထုံးများဖြစ်သည်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

  1. What Is Astigmatism?

http://www.webmd.com/eye-health/astigmatism-eyes

Accessed February 26, 2017

  1. What Is Astigmatism?

https://www.aao.org/eye-health/diseases/what-is-astigmatism

Accessed February 26, 2017

  1. Astigmatism

http://www.healthline.com/health/astigmatism#Overview1

Accessed February 26, 2017

ယခုပုံစံ

12/09/2022

Nadi မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မျက်စိကျန်းမာစေဖို့ ဆောင်ရန်၊ ရှောင်ရန်အချက်များ

မျက်လုံး လေးကို ဂရုစိုက်ရမှာ သင်ကိုယ်တိုင်ပါ



Nadi မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement