backup og meta

မျက်ကပ်မှန်တပ်သည့်အခါ ပိုးမဝင်အောင်ဘယ်လိုကာကွယ်မလဲ

မျက်ကပ်မှန်တပ်သည့်အခါ ပိုးမဝင်အောင်ဘယ်လိုကာကွယ်မလဲ

ယနေ့ခေတ်တွင် ပါဝါမျက်မှန်အစားထိုး မျက်ကပ်မှန်များကို တွင်ကျယ်စွာ အသုံးပြုလာကြပါတယ်။ သို့သော် ထိုမျက်ကပ်မှန်များကို မည်သို့ မှန်ကန်စွာအသုံးပြုရမည်ကို မသိပါက အန္တရာယ်ရှိနိုင်ပါတယ်။ လူအတော်များများဟာ မှန်ကန်စွာအသုံးမပြု သဖြင့် ပိုးဝင်ခြင်းများဖြစ်ကြပါတယ်။ ထို့ကြောင့် ပိုးမဝင်အောင် အောက်ပါအချက်များကို သိထားရပါမယ်။

မျက်ကပ်မှန် အသုံးပြုတော့မည်ဆိုပါက မျက်လုံးဆရာဝန်နှင့် အရင် တိုင်ပင်ပြသသင့်ပါတယ်။ ဆရာဝန်က သင့်မျက်လုံးကို စစ်ဆေးပေးပြီး သင့်တော်သော မျက်ကပ်မှန်ကို အသုံးပြုဖို့ လမ်းညွှန်ပေးပါလိမ့်မယ်။

လူတိုင်းလိုလို မျက်ကပ်မှန်ကို အသုံးပြုနိုင်သော်လည်း အချို့သော အောက်ပါ အခြေအနေများတွင် အသုံးမပြုနိုင်ပါ။

-ပိုးဝင်ခြင်း

-ဓါတ်မတည့်ခြင်း

-မျက်လုံးရောဂါ တစ်ခုခု ရှိခြင်း

-မျက်လုံးထဲ ဖုန်များ၊ မီးခိုးများ ရှိနေခြင်း

မျက်ကပ်မှန်များရဲ့ ဘေးထွက်ဆိုးကျိုးများကို လည်းသိထားသင့်ပါတယ်။ မျက်လုံးထဲ ပြင်ပပစ္စည်းတစ်ခုခု ဝင်ပါက မျက်လုံးဟာ ပိုးဝင်ခြင်း၊ ထိခိုက်ခြင်းများ ဖြစ်တတ်ပါတယ်။ ထို့ကြောင့် ဆရာဝန် ညွှန်ကြားချက်အတိုင်း လိုက်နာဖို့ အရေးကြီးပါတယ်။ မျက်လုံးနာကျင်ခြင်း၊ နီရဲခြင်း၊ မျက်ဝတ်များထွက်လာခြင်း၊ အမြင်အာရုံပြောင်းလဲခြင်းတို့ဖြစ်ပါက မျက်စိဆရာဝန်နဲ့ အမြန်ဆုံးသွားပြသင့်ပါတယ်။

မျက်ကပ်မှန်များကို ဘယ်လို ဂရုစိုက်ရမလဲ။

မျက်ကပ်မှန်ကို နေ့စဉ် အသုံးပြုပါက အသုံးပြုနေသော မျက်ကပ်မှန်၏ သက်တမ်းကုန်ဆုံးရက်နှင့် အသုံးပြုချိန်မည်မျှကြာနေပြီ တို့ကို သိထားရပါမယ်။ မျက်ကပ်မှန် အမာစားများကို ရက်သတ္တပတ် အနည်းငယ်မှ နှစ်လလောက်အထိအသုံးပြုနိုင်ပြီး အပျော့စားများကို ရက်အနည်းငယ်မှ တစ်ပတ်အထိ အသုံးပြုနိုင်ပါတယ်။ အသုံးပြုခါစတွင် အနည်းငယ် ယားယံခြင်း၊ နေရခက်ခြင်း၊ နီရဲခြင်း၊ အလင်းမခံနိုင်ခြင်း၊ မျက်ရည်ကျခြင်းတို့ကို ကြုံတွေ့ရနိုင်ပါတယ်။ ထိုလက္ခဏာများကို မခံနိုင်ပါက တစ်ပတ်ကို တစ်ကြိမ်၊နှစ်ကြိမ်သာ အသုံးပြုသင့်ပါတယ်။

မျက်ကပ်မှန်များကို သန့်ရှင်းအောင် ထားသိုဖို့ အရေးကြီးပါတယ်။ မျက်ကပ်မှန်တိုင်းကို ပိုးသတ်ထားသော ဆေးရည်တွင် စိမ်ထားရပါမယ်။ ညွှန်ကြားချက်မပါဘဲ မိမိဘာသာ မိမိ ထိုဆေးရည်ကို အသုံးမပြု သင့်ပါ။ တတ်ကျွမ်းသူမှ မည်သို့ မှန်ကန်စွာ အသုံးပြုရမည်ကို ရှင်းပြသည့်အတိုင်း လိုက်နာသင့်ပါတယ်။ ဆယ်ကျော်သက်များသည် ညွှန်ကြားချက်မပါသည် မျက်ကပ်မှန်များကို အသုံးပြုခြင်းကြောင့် အမြင်အာရုံဆုံးရှုံးခြင်းများ ဖြစ်တတ်ပါတယ်။

သင့်တော်သော မျက်ကပ်မှန် အရောင်းဆိုင်နှင့် မျက်ကပ်မှန် အမျိုးအစားများကို သိရှိရန် ဆရာဝန်နဲ့ အရင် တိုင်ပင်သင့်ပါတယ်။

မျက်ကပ်မှန် အသုံးပြုခြင်းရဲ့ လွယ်ကူမှုက ငြင်းမရနိုင်ပါဘူး။ သို့သော် မျက်လုံးကို မထိခိုက်အောင် အသုံးပြုနိုင်ဖို့ သိထားသင့်ပါတယ်။ အထက်ဖေါ်ပြပါ အချက်များက သင့်ကို မျက်ကပ်မှန် မည်သို့ မှန်ကန်စွာ အသုံးပြုရမည်ကို အထောက်အကူ ပြုပါလိမ့်မယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

19/09/2022

Dr.Nyan Linn မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မျက်စိမကောင်းတဲ့ သက်ကြီးရွယ်အိုတွေကို ဘယ်လိုကူညီကြမလဲ

သိုင်းရွိုက်ဟော်မုန်းများခြင်းနှင့် မျက်စိပြဿနာများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr.Nyan Linn မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement