backup og meta

ရေတိမ်ရောဂါ ကုသနိုင်ရန် သိထားရမည့် ဆေးဝါးများ

ရေတိမ်ရောဂါ သည် ရောဂါအစုအဝေးတစ်ခုဖြစ်ပြီး မျက်စိ၏အာရုံကြောကိုထိခိုက်စေခြင်းကြောင့် အမြင်အာရုံကျစေခြင်း သို့မဟုတ် ဆိုးဝါးစွာထိခိုက်စေခြင်းကိုဖြစ်စေသည်။ ထိုမှတစ်ဆင့် အမြင်အာရုံဆုံးရုံးနိုင်သည်။ သို့သော် ထိုသို့ဆိုးဝါးသောအခြေအနေထိမရောက်အောင် ကာကွယ်နိုင်သောနည်းလမ်းများရှိပါသေးသည်။

ရေတိမ်ရောဂါ ကုသနိုင်ရန် သိထားရမည့် ဆေးဝါးများ

တတ်နိုင်သမျှရောဂါအတည်ပြုခြင်းနှင့်ကုသခြင်းတို့လုပ်ရန်လိုအပ်သည်။ ရေတိမ်ရောဂါ ကို ဆေးပညာဖြင့်ကုသခြင်း လေဆာဖြင့်ခွဲစိတ်ခြင်းသမာရိုးကျခွဲစိတ်ခြင်းနှင့် ပေါင်းစပ်ကုသခြင်းများပြုလုပ်နိုင်သည်။ ဆေးဝါးကုသမှုကိုမလေ့လာခင် လေဆာဖြင့်ခွဲစိတ်ခြင်းနှင့် သမားရိုးကျခွဲစိတ်ခြင်းတို့ကိုအရင်လေ့လာမည်။

ရေတိမ်ရောဂါ ကုသနိုင်ရန် သိထားရမည့် ဆေးဝါးများ

သမာရိုးကျခွဲစိတ်ခြင်း။

မျက်လုံးထဲမှအရည်များ ထွက်ရန် အပေါက်အသစ်ပြုလုပ်ပေးခြင်းဖြစ်သည်။၆၀ မှ ၈၀ ရာခိုင်နှုန်းထိအောင်မြင်နိုင်ခြေရှိပြီး မျက်လုံးဖိအားကိုပုံမှန်သို့ပြန်ရောက်စေသည်။ သို့သော် မကောင်းသောနောက်ဆက်တွဲဆိုးကျိုးများ ဥပမာ တိမ်ဆွဲခြင်း မျက်ကြည်လွှြာပသာနာများဖြစ်ခြင်း ယောင်ခြင်း ရောဂါပိုးဝင်ခြင်း အစရှိသည်တို့ဖြစ်နိုင်သည်။

လေဆာဖြင့်ခွဲစိတ်ခြင်း။

အသုံးများဆုံးသောကုထုံးဖြစ်သည်။ ထရေကူလိုပလက်စတီ မျက်နက်ဝင်းအပေါက်ဖောက်ခြင်းနှင့် စိုက်ကလိုဖိုတိုကိုအေကူလေးရှင်း တို့ပါဝင်သည်။ ခွဲစိတ်ခြင်းနည်းတူ လေဆာသည်လည်း လမ်းကြောင်းအသစ်ပြုလုပ်ခြင်းပါသည ်သို့သော် ဒီနည်းလမ်းတွင် အလင်းပြင်းအားများများပါသောနည်းလမ်းသုံးခြင်းပါဝင်သည်။ ထိုကြောင့်အရည်များသင့်မျက်လုံးမှလွယ်ကူစွာပိုထွက်နိုင်သည်။ ထိုနည်းလမ်းတွင်လည်းမကောင်းသောနောက်ဆက်တွဲများဥပမာယောင်ခြင်းများဖြစ်နိုင်သည်။ ထိုနည်းလမ်းတွင် တစ်ကြိမ်မျက်လုံးတစ်ဖက်ကိုသာကုသနိုင်သည်။

ဆေးဝါးကုထုံးများ

ဆးများတွင် မျက်စဉ်းဆေးများ သောက်ဆေးများသုံးနိုင်သည်။ မျက်စဉ်းဆေးများကိုအသုံးများပြီး သောက်ဆေးကိုသုံးခြင်းကရှားသည်။ ဆရာဝန်များက ရေတိမ်ရောဂါကိုမျက်စဉ်းဆေးတော်တော်များများသုံးပြီးကုကြသည်။ ထိုသို့ကုသခြင်းက မျက်လုံးရှိရေကိုနည်းစေပြီး စီးဆင်းသောလမ်းကြောင်းကိုများစေခြင်းနှင့် အချို့ကနှစ်ခုလုံးကိုကောင်းစေသည်။ အချို့သောဆေးဥပမာများမှာအယ်ဖာ အယ်ရီနားဂျစ်ဆန့်ကျင်သောဆေး။ ထိုဆေးသည် အရည်ထွက်သောပမာဏကိုနည်းစေပြီး မျက်လုံးမှအရည်စီးဆင်းနိုင်စွမ်းကိုများစေသည်။ ထိုဆေးများတွင် အပရာကရိုနဒင်း၊ ဘရီမိုနဒင်း ၊အပီနက်ဖရင်း ဒိုင်ပီဗီဖရင် တို့ပါဝင်သည်။

ဘီတာပိတ်သောဆေး။ထိုဆေးများက မျက်လုံးတွင်စီးဆင်းသောရေပမာဏကိုနည်းစေသည်။ အချို့ဆေးများမှာ တီမိုလော၊လီဖိုဗျုူနိုလော၊ကာတျီနိုလော၊မီတီပရာနိုလော၊ဘီတာတိုဇောတို့ဖြစ်သည်။

ကာဗွန်နစ် အန်ဟိုက်ထရိုက်ပိတ်သောဆေး။ ထိုဆေးများကမျက်စိတွင်ရေထွက်ခြင်းကိုနည်းစေသည်။ မျက်စဉ်းဆေးပုံစံသာမက သောက်ဆေးပုံစံပါရှိသည်။ အချို့သောဆေးများမှာ ဒေါဇိုလမိုက် ဘရီဇိုလမိုက် မီသဇိုလမိုက်တို့ဖြစ်သည်။

မိုင်အိုတစ်။ထိုဆေးများက ကိုလင်းအားဆေးများဖြစ်သည်။ ထိုဆေးများက သားငယ်အိမ်ကိုသေးဆေးပြီး မျက်လုံးအတွင်းသို့ဝင်သောရေကိုနည်းစေသည်။ ဆေးများမှာ ပိုင်လိုကာပင်း အီကိုတီအိုဖိတ် တို့ဖြစ်သည်။

ပရိုစာဂလန်တင် ပိတ်သောဆေး။ထိုဆေးများက မျက်လုံးတွင်းဖိအားကိုနည်းစေသည်။ ဆေးများမှာလတနိုပရော့၊ ဘီမတိုပရော့၊ တရာဖိုပရော့တို့ဖြစ်သည်။

မျက်စဉ်းဆေးများကိုပုံမှန်အသုံးပြုခြင်းဖြင့်မျက်စိဖိအားကိုကျစေသည်။ သို့သော် အချို့ဆေးများက ခေါင်းကိုက်ခြင်းသို့မဟုတ် အခြားသောမကောင်းဆိုးကျိုးများဖြစ်နိုင်သည်။ ထိုရောဂါရှိသောသူများက ဆေးမသောက်မီဆရာဝန်နှင့်တိုင်ပင်သင့်သည်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

  1. Facts about glaucoma. https://nei.nih.gov/health/glaucoma/glaucoma_facts. Accessed in March 4, 2017.
  2. What is glaucoma.http://www.webmd.com/eye-health/glaucoma-eyes#1. Accessed in March 4, 2017.
  3. Treatments and drug of glaucoma. http://www.brightfocus.org/glaucoma/treatment-and-drugs. Accessed in March 4, 2017.

ယခုပုံစံ

12/09/2022

Nadi မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မျက်စိနာခြင်း အမျိုးမျိုး

မျက်စိနာရင် ဘာလုပ်မလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Nadi မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/09/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ