backup og meta

အသက်အရွယ် ကြီးရင့်သူများတွင် ဖြစ်သော မျက်စိတိမ်စွဲခြင်း

လူတို့သည် အသက်အရွယ်ကြီးလာသည်နှင့်အမျှ ရောဂါဖြစ်နိုင်ခြေပိုများလကြသည်။ အတွင်းတိမ်စွဲခြင်းသည် အသက်ကြီးသူများတွင် အဖြစ်များပြီးမျက်စိ ၁လုံး၊ ၂လုံးလုံးကို ပါကွယ်စေနိုင်ပါသည်။ ထို့ကြောင့် သက်ကြီးရွယ်အိုများသည် မျက်လုံးအတွင်းတိမ်စွဲခြင်းနှင့် ပက်သက်၍ပိုကောင်းအောင် ပြုလုပ်နိုင်သောကျန်းမာရေးအသိရှိသင့်ပါသည်။

မျက်လုံး တိမ်စွဲခြင်း ဆိုတာ ဘာလဲ

မျက်လုံးတိမ်စွဲခြင်းသည် မျက်လုံးအတွင်းရှိ မျက်နက်ဝန်းနှင့် သူငယ်အိမ်၏အနောက်တွင်ရှိသောမှန်ဘီလူးတွင် တိမ်စွဲခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် အလင်းတန်းများသည် မျက်လုံးအတွင်းရှိမှန်ဘီလူးမှတဆင့် မျက်ကြည်လွှာပေါ်သို့ရောက်ရှိကြပြီးဦးနှောက်သို့ ရောက်ကြသည်။ ထို့ကြောင့် ပြတ်သားသောပုံရိမ်များမြင်နိုင်ရန် မှန်ဘီလူးကြည်လင်နေဖို့လိုပါသည်။ မှန်ဘီလူးတိမ်စွဲနေလျှင် အမြင်ဝါးနေမည်ဖြစ်သည်။

အသက်ကြီးသူများ၏ ၄၀ % ခန့်သည် အတွင်းတိမ်စွဲကြပြီး ၎င်းသည် ကမ္ဘာပေါ်တွင်မျက်စိကွယ်နေသူများ၏ အဓိကအကြောင်းရင်းတရပ်ဖြစ်သည်။

ဘာကြောင့် မျက်လုံးအတွင်းတိမ်ဖြစ်ရသလဲ။

မျက်လုံးတွင်းမှန်ဘီလူးသည် ရေ၊ ပရိုတင်းဓါတ်တို့ဖြင့်ဖွဲ့စည်းထားသည်။ ပရိုတင်းဓါတ်သည် မှန်ဘီလူးကို ကြည်လင်နေရန်နှင့် အလင်းတန်းများဖြတ်သွားနိုင်ရန် လုပ်ဆောင်ပေးသည်။ ကျွနုပ်တို့ အသက်ကြီးလာသည်နှင့်အမျှ ပရိုတင်းများသည် မှန်ဘီလူးထဲတွင် တစ်ခုနှင့် တစ်ခုကပ်သွားပြီး တိမ်ဖြစ်သွားခြင်းဖြစ်သည်။ မှန်ဘီလူးတွင် တိမ်များပိုဆိုးလာသောအခါ မြင်ရရန်ပိုခက်လာမည်ဖြစ်သည်။

မျက်လုံးတိမ်စွဲရခြင်းအကြောင်းများ

• နေနှင့် အခြားမှလာသောခရမ်းလွန်ရောင်ခြည်များ

• ဆီးချိုရောဂါ

• သွေးတိုးရောဂါ

• အဝလွန်ခြင်း

• ဆေးလိပ်သောက်ခြင်း

• မိသားစုဝင်များတွင် မျက်လုံးတိမ်စွဲဖူးခြင်း

• Corticosteroid ဆေးများကို ကြာရှည်စွာသောက်သုံးနေရခြင်း

• မျက်လုံးကိုအနာတရဖြစ်ဖူးခြင်း၊ ထိခိုက်ဖူးခြင်း

• မျက်လုံးခွဲစိတ်ဖူးခြင်း

• ဟော်မုန်းဆေးများသောက်နေရခြင်း

• အရက်ကိုလွန်ကျွံစွာသောက်ခြင်း

• မျက်လုံးမှန်ဘီလူးထဲတွင် ဓါတ်တိုးပြောင်းလဲမှုဖြစ်ပေါ်ခြင်း

ရောဂါလက္ခဏာများ

• အမြင်ဝါးလာခြင်း

• အရောင်များကိုယခင်လောက် လင်းထင်းစွာမမြင်ရတော့ခြင်း

• အလင်းရောင်၊ မီးအိမ်၊ နေအလင်းတန်းစသည်တို့ကိုမြင်လျှင် မျက်စိကြိမ်းခြင်း၊ မြင်ကွင်းထဲတွင် သက်တံ့ရောင်စုံများမြင်ရခြင်း

• ညဘက်တွင် မြင်ရရန်ခက်ခဲခြင်း၊ မည်သည်ကိုမျှမမြင်ခြင်း

• မျက်လုံးတဖက်ထဲတွင် ပုံရိပ်များမြင်ခြင်းနှင့် ပုံရိပ် ၁ ထပ်မြင်ခြင်း (၎င်းလက္ခဏာသည် အတွင်းတိမ်ဆိုးလာသည်နှင့် အမျှ မခံစားရတော့ပေ။)

• မျက်မှန်နှင့်မျက်ကပ်မှန် ပါဝါများ မကြာခဏလဲရခြင်း

အထက်ပါလက္ခဏာများသည် မျက်စိပြဿနာများဖြစ်သောကြောင့် ၎င်းတို့ကိုခံစားနေရပြီဆိုလျှင် မျက်စိဆရာဝန်နှင့် ပြကာ အတွင်းတိမ်ရှိမရှိ စစ်ဆေးသင့်သည်။ နောက်ဖြစ်လာမည့် ဆိုးကျိုးများကိုကာကွယ်ရန် ဆရာဝန်နှင့်အချိန်မီသွားပြဖို့ ဝန်မလေးပါနှင့်။

ကာကွယ်မှုများ

ဗီတာမင်နှင့် အာဟာဓါတ်ကြွယ်ဝသော အစာများနှင့် ဖြည့်စွက်စာများသည် အတွင်းတိမ်ဖြစ်နိုင်ချေကိုလျော့နည်းစေသည်။ အောက်ပါတို့ကိုစားသုံးပါ။

• Vitamin E : အစိမ်းရင့်ရောင် အရွက်များ၊ အစေ့အဆန်များ၊ ထောပတ်သီး၊ အခွံမာရေသတ္တဝါများ၊ ငါးများ၊ ကင်းမွန်။ ပန်းစိမ်း၊ အပင်များမှရသောအဆီများ၊ အသီးများ။

• Lutein and Zeaxanthin : ဥအမျိုးမျိုး၊ ကိုက်လန်၊ဟင်းနုနွယ် ၊မုနန်လာထုပ်၊ဂေါ်ဖီ ၊ဆလပ်ရွက် ၊ပန်းစိမ်းစသည့် အစိမ်းရောင်အရွက်များနှင့် ပဲအမျိုးမျိုး၊ ဘူးသီး၊ ပဲပင်ပေါက် ။

• Vitamin C and Omega 3 fatty acid : ပင်လယ်စာများနှင့် အသီးအနှံများ။

ကုသမှုများ

မျက်မှန်လဲခြင်း၊ အနီး အဝေးမြင်သော မျက်မှန်များတပ်ဆင်ခြင်း၊ ပုံရိပ်ကိုချဲ့ပေးသောမျက်မှန်များတပ်ဆင်ခြင်းနှင့် အခြားသောအမြင်အာရုံအထောက်အကူပြုပစ္စည်းများကအတွင်းတိမ်အတွင်များစွာအထောက်အကူဖြစ်ပါလိမ့်မည်။ သို့သော်သင့်နေ့စဉ်ဘဝကိုထိခိုက်လာပါက ခွဲစိတ်ကုသမှုခံယူသင့်သည်။

အချုပ်ဆိုရသော် ကျွနုပ်တို့သည် အသက်ကြီးလာသည်နှင့်အမျှ ကျန်းမာရေးပြသနာများနှင့် ပိုရင်ဆိုင်လာရမည်ဖြစ်သည်။ အထက်ပါအချက်များကို သိထားခြင်းဖြင့် သင့်တွင် မျက်လုံးတိမ်စွဲခြင်းကြောင့် အမြင်အာရုံကွယ်ပျောက်ခြင်းမဖြစ်ရလေအောင် ဂရုပြုနိုင်ပေလိမ့်မည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://nei.nih.gov/health/cataract/cataract_facts
http://www.allaboutvision.com/conditions/cataracts.htm
http://www.medicalnewstoday.com/articles/157510.php

ယခုပုံစံ

13/09/2022

Dr. K Zin Thwe မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မျက်စိစွံတာ မြန်မြန်သက်သာစေဖို့

မျက်စိ အားဆေး သောက်ဖို့ မလို၊ အကုန်အကျ မများတဲ့ သဘာဝအာဟာရလေးများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. K Zin Thwe မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 13/09/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement