အပြေးလေ့ကျင့်နေကျ လူတစ်ယောက်ဟာ အခြားကိုယ်လက်လှုပ်ရှားမှုတွေ လုပ်နေပေမယ့်လည်း ပြေးရာမှာ အဓိကအသုံးပြုရတဲ့ ကြွက်သားတွေကိုတော့ အရင်ကလောက် လေ့ကျင့်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒဏ်ရာသက်သာလာတဲ့အခါ အပြေးလေ့ကျင့်မှုကို ဖြည်းဖြည်းချင်း ပြန်လည်စတင်ခြင်းအားဖြင့် နောက်တစ်ကြိမ် ဒဏ်ရာထပ်မရအောင် ကာကွယ်သင့်ပါတယ်။ မိမိပြေးနေကျ ခရီးအကွာအဝေးရဲ့ တစ်ဝက်လောက်ကို စတင်လေ့ကျင့်ပြီး ရက်သတ္တပတ် နှစ်ပတ်မှ လေးပတ်အတွင်း နဂိုခရီးအကွာအဝေးရောက်တဲ့အထိ တဖြည်းဖြည်း တိုးသွားသင့်ပါတယ်။ ဒါမှမဟုတ် ပြေးတလှည့်၊ လမ်းလျှောက်တလှည့် လေ့ကျင့်ရင်း နောက်ပိုင်းမှာ ပြေးတဲ့အချိန်အတိုင်းအတာကို ဖြည်းဖြည်းချင်း တိုးသွားနိုင်ပါတယ်။
အပြုသဘောမြင်တတ်အောင် အားပေးပါ
အပြေးလေ့ကျင့်နေကျ လူတစ်ယောက်အနေနဲ့ ဒဏ်ရာကြောင့် အနားယူနေရတဲ့ အချိန်အတွင်း စိတ်ပျက်လက်ပျက်ဖြစ်ပြီး စိတ်ဖိစီးမှုဒဏ်ကို အလွယ်တကူ ခံရတတ်ပါတယ်။ ဒီလိုအချိန်မှာ လူနာနဲ့ အနီးကပ်နေပြီး စိတ်ရှည်သည်းခံဖို့ အားပေးသင့်ပါတယ်။ ဒဏ်ရာပြန်ကောင်းလာဖို့ အချိန်ယူရမယ်ဆိုတာကို လူနာသဘောပေါက်အောင် ရှင်းပြပါ။ အကောင်းမြင်စိတ်ရှိသူဟာ ပိုပြီးလျင်လျင်မြန်မြန် နေကောင်းလာနိုင်ပါတယ်။
အပြေးလေ့ကျင့်ခြင်းကြောင့် ရလာတဲ့ ထိခိုက်ဒဏ်ရာတွေ လုံးဝသက်သာပျောက်ကင်းဖို့ လိုအပ်တဲ့အချိန်ပမာဏဟာ အကြောင်းရင်းအမျိုးမျိုးအပေါ် မူတည်ပေမယ့် ဒီအခြေအနေမှာ စိတ်ရှည်သည်းခံပြီး နည်းလမ်းရှာဖွေ ဖြေရှင်းမယ်ဆိုရင် လူနာအတွက် အကျိုးရှိမှာ ဖြစ်ပါတယ်။ လူနာကို လိုတာထပ်ပိုပြီး အားမစိုက်မိဖို့ အမြဲအားပေးပါ။ အခုပြောခဲ့တဲ့ အကြံပြုချက်တွေအတိုင်း လူနာကို ဂရုတစိုက် ပြုစုပေးမယ်ဆိုရင် အချိန်အနည်းငယ်အတွင်း ပြန်ကောင်းလာမှာ အသေအချာပါပဲ။
Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။