backup og meta

Sore Throat (လည်ချောင်းနာခြင်း)

Sore Throat (လည်ချောင်းနာခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Sore Throat (လည်ချောင်းနာခြင်း) ကဘာလဲ။

လည်ချောင်းနာခြင်းကို လည်ချောင်းရောင်ခြင်း (Pharyngitis) ဟုလည်းခေါ်ပါတယ်။ ပိုးဝင်၍ လည်ချောင်းနာကျင်သော ရောဂါတစ်ခုဖြစ်ပြီး အဖြစ်များပါတယ်။ လူနာသည် လည်ချောင်းတစ်လျှောက် နာကျင်ပူလောင်ခြင်းကို ခံစားရ၍ မသက်မသာဖြစ်ရတယ်။

အထူးသဖြင့် အစာမြိုချရ ခက်ခဲတတ်တယ်။ ဒီရောဂါဟာ အများအားဖြင့် ထိခိုက်မှုမရှိဘဲ တစ်ပတ်အတွင်း အလိုအလျောက် ပျောက်သွားတတ်တယ်။

Sore Throat (လည်ချောင်းနာခြင်း) က ဘယ်လောက်အဖြစ်များသလဲ

မည်သည့်အသက်အရွယ်မဆို ဒီရောဂါဖြစ်တတ်ပါတယ်။ ရောဂါဖြစ်ပွားနှုန်းကို မြင့်စေသော အကြောင်းရင်းများကို လျှော့ချခြင်းဖြင့် စီမံနိုင်တယ်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Sore Throat (လည်ချောင်းနာခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဖြစ်အများဆုံးကတော့ လည်ချောင်းတစ်လျှောက် နာကျင်နေခြင်းပဲဖြစ်တယ်။ ရောဂါဖြစ်စေ သော အကြောင်းရင်းပေါ်မူတည်၍ နားကို၊ ဖျားနာ၊ အာသီးရောင်၊ လည်ပင်းနာ၊ စကားပြောရင်နာ၊ မြိုချရင်နာ၊ လည်ချောင်းနီရဲ၊ နှာစေး၊ အိပ်ရင်ဟောက်ပြီး အသက်ရှူရခက်၊ တံတွေးကျ၊ တစ်ကိုယ်လုံး ကိုက်ခဲ၊ လည်ပင်းအကျိတ်များ ရောင်ရမ်းနာကျင်ခြင်း စသည်တို့ ဖြစ်နိုင်ပါတယ်။

အထက်မှာဖော်ပြထားတဲ့ အထဲမှာ မပါဝင်တဲ့ အခြားသောလက္ခဏာများလည်း ရှိနိုင်ပါသေး တယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ် သင့်ပါတယ်။

• ရောဂါသည် (၇)ရက် ထက်ပိုပြီးကြာနေခြင်း

• စကားပြော၊ အသက်ရှူရင်နာလျှင် သို့မဟုတ် ပါးစပ်ဟရခက်ခဲနေခြင်း

• လည်ချောင်းနာရုံသာမက မေးရိုးနဲ့ နားထင်ရိုးကို ဆက်ထားသောအဆစ်မှ (Temporomandibular join) မှ နာနေခြင်း (သို့မဟုတ်) နားကိုက်ခြင်း

• လည်ချောင်းနာပြီး အရေပြားတွင် အင်ပျဉ်ထခြင်း (သို့မဟုတ်) အဖျား(၃၈)ဒီဂရီစင်တီဂရိတ် ထက်ကျော်ခြင်း

• တံတွေး (သို့မဟုတ်) သလိပ်တွင် သွေးပါခြင်း

• လည်ပင်းတွင် အကျိတ်ထွက်လာခြင်း

• နှစ်ပတ်ထက်ကျော်ပြီး အသံနာနေခြင်း

အကြောင်းရင်းများ

Sore Throat (လည်ချောင်းနာခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အများအားဖြင့် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တယ်။ လေထုညစ်ညမ်းခြင်း၊ အရက်၊ ဓါတ်မတည့် ပစ္စည်းများ၊ ဘတ်တီးရီးယား၊ ဓါတုပစ္စည်းများနဲ့ ဆေးလိပ်သောက်ခြင်းကလည်း လည်ချောင်းနာစေ တတ်ပါတယ်။ ထို့ပြင် ရာသီဥတုအေးလာရင်လည်း အဖြစ်များတယ်။ ဆီးပူညောင်းကျဂနိုရောဂါပိုးနဲ့ chlamydia ရောဂါပိုးများသည်လည်း လည်ချောင်းနာခြင်းကို ဖြစ်စေနိုင်သော်လည်း အဖြစ်နည်း ပါတယ်။

Risk factors

ငါ့ဆီမှာ Sore Throat (လည်ချောင်းနာခြင်း) ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

လည်ချောင်းနာခြင်းဖြစ်ပွားနိုင်ချေကို မြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့် –

• ကလေးငယ်များ (သို့မဟုတ်) ကိုယ်ခံအားနည်းသူများ

• လူထူထပ်သောနေရာတွင်နေခြင်း (သို့မဟုတ်) စာသင်ခန်း၊ ဆေးရုံ၊ ရုံးကဲ့သို့ အခန်းကျဉ်းတွင် စုပြုံနေခြင်း

• ဆေးလိပ်ငွေ့ရှုရှိုက်မိခြင်း (ကိုယ်တိုင်ဆေးလိပ်မသောက်သော်လည်း သောက်သောသူထံမှ ဆေးလိပ်ငွေ့များကို တစ်ဆင့်ရှုရှိုက်မိခြင်း)

• ဖုန်မှုန့်၊ တိရစ္ဆာန်အမွေး၊ ပန်းဝတ်မှုန်တို့နဲ့ ဓါတ်မတည့်ခြင်း

• နာတာရှည် နှာခေါင်းတွင်းရှိ အမြှေးပါးရောင်ခြင်း (chronic rhinitis) (သို့မဟုတ်) မကြာခဏ နှာခေါင်းအမြှေးပါးရောင်ခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Sore Throat (လည်ချောင်းနာခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်ဆရာဝန်က သင့်ရောဂါရာဇဝင်ကိုမေးပြီး နားနဲ့လည်ချောင်းကို စမ်းသပ်စစ်ဆေးပြီးရောဂါ ကို အတည်ပြုပါတယ်။ တကယ်လို့ သင့်မှာ Streptococcus ပိုး(လည်ချောင်းနာရောဂါကိုဖြစ်စေသော ပိုး)ဝင်နိုင်ချေရှိရင် သင့်ဆရာဝန်က သင့်လည်ချောင်းထဲမှ အရည်ကို စမ်းသပ်စစ်ဆေးပါမယ်။ Glandular fever (သွေးဖြူဥနှုန်းမြင့်မားကာ အဖျားတက်စေသောရောဂါ) ကဲ့သို့သော အခြားရောဂါ များ ရှိတယ်ဟု သံသယရှိလျှင် သင့်ကို သွေးစစ်ခိုင်းပါလိမ့်မယ်။

Sore Throat (လည်ချောင်းနာခြင်း) ကို ဘယ်လိုကုသပါသလဲ

အများအားဖြင့် အလိုအလျောက်ပျောက်သည်ကများတယ်။ အဖျားနဲ့ အနာသက်သာအောင် ပါရာစီတမော သောက်နိုင်တယ်။ ပိုးဝင်ခြင်းကြောင့် ဖြစ်တယ်လို့ သံသယရှိရင် သင့်ဆရာဝန်က ပဋ္ဋိဇီဝဆေးများ ပေးပါလိမ့်မယ်။ သို့သော် သင်ခံစားနေရသည်မှာ ဗိုင်းရပ်စ် ပိုးကြောင့်ဆိုရင် ဘတ်တီးရီးယားပိုးသတ်ဆေးက အသုံးမဝင်ပါ။ ရေနွေးသောက်ခြင်း (သို့မဟုတ်) ပျားသံပရာဖျော်ရည်သောက်ခြင်းက သင့်ရောဂါသက်သာအောင် ကူညီပါလိမ့်မယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ferri, Fred. Ferri’s Netter Patient Advisor. Philadelphia, PA: Saunders / Elsevier, 2012. Page 841.
Sore throat. http://www.mayoclinic.org/diseases-conditions/sorethroat/basics- /definition/con-20027360. Accessed October, 02, 2015.
Sore throat. https://www.nlm.nih.gov/medlineplus/ency/article/000655.html. Accessed October, 02,2015.Ferri, Fred. Ferri’s Netter Patient Advisor. Philadelphia, PA: Saunders / Elsevier, 2012. Page 841.

Sore throat. https://www.nlm.nih.gov/medlineplus/ency/article/000655.html. Accessed October, 02,2015.

ယခုပုံစံ

19/01/2022

Dr. Sandar Lin မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။

ဆက်စပ် အကြောင်းအရာများ

မရှိတဲ့ အနံ့တွေရနေတာ ဘာကြောင့်လဲ

နှာခေါင်းထဲမှာ အနံ့ဆိုးတွေ ဖြစ်နေတာ ဘာကြောင့် ဖြစ်မလဲ!

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe

Dr. Sandar Lin မှ ရေးသားသည်။ · 19/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement