backup og meta

ဆူညံသံများကြောင့် ဖြစ်ပေါ်လာသည့် ကျန်းမာရေးပြဿနာများ

ဒီခေတ်ကြီးမှာ အပန်းဖြေဖို့ တိတ်ဆိတ်တဲ့နေရာတစ်ခုကို ရှာဖို့တောင် ခက်ခဲပါတယ်။ သင်ဟာ အမြဲတမ်း မော်တော်ဆိုင်ကယ်တွေ၊ စပီကာတွေ၊ လွှသံ၊ လွန်သံ၊ နားကျပ်က ဆူညံသံတွေနဲ့ ဝန်းရံခြင်း ခံနေရပါတယ်။ ဒီလိုအမြဲဆူညံ နေတဲ့ နေရာတွေမှာ အလုပ်လုပ်ခြင်းဟာ သင့်နားကို ပျက်စီးစေပြီး နားပြဿနာတွေဖြစ်တဲ့ tinnitus နဲ့ အကြားအာရုံဆုံးရှုံးခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ အချိန်အကြာကြီး ဆူညံသံတွေ ကြားနေရခြင်းဟာ နားထဲက ဆဲလ်တွေကို ပျက်စီးစေပါတယ်။ ဒါဆို ဘယ်လို ကာကွယ် ကြမလဲ။

ဆူညံသံများကြောင့် ဖြစ်ပေါ်လာသည့် ကျန်းမာရေးပြဿနာများ

Tinnitus

Tinnitus ဟာ မဟုတ်တဲ့ အသံတွေကြားခြင်း (သို့) နား၊ ခေါငးထဲမှာ အသံမြည်နေခြင်းတွေ ဖြစ်စေတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ ဒီအသံတွေဟာ ညင်သာတာလဲ ဖြစ်နိုင်ပါတယ်။ ဆူညံတာလည်း ဖြစ်နိုင်ပါတယ်။ high-pitched လဲ ဖြစ်နိုင်သလို low-pitched လည်း ဖြစ်နိုင်ပါတယ်။ နားတစ်ဖက်တည်း (သို့) နှစ်ဖက်လုံးမှာ ကြားနိုင်ပါတယ်။

အောက်ပါအရာတွေ ကိုလည်း ကြားနိုင်ပါတယ်။

• ဟိန်းသံ

• တဝီဝီမြည်သံ

• လေချွန်သံ

• ရှူးရှူး မြည်သံ

Tinnitus ရရင် စိတ်တိုစေတဲ့အသံတွေကို တကယ်မရှိပဲ ကြားနေရမှာ ဖြစ်ပါတယ်။ နားထဲမှာ အသံတွေ ကြားနေရသော်လည်းပဲ ဒီအသံတွေကို ဖြစ်ပေါ်စေတဲ့ နေရာ အပြင်မှာ တကယ်မရှိပါဘူး။

ဒီရောဂါဟာ စိတ်တိုစရာ၊ စိတ်ရှုပ်စရာ ကောင်းပါတယ်။ တခါတလလမှာ သင်ကြားနေရတဲ့ အသံဟာ တကယ့်အသံတွေကို အနှောင့်အယှက် ပေးနိုင်ပါတယ်။ Tinnitus ဟာ စိတ်ကျရောဂါ၊ စိတ်ပူပန်ခြင်းနဲ့ စိတ်ဖိစီးမှုတို့နဲ့ အတူ ဖြစ်ပေါ်နိုင်ပါတယ်။

နားလေးခြင်း

အသက်ကြီးခြင်းနဲ့ ဆူညံသံတွေ ရေရှည် ကြားနေရခြင်းဟာ နားလေစေတဲ့ အဓိက အကြောင်းရင်းတွေ ဖြစ်ပါတယ်။ ဆူညံသံတွေ အမြဲလိုလို ကြားနေရတဲ့ အလုပ်ပတ်ဝန်းကျင်တစ်ခု ဟာလည်း နားကို ပျက်စီးစေပါတယ်။ အခြားအရာတွေ ဖြစ်တဲ့ နားပိတ်တဲ့ ပစ္စည်းတွေဟာ နားကို အသံတွေကနေ ခဏတာ ကာကွယ်ပေးနိုင်ပါတယ်။

ဘယ်လိုကာကွယ်မလဲ။

နားကာကွယ်တဲ့ အရာတွေ သုံးပါ။

တကယ်လို့ ဆူညံသံရှိတဲ့ နေရာကို သွားရတော့မယ်ဆိုရင် နားကာကွယ်တဲ့ ပစ္စည်းတွေကို သုံးပါ။

• နားအဆို့ – ဒီကိရိယာတွေကို အမြှုပ် (သို့) ရာဘာတွေကနေ ပြုလုပ်ထားပါတယ်။ သင့်နားထဲထည့်ထားရင် ဆူညံသံတွေကို ၁၅ ကနေ ၃၀ decibels အထိ ကာကွယ်ပေးပါတယ်။ သင့်နားကို သက်တောင့်သက်သာ တက်လို့ရတဲ့ နားအဆို့မျိုးကို ရှာမတွေ့ဘူးဆိုရင် သင်အတွက် သီးသန့် အော်ဒါမှာပြီး လုပ်ခိုင်းလို့ရပါတယ်။ အချို့ နားအဆို့တွေမှာ frequencies အကုန်ကို ညီညီမျှမျှ အသံလျှော့ချပေးနိုင်ပါတယ်။ သူတို့ဟာ အသံကို မထိခိုက်ပဲ တိတ်ဆိတ်စေချင်တဲ့ သူမျိုး (ဥပမာ သီချင်းဆိုသူ) တွေအတွက် အသုံးဝင်ပါတယ်။

• နားကာ – တစ်ကယ်လို့ နားအတွင်းပိုင်းကို ထည့်ထားရတဲ့ ခံစားမှုမျိုးကို မကြိုက်ရင် နားကာကို အသုံးပြုနိုင်ပါတယ်။ သူကတော့ နားပေါ်မှာ သက်တောင့်သက်သာ တပ်ထားရုံပဲဖြစ်ပြီး အကျိုးသက်ရောက်မှုလည်း ရှိပါတယ်။

နားအဆို့နဲ့ နားအကာ နှစ်ခုလုံးကို အတူတကွ တပ်ထားနိုင်ပြီးတော့ ပိုမိုကောင်းမွန်တဲ့ ကာကွယ်မှုကို ရရှိနိုင်ပါတယ်။

• ဆေးလိပ်ဖွာမသောက်ပါနဲ့ – ဆေးသောက်ဖွာသောက်ခြင်းဟာ အကြားအာရုံကို ထိခိုက်စေပါတယ်။ ကိန်းဂဏန်းတွေက ဆေးလိပ်သောက်သူတွေဟာ မသောက်သူတွေထက် နားလေးနှုန်း ၇၀% ပိုမို များပြားတယ်လို့ ဖေါ်ပြခဲ့ပါတယ်။

• နားအဆို့ကို သေချာစွာ ဖြုတ်ပါ။ နားအဆို့ဟာ နားကို ဖုန်၊ အပြင်က အရာတွေ၊ သေးငယ်တဲ့ အကောင်လေးတွေနဲ့ ရေ တို့က ကာကွယ်ပေးထားတာပါ။ နားကို နားကျပ်တန်နဲပ သန့်ရှင်းရေး လုပ်တဲ့အခါမှာ နားအဆို့ကို မတော်တဆ ပိုပြီးနက်တဲ့နေရာ ထိုးလိုက်မိသလို ဖြစ်သွားပြီး ပိတ်ဆို့မှု ဖြစ်နိုင်ပါတယ်။ နားပိတ်ဆို့မှုဟာ ခဏတာ နားလေးခြင်းရဲ့ အဖြစ်များတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။

• ဆေးတွေကို စစ်ဆေးပါ – ဆေးပေါင်း ၂၀၀ ကျော်ဟာ အကြားအာရုံကို ထိခိုက်စေပြီး ဒီဆေးတွေမှာ ပိုးသတ်ဆေးတွေနဲ့ ကင်ဆာဆေးတွေလည်း ပါဝင်ပါတယ်။ Aspirin ပမာဏ များများသောက်ခြင်းကတောင် သင့်နားကို ပျက်စီးစေပါတယ်။ ဆေးတစ်ခုခုသောက်တော့မယ်ဆိုရင် ဆရာဝန်ကို ပြသပြီး ဆေးအန္တရာယ် မရှိကြောင်း အတည်ပြုပါ။ နားကို ထိခိုက်စေတဲ့ ဆေးသောက်ကို သောက်ရမယ်ဆိုရင် ဆေးမသောက်ခင်နဲ့ သောက်ပြီး အကြားအာရုံ ညီမျှမှုကို ဆရာဝန်ကို စစ်ဆေးစေပါ။

• အကြားအာရုံ စစ်ဆေးပါ။ ဖေါ်ပြပါ အချက်တွေ ရှိရင် အကြားအာရုံကို စစ်ဆေးသင့်ပါတယ်။

• နားလေးတဲ့ ဆွေမျိုး ရှိခြင်း

• နားလေးခြင်း

• ပုံမှန် ဆူညံသံတွေ ကြားနေရခြင်း

• နားထဲမှာ အသံတွေ မကြာခဏ ကြားနေရခြင်း

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

8 Ways to Prevent Hearing Loss. http://www.webmd.com/healthy-aging/hearing- loss-16/prevention.
Accessed April 5, 2017

What causesringing in ears? 16 possible conditions. http://www.healthline.com/symptom/ringing-in- ears.
Accessed April 5, 2017.

Smoking Your Ears – the Impact of Cigarettes on Hearing Loss. https://www.audicus.com/smoking-your-ears-the- impact-of- cigarettes-on- hearing-loss/. Accessed April 5, 2017.

ယခုပုံစံ

14/01/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ငလျင်နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေအတွက် ဘာတွေပြင်ဆင်ထားရမလဲ

ငလျင်အတွက် အကူအညီများ ရယူရန်


Dr. K Zin Thwe · · · ပြန်လည်သုံးသပ်သူ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 14/01/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ