backup og meta

Ortitis Externa (နားစည်အပြင်ပိုင်းရောင်ရမ်းနာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Ortitis Externa (နားစည်အပြင်ပိုင်းရောင်ရမ်းနာ) ကဘာလဲ။

နားစည်အပြင်ပိုင်းရောင်ရမ်းနာ (ortitis externa) ဆိုတာ နားအတွင်းပိုင်းအရေပြားလွှာကို ဘတ်တီးရီးယားဝင်လို့ သို့မဟုတ်တစ်ခါတစ်ရံ မှိုကြောင့်ဖြစ်တာဖြစ်ပါတယ်။ နားအတွင်းပိုင်းလမ်းကြောင်း(ear canal) ဟာ နားစည်ကနေ နားရွက်အပြင်ပိုင်းအထိကိုခေါ်ပါတယ်။ ဒီ ရောဂါဟာ သင်ရေကူးပြီးပြန်လာလို့ရက်အနည်ူငယ်အကြာမှာဖြစ်တတ်လေ့ရှိပြီး ခဏပဲကြာတတ်သလို နာတာရှည်လည်းဖြစ်တတ်ပါတယ်။

Ortitis Externa (နားစည်အပြင်ပိုင်းရောင်ရမ်းနာ) က ဘယ်လောက်အဖြစ်များသလဲ

ကလေးတွေ, ရေကူးတဲ့သူတွေ, ဆီးချိုဝေဒနာရှင်တွေ, အလာဂျီသမားတွေနဲ့ နားထဲမှာ wax (နဖာချေး) နည်းနေတဲ့အခါတွေမှာဖြစ်တတ်ပါတယ်။ ဒါကြောင့်ဒီအချက်တွေကိုရှောင်ကြဉ်ပြီးကာကွယ်နိုင်သလို သင့်ဆရာဝန်နဲ့လည်းဆွေးနွေးပါ။

လက္ခဏာများ

Ortitis Externa (နားစည်အပြင်ပိုင်းရောင်ရမ်းနာ) ရဲ့လက္ခဏာတွေကဘာတွေလဲ

– နားရွက်ကိုဆွဲတာ တွန်းတာလုပ်တဲ့အခါမှာ နာကျင်တာ

– နားယားတာ

– အနည်းငယ်ဖျားတာ

– နားထဲကနေပြည်တွေထွက်တာ

– အကြားအာရုံ ခေတ္တချို့ယွင်းတာမျိုးဖြစ်တတ်တာ

– တစ်ခါတစ်လေမှာ နားအတွင်းကနေ အလုံးဒါမှမဟုတ် အရည်ဖုထွက်တတ်ပြီး နာလည်းနာတတ်ပါတယ်။ ပေါက်သွားတဲ့အခါ သွေးနဲ့ ပြည်အနည်းငယ်စိမ့်ထွက်တတ်ပါတယ်။

အထက်ဖော်ပြပါ လက္ခဏာတွေမှာမပါတာတွေဖြစ်နိုင်ပါတယ်။ သင်သိရှိလိုပါက ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်ဖော်ပြပါ လက္ခဏာတွေထဲက တစ်ခုခုတွေ့လာပြီဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးပါ။

အောက်ပါအချက်များတွေ့လာပြီဆိုပါက ဆရာဝန်နဲ့ ချက်ချင်းပြသပါ။

– အလွန်အမင်းနာကျင်မှု

– ဖျားနာခြင်း

လူတိုင်းရဲ့ ခန္ဓါကိုယ်တွေက လုပ်ဆောငိမှုမတူကြတဲ့အတွက် သင်နဲ့သင့်တော်မယ့် အကောင်းဆုံးအခြေအနေကိုရွေးချယ်ပါ။

အကြောင်းရင်းများ

Ortitis Externa (နားစည်အပြင်ပိုင်းရောင်ရမ်းနာ) ကိုဘာတွေကဖြစ်စေသလဲ

– pseudomonas လိုဘက်တီးရီးယားတွေရှိတဲ့ ညစ်ပတ်တဲ့ရေထဲမှာကူးရင်ဖြစ်နိုင်ပါတယ်။

– ရှားပါးကိစ္စတွေမှာတော့ မှိုကြောင့်ဖြစ်နိုင်ပါတယ်။

– အခြားဖြစ်စေနိင်တဲ့ကိစ္စတွေကတော့

– နားအတွင်းဒါမှမဟုတ် နားရွက်ကိုဆွဲမိတာ

– နားထဲကို အရာတစ်ခုခုဝင်တာ

– နားကို ပင် ဒါမှမဟုတ် ဂွမ်းတွေနဲ့ပြင်းပြင်းသန့်ရှင်းရေးလုပ်တာ

– နာတာရှည်ရောဂါတွေ ဥပမာ eczema ဒါမှမဟုတ်psoriasis.ကတော့ နားအတွင်းပစ္စည်းတစ်ခုခုနဲ့ မတည့်တာမျိုးတွေကြောင့်ဖြစ်ပါတယ်။

ဖြစ်နိုင်ခြေများ

Ortitis Externa (နားစည်အပြင်ပိုင်းရောင်ရမ်းနာ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

  • အချိန်မှန်ရေကူးလေ့ရှိတာ

– ဘက်တီးရီးယားများတဲ့ရေမှာကူးတာ

– ကလေးတွေမှာနားလမ်းကြောင်းတိုတာဟာ ရေကိုလှောင်စေပြီး ပိုဆိုးစေပါတယ်။

– နားကို ပင် ဒါမှမဟုတ် ဂွမ်းတွေနဲ့ပြင်းပြင်းသန့်ရှင်းရေးလုပ်တာ

– ဖုန်းတွေ နားကြပ်တွေ အချိန်ကြာမြင့်စွာအသုံးပြုတာ

– ခေါင်းလျော်ရှည်တွေနဲ့ ဓါတ်မတည့်တာ စတာတွေဖြစ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Ortitis Externa (နားစည်အပြင်ပိုင်းရောင်ရမ်းနာ) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်ဆရာဝန်က နားအတွင်းပိုင်းက အရည်အချို့ကိုယူပြီး လေ့လာပါတယ်။

Ortitis Externa (နားစည်အပြင်ပိုင်းရောင်ရမ်းနာ) ကို ဘယ်လိုကုသပါသလဲ

ပိုးသတ်ဆေးပါဝင်တဲ့ နားတွင်းအစက်ချဆေးတွေကို ၁၀ ရက်ကနေ ၁၄ ရက်ထိသုံးနိုင်ပါတယ်။

အခြားနည်းတွေကတော့ :

-နားတွင်းပိုးဝင်ရင် antibiotic သောက်နိုင်ပါတယ်။

-ယားယံရောင်ရမ်းတာတွေ အတွက် စတီးရွှိက်ဆေးတွေသုံးနိုင်ပါတယ်။

-Acetaminophen (Tylenol) ဒါမှမဟုတ် ibuprofen (Advil, Motrin).လိုဆေးတွေကို နာကျင်မှုသက်သာအောင်သုံးနိုင်ပါတယ်။

-ဗနီကာအနည်းငယ်ကိုလည်း နားထဲအစက်ချထည့်နိုင်ပါတယ်။

-နာကျင်မှုသက်သာအောင် ရေနွေးပူကပ်ပေးနိုင်ပါတယ်။

ဒီလက္ခဏာတွေသက်သာပြီဆိုရင်လည်း ၇ရက်ကနေ ၁၀ရက်အထိ ရေစိုမခံပါနဲ့။

နာတာရှည်ဝေဒနာသည်တွေအနေနဲ့ ရေရျည်ကုသမှုတွေလိုအပ်သလို နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်မလာအောင် စောင့်ကြည့်ဖို့လည်းလိုအပ်ပါတယ်။

နေထိုင်မှုပြုပြင်ခြင်းနှင့် အိမ်တွင်းဆေးဝါးများ

နားစည်အပြင်ပိုင်းရောင်ရမ်းနာ နဲ့ သင့်တော်တဲ့ နေထိုင်မှုပုံစံတွေက ဘာတွေလဲ?

အောက်ပါ နေထိုင်မှုပုံစံတွေကနားစည်အပြင်ပိုင်းရောင်ရမ်းနာ နဲ့ သင့်တော်ပါတယ်။

သင့်နားရွက်ကို ရေမဝင်အောင်ဂရုစိုက်ပါ။ ရေကူးတဲ့အခါ shower cap သို့မဟုတ် နားကြပ်တပ်ပါ။

နားထဲမှာကြပ်ခဲနေတာ ကုသနေရင်းပိုဆိုးလာတာဆို နားတွင်းဆေးရည်ကို ညွှန်ကြားတဲ့အတိုင်းထည့်ပါ။

နာကျင်မှုကအရမ်းပြင်းထန်လာတာ ဒါမှမဟုတ် အခြားဆေးနဲ့သက်သာတယ်ဆိုရင် ဆရာဝန်ကို ချက်ချင်းခေါ်ပါ။

သင်သိလိုတဲ့ မေးခွန်းများရှိပါက ပိုမိုသိရှိနိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ferri, Fred. Ferri’s Netter Patient Advisor.Philadelphia, PA: Saunders / Elsevier, 2012.
Download version.
Swimmers ear. http://www.cdc.gov/healthywater/swimming/rwi/illnesses/swimmers-ear.html .
Accessed July 14, 2016.
Swimmers ear. http://www.mayoclinic.org/diseases-conditions/swimmers-ear/basics/tests-diagnosis/con-20014723 . Accessed July 14, 2016.
Swimmers ear. https://www.nlm.nih.gov/medlineplus/ency/article/000622.htm . Accessed July
14, 2016.

ယခုပုံစံ

20/12/2019

Phyo Wai Yan မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မရှိတဲ့ အနံ့တွေရနေတာ ဘာကြောင့်လဲ

နှာခေါင်းထဲမှာ အနံ့ဆိုးတွေ ဖြစ်နေတာ ဘာကြောင့် ဖြစ်မလဲ!


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 20/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement