brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Nicotinamide (နီကိုတင်းနမိုက်)

အသုံးပြုပုံများ

Nicotinamide (နီကိုတင်းနမိုက်) ကို ဘာအတွက်အသုံးပြုကြသလဲ

Nicotinamide သည် Vitamin B3 ဖြစ်ပြီး သွေးထဲတွင် အကျိုးပြူအဆီဓါတ်များစေရန် (High Density Lipoprotein, HDL) နှင့် Triglycerides အဆီဓါတ်နည်စေရန်အတွက် အသုံးပြုကြပါသည်။

Nicotinamide ကို ဘယ်လိုသောက်သုံးသင့်ပါသလဲ။

  • သောက်ဆေးများကို ဆရာဝန်ညွှန်ကြားသည့် အချိန်အတိုင်း သောက်ပါ။
  • ဆေးမသောက်မီတွင် ဆေးအညွှန်းကို သေချာအောင်ဖတ်ပါ။
  • မရှင်းလင်းသည်များရှိလျှင် ဆရာဝန်သို့မဟုတ် ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများနှင့် တိုင်ပင်သင့်ပါသည်။
  • ဆေးကို တနေ့တာ၏ နောက်ဆုံးအစာစားချိန်အပြီးတွင် သောက်လျှင် အကောင်းဆုံး ဖြစ်ပါသည်။
  • ဆေးပြား (ဆေးအာနိသင်ကို အဆက်မပြတ်ထုတ်လွှတ်သော)ကို အလုံးလိုက် မျိုချပါ။ ဆေးကို မဝါးရ။ မချေရ။
  • Nicotinamide ကိုဘယ်လိုသိုလှောင်သိမ်းဆည်းထားသင့်ပါသလဲ။

    ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်။

    Nicotinamide ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Nicotinamide ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Nicotinamide ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

    Nicotinamide ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

    ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ

    Nicotinamide ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

    ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

    Nicotinamide (နီကိုတင်းနမိုက်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

    Nicotinamide မသောက်ခင် အောက်ပါအချက်များရှိပါက ဆရာဝန်နှင့်တိုင်ပင်ပါ။

    • မိမိတွင်ကိုယ်ဝန်ရှိလျှင် သို့မဟုတ် နို့တိုက်သောမိခင်ဖြစ်လျှင်
    • သောက်နေသော ဆေးများ (ဆေးညွှန်းပါ/မပါသောဆေးများ၊တိုင်းရင်းဆေးများ)ရှိလျှင်
    • မိမိတွင် အခြားသောဆေးများ၊ အစားအစာ၊ တာရှည်ခံ ပစ္စည်းများ၊ ဆိုးဆေးများနှင့် ဓါတ်မတည့်ခြင်းများရှိလျှင်
    • အသက်အရွယ်ကြီးလွန်းသူများ
    • ကလေးငယ်များ
    • Nicotinamide နှင့် ဓါတ်ပြုနိုင်မည့် အခြားသော ကျန်းမာရေး အခြေအနေများ ရှိလျှင်

    ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့အချိန်မှာ သောက်ဖို့ စိတ်ချရရဲ့လား။

    ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

    ဘေးထွက်ဆိုးကျိုးများ

    Nicotinamide (နီကိုတင်းနမိုက်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

    ဆေးတိုင်းသည် ဘေးထွက်ဆိုးကျိုးများ ခံစားရနိုင်သော်လည်းလူတဦးနှင့်တဦးအပေါ်မူတည်ပြီး မတူညီပါ။ အောက်ပါတို့သည် အဖြစ်များသော ဘေးထွက်ဆိုးကျိုးများဖြစ်ပြီး ယင်းတို့သည် မခံမရပ်နိုင်အောင် ပြင်းထန်လာပါက ဆရာဝန်နှင့် ပြသသင့်ပါသည်။

    • ခေါင်းကိုက်ခြင်း၊ခေါင်းမူးခြင်း
    • နှလုံးခုန်မြန်ခြင်း
    • တုပ်ကွေးကဲ့သို့ ကိုယ်လက်ကိုက်ခဲခြင်း ၊ ကြွက်သားများ တောင့်တင်းခြင်း၊ အားနည်းခြင်း
    • ဗိုက်အောင့်ခြင်း၊ပျို့အန်ခြင်း
    • အမြင်အာရုံများ ပြောင်းလဲခြင်း

    အခြားသောဘေးထွက်ဆိုးကျိုးများစွာရှိနိုင်ပါသေးသည်။ Nicotinamide သောက်သူတိုင်း ထိုဘေးထွက်ဆိုးကျိုးများခံစားရသည်မဟုတ်ပါ။ အသေးစိတ်သိရှိလိုပါက ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့်တိုင်ပင်သင့်သည်။

    ဆေးဓါတ်ပြုမှုများ

    ဘယ်ဆေးတွေက Nicotinamide (နီကိုတင်းနမိုက်) နဲ့ ဓါတ်ပြုနိုင်သလဲ

    Nicotinamide သည် မိမိယခုလက်ရှိသောက်သုံးနေသော ဆေးဝါးများ၏ အာနိသင်များပြောင်းလဲသွားနိုင်ပြီး ဘေးထွက်ဆိုးကျိုးများကိုလည်းပိုဆိုးစေနိုင်ပါသည်။

    ထို့ကြောင့်ဖြစ်နိုင်ခြေရှိသော ဓါတ်မတည့်မှုများကိုလျှော့ချရန် သင်သောက်နေသော ဆေးများ (ဆေးညွှန်းပါ/မပါသောဆေးများ၊တိုင်းရင်းဆေးများ)ကိုစာရင်းလုပ်ပြီး ဆရာဝန်နှင့်တိုင်ပင်ပါ။ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်၏ ခွင့်ပြုချက်မပါဘဲ ဆေးများကိုမိမိသဘောနှင့်အတိုးအလျှော့ပြုခြင်း၊ ဆေးဖြတ်လိုက်ခြင်းတို့ မပြုလုပ်ရပါ။

    lovastatin, Lescol®, Lipitor®, Pravachol®, or Zocor, Aspirin, Vitamin supplements, or Nitrate medicine such as Nitroglycerin or Isosorbide, Atenolol, diltiazem, nifedipine, propranolol, verapamil, Cartia®, Coreg®, Lotrel®, Norvasc®, Plendil®, Tiazac®, and Toprol® စသည့်ဆေးများသောက်နေပါက သင့်ဆရာဝန်အားပြောပါ။

    အစားအသောက် ဒါမှမဟုတ် အရက်သေစာတွေက Nicotinamide နဲ့ ဓါတ်ပြုနိုင်ပါသလား။

    Nicotinamide က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ အသည်းကို ပို၍အဆိပ်အတောက်ဖြစ်စေပါသည်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေ ရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

    Nicotinamide သည်မည်သည့်ရောဂါအမျိုးအစားများနှင့်ဓါတ်ပြုနိုင်ပါသနည်း။

    Nicotinamide ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့လက်ရှိကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြးီပါတယ်။

    အထူးသဖြင့်သင့်မှာ

    • နှလုံးရောဂါ နှင့် နှလုံးအောင့်ခြင်း
    • သွေးပေါင်ကျခြင်း
    • ကျောက်ကပ်ရောဂါ
    • အသည်းရောဂါ
    • အသားနှင့် မျက်လုံးများ ဝါခြင်း
    • အဆစ်ရောင်ရောဂါ
    • ကြွက်သားများအားနည်းသောရောဂါများ ရှိပါက ပို၍အရေးကြီးပါသည်။

    သောက်သုံးရန်အညွှန်း

    ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

    အရွယ်ရောက်ပြီးသူတွေအတွက် Nicotinamide (နီကိုတင်းနမိုက်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    သင့်ရောဂါအပေါ်မူတည်၍ ဆေးအချိုးအစားကွာခြားမှုရှိသောကြောင့် ဆဂရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

    အချို့သောရောဂါများအတွက် နေ့စဉ်လိုအပ်ချက်အတွက် သတ်မှတ်ထားသော ပမာဏမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

    • အသက်ကြီးသောကြောင့် ဖြစ်သော မျက်စိပြသနာများ

    ဆေးအာနိသင် ချက်ချင်းပြသော Niacin 500 mg သောက်နိုင်သည်။

    • သွေးပြန်ကြောများ ပိတ်ဆို့ခြင်းကို ကာကွယ်ရန်

    ဆေးအာနိသင် ချက်ချင်းပြသော Niacin 3000-4000mg ကို နေ့စဉ် သောက်နိုင်သည်။ အခြားသော အဆီကျဆေးများနှင့် လည်း ၆လမှ ၅ နှစ်အထိ တွဲသောက်နိုင်ပါသည်။

    • နှလုံးရောဂါ

    Niacin 0.125-12g ကို ၅ နှစ်အထိ နေ့စဉ် သောက်နိုင်သည်။

    • အမျိုးသားများတွင် မစွမ်းဆောင်နိုင်ခြင်း

    Niacin (Niaspan®) 500-1,500 mg ကို ၁၂ ပတ်အထိ နေ့စဉ် သောက်နိုင်သည်။

    • သွေးထဲတွင် အဆီပမာဏများသူ

    ဆေးအာနိသင် ချက်ချင်းပြသော Niacin (crystalline) 300-1,2000 mg ကို ၆-၄၄ ပတ်အထိ နေ့စဉ် သောက်နိုင်သည်။

    ထို့နောက် Niacin ထိုးဆေး 2g ကို ၁၁ နာရီ ကြာမျှ ထိုးနိုင်သည်။

    တနေတာအတွက် အသုံးပြုနိုင်သော ပမာဏမှာ 3 g အများဆုံး ဖြစ်ပါသည်။

    • HIV ပိုးရှိသူများတွင် သွေးထဲတွင် အဆီပမာဏများခြင်း

    ဆေးအာနိသင်ကို ကြာရှည်စွာ ထုတ်သော Niacin (Niaspan®) 500-2,000 mg ကို ၄၄ ပတ်အထိ နေ့စဉ် ၂ နှစ် သောက်နိုင်သည်။

    • သွေးထဲတွင် ဖော့စဖရပ်စ်များခြင်း

    ဆေးအာနိသင်ကို ကြာရှည်စွာ ထုတ်သော Nicotinic acid 375 mg ကို သောက်နိုင်သည်။

    • အရိုးအဆစ်များ ရောင်ခြင်း

    Nicotinic acid 375 mg ကို ၁၂ ပတ်အထိ နေ့စဉ် သောက်နိုင်သည်။

    • Vitamin B3 ချို့တဲ့ခြင်းကြောင့်ဖြစ်သောရောဂါ

    Niacin 50-1,000mg ကို နေ့စဉ်သောက်နိုင်သည်။

    • အရေပြားပြသနာများ

    niacinamide 2-5% ခရင်မ် ကို အရေပြားပေါ်တွင် ၁၂ ပတ် လိမ်းနိုင်သည်။

    • အမျိုးအစား ၁ ဆီးချိုကို ကာကွယ်ရန်

    niacinamide 200-3,000 mg ကိုနေ့စဉ် ၁ နှစ်အထိသောက်နိုင်သည်။

    (20-40 mg/kg ကိုနေ့စဉ် ၁နှစ်အထိသောက်နိုင်သည်။

    )

    • အမျိုးအစား ၂ ဆီးချို

    niacinamide 500 mg ကို ၁ နေ့ ၃ ကြိမ် ခြောက်လအထိ သောက်နိုင်သည်။

    ကလေးငယ်တွေမှာ Nicotinamide ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

    ကလေးလူနာများမှာဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှု ရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာစိတ်ချရမှု အနေအထားကိုအပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

    အရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

    အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

    ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

    Nicotinamide ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Hello Sayarwon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 19/12/2019 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။