brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Varogel (Shinpoong Daewoo) (ဗရိုဂျယ်လ်)

အသုံးပြုပုံများ

Varogel (Shinpoong Daewoo) (ဗရိုဂျယ်လ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Varogel ကို အစာမကြေခြင်းလက္ခဏာများ၊ ရင်ပူခြင်း၊ အက်စစ်ချဉ်ပေါက်ခြင်း၊ လေပွခြင်းကြောင့် မအီမသာ ဖြစ်ရခြင်းများတွင် အများဆုံးအသုံးပြုကြပါသည်။

Varogel (Shinpoong Daewoo) (ဗရိုဂျယ်လ်) ဘယ်လိုသောက်သုံးသင့်သလဲ

သောက်သုံးရမည့်ပုံစံဆိုလျှင်

  • Varogel ဆရာဝန်ညွှန်ကြားသည့် ဆေးပမာဏ အချိန်အတိုင်း သောက်ပါ။
  • Varogel အားမသုံးခင် ဆေးအညွှန်းကို ဖတ်ပါ။
  • အညွှန်းနှင့်ပါတ်သတ်ပြီး နားမလည်သည်များရှိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
  • Varogel (Shinpoong Daewoo) (ဗရိုဂျယ်လ်) ဘယ်လိုသိမ်းဆည်းရမလဲ

    ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်။

    Varogel ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နှင့် စိုစွတ်မှုမရှိအောင်ထားခြင်းက အကောင်းဆုံးသိုလှောင်သိမ်းဆည်းနည်းပင် ဖြစ်သည်။ ဆေးအာနိသင်ပျက်ပြယ်ခြင်းနှင့် ဆေးအနေအထားပျက်ယွင်းမှုများမဖြစ်စေရန် Varogel ကို ရေချိုးခန်းတွင်သိမ်းဆည်းခြင်းနှင့် ရေခဲအောင် သိမ်းဆည်းခြင်းမျိုးတွေမပြုလုပ်ပါနှင့်။ Varogel ဆေးအမျိုးအစားနှင့် ဆေးထုတ်လုပ်သည့် ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းသောပုံစံကွဲပြားခြားနားမှုများရှိနိုင်ပါသည်။ ထို့အတွက် ဆေးဘူးအခွံ၌ပါသော သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအား မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရစေရန်အတွက် ဆေးဝါးအကုန်လုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့် ဝေးရာတွင်ထားပါ။)

    Varogel အား အိမ်သာထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချတာမျိုးအား မလုပ်သင့်ပါ။ ဆေးဝါးများကိုမလိုအပ်တော့သည့်အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားသည့်အခါများတွင် စနစ်တကျစွန့်ပစ်ဖို့ရာ အရေးကြီး၏။ ဆေးဝါးများကို စနစ်တကျ မည်ကဲ့သို့စွန့်ပစ်ရမည်ဆိုခြင်းနှင့် ပတ်သက်၍ သင့်၏ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့်တိုင်ပင်ပါ။

    (ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

    Varogel အားရေခဲသေတ္တာထဲ၌ သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါသည်။ ဆေးအာနိသင်ပျက်ပြယ်နိုင်သောကြောင့် အေးခဲအောင်မလုပ်ရပါ။

    ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

    Varogel (Shinpoong Daewoo) (ဗရိုဂျယ်လ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

    အောက်ပါတို့ရှိနေလျှင် Varogel အား မသုံးခင် ဆရာဝန်ကို ပြောပါ။

    • ဓါတ်မတည့်ခြင်း – Varogel ၊ ၎င်းတွင်းပါသော ပစ္စည်းများနှင့် မတည့်လျှင်၊ ထိုပစ္စည်းများကို အညွှွန်းစာတွင် ဖတ်ရှုနိုင်ပါသည်။.
    • တခြားသောဆေးများ၊ အစာများ၊ ဆိုးဆေးများ၊ တာရှည်ခံဆေးများ၊ တိရိစ္ဆာန်များနှင့် ဓါတ်မတည့်လျှင်
    • ကလေးငယ်များ
    • လူကြီးများ

    Varogel နှင့် ဓါတ်ပြုနိုင်သည့် တခြားသော ကျန်းမာရေးအခြေအနေများ ဥပမာ –

    • အစာအိမ်နှင့် အူလမ်းကြောင်းရောဂါများ
    • ဝမ်းချုပ်ခြင်း
    • ဝမ်းလျှောခြင်း
    • ကျောက်ကပ်ရောဂါ
    • အသည်းရောဂါ
    • ဆားမပါသည်များကို စားသောက်နေရသူ
    • အစာအိမ်သွေးကြောပေါက်ခြင်း သို့မဟုတ် ပိတ်ခြင်း
    • aluminum hydroxide, magnesium hydroxide, simethicone နှင့် တခြားသောဆေးများ၊ အစာများ၊ ဆိုးဆေးများ၊ တာရှည်ခံဆေးများနှင့် ဓါတ်မတည့်လျှင်
    • ကိုယ်ဝန်ရှိလျှင် သို့မဟုတ် ကိုယ်ဝန်ဆောင်ရန် အစီစဉ်ရှိလျှင်
    • နို့တိုက်နေလျှင်

    ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Varogel (Shinpoong Daewoo) (ဗရိုဂျယ်လ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

    ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

    ဘေးထွက်ဆိုးကျိုးများ

    Varogel (Shinpoong Daewoo) (ဗရိုဂျယ်လ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

    တခြားဆေးများကဲ့သို့ပင် Varogel တွင်လည်း ဘေးထွက်ဆိုးကျိုးတစ်ချို့ ရှိပါသည်။ အများစုမှာ ဖြစ်တာရှားပြီး နောက်ထပ်ကုသမှုခံရသည်အထိ မဖြစ်ပါ။ သို့သော် သင့်၌ဆေးသောက်ပြီးနောက် ပြဿနာများ ဖြစ်လာပါက ဆရာဝန်ကိုတင်ပြရန် အရေးကြီးပါသည်။

    တစ်ချို့သော ဘေးထွက်ဆိုးကျိုးများမှာ – ပျို့ခြင်း၊ မူးဝေခြင်း တို့ဖြစ်သည်။ မူးဝေသောလူနာများတွင် ဆေးပမာဏကို လျော့ချပေးရပါမည်။

    • မြေဖြူဝါးရသလို အရသာဖြစ်ခြင်း
    • ဝမ်းချုပ်ခြင်း
    • ဝမ်းလျှောခြင်း
    • လိပ်ခေါင်းထွက်ခြင်း
    • အပိန့်များထခြင်း၊ ယားခြင်း၊ အင်ပြင်ထခြင်း၊ မျက်နှာ နှုတ်ခမ်း လျှာများ ဖူးယောင်ခြင်း စသည့် ဓါတ်မတည့်မှုလက္ခဏာများ
    • အရိုးအဆစ်များ နာကျင်ကိုက်ခဲခြင်း
    • စိတ်ရှုပ်ထွေးခြင်း၊ ဂဏာမငြိမ်ခြင်း
    • ခေါင်းကိုက်ခြင်း
    • အစားအသောက်ပျက်ခြင်း
    • ပျို့ခြင်း အန်ခြင်း
    • ပုံမှန်မဟုတ်ပဲ မောပန်းခြင်း အားနည်းခြင်း

    ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများအား ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါသည်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

    ဆေးဓါတ်ပြုမှုများ

    ဘယ်ဆေးတွေက Varogel (Shinpoong Daewoo) (ဗရိုဂျယ်လ်) နဲ့ ဓါတ်ပြုနိုင်သလဲ

    Varogel သည် သင်အခုသောက်သုံးနေသည့်တခြားသော ဆေးဝါးများနှင့် ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးများကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သော ပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သော ဆေးဝါးဓါတ်ပြုမှုများ မဖြစ်လာစေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံး၏စာရင်းကိုပြုစုထားပြီး (စာရင်းလုပ်သည့်အခါ ဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲ သောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအား အမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနှင့်။

    • Amphetamine;
    • ပဋိဇီဝဆေးများ
    • Captopril;
    • Delavirdine;
    • Gabapentin;
    • နှလုံးဆေးများ – digoxin or digitoxin;
    • Hyoscyamine;
    • Iron salts;
    • Isoniazid;
    • အသက်ရှုခက်ရာတွင်သုံးသော ဆေးများ ipratropium နှင့် tiotropium;
    • ဆီးချိုဆေးများ
    • မှိုသတ်ဆေးများ itraconazole နှင့် ketoconazole;
    • အရိုးပွရာတွင်သုံးသောဆေးများ alendronate, etidronate, risedronate နှင့် tiludronate;
    • ဆီးရွှင်လွန်းသော ဆီးအိမ်အတွက်သုံးသည့်ဆေးများ oxybutynin နှင့် tolterodine;
    • အတက်ရောဂါကျောက်ဆေးများ ethotoin နှင့် phenytoin;
    • Methenamine;
    • Mycophenolate;
    • Pancrelipase;
    • Penicillamine;
    • Phenothiazines များ – chlorpromazine, mesoridazine, prochlorperazine, thioridazine;
    • Quinidine;
    • Rosuvastatin;
    • Sodium fluoride;
    • Sodium polystyrene sulfonate;
    • Sotalol;
    • Sucralfate;
    • Tacrolimus;
    • Thyroid hormones like levothyroxine;
    • Ursodiol;
    • ဗီတာမင် D;
    • Zalcitabine;

    အစားအသောက်တွေနဲ့ အရက်က Varogel (Shinpoong Daewoo) (ဗရိုဂျယ်လ်) နဲ့ ဓါတ်ပြုနိုင်သလား

    Varogel က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သော ပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓါတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

    သောက်သုံးရန်အညွှန်း

    ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

    အရွယ်ရောက်ပြီးသူတွေအတွက် Varogel (Shinpoong Daewoo) (ဗရိုဂျယ်လ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    Varogel ပမာဏမှပါတ်သတ်ပြီး ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

    တစ်ချို့ဖြစ်ရပ်များ၌ ရည်ညွှန်းပမာဏသည် တစ်ရက်လျှင် 10mL ၂-၄ ကြိမ်ဖြစ်သည်။

    ကလေးတွေအတွက် Varogel (Shinpoong Daewoo) (ဗရိုဂျယ်လ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    Varogel ပမာဏမှပါတ်သတ်ပြီး ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

    တစ်ချို့ဖြစ်ရပ်များ၌ ရည်ညွှန်းပမာဏသည် တစ်ရက်လျှင် 10mL ၂-၄ ကြိမ်ဖြစ်သည်။

    ကလေးလူနာများ၌ အချိုးအစားဘယ်လောက်ပေးရမည်ဆိုခြင်းအား အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မည်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်၌ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ရာ လိုအပ်ပါသည်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင်၏ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

    Varogel (Shinpoong Daewoo) (ဗရိုဂျယ်လ်) ကိုဘယ်လိုရရှိနိုင်သလဲ

    Varogel ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

    aluminum hydroxide 4.596 g; magnesium hydroxide 2.668 g; simethicone 266 mg/10 ml ပါဝင်သော သောက်ဆေးရည်

    aluminum hydroxide 200 mg; magnesium hydroxide 200 mg; simethicone 5 mg ပါဝင်သော ဝါးစားရသည့်ဆေးပြား

    Aluminum Hydroxide 178 mg, Magnesium Hydroxide 233 mg and Simethicone 30 mg ပါဝင်သော ဝါးစားရသည့်ဆေးပြား

    အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

    အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

    ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

    Varogel ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါက လွတ်သွားသောအကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်၌ပင် သောက်လိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနှင့်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Hlaing Min Ko Ko မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 19/12/2019 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။