အသုံးပြုပုံများ
Tylenol Cold & Cough (Cough Suppressants) (Tylenol Cold & Cough (Cough Suppressants)) ကို ဘာအတွက်အသုံးပြုကြသလဲ
Tylenol® cold & coughကိုဓါတ်မတည့်ခြင်းနှင့် အအေးမိတုပ်ကွေးတို့ကြောင့်ဖြစ်သောခေါင်းကိုက်ခြင်း၊ ဖျားခြင်း၊ ကိုယ်လက်များကိုက်ခဲခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်း၊ နှာချေခြင်း၊ ယားခြင်းနှင့် မျက်ရည်ယိုခြင်းများတွင် အများဆုံးအသုံးပြုကြပါသည်။
ဤဆေးသည် ဆေးလိပ်သောက်ခြင်း၊ ပန်းနာရင်ကြပ်ဖြစ်ခြင်းနှင့် Emphysema တို့ကြောင့် ဖြစ်သောချောင်းဆိုးခြင်းအတွက် ကုသရန်မဟုတ်ပါ။
Tylenol Cold & Cough (Cough Suppressants) (Tylenol Cold & Cough (Cough Suppressants)) ဘယ်လိုသောက်သုံးသင့်သလဲ
အညွှန်းတွင်ပါသည့်အတိုင်းသို့မဟုတ် ဆရာဝန် ညွှန်ကြားသည့်အတိုင်းတိတိကျကျလိုက်နာပါ။ ညွှန်ကြားထားသောပမာဏထက် ပိုသောက်ခြင်း၊ လျော့သောက်ခြင်း၊ သတ်မှတ်အချိန်ကာလထက် ပိုသောက်ခြင်းများမပြုလုပ်ရပါ။ ဤဆေးကိုလက္ခဏာများသက်သာသွားသည်အထိရေတိုသာအသုံးပြုရပါမည်။
ညွှန်ကြားထားသည့်ထက်ပိုမသောက်ပါနှင့်။ Acetaminophen များသွားပါကအသည်းပျက်စီးစေပြီးသေသည်အထိဖြစ်နိုင်ပါသည်။
ဝါးစားရမည့်ဆေးပြားများကိုမျိုမချခင် ဝါးစားပါ။
၇ ရက်ဆက်တိုက်ထက်ပိုပြီးမသုံးရပါ။ ဆေးသောက်ပြီး ၃ ရက်မြောက်နေ့အတိအဖျားမကျလျှင်၊ ၇ ရက် (ကလေးဆိုလျှင် ၅ ရက်) မြောက်ထိတိုင် လက္ခဏာများမသက်သာသေးလျှင်၊ လက္ခဏာများပိုဆိုးလာလျှင်၊ အရေပြားတွင်အကွက်များထလာလျှင်၊ ခေါင်းကိုက်ခြင်း၊ နီရဲရောင်ရမ်းခြင်းများဖြစ်လာလျှင် ဆရာဝန်နှင့်ပြန်ပြပါ။
Tylenol Cold & Cough (Cough Suppressants) (Tylenol Cold & Cough (Cough Suppressants)) ဘယ်လိုသိမ်းဆည်းရမလဲ
Tylenol® cold & coughကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နှင့် စိုစွတ်မှုမရှိအောင်ထားခြင်းကအကောင်းဆုံးသိုလှောင်သိမ်းဆည်းနည်းပင် ဖြစ်သည်။ ဆေးအာနိသင်ပျက်ပြယ်ခြင်းနှင့် ဆေးအနေအထားပျက်ယွင်းမှုများမဖြစ်စေရန် Tylenol® cold & coughကိုရေချိုးခန်းတွင်သိမ်းဆည်းခြင်းနှင့် ရေခဲအောင် သိမ်းဆည်းခြင်းမျိုးမပြုလုပ်ပါနှင့်။ Tylenol® cold & coughဆေးအမျိုးအစားနှင့် ဆေးထုတ်လုပ်သည့်ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းသောပုံစံကွဲပြားခြားနားမှုများရှိနိုင်ပါသည်။ ထို့အတွက် ဆေးဘူးအခွံ၌ပါသောသိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်းသို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအားမေးမြန်းခြင်းကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရစေရန်အတွက် ဆေးဝါးအကုန်လုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့်ဝေးရာတွင် ထားပါ။
Tylenol® cold & coughအားအိမ်သာထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းမျိုးအားမလုပ်သင့်ပါ။ ဆေးဝါးများကို မလိုအပ်တော့သည့်အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားသည့် အခါများတွင် စနစ်တကျစွန့်ပစ်ရန် အရေးကြီး၏။ ဆေးဝါးများကို စနစ်တကျ မည်ကဲ့သို့စွန့်ပစ်ရမည်ဆိုခြင်းနှင့် ပတ်သက်၍ သင့်၏ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်နိုင်ပါသည်။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
Tylenol Cold & Cough (Cough Suppressants) (Tylenol Cold & Cough (Cough Suppressants)) အသုံးမပြုခင် ဘာတွေသိသင့်သလဲ
ဤဆေးကိုမသုံးခင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပြပါ။
- ကိုယ်ဝန်ရှိလျှင်၊ သို့မဟုတ် နို့တိုက်နေရလျှင်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ဝန်ယူရန် ပြင်ဆင်နေစဉ် သို့မဟုတ် ကလေးနို့တိုက်နေရစဉ်၌ ဆရာဝန်ညွှန်ကြားသည့်ဆေးကိုသာသုံးစွဲသုံးရမည်ဖြစ်သည်။
- တခြားဆေးများကိုသုံးစွဲနေရလျှင်။ ထိုဆေးများတွင် ဆရာဝန်အညွှန်းမပါပဲ ဝယ်ယူနိုင်သည့်ဆေးများဥပမာအပင်ထွက်ဆေးများနှင့် ဖြည့်စွက်ဆေးများ စသည်တို့ပါဝင်ပါသည်။
- Tylenol® cold& coughတွင်ပါသော active agent များ inactive agent များနှင့် ဓါတ်မတည့်မှုရှိလျှင်။
- တခြားသောဖျားနာမှုများ၊ ကမောက်ကမရောဂါများ၊ တခြားကျန်းမာရေးအခြေအနေများရှိနေလျှင်။
အအေးမိချောင်းဆိုးပျောက်ဆေးများကိုကလေးများအားမတိုက်ခင် ဆရာဝန်ကိုအရင်မေးပါ။ အအေးမိချောင်းဆိုးပျောက်ဆေးများသည် အရမ်းငယ်သောကလေးများတွင် သေသည်အထိ ဖြစ်နိုင်ပါသည်။
အရက်မသောက်ပါနှင့်။ Acetaminophen သောက်နေစဉ် အရက်သောက်ပါကအသည်းကိုထိခိုက်စေသည့်အပြင် ဤဆေးတွင်ပါသောChlopheniramine ၏ ဘေးထွက်ဆိုးကျိုးများကိုပိုတိုးစေနိုင်ပါသည်။
ဆေးကြောင့် အမြင်ဝါးခြင်း၊ တွေးတောပုံတုံ့ပြန်ပုံများမူမမှန်ခြင်းတို့ဖြစ်တတ်ပါသည်။ ကားမောင်းလျှင်၊ နိုကြားရန် အမြင်ကြည်ရန်လိုသည့်အလုပ်များကိုလုပ်ပါကဂရုစိုက်ပါ။
ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Tylenol Cold & Cough (Cough Suppressants) (Tylenol Cold & Cough (Cough Suppressants)) ကိုသုံးစွဲဖို့ စိတ်ချရပါသလား
ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသုံးစွဲမီတွင် ဖြစ်နိုင်ချေရှိသောကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် Nရှိသည်ဟုသတ်မှတ်ထားသည်။
အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။
- A=ဆိုးကျိုးမရှိပါ။
- B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
- C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
- D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
- X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
- N=အခြေအနေကိုမသိရသေးပါ။
ဘေးထွက်ဆိုးကျိုးများ
Tylenol Cold & Cough (Cough Suppressants) (Tylenol Cold & Cough (Cough Suppressants)) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ
အဖြစ်များသောဘေးထွက်ဆိုးကျိုးများ
- ခေါင်းမူးခြင်း
- အိပ်ငိုက်ခြင်း
- ခေါင်းနည်းနည်းကိုက်ခြင်း
- နှာခေါင်း၊ လည်ချောင်း၊ အာခြောက်ခြင်း
- ဝမ်းချုပ်ခြင်း
- ဝမ်းလျှောခြင်း
- ဗိုက်နာခြင်း
- အမြင်ေဝဝါးခြင်း
- ဂဏာမငြိမ်သလိုခံစားရခြင်း
- အိပ်မပျော်ခြင်း
အောက်ပါတို့ဖြစ်လာပါကဆေးကိုရပ်ပြီး ဆရာဝန်နှင့် ချက်ချင်းပြပါ။
- နှလုံးခုန်မြန်ခြင်း၊ နှေးခြင်း၊ မညီခြင်း
- ရင်ဘတ်အောင့်ခြင်း
- သွေးခုန်နှုန်းမြန်ခြင်း၊ မေ့လဲတော့မလိုခံစားရခြင်း
- ပြင်းပြင်းထန်ထန်ခေါင်းမူးခြင်း၊ စိုးရိမ်ခြင်း
- စိတ်ခံစားမှုပြောင်းလဲခြင်း
- စိတ်ရှုပ်ထွေးခြင်း
- ထင်ယောင်ထင်မှားမြင်ခြင်း
- ဆီးနည်းခြင်း၊ မသွားခြင်း
- ပျို့ခြင်း
- ဗိုက်အပေါ်ပိုင်းနာခြင်း
- ယားခြင်း၊ အစားအသောက်ပျက်ခြင်း
- ဆီးအရောင်ရင့်ခြင်း
- ရွံ့စေးရောင်ဝမ်းများသွားခြင်း
- အသား၊ မျက်လုံးဝါခြင်း
- အန္တရာယ်ရှိလောက်သည်အထိသွေးတိုးခြင်း (ပြင်းပြင်းထန်ထန်ခေါင်းကိုက်ခြင်း၊ အမြင်ေဝဝါးခြင်း၊ နားအူခြင်း၊ တက်ခြင်း)
ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။
ဆေးဓါတ်ပြုမှုများ
ဘယ်ဆေးတွေက Tylenol Cold & Cough (Cough Suppressants) (Tylenol Cold & Cough (Cough Suppressants)) နဲ့ ဓါတ်ပြုနိုင်သလဲ
Tylenol® cold & coughသည် သင်အခုသောက်သုံးနေသည့် တခြားသောဆေးဝါးများနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးအာနိသင်ပြောင်းခြင်းနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သောဆေးဝါးဓါတ်ပြုမှုများမဖြစ်စေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံးကို စာရင်းပြုစုထားပြီး (စာရင်းလုပ်လျှင် ဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲသောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများအားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူအားအမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏပြောင်းလဲခြင်းစသည်တို့ မပြုလုပ်ပါနှင့်။
အစားအသောက်တွေနဲ့ အရက်က Tylenol Cold & Cough (Cough Suppressants) (Tylenol Cold & Cough (Cough Suppressants)) နဲ့ ဓါတ်ပြုနိုင်သလား
Tylenol® cold & cough က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများ ဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓါတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။
ဘယ်ရောဂါအခြေအနေတွေက Tylenol Cold & Cough (Cough Suppressants) (Tylenol Cold & Cough (Cough Suppressants)) နဲ့ ဓါတ်ပြုနိုင်သလဲ
Tylenol® cold & coughသည် လက်ရှိသင့်ကျန်းမာရေးအခြေအနေများနှင့် သက်ရောက်ဓါတ်ပြုမှုများရှိနိုင်ပါသည်။ သင်၏ ကျန်းမာရေးအခြေအနေအားပိုဆိုးသွားစေခြင်းသို့မဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားခြင်းများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင်၏ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးရန်အရေးကြီးပါသည်။
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေအတွက် Tylenol Cold & Cough (Cough Suppressants) (Tylenol Cold & Cough (Cough Suppressants)) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
နေ့အချိန်သောက်ဆေး (Chlorpheniramineမပါသောဆေး) : နိုးနေသည့်အချိန်တွင် ၆ နာရီခြားတိုင်းဆေး ၂ ပြားသောက်ရန်။
ညအချိန်သောက်ဆေး: အိပ်စက်ရမည့်အချိန်တွင် ၆ နာရီခြားတိုင်းဆေး ၂ ပြားသောက်ရန်။
တစ်ရက်လျှင် နေ့ဆေးညဆေးပေါင်း ၈ ပြားထက် မပိုရပါ။
ကလေးတွေအတွက် Tylenol Cold & Cough (Cough Suppressants) (Tylenol Cold & Cough (Cough Suppressants)) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
အသက် ၁၂ နှစ်နှင့်အထက်: နေ့အချိန်သောက်ဆေး (Chlorpheniramineမပါသောဆေး) : နိုးနေသည့်အချိန်တွင် ၆ နာရီခြားတိုင်းဆေး ၂ ပြားသောက်ရန်။
ညအချိန်သောက်ဆေး: အိပ်စက်ရမည့်အချိန်တွင် ၆ နာရီခြားတိုင်းဆေး ၂ ပြားသောက်ရန်။
တစ်ရက်လျှင် နေ့ဆေးညဆေးပေါင်း ၈ ပြားထက် မပိုရပါ။
အသက် ၁၂ အောက်များ : ဆရာဝန်နှင့်တိုင်ပင်ပါ။
Tylenol Cold & Cough (Cough Suppressants) (Tylenol Cold & Cough (Cough Suppressants)) ကိုဘယ်လိုရရှိနိုင်သလဲ
Tylenol® cold & coughကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။
ဆေးပြား – 325 mg / 2 mg / 15 mg / 30 mgှ
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
Tylenol® cold & coughကိုသုံးစွဲဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရသည့်အချိန်တွင် အမြန်ဆုံးသုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါကလွတ်သွားသောအကြိမ်ကိုကျော်ပြီးပုံမှန်အချိန်၌ပင်သုံးလိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးတာမျိုးမလုပ်ပါနှင့်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
[embed-health-tool-bmi]