မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
Triamcinolone Acetonide ကို နှင်းခူ၊အရေပြားရောင်ရမ်းခြင်း၊ဓါတ်မတည့်ခြင်း အစရှိတဲ့ အရေပြားပြဿနာတွေကို ကုသဖို့ အများဆုံး အသုံးပြုလေ့ရှိပါတယ်။Triamcinoloneဟာ ရောင်ရမ်းခြင်း၊ယားယံခြင်း နဲ့ နီရဲခြင်း အစရှိတဲ့ လက္ခဏာတွေကိုလည်း သက်သာစေပါတယ်။ အသေးစိတ်ထပ်မံသိရှိလိုရင်တော့ ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းရပါမယ်။
Triamcinolone Acetonide ကို အရေပြားလိမ်းဆေးအဖြစ်သာ သုံးစွဲရမှာ ဖြစ်ပြီး ဆရာဝန်က အထူးတလည် ညွှန်ကြားထားတဲ့ အခြေအနေမျိုးတွေကလွဲလို့ မျက်နှာ၊ပေါင်ခြံ ဒါမှမဟုတ် ချိုင်းကြားစတဲ့ နေရာတွေမှာ အသုံးမပြုရပါဘူး။ သင့်လက်ကို စင်ကြယ်စွာဆေးပြီး ရေခြောက်အောင်သုတ်ပါ။ ဆေးလိမ်းမယ့်နေရာမှာ ခြောက်သွေ့သန့်စင်နေပါစေ။ ဆရာဝန်က အထူးတလည် ညွှန်ကြားထားတာမျိုးမရှိဖူးဆိုရင် ဆေးလိမ်းထားတဲ့နေရာကို အုပ်ထားခြင်း၊ပတ်တီးစည်းထားခြင်း ဒါမှမဟုတ် အဝတ်နဲ့ပတ်ထားခြင်း စတာတွေကို မပြုလုပ်ရပါဘူး။ အနှီး သို့မဟုတ် သေးခံထဲမှာ အသုံးပြုရင်
[ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)
Triamcinolone Acetonide ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Triamcinolone Acetonide ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Triamcinolone Acetonide ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)
Triamcinolone Acetonide ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။
(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)
Triamcinolone Acetonide ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။
Triamcinolone Acetonide ကိုမသုံးစွဲခင်မှာ အောက်ပါအချက်တွေရှိရင် ဆရာဝန်ကို ကြိုပြောပါ။
ဆေးလိမ်းမယ့် နေရာမှာ အနာရှိရင် ဒါမှမဟုတ် ကူးစက်ပိုးဝင်နေတာမျိုးရှိရင် ဒီဆေးကို အသုံးမပြုရပါဘူး။ တခါတရံ ဒီဆေးကို ကာလကြာမြင့်စွာ သုံးစွဲခြင်း၊အရေပြားနေရာ အတော်များများမှာ သုံးစွဲခြင်းတို့ကို ပြုလုပ်ရတဲ့အခါ သင့်ခန္ဓါကိုယ်အနေနဲ့ ပြင်ပဖိအားလှုံ့ဆော်မှုတွေကို ကောင်းစွာ မတုံ့ပြန်နိုင် ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ခွဲစိတ်မှုခံယူရမယ့်အခါ၊အရေးပေါ်ဆေးဝါးကုသမှု ခံယူရမယ့်အခါ သို့မဟုတ် ပြင်းထန်တဲ့ ထိခိုက်ဒါဏ်ရာ ရရှိတဲ့အခါမှာ သင့်အနေနဲ့ ဒီဆေးကို အသုံးပြုလျက်ရှိကြောင်း ဒါမှမဟုတ် လွန်ခဲ့တဲ့ လအနည်းငယ်က သုံးစွဲခဲ့ကြောင်းကို သင့်ဆရာဝန် သို့မဟုတ် သွားဆရာဝန်ကို ကြိုတင်အသိပေးရပါမယ်။
ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။
Triamcinolone Acetonide က ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်လဲ။
ဒီဆေးကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုး အချို့က အောက်ပါအတိုင်း ဖြစ်ပါတယ်။
ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။
Triamcinolone Acetonide ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်)
ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။
Triamcinolone Acetonide နဲ့ ဓါတ်ပြုနိုင်တဲ့ ဆေးတွေကတော့
ကော်တီကိုစတီးရွိက်များ (ဥပမာ prednisone)။
Cyclosporine အစရှိတဲ့ ဆေးတွေပဲ ဖြစ်ပါတယ်။
Triamcinolone Acetonide က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။
Triamcinolone Acetonide ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အလိုရှိတဲ့နေရာပေါ်ကို ခပ်ပါးပါးလိမ်းပြီး ညင်သာစွာ ဖိပွတ်ပေးပါ။ တနေ့ကို ၂ ကြိမ်မှ ၄ကြိမ်အထိ လိမ်းနိုင်သလို ဆရာဝန်ညွှန်ကြားတဲ့အတိုင်းလည်း လိမ်းနိုင်ပါတယ်။
{ယေဘူယျအသိပေးချက် – ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ
Triamcinolone Acetonide ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
Triamcinolone acetonide ခရင်မ် 0.1% ကို အောက်ပါပုံစံတွေနဲ့ ရရှိနိုင်ပါတယ်။
Triamcinolone acetonide ခရင်မ် 0.025% ကို အောက်ပါပုံစံတွေနဲ့ ရရှိနိုင်ပါတယ်။
Triamcinolone acetonide ခရင်မ် 0.5% ကို အောက်ပါပုံစံတွေနဲ့ ရရှိနိုင်ပါတယ်။
၁၅ ဂရမ် ဆေးတောင့်။
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။
Triamcinolone Acetonide ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။