အစားအသောက်တွေနဲ့ အရက်က Testosterone (တက်စတိုစတီရုန်း) နဲ့ ဓါတ်ပြုနိုင်သလား
Testosterone က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။
ဘယ်ရောဂါအခြေအနေတွေက Testosterone (တက်စတိုစတီရုန်း) နဲ့ ဓါတ်ပြုနိုင်သလဲ
Testosterone ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်
- ကင်ဆာရောဂါများ (အမျိုးသား ရင်သာကင်ဆာ၊ဆီးကျိတ်ကင်ဆာ)။
- သွေးခဲခြင်း (ခြေထောက်သွေးကြောများ သို့မဟုတ် အဆုတ်သွေးကြောများတွင်)။
- နှလုံးရောဂါအမျိုးမျိုး(နှလုံးကောင်းစွာ အလုပ်မလုပ်တော့ခြင်း၊ရင်ဘတ်အောင့်ခြင်း၊နှလုံးထိခိုက်ခြင်း စသည်)၊လေဖြတ်ခြင်း။
အသည်းပြဿနာများ၊ကျောက်ကပ်ပြဿနာများ၊ကိုလက်စထရောဓါတ်များပြားခြင်း၊သွေးတိုးခြင်း၊ဆီးကျိတ်ကြီးခြင်း၊အိပ်နေရင်း ခေတ္တအသက်ရှုရပ်ခြင်း၊ဆီးချိုရောဂါဖြစ်ခြင်း စတဲ့ ရောဂါတွေ ရှိနေခဲ့ရင်ပေါ့။
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေအတွက် Testosterone (တက်စတိုစတီရုန်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
လူပျိုဖော်ဝင်နောက်ကျခြင်းအတွက် ယောက်ျားလေးတွေမှာ အသုံးပြုရမယ့် ပမာဏ
- အသားထိုးဆေး : Testosterone Enanthate ၅၀ – ၂၀၀ မီလီဂရမ်ကို နှစ်ပတ်ခြား သို့မဟုတ် လေးပတ်ခြားတခါ ထိုးရမှာဖြစ်ပြီး ကာလအနေနဲ့ လေးလကနေ ခြောက်လအထိ ထိုးရမှာ ဖြစ်ပါတယ်။
- အရေပြားအောက်ထည့်ဆေး : ဆေးပါဝင်တဲ့ အချောင်းလေး နှစ်ချောင်း (တချောင်းမှာ testosterone ၇၅ မီလီဂရမ်စီ ပါဝင်ပါတယ်)ကို သုံးလတခါ သို့မဟုတ် ခြောက်လတခါ အရေပြားအောက်ထည့်ရမှာဖြစ်ပြီး ကာလအနေနဲ့ လေးလကနေ ခြောက်လအထိ အသုံးပြုရမှာ ဖြစ်ပါတယ်။
ရင်သားကင်ဆာအတွက် :
အသားထိုးဆေး : Testosterone Enanthate ၂၀၀ – ၄၀၀ မီလီဂရမ်ကို နှစ်ပတ်တကြိမ် သို့မဟုတ် လေးပတ်တကြိမ် ထိုးနိုင်ပါတယ်။
အမျိုးသားအားနည်းခြင်း၊မြုံခြင်းအတွက် :
အသားထိုးဆေး :
- Testosterone Undecanoate ၇၅၀ မီလီဂရမ် (သုံးစီစီ)ကို ကနဦးထိုးရမှာဖြစ်ပြီး လေးပတ်အကြာမှာ နောက်ထပ် ၇၅၀ မီလီဂရမ် (သုံးစီစီ) ထပ်ထိုးရပါမယ်။ ဒီနောက်မှာတော့ ၇၅၀ မီလီဂရမ် (သုံးစီစီ)ပမာဏကို ရက်သတ္တပတ် ဆယ်ပတ်တကြိမ် ထိုးရမှာပဲ ဖြစ်ပါတယ်။
- Testosterone Enanthate and Cypionate : ၅၀ – ၄၀၀ မီလီဂရမ်ကို နှစ်ပတ်တကြိမ် သို့မဟုတ် လေးပတ်တကြိမ် ထိုးနိုင်ပါတယ်။
အရေပြားအောက်ထည့်ဆေး : ဆေးပါဝင်တဲ့ အချောင်းလေး နှစ်ချောင်းကနေ ခြောက်ချောင်း (တချောင်းမှာ testosterone ၇၅ မီလီဂရမ်စီ ပါဝင်ပါတယ်)ကို သုံးလတခါ သို့မဟုတ် ခြောက်လတခါ အရေပြားအောက်ထည့်ရမှာဖြစ်ပါတယ်။
ကလေးတွေအတွက် Testosterone (တက်စတိုစတီရုန်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။
Testosterone (တက်စတိုစတီရုန်း) ကိုဘယ်လိုရရှိနိုင်သလဲ
testosterone ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
ထိုးဆေး နှင့် အရေပြားအောက်ထည့်ရသည့် ပုံစံ။
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။ ဆေးလွန်တဲ့ လက္ခဏာတွေကတော့
- အမြင်အာရုံများ ဝေဝါးခြင်း။
- ခေါင်းကိုက်ခြင်း။
- အတက်ဝေဒနာ ခံစားရခြင်း။
- စကားပီသစွာ မပြောနိုင်ခြင်း။
- ရုတ်တရက် စကားမပြောနိုင်တော့ခြင်း။
- ယာယီအမြင်အာရုံဆုံးရှုံးခြင်း။
ရုတ်တရက် ခန္ဓါကိုယ်တခြမ်း ကောင်းစွာ လှုပ်မရတော့ခြင်း စတာတွေပဲ ဖြစ်ကြပါတယ်။
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
Testosterone ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။