အသုံးပြုပုံများ
Solu Medrol (Methylprednisolone) (ဆိုလူ-မီဒရိုလ်) ကို ဘာအတွက်အသုံးပြုကြသလဲ
Solu-Medrol® ဟာ ကော်တီကိုစတီးရွိုက် အမျိုးအစားဆေး ဖြစ်ပြီး ဖောရောင်ခြင်း၊ပြင်းထန်စွာ ဓါတ်မတည့်ခြင်း၊adrenal ဂလင်း ပြဿနာများ၊အဆစ်အမြစ်ရောင်ခြင်း၊ပန်းနာရင်ကျပ်ဝေဒနာ ခံစားရခြင်း၊သွေး သို့မဟုတ် ရိုးတွင်းချဉ်ဆီဆိုင်ရာ ပြဿနာများ၊မျက်စိနှင့် အမြင်အာရုံဆိုင်ရာ ပြဿနာများ၊lupus ရောဂါ၊အရေပြားပြဿနာများ၊ကျောက်ကပ်ပြဿနာများ၊အူမကြီးရောင်ရမ်းခြင်း၊multiple sclerosis လို့ခေါ်တဲ့ ပြင်းထန်တဲ့ ရောဂါတမျိုး ပျံ့နှံ့ခြင်းတို့မှာ အများဆုံး အသုံးပြုပါတယ်။
Solu Medrol (Methylprednisolone) (ဆိုလူ-မီဒရိုလ်) ဘယ်လိုသောက်သုံးသင့်သလဲ
ထိုးဆေးအဖြစ်
- သူနာပြု သို့မဟုတ် လေ့ကျင့်ထားသော ကျွမ်းကျင်ပုဂ္ဂိုလ်က သင့်ကို ဆေးထိုးပေးပါလိမ့်မယ်။ အကြောထိုးဆေး အနေနဲ့ အသုံးပြုနိုင်သလို အသားထိုးဆေးအဖြစ်လည်း သုံးစွဲနိုင်ပါတယ်။
- သင့်ရောဂါအခြေအနေ သက်သာလာတဲ့အထိ ဆရာဝန်က ထိုးဆေးကို ဆက်လက်ပေးနေမှာ ဖြစ်ပါတယ်။ ဒီနောက်မှာတော့ အာနိသင်တူညီတဲ့ သောက်ဆေးအဖြစ် ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ စိုးရိမ်ပူပန်မှု တစုံတရာ ရှိနေရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေး သင့်ပါတယ်။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
Solu Medrol (Methylprednisolone) (ဆိုလူ-မီဒရိုလ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ
Solu-Medrol® ကို မသုံးစွဲခင်မှာ အောက်ပါအခြေအနေတွေ ရှိနေရင် သင့်ဆရာဝန်ကို အသိပေးရပါမယ်။
- ဓါတ်မတည့်ခြင်း : Solu-Medrol® နဲ့ ဓါတ်မတည့်ခြင်း၊ပါဝင်ပစ္စည်းတွေနဲ့ ဓါတ်မတည့်ခြင်း။ အသေးစိတ်အချက်အလက်တွေကို ဆေးနဲ့အတူပါဝင်လာတဲ့ ဆေးညွှန်းမှာ ဖတ်ရှုနိုင်ပါတယ်။
- အခြားသော ဆေး၊အစားအစာ၊ဆိုးဆေး၊တာရှည်ခံအောင် ပြုလုပ်သော ဆေးများ သို့မဟုတ် တိရစ္ဆာန်များနဲ့ ဓါတ်မတည့်ခြင်း။
- ကလေးသူငယ်များ။
- အသက်အရွယ်ကြီးသူများ။
အခြားသော ကျန်းမာရေးပြဿနာတွေကြောင့် Solu-Medrol® နဲ့ ဓါတ်ပြုနိုင်တဲ့ ဆေးဝါးတွေကို သုံးစွဲနေရခြင်း စတာတွေပဲ ဖြစ်ကြပါတယ်။
ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Solu Medrol (Methylprednisolone) (ဆိုလူ-မီဒရိုလ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား
ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။)
အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
- A=ဆိုးကျိုးမရှိပါ။
- B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
- C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
- D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
- X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
- N=အခြေအနေကို မသိရသေးပါ။
ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။
ဘေးထွက်ဆိုးကျိုးများ
Solu Medrol (Methylprednisolone) (ဆိုလူ-မီဒရိုလ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ
အခြားသော ဆေးဝါးများနည်းတူ Solu-Medrol® ဟာလည်း ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒါပေမယ့် အဆိုပါ ဘေးထွက်ဆိုးကျိုး အများစုဟာ ဖြစ်ခဲပြီး ထူးထူးခြားခြားကုသမှုတွေ ပြုလုပ်ပေးဖို့ မလိုပါဘူး။ ဒါပေမယ့် ဆေးသောက်ပြီးတဲ့အချိန်မှာ ပြဿနာတစုံတရာ ပေါ်ပေါက်လာခဲ့မယ်ဆိုရင် ဆရာဝန်ကို အသိပေးဖို့ အရေးကြီးပါတယ်။ ဘေးထွက်ဆိုးကျိုးအချို့ကို အောက်မှာ ဖော်ပြပေးထားပါတယ်။
- အရေပြားမှာ အရောင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာခြင်း၊အမည်းစက်များ ထွက်လာခြင်း။
- ဝမ်းလျှောခြင်း။
- အလွယ်တကူ သွေးခြေဥတတ်ခြင်း။
- ရေငတ်ခြင်း၊ဆီးခဏခဏ သွားခြင်း။
- အနီရောင်၊ပန်းရောင်၊ခရမ်းရောင်၊အညိုရောင် အကွက်၊အဖုများ အရေပြားပေါ်တွင် ပေါ်လာခြင်း။
- မျက်နှာဖောရောင်လာခြင်း။
- ဆေးထိုးထားသော အရေပြားနေရာတွင် ချိုင့်နေခြင်း စတာတွေပဲ ဖြစ်ပါတယ်။
ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။
ဆေးဓါတ်ပြုမှုများ
ဘယ်ဆေးတွေက Solu Medrol (Methylprednisolone) (ဆိုလူ-မီဒရိုလ်) နဲ့ ဓါတ်ပြုနိုင်သလဲ
Solu-Medrol® ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။
ဥပမာ-
Aminoglutethimide;
Amphotericin B;
Carbamazepine;
Cholestyramine;
Cyclosporine;
Digoxin;
Isoniazid;
Ketoconazole;
Pancuronium;
Phenobarbital;
Phenytoin;
Rifampin သို့မဟုတ် အချို့သော ပဋိဇီဝပိုးသတ်ဆေးများ (ဥပမာ clarithromycin, erythromycin);
ဆီးဆေးများ။
သွေးကျဲဆေးများ (ဥပမာ warfarin)။
အကိုက်အခဲပျောက်ဆေး၊အဆစ်အမြစ်ရောင်ရောဂါများအတွက် အသုံးပြုသော ဆေးများ (စတီးရွိုက်မဟုတ်သော အကိုက်အခဲပျောက်ဆေးများ ဥပမာ aspirin, celecoxib, ibuprofen);
အင်ဆူလင် သို့မဟုတ် အခြားသော ဆီးချိုဆေးများ သောက်နေရခြင်း (ဥပမာ glyburide,metformin) သို့မဟုတ် မဟော်မုန်း estrogen သုံးစွဲနေရခြင်း (ပဋိသန္ဓေတားဆေးများ၊ဟော်မုန်းအစားထိုးကုသမှုခံယူနေရခြင်း) ၊ ကာကွယ်ဆေးထိုးထားခြင်း။
အစားအသောက်တွေနဲ့ အရက်က Solu Medrol (Methylprednisolone) (ဆိုလူ-မီဒရိုလ်) နဲ့ ဓါတ်ပြုနိုင်သလား
Solu-Medrol® က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။
ဘယ်ရောဂါအခြေအနေတွေက Solu Medrol (Methylprednisolone) (ဆိုလူ-မီဒရိုလ်) နဲ့ ဓါတ်ပြုနိုင်သလဲ
Solu-Medrol® ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ ဥပမာ
- ကျောက်ကပ်ရောဂါ။
- အသည်းရောဂါ။
- နှလုံးရောဂါ။
- ဆီးချိုရောဂါ။
- အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ပြဿနာများ။
- Adrenal ဂလင်းပြဿနာများ (ဥပမာ Cushing syndrome)။
- အာရုံကြော သို့မဟုတ် ကြွက်သားရောဂါများ (ဥပမာ myasthenia gravis)။
- သိုင်းရွိုက်ဂလင်း ပြဿနာများ။
- မကြာသေးမီက ရုတ်တရက် နှလုံးထိခိုက်ထားခြင်း။
- ရေကျောက်ပေါက်ခြင်း။
- ဝက်သက်ပေါက်ခြင်း။
- ရေယုန်ကဲ့သို့သော ကူးစက်ရောဂါမျိုးရှိခြင်း။
- တီဘီရောဂါ။
- သန်ကောင်ရှိခြင်း စတာတွေပဲ ဖြစ်ပါတယ်။
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
Solu Medrol (Methylprednisolone) (ဆိုလူ-မီဒရိုလ်) ကိုဘယ်လိုရရှိနိုင်သလဲ
Solu-Medrol® ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
ထိုးဆေးဖျော်ရန်ဆေးမှုန့် : ၅၀၀ မီလီဂရမ်၊ ၁၀၀၀ မီလီဂရမ်။
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
Solu-Medrol® ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
[embed-health-tool-bmi]