backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Ramipril


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Ramipril ကို ဘာအတွက်အသုံးပြုကြသလဲ

Ramipril ကို သွေးတိုးကုသရန်အတွက်အသုံးပြုကြသည်။ သွေးတိုးကိုချပေးခြင်းက လေဖြတ်ခြင်း၊ နှလုံးဖောက်ခြင်းနှင့် ကျောက်ကပ်ရောဂါများကို ကာကွယ်ပေးနိုင်ပါသည်။ Ramipril ကို နှလုံးဖောက်ပြီးနောက် အသက်ရှင်နိုင်ချေများလာစေရန်အတွက်လည်း အသုံးပြုကြ၏။ အန္တရာယ်များသောလူနာများ (ဥပမာ – နှလုံး၊ ဆီးချိုရှိသူများ) တွင် နှလုံးဖောက်ခြင်းနှင့် လေဖြတ်ခြင်းအားကာကွယ်ရန် အသုံးနိုင်သည်။ ဤဆေးကို မကြာခင်ကနှလုံးဖောက်ထားပြီး နှလုံးညှစ်အားမကောင်းတော့သည့်လူနာများတွင်ပါ အသုံးပြုနိုင်ပါသည်။

Ramipril မှာ ACEI ဖြစ်ပြီး သွေးကြောများကို ပြေလျော့စေကာ သွေးစီးဆင်းမှုကို လွယ်ကူစေပါသည်။

Ramipril ဘယ်လိုသောက်သုံးသင့်သလဲ

ဆေးကို အစာရှိရှိမရှိရှိ ဆရာဝန်ညွှန်ကြားသည့်အတိုင်း သောက်နိုင်ပါသည်။ များသောအားဖြင့် တစ်ရက်လျှင် တစ်ကြိမ် သို့ နှစ်ကြိမ်သာ။

ဆေးတောင့်ပုံစံကိုသောက်မည်ဆိုပါက တစ်တောင့်လုံးမျိုချပါ။ ဆေးတောင့်ကို မျိုရခက်နေလျှင် ဆေးတောင့်ကိုဖွင့်ပြီး ဆေးအမှုန်များကို Applesauce (4 အောင်စခန့်) အေးအေးလေးထဲသို့ဖြူးပါ။ သို့မဟုတ် ရေဖန်ခွက်တစ်ဝက်နှင့်ရောပါ။ သို့မဟုတ် ပန်းသီးဖျော်ရည် (၄ အောင်စ/ 120 mL) နှင့်ရောပြီး သောက်ပါ။

ဆေးပမာဏမှာ သင့်ကျန်းမာရေးအခြေအနေနှင့် ကုသမှုအပေါ် တုံ့ပြန်ခြင်းပေါ်၌ မူတည်ပါသည်။

ဘေးထွက်ဆိုးကျိုးဖြစ်နိုင်ချေကိုလျော့ချရန်အတွက် ဆရာဝန်မှ ဆေးကို ပမာဏနည်းနည်းမှစပြီး တဖြည်းဖြည်းတိုးပေးပါလိမ့်မည်။ ဆရာဝန်ညွှန်သမျှကို အတိအကျလိုက်နာပါ။

ဆေးအာနိသင်ကောင်းကောင်းပြစေရန် မှန်မှန်သောက်ပါ။ ဆေးသောက်ဖို့ မှတ်မိနေစေရန် နေ့စဉ်တူညီသောအချိန်တွင်သာသောက်ပါ။ နေကောင်းလာသည့်တိုင် ဆေးကိုဆက်သောက်ရန် အရေးကြီး၏။ သွေးတိုးတတ်သူအများစုမှာ ဖျားနာသလို မခံစားရတတ်ပါ။ ဆေးမှအာနိသင်အပြည့်အဝရရန် ရက်သတ္တပတ်ပေါင်းများစွာ ကြာတတ်ပါသည်။ အခြေအနေတိုးတက်မလာလျှင် သို့မဟုတ် ပိုဆိုးလာလျှင် (သွေးပေါင်ကျမသွားလျှင်) ဆရာဝန်ကိုပြောပါ။

Ramipril ဘယ်လိုသိမ်းဆည်းရမလဲ

Ramipril ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နှင့် စိုစွတ်မှုမရှိအောင်ထားခြင်းက အကောင်းဆုံးသိုလှောင်သိမ်းဆည်းနည်းပင် ဖြစ်သည်။ ဆေးအာနိသင်ပျက်ပြယ်ခြင်းနှင့် ဆေးအနေအထား ပျက်ယွင်းမှုများ မဖြစ်စေရန် Ramipril ကို ရေချိုးခန်းတွင်သိမ်းဆည်းခြင်းနှင့် ရေခဲအောင် သိမ်းဆည်းခြင်းမျိုးမပြုလုပ်ပါနှင့်။ Ramipril ဆေးအမျိုးအစားနှင့် ဆေးထုတ်လုပ်သည့်ကုမ္ပဏီ ကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းသောပုံစံ ကွဲပြားခြားနားမှုများ ရှိနိုင်ပါသည်။ ထို့အတွက် ဆေးဘူးအခွံ၌ပါသော သိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်း သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအား မေးမြန်းခြင်းကို အမြဲလုပ်ပါ။ လုံခြုံစိတ်ချရစေရန်အတွက် ဆေးဝါးအကုန်လုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့်ဝေးရာတွင် ထားပါ။

Ramipril အားအိမ်သာထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းမျိုးအား မလုပ်သင့်ပါ။ ဆေးဝါးများကို မလိုအပ်တော့သည့်အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားသည့် အခါများတွင် စနစ်တကျစွန့်ပစ်ရန် အရေးကြီး၏။ ဆေးဝါးများကို စနစ်တကျ မည်ကဲ့သို့စွန့်ပစ်ရမည်ဆိုခြင်းနှင့် ပတ်သက်၍ သင့်၏ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်နိုင်ပါသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Ramipril အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Ramipril ကိုမသောက်ခင် ဤဆေးနှင့် ဓါတ်မတည့်ခြင်း သို့မဟုတ် တခြား ACEI များ (ဥပမာ Benazepril) နှင့် ဓါတ်မတည့်ခြင်း သို့မဟုတ် တခြားသောဓါတ်မတည့်မှုများရှိပါက ဆရာဝန်ကိုကြိုပြောပါ။ ဤဆေးတွင် သင့်နှင့်ဓါတ်မတည့်နိုင်သည့် inactive ဓါတ်ပစ္စည်းများ ပါနေနိုင်ပါသည်။ အသေးစိတ်သိလိုပါက ဆေးဝါးကျွမ်းကျင်နှင့် ဆွေးနွေးပါ။

ဤဆေးကိုမသုံးခင် သင့်ကျန်းမာရေးရာဇဝင်များကို ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်အား ပြောပြပေးပါ။ အထူးသဖြင့် မျက်နှာ၊ နှုတ်ခမ်း၊ လျှာ၊ လည်ချောင်း ဖောင်းကြွခြင်းအပါအဝင် ဓါတ်မတည့်မှုများ၊ သွေးဆိုင်ရာလုပ်ထုံးများ (ဥပမာ LDL apheresis, dialysis) လုပ်ဖူးခြင်း၊ သွေးတွင်း ပိုတက်စီယမ်လယ်ဗယ်များခြင်း။

ဆေးကြောင့် ခေါင်းမူးနိုင်သည်။ အရက် သို့မဟုတ် ဆေးခြောက်ကလည်း ခေါင်းမူးနိုင်သည်။ စိတ်ချရသည့်အခြေအနေမရောက်မချင်း နိုးကြားရန်လိုသည့် စက်မောင်ခြင်း၊ ယာဉ်မောင်းခြင်းများ မပြုလုပ်ပါနှင့်။ အရက်ပါသော အချိုရည်သောက်ခြင်းကို ကန့်သတ်ပေးပါ။ ဆေးခြောက်သုံးနေသူဆိုပါက ဆရာဝန်နှင့် ဆွေးနွေးပါ။

ခေါင်းမူးခြင်း၊ မေ့လဲချင်သလိုဖြစ်ခြင်းများအား ရှောင်နိုင်ရန်အတွက် ထိုင်ရာ လှဲရာမှထသည့်အခါ ဖြည်းဖြည်းသက်သာထပါ။

ချွေးထွက်များလွန်းခြင်း၊ ဝမ်းလျှောခြင်း၊ အန်ခြင်းတို့က ခန္ဓါကိုယ်မှအရည်ဓါတ်များကို ဆုံးရှုံးစေပြီး မူးလဲချင်သကဲ့သို့ဖြစ်ခြင်းအား ပိုဖြစ်လာစေနိုင်၏။ ကာလကြာရှည် ဝမ်းလျှောခြင်း အန်ခြင်းတို့ရှိပါက ဆရာဝန်ကိုပြောပါ။ ဆရာဝန်မှတခြားမညွှန်လျှင် ရေဓါတ်ဖြည့်နိုင်စေရန် အရည်များများသောက်ပါ။

ခွဲစိတ်မှုမလုပ်ခင် သင်သုံးနေသည့်ပစ္စည်းများ (ဆရာဝန်ညွှန်သည့်ဆေး၊ အညွှန်းမလိုပဲ သောက်နိုင်သည့်ဆေးနှင့် ဘယပင်ထွက်ဆေးများ) ကို ဆရာဝန်အားပြောပါ။

ဤဆေးကုန်သည် ပိုတက်စီယမ်လယ်ဗယ်ကို များစေနိုင်သည်။ ပိုတက်စီယမ်ဖြည့်စွက်ဆေးများကို မသုံးခင် သို့မဟုတ် ပိုတက်စီယမ်ပါသော ဆားအစားထိုးပစ္စည်းအားမသုံးခင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်နှင့်တိုင်ပင်ပါ။

အသက်ကြီးသူများသည် ဤဆေး၏ ဘေးထွက်ဆိုးကျိုးများကို ပိုခံစားရနိုင်သည်။ အထူးသဖြင့် ခေါင်းမူးခြင်းနှင့် ပိုတက်စီယမ်လယ်ဗယ် တက်ခြင်း။

ဆေးကို ကိုယ်ဝန်ဆောင်နေစဉ် မသုံးရပါ။ မမွေးသေးသောကလေးကို ထိခိုက်စေနိုင်ပါသည်။ အသေးစိတ်သိလိုပါက ဆရာဝန်နှင့်ဆွေးနွေးကြည့်ပါ။ ဆေးသည် နို့ရည်ထဲသို့ဖြတ်နိုင်မဖြတ်နိုင် မသိရပါ။

နို့တိုက်ကျွေးမှုမစခင် ဆရာဝန်နှင့် အရင်တိုင်ပင်ကြည့်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Ramipril ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိ ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များ မရှိပါ။ ဆေးမသုံးစွဲမီတွင် ဖြစ်နိုင်ချေရှိသော ကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် D ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Ramipril ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ခန္ဓါကိုယ်မှ ဆေးကိုညှိယူနေစဉ်တွင် ခေါင်းမူးခြင်း၊ မူးလဲချင်သလိုဖြစ်ခြင်း၊ မောပန်းခြင်းများ ခံစားရနိုင်သည်။ အဆိုပါဘေးထွက်ဆိုးကျိုးများ ပျောက်မသွားလျှင် သို့မဟုတ် ပိုဆိုးလာလျှင် ဆရာဝန်၊ ဆေးဝါးကျွမ်းကျင်ကို ချက်ချင်းပြောပါ။

ဤဆေးကို ဆရာဝန်မှပေးခြင်းသည် ဘေးထွက်ဆိုးကျိုးထက် အကျိုးကျေးဇူးက ပိုများသောကြောင့် ပေးခြင်းဖြစ်ကြောင်း သိထားပါ။ လူအတော်များများ၌ ဤဆေးကြောင့် ပြင်းထန်သည့်ဘေးထွက်ဆိုးကျိုးများ ဖြစ်လေ့မရှိပါ။

ပြင်းထန်သည့်ဘေးထွက်ဆိုးကျိုးများဖြစ်သော မူးလဲခြင်း၊ ပိုတက်စီယမ်များခြင်း (နှလုံးခုန်နှုန်း နှေးခြင်း မူမမှန်ခြင်း၊ ကြွက်သားအားနည်းခြင်း) စသည်တို့ဖြစ်လာပါက ဆရာဝန်ကို ချက်ချင်းပြောပါ။

Ramipril ကို ကျောက်ကပ်ပြဿနာများ ကာကွယ်ရန် သို့မဟုတ် ကုသရန် သုံးသော်လည်း ၎င်းကြောင့် ပြင်းထန်သည့်ကျောက်ကပ်ပြဿနာများ ဖြစ်လာတတ်ပါသည်။ Ramipril ကိုသောက်နေစဉ် ဆရာဝန်က ကျောက်ကပ်လုပ်ငန်းစဉ်များကို စစ်ဆေးပေးပါလိမ့်မည်။ ကျောက်ကပ်လက္ခဏာများ ဖြစ်သော ဆီးပမာဏပြောင်းလဲခြင်းမျိုးဖြစ်လာပါက ဆရာဝန်ကိုချက်ချင်းပြောရမည်။

ဆေးသည် ရှားရှားပါးပါး (သေနိုင်သော) အသည်းပြဿနာများ ဖြစ်စေတတ်၏။ ရှားပါးသော်လည်း ပြင်းထန်သည့် ဘေးထွက်ဆိုကျိုးများ ဥပမာ မျက်လုံး/အသားဝါခြင်း၊ ဆီးအရောင်ရင့်ခြင်း၊ ဗိုက်နာခြင်း၊ မရပ်မနား အန်ခြင်း၊ ပျို့ခြင်းတို့ဖြစ်လာပါက ဆရာဝန်ကို ချက်ချင်းပြောပါ။

ဤဆေးကြောင့် ပြင်းထန်သည့်ဓါတ်မတည့်ဖြစ်ခြင်းမှာ ရှား၏။ သို့သော် အောက်ပါပြင်းထန်ဓါတ်မတည့် လက္ခဏာများဖြစ်လာပါက အရေးပေါ်ကုသမှုများ ခံယူရပါမည် – အကွက်ထခြင်း၊ ယားခြင်း၊ ရောင်ခြင်း (အထူးသဖြင့် မျက်နှာ၊လျှာ၊ လည်ချောင်း)၊ ခေါင်းတအားမူးခြင်းနှင့် အသက်ရှူရခက်ခြင်း၊ ကျောက်ကပ်လက္ခဏာများ (ဥပမာ ဆီးပမာဏ ပြောင်းသွားခြင်း)

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Ramipril နဲ့ ဓါတ်ပြုနိုင်သလဲ

ဤဆေးနှင့်ဓါတ်ပြုနိုင်သော ဆေးကုန်များမှာ

aliskiren, ကိုယ်ခံအားကျစေသောဆေးများ/ ပိုးဝင်လွယ်စေသည့်ဆေးများ (ဥပမာ everolimus, sirolimus), lithium, သွေးတွင်းပိုတက်စီယမ်ကို များစေသောဆေးများ (ARBs – losartan/valsartan, drospirenone ပါသော သန္ဓေတားဆေး), sacubitril, telmisartan စသည်တို့ဖြစ်သည်။

တစ်ချို့ဆေးကုန်များ၌ သွေးတိုးစေသောပစ္စည်းများ၊ နှလုံးညှစ်အားမကောင်းခြင်းကို ပိုဆိုးစေသည်များ ပါတတ်ပါသည်။ သင်သုံးနေသည့်ဆေးကုန်များကို ဆေးဝါးကျွမ်းကျင်အားပြောပြပြီး စိတ်ချစွာသုံးနိုင်ရန် နည်းလမ်းများကိုမေးပါ။ (အထူးသဖြင့် အအေးမိ ချောင်းဆိုးပျောက်ဆေးများ၊ ဖြည့်စွက်စာများ၊ NSAIDs – ibuprofen/naproxen)

ပျား၊ နကျယ်တုပ်၍ ဓါတ်မတည့်မှုဖြစ်ပြီး ဆေးထိုးထားရချိန်တွင် Ramipril ကို သောက်ရပါက ပြင်းထန်သည့်ဓါတ်ပြုမှုတစ်ခု ဖြစ်နိုင်ပါသည်။ သင်သုံးနေသည့်ဆေးများကို ဆရာဝန်များသိအောင် ပြောပြပါ။

Ramipril သည် သင်အခုသောက်သုံးနေသည့် တခြားသောဆေးဝါးများနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးအာနိသင်ပြောင်းခြင်းနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သော ပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သောဆေးဝါးဓါတ်ပြုမှုများမဖြစ်စေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံးကို စာရင်းပြုစုထားပြီး (စာရင်းလုပ်လျှင် ဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲသောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများအားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူအား အမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏပြောင်းလဲခြင်း စသည်တို့ မပြုလုပ်ပါနှင့်။

အစားအသောက်တွေနဲ့ အရက်က Ramipril နဲ့ ဓါတ်ပြုနိုင်သလား

Ramipril က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများ ဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓါတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Ramipril နဲ့ ဓါတ်ပြုနိုင်သလဲ

Ramipril သည် လက်ရှိသင့်ကျန်းမာရေးအခြေအနေများနှင့် သက်ရောက်ဓါတ်ပြုမှုများရှိနိုင်ပါသည်။ သင်၏ ကျန်းမာရေးအခြေအနေအားပိုဆိုးသွားစေခြင်း သို့မဟုတ် ဆေးသက်ရောက်မှုပုံစံ ပြောင်းလဲသွားခြင်းများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင်၏ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးရန်အရေးကြီးပါသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Ramipril ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

သွေးတိုးအတွက် ပုံမှန်ပမာဏ

ကနဦးပမာဏ: ဆီးဆေးမသောက်သူများတွင် 2.5 mg တစ်ရက်ကိုတစ်ကြိမ်။

ထိန်းညှိပမာဏ: တစ်ရက်ကို 2.5 to 20 mg နှုန်းနှင့် တစ်ကြိမ် သို့ အညီအမျှနှစ်ကြိမ်ခွဲသောက်ရန်။

မှတ်ချက်:

– သွေးပေါင်ချိန်အလိုက် ဆေးကိုချိန်ညှိပါ။

– တစ်ရက်တစ်ကြိမ်နေ့စဉ်သောက်နေရင်းမှ ဆေးအာနိသင်ကျလာလျှင် ဆေးပမာဏတိုးရန် သို့မဟုတ် နှစ်ကြိမ်တိုးသောက်ရန် စဉ်းစားရမည်။

– ဤဆေးတစ်ခုတည်းနှင့်သွေးတိုးကိုမထိန်းနိုင်ပါက ဆီးဆေးထည့်နိုင်သည်။

အသုံး: သွေးတိုးကုသခြင်း၊ သွေးပေါင်လျော့ချခြင်း၊ တစ်မျိုးတည်း သို့မဟုတ် Thiazide နှင့်ပေါင်းပေးနိုင်သည်။

နှလုံးညှစ်အားမကောင်းခြင်းအတွက် ပုံမှန်ပမာဏ

ကနဦးပမာဏ: 2.5 mg တစ်ရက်ကိုနှစ်ကြိမ်။

ထိန်းညှိပမာဏ: တစ်ရက်ကို 5 mg နှုန်းနှင့် နှစ်ကြိမ် သောက်ရန်။

မှတ်ချက်:

– သွေးပေါင်ကျခြင်းအားရှောင်နိုင်ရန် ဖြစ်နိုင်ပါက ဆီးဆေးနှင့်တွဲသောက်ခြင်းကို လျော့ချပေးပါ။

– ကနဦးအကြိမ်ပေးပြီးနောက် အနည်းဆုံး ၂ နာရီကြာအောင် စောင့်ကြည့်ပါ။ သွေးပေါင်ငြိမ်သည်အထိ နောက်တစ်နာရီ စောင့်ကြည့်ရမည်။

– ကနဦးအကြိမ်တွင် သွေးပေါင်ကျသွားပါက 1.25 mg တစ်ရက် ၂ ကြိမ်နှုန်းထိလျော့ပေးပါ။

– ကနဦးအကြိမ်ပေးပြီး ၁ ပတ်ကြာလျှင် ဆေးဒဏ်ခံနိုင်သည်နှင့် ထိန်းညှိပမာဏကို ပြောင်းပါ။ ဆေးကို ၃ ပတ်ကြာတိုင်းတစ်ခါ တိုးနိုင်ပါသည်။

– ကနဦးအစ သွေးပေါင်ကျခြင်းကို ကုသပြီးနောက်ပိုင်း ဆေးပမာဏချိန်ညှိခြင်းနှင့် မသက်ဆိုင်စေရပါ။

အသုံး: ရုတ်တရတ်ပြင်းထန် နှလုံးကြွက်သားပုပ်ခြင်း ဖြစ်ပြီးနောက်တွဲလာသော နှလုံးညှစ်အားမကောင်းသည့်လက္ခဏာများ ပြလာသော အခြေအနေတည်ငြိမ်သည့်လူနားအား ကုသရန်သုံးသည်။

နှလုံးသွေးကြောရောဂါအန္တရာယ်လျော့ရန်အတွက် ပုံမှန်ပမာဏ

ကနဦးပမာဏ: 2.5 mg တစ်ရက်ကိုတစ်ကြိမ် တစ်ပတ်သောက်ရန်။ 5 mg ကို တစ်ရက်တစ်ကြိမ် နောက် ၃ ပတ်ဆက်သောက်ရန်။ ထို့နောက် ဆေးဒဏ်ခံနိုင်ရည်အလိုက် တိုးသွားရန်။

ထိန်းညှိပမာဏ: တစ်ရက်ကို 10 mg တစ်ကြိမ်။

မှတ်ချက်:

– လူနာတွင်သွေးတိုးရှိလျှင် သို့ မကြာခင်က နှလုံးကြွက်သားပုပ်ထားလျှင် ဆေးကိုခွဲပေးပါ။

အသုံး: နှလုံးကြွက်သားပုပ်ခြင်း၊ လေဖြတ်ခြင်း၊ အသက် ၅၅ အထက်လူနာများတွင် နှလုံးကြောင့်သေခြင်း သို့မဟုတ် နှလုံးသွေးကြောရောဂါ၊ လေဖြတ်၊ ခြေလက်သွေးကြောရောဂါ ဖြစ်ဖူးသောကြောင့် ကြီးမားသည့်နှလုံးပြဿနာဖြစ်နိုင်ချေများခြင်း၊ နှလုံးပြဿနာဖြစ်နိုင်သည့် အန္တရာယ်အချက်တစ်ချက် (သွေးတိုး၊ ကိုလက်စ်ထရောများခြင်း၊ HDL နည်းခြင်း၊ ဆေးလိပ်သောက်ခြင်း၊ microalbuminuria ရှိခြင်း) နှင့် တွဲနေသောဆီးချိုရောဂါဖြစ်ခြင်း စသည်တို့အား ဖြစ်လာနိုင်ချေကိုလျော့ချရန်သုံးသည်။ သွေးတိုးကျဆေး၊ သွေးကျဲဆေး၊ အဆီကျဆေးတို့အား အကူအနေနှင့်ထပ်လောင်းထည့်ရာတွင်လည်း သုံးသည်။

ကျောက်ကပ်အတွက် ပမာဏချိန်ညှိခြင်း

CrCl 40 mL/min or less: ပုံမှန်ပမာဏကို 25% ထိ လျော့ချပါ။

CrCl less than 90 mL/min နှင့်သွေးတိုး: ကနဦးပမာဏ: 1.25 mg တစ်ရက်တစ်ကြိမ်။ သွေးပေါင်ထိန်းရသည်အထိတိုးရာတွင် 5 mg/day နှုန်းအများဆုံးထားပြီးပေးရမည်။

CrCl less than 90 mL/min နှင့် နှလုံးညှစ်အားမကောင်းခြင်း: ကနဦးပမာဏ: 1.25 mg တစ်ရက်တစ်ကြိမ်။1.25 mg တစ်ရက် ၂ ကြိမ်အထိ တိုးနိုင်ပြီး ၎င်းမှာအများဆုံးပမာဏဖြစ်၏။

ကျောက်ကပ်သွေးကြောကျဉ်းခြင်း: ကနဦးပမာဏ: 1.25 mg တစ်ရက်တစ်ကြိမ်။

တခြားမှတ်ချက်များ

Administration advice:

– ဆေးတောင့်ကိုဖွင့်ပြီး အမှုန့်များကို ပန်းသီးဆော့စ် ၄ အောင်စ၊ ပန်းသီးရည်၊ သို့မဟုတ် ရေတို့နှင့်ရောပြီး အခန်းအပူချိန်တွင် ၂၄ နာရီအကြာ သို့မဟုတ် ရေခဲသေတ္တာထဲတွင် ၄၈ နာရီအကြာအထိ သိမ်းထားနိုင်သည်။

စောင့်ကြည့်ခြင်း:

– ပိုတက်စီယမ်အား အချိန်အလိုက် စောင့်ကြည့်ခြင်း။

– ကျောက်ကပ်သွေးကြောတစ်ဖက် သို့မဟုတ် နှစ်ဖက်ကျဉ်းခြင်းသော သွေတိုးလူနာများတွင် ဆေးပေးသောပထမအပတ်တွင် ကျောက်ကပ်လုပ်ငန်းစဉ်ကို စောင့်ကြည့်ရန်။

– collagen သွေးကြောရောဂါ လူနာများ အထူးသဖြင့် ကျောက်ကပ်မကောင်းခြင်းနှင့်တွဲနေပါက သွေးဖြူဥပမာဏကို စောင့်ကြည့်ရန်စဉ်းစားရမည်။

ကလေးတွေအတွက် Ramipril ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများ၌ အချိုးအစားဘယ်လောက်ပေးရမည်ဆိုခြင်းကို အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မည်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်၌ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ရန် လိုအပ်ပါသည်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

Ramipril ကိုဘယ်လိုရရှိနိုင်သလဲ

Ramipril ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

  • သောက်ဆေးတောင့်
  • သောက်ဆေးပြား

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Ramipril ကိုသုံးစွဲဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရသည့်အချိန်တွင် အမြန်ဆုံးသုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါက လွတ်သွားသောအကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်၌ပင်သုံးလိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးတာမျိုး မလုပ်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement