စိတ်ကစဉ့်ကလျားရောဂါ၊ စိတ်ကျစိတ်ကြွရောဂါ ကဲ့သို့သော စိတ်ဝေဒနာလက္ခဏာများကို ကုသရန်အသုံးပြုပါတယ်။ သင့်ဆရာဝန်ဆုံးဖြတ်ထားတဲ့ အခြားအခြေအနေတွေအတွက်လည်း သုံးနိုင်ပါတယ်။ စိတ်ဝေဒနာဆန့်ကျင်ဆေး ဖြစ်ပါတယ်။ သုူရဲ့လုပ်ဆောင်ပုံနဲ့ပတ်သက်ပြီး တိတိကျကျမပြောနိုင်သေးပါဘူး။ ဦးနှောက်ထဲမှာရှိတဲ့ပစ္စည်းတွေကို အကျိုးသက်ရောက်မှုရှိပါတယ်။
အစာနဲ့တွဲပြီး သို့ အစာမပါဘဲ နေ့စဉ်၂ကြိမ်မှ၃ကြိမ် ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်ရမှာဖြစ်ပါတယ်။ စိတ်ကျစိတ်ကြွရောဂါနဲ့ဆက်နွှယ်နေတဲ့ စိတ်ကျရောဂါကိုကုသဖို့အတွက် တစ်နေ့တစ်ကြိမ်ညအိပ်ရာဝင်ခါနီးမှာ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သောက်ပေးရမှာဖြစ်ပါတယ်။ ပမာဏကိုသင့်ကျန်းမာေရေးအခြေအနေပေါ်မူတည်နေပြီး ကုသမှုပေါ်တုန့်ပြန်မှုအပေါ်မှာလည်း မူတည်နေပါတယ်။ ဘေးထွက်ဆိုးကျိုးတွေကိုလျှော့ချနိုင်ဖို့ ပမာဏနည်းနည်းကနေစပေးပြိးတော့ တဖြည်းဖြည်းတိုးပေးသွားမှာဖြစ်ပါတယ်။
သင့်ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဂရုတစိုက်လိုက်နာ်သင့်ပါတယ်။ အကျိုးကျေးဇူးများများရနိုင်ဖို့ ပုံမှန်မှိဝဲသင့်ပါတယ်။ မှတ်မိစေဖို့အတွက် အချိန်တူတူမှာပဲပေးသင့်ပါတယ်။
သင်သက်သာနေပြီဆိုရင်တောင်မှ ဆက်သောက်သွားဖို့လိုပါတယ်။ ဆရာဝန်နဲ့မတိုင်ပင်ဘဲဆေးရပ်လိုက်တာမျိုး မလုပ်သင့်ပါဘူး။ ဆေးရုတ်တရက်ရပ်လိုက်တဲ့အခါမျိုးမှာ အချို့အခြေအနေတွေကပိုဆိုးသွားနိုင်ပါတယ်။ အိပ်စက်ရာတွင်အခက်အခဲရှိခြင်း၊ မအီမသာဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဝမ်းလျှောခြင်း၊ နေမထိထိုင်မသာဖြစ်ခင်းစတဲ့လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးတွေနည်းအောင် ဆေးကိုတဖြည်းဖြည်းလျှော့ပေးသင့်ပါတယ်။ ရုတ်တရက်အခြေအနေဆိုးလာတဲ့မျိုးဆိုရင် သင့်ဆရာဝန်ကိုပြောပြသင့်ပါတယ်။ သင့်အခြေအနေကကြာရှည်ဖြစ်နေမယ် ပိုဆိုးလာမယ်ဆိုရင်လည်း ပြောပြသင့်ပါတယ်။
အလင်းရောင်တိုက်ရိုက်ကျရောက်တဲ့နေရာနဲ့
စိုထိုင်းဆရှိတဲ့နေရာတွေနဲ့ဝေးဝေး အခန်းအပူချိန်မှာထားသင့်အပါတယ်။ ဆေးမပျက်စီးအောင် ကာကွယ်ဖို့ ရေချိုးခန်းရေခဲသေတ္တာစတာတွေထဲမှာ မသိမ်းသင့်ပါဘူး။ အမျိုးအစားပေါ်မူတည်ပြီး သိမ်းဆည်းနိုင်တဲ့ပုံစံတွေလည်း ကွဲနိုင်ပါတယ်။ ဆေးညွှန်းမှာပါတဲ့အတိုင်း သေချာသိမ်းဖို့ အရေးကြီးပါတယ်။ ကလေးတွေနဲ့အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးဝေးမှာ ထားသင့်ပါတယ်။ ရေမြောင်းတွေအိမ်သာစတာတွေထဲကို ညွှန်ထားထားခြင်းမရှိဘူးဆိုရင် သွန်ပစ်ခြင်းမျိုးမလုပ်သင့်ပါဘူး။ သတ်မှတ်ထားတဲ့အသုံးပြုနိုင်တဲ့နေ့ရက်ကျော်သွားပြီဆိုရင် သို့ ်မလိုအပ်တော့ဘူးဆိုရင် သေချစွန့်ပစ်သင့်ပါတယ်။ ဘယ်လိုစိတ်ချလက်ချစွန့်ပစ်နိုင်လဲဆိုတာတွေကို ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်နိုင်ပါတယ်။
မသုံးခင်မှာ အောက်ပါအချက်တွေရှိခဲ့မယ်ဆိုရင် ဆရာဝန်ကိုပြောပြသင့်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့်တိုက်ကျွေးနေချိန်မှာ စိတ်ချလက်ချသုံးနိုင်တယ်လို့တော့ မပြောနိုင်သေးပါဘူး။ မသုံးခင်မှာ ရလာနိုင်တဲ့အကျိုးဆက်တွေကို သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
အမေရိကန် အစားအသောက်နဲ့ဆေးဝါးစီမံခန့်ခွဲရေးအဖွဲ့အစည်းအရ ကိုယ်ဝန်ဆောင်အန္တရာယ်ရှိနိုင်ချေအုပ်စု Cမှာ ပါဝင်ပါတယ်။
FDA ကိုယ်ဝန်ဆောင်အန္တရာယ်ပေးနိုင်ချေအုပ်စုများအဆင့်သတ်မှတ်ချက်များ
ဒီဆေးကိုအသုံးပြုခြင်းကြောင့် အောက်ပါဘေးထွက်ဆိုးကျိုးတွေ တွေ့ရမယ်ဆိုရင် ဆရာဝန်နဲ့စစ်ဆေးသင့်ပါတယ်။
အောက်ပါပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေကို တွေ့ရမယ်ဆိုရင် ချက်ချင်းဂရုပြုသင့်ပါတယ်။
လူတိုင်းတော့ မကြုံရနိုင်ပါဘူး။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောဘေးထွက်ဆိုးကျိုးတွေလည်းရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ပတ်သက်ပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
သင်လတ်တလောမှီဝဲနေတဲ့အခြားဆေးတွေနဲ့ အပြန်အလှန်တုံ့ပြန်မှုတွေကြောင့် ဆေးအာနိသင်ပြောင်းသွားတာတွေ ဘေးထွက်ဆိုးကျိုးတွေ ပိများလာတာမျိုးတွေဖြစ်နိုင်ပါတယ်။
ဒါတွေကို ရှောင်နိုင်ဖို့အတွက်ဆိုရင်တော့ သင်မှီဝဲနေတဲ့ ဆေးစာရင်းတွေကို ဆရာဝန်တွေဆေးဝါးတတ်ကျွမ်းနားလည်သူတွေကိုပြော ပြထားသင့်ပါတယ်။ ဆရာဝန်ခွင့်ပြုချက်မရှိဘဲ ဆေးရပ်လိုက်တာမျိုးတွေဆေးစသောက်တာမျိုးတွေ ဆေးပမာဏပြောင်းတာမျိုးတွေ မလုပ်သင့်ပါဘူး။
အပြန်အလှန်သက်ရာက်မှုတွေကြောင့် ဆေးအာနိသင်ပြောင်းသွားတာတွေ ဘေးထွက်ဆိုးကျိုးပိုများလာတွေ တွေ့နိုင်ပါတယ်။ ဆေးအသုံးမပြုခင်မှာ ဆရာဝန်နဲ့ ရလာနိုင်တဲ့အကျိုးုဆက်တွေကို ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
သင့်ကျန်းမာရေးအခြေအနေတွေကို သက်ရောက်နိုင်ပါတယ်။ သင့်ကျန်းမာရးအခြေအနေပိုဆိုးသွားတာမျိုး ဆေးအာနိသင်ပြောင်းသွာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ လတ်တလောကျန်းမာရေးအခြေအနေတွေ မှန်သမျှကို သင့်ဆရာဝန်နဲ့ တတ်ကျွမ်းနားလည်သူတွေကို ပြောပြထားသင့်ပါတယ်။
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူများ စိတ်ကစဉ့်ကလျားရောဂါအတွက်
ချက်ချင်းအကျိုးသက်ရောက်မှုပေးနိုင်သောဆေးပြားပုံစံ
အစောပိုင်းပမာဏ- : 25 mg သောက်ဆေး တစ်နေ့နှစ်ကြိမ်
တစ်နေ့နှစ်ကြိမ် 25 to 50 mg သို့ ဒုတိယ်မြောက်နေ့နှင့် တတိယမြောက်နေ့တွေမှာ တစ်နေ့သုံးကြိမ် ဆေးမတိုးရင်မတိုးသလိုတိုးပေး နိုင်ပါတယ်။ လေးရက်မြောက်နေ့မှာတော့ တစ်နေ့ကို300 mg ကနေ400 mg အတွင်း ပေးနိုင်ပါတယ်။ (နှစ်ကြိမ်သုံးကြိမ်ခွဲပြီးပေးနိုင်ပါတယ်။) တစ်နေ့မှာနှစ်ကြိမ် 25 to 50 mgတိုးပေးတာတွေ လျော့ပေးတာတွေိကို လိုအပ်သလိုပြုလုပ်နိုင်ပါတယ်။ ထပ်ပေါင်းတာတွေလျော့တာတွေလုပ်တဲ့ကြားမှာ အနည်းဆုံးနှစ်ရက်တော့ခြားသင့်ပါတယ်။
အကျိုးသက်ရောက်မှုနဲ့ပတ်သက်ပြီး 150 to 750 mg/dayပမာဏအတွင်းမှာ ရှိနေရပါမယ်။ အများဆုံးအကျိုးသက်ရောက်မှုကိုပေးနိုင်တဲ့ပမာဏက 300 mg/dayဖြစ်ပါတယ်။ 800 mg/dayအထက်ဆေးပမာရဲ့စိတ်ချရမှုကို မပြောပြနိုင်သေးပါဘူး။
တဖြည်းဖြည်းထွက်သောဆေးပြားပုံစံ
အစောပိုင်းပမာဏ- 300 mg သောက်ဆေး တစ်နေ့တစ်ကြိမ် နေ့စဉ် အစာမပါဘဲ သို့ အစာနည်းနည်းနဲ့အသုံးပြုပေးန်ုင်ပါတယ်။
ေရောဂါထိန်းသိမ်းရန်ဆက်အသုံးပြုသင့်သည့်ပမာဏ- 400 to 800 mg တစ်နေ့တစ်ကြိမ် သောက်ဆေး ( တုံ့ပြန်မှုနဲ့ ဆေးမတိုးမှုပေါ်မူတည်ပြီး)
အများဆုံးအသုံးပြုနိုင်သည့်ပမာဏ- 800 mgအထက် နေ့စဉ်အသုံးပြုနိုင်တယ်လိုပတော့ မပြောနိုင်သေးပါဘူး။
တဖြည်းဖြည်းထုတ်ပေးတဲ့ဆေးပြားတွေကို နေ့စဉ်300 mg တိုးပေးနိုင်ပါတယ်။ at intervals as short as 1 day
ရေရှည်အသုံးပြု ခြင်း( ၆ပတ်အထက်) အတွက် အကျိုးသက်ရောက်မှုရှိမရှိ မပြောနိုင်သေးပါဘူး။ လွယ်လွယ်ကူကူတုံ့ပြန်တဲ့လူတွေအတွက် အကျိုးသက်ရောက်မှုရှိတဲ့အနည်းဆုံးပမာဏကို ဆက်ပေးသင့်ပါတယ်။ ရောဂါထိန်းသိမ်းကုသဖို့အတွက် သူတို့ရဲ့လိုအပ်ချက်တွေကိုသိနိုင်ဖို့ အချိန်ပိုင်းခြားပြန်လည်ပမာဏချင့်တွက်မှုလုပ်ရမှာဖြစ်ပါတယ်။
စိတ်ကြွစိတ်ကျခြင်းနဲ့ဆက်နွှယ်တဲ့ စိတ်အစွဲအလမ်းဖြစ်ခြင်းမှာ သီးသန့်အနေနဲ့သော်လည်းကောင်း သို့ lithium or divalproex တွေနဲ့ပေါင်းပေးနိုင်ပါတယ်။
အစောပိုင်းပမာဏ – 50 mg သောက်ဆေး တစ်နေ့နှစ်ကြိမ်
နေ့စဉ်တစ်နေ့နှစ်ကြိမ် 50 mgထိတိုးပေးပြိး လေးရက်မြော်က်နေ့မှာတစ်နေ့နှစ်ကြိမ် 200 mgထိတိုးပေးန်ုငိပါတယ်။ နောက်ထပ်ဆေးပမာဏ တစ်နေ့လျှင် 800 mg ပေးပြီး ခြောက်ရက်မြောက်နေ့မှာတော့ 200 mg/dayထက်မပိုသင့်ပါဘူး။ လူအများစုမှာတော့ တစ်နေ့လျှင်400 mgကနေ 800 mgအတွင်း တုံ့ပြန်မှုပေးကြပါတယ်။ တစ်နေ့ မှာအထက်ပေးခြင်းကြောင့် စိတ်ချရမှုရှိမရှိနဲ့ ပတ်သက်ပြိးမပြောနိုင်သေးပါဘူး။
ချက်ချင်းထုတ်ပေးနိုင်သောဆေးပြားပုံစံ
စိတ်ကျစိတ်ကြွခြင်းနဲ့ဆက်နွှယ်တဲ့စိတ်ကျခြင်းအတွက်
အစောပိုင်းပမာဏ – 50 mgသေက်ဆေး တစ်နေ့တစ်ကြိမ်
လေးရက်မြောက်နေ့မှာ တစ်နေ့တစ်ကြိမ်သောက်ဆေး 300 mgထိတိုးပေးနိုင်ပါတယ်။ အချို့သောလူနာတွေမှာ ၅ရက်မြောက်နေ့မှာ 400 mg ၊ ၈ရက်မြောက်နေ့မှာ 600 mgတိုးပေးခြင်းဖြင့် တစ်နေ့တစ်ကြိမ်600 mg ထိတိုးသွားပေးဖို့လိုပါတယ်။ တစ်နေ့300 mg and 600 mg အသုံးပြုခြင်းက လူနာအများစုမှာအကျိုးသက်ရောက်မှုရှိပါတယ်။ တစ်နေ့600 mgအသုံးပြုတဲ့လူနဲ့ 300 mgအသုံးပြုသူတွေနဲ့နှိုင်းယှဉ်တဲ့အခါမှာ အကျိုးကျေးဇူးပိုမရခဲ့ကြပ်ါဘူး။
တဖြည်းဖြည်းထုတ်ပေးသောဆေးပြားပုံစံ
စိတ်ကျစိတ်ကြွခြင်းနဲ့ဆက်တဲ့စိတ်ကျခြင်း
ပြင်းထန်တဲ့အခြေအနေအတွက်ကုသမှုပမာဏ- တစ်နေ့လျှင်50 mgကနေစပြီး ညနေပိုင်းတစ်နေ့တစ်ကြိမ်သောက်ဆေး ၊ လေးရက်မြောက်နေ့မှာ တစ်နေ့လျှင်300 mgထိတိုးပေးနိုင်ပါတယ်။
ဆေးပမာဏဇယား – ပထမနေ့ 50 mg, Day 2 – 100, mg, Day 3 – 200 mg, & Day 4 – 300 mg
စိတ်ကျစိတ်ကြွခြင်းနဲ့ဆက်နွှယ်တဲ့ စိတ်ကြွခြင်းရောဂါအတွက်
ပြင်းထန်တဲ့အခြေအနေအတွက် သီးသန့်အသုံးပြုမှု သို့ပေါင်းစပ်ကုသမှု (with lithium or divalproex) – သောက်ဆေး တစ်နေ့တစ်ကြိမ် ညနေပိုင်း (ပထမနေ့ 300 mg၊ ၂ရက်မြောက်နေ့ 600 mg၊ တုံ့ပြန်မှုနဲ့ဆေးမတိုးမှုပေါ်မှာမူတည်ပြီး 400 mgကနေ 800 mgထိပေးနိုင်ပါတယ်။
စိတ်ကျစိတ်ကြွရောဂါထိန်းသိမ်းခြင်းအတွက်
ရောဂါထိန်းသိမ်းဖို့ပမာဏကိုလိုအပ်တဲ့ပမာဏကို ဆက်ပေးကုသခြင်း
ကလေးများ အတက်ရောဂါကာကွယ်ခြင်းအတွက်
အသက်၂နှစ်မှ၁၂နှစ်အထိ- ချက်ချင်းအကျိုးသက်ရောက်မှုပေးနိုင်သောပုံစံ ( ဆေးပြားတစ်ပြားလုံးကို အသုံးပြုသင့်ပါတယ်။ ) ၂နှစ်မှ၆နှစ်အထိ ရောဂါထိန်းသိမ်းနိုင်ဖို့ ပမာဏကိုတဖြည်းဖြည်းတိုးပေးပြီးရပ်ရမှာဖြစ်ပါတယ်။
30 kgထက်ကိုယ်အလေးချိန်နည်းတဲ့လူတွေမှာ 30 kgအထက်ကိုယ်အလေးချိန်ရှိတဲ့လူတွေထက် 50%တိုးပေးဖို့လိုပါတယ်။
အောက်ပါပုံစံတွေနဲ့ ရနိုင်ပါတယ်။
ဆေးပြား၊ သောက်ဆေး 25 mg, 100 mg, 150 mg, 200 mg.
ဒီလိုအခြေအနေမျိုးတွေမှာ ပြည်တွင်းကျန်းမာရေးဝန်ဆောင်မှုတွေ သို့မဟုတ် အနီးဆုံးအရးပေါ်ခန်းတွေကို ဆက်သွယ်သင့်ပါတယ်။
တတ်နိုင်သမျှမြန်မြန် မှီဝဲသင့်ပါတယ်။ နောက်တစ်ကြိမ်မှီဝဲရမယ့်အချိန်နဲ့ နီးကပ်နေမယ်ဆိုရင် လွတ်သွားတဲ့ပမာဏကို ကျော်ပြီး အချိန်စာရင်းအတိုင်း ပုံမှန်ဆက်သောက်သင့်ပါတယ်။ နှစ်ကြိမ်အသုံးပြုဖို့မလိုပါဘူး။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။