backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Propafenone

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Propafenone ကို ဘာအတွက်အသုံးပြုကြသလဲ

Propafenoneကိုပြင်းထန်တဲ့(သေစေနိုင်တဲ့)နှလုံးခုန်မမှန်ခြင်းတွေ(ဥပမာparoxysmal supraventricular tachycardia ရောဂါနဲ့ atrial fibrillationရောဂါ)တို့ကိုကုသဖို့အတွက်သုံးပါတယ်။၎င်းကိုပုံမှန်နှလုံးခုန်စည်းချက်ပြန်ရရန်နဲ့ပုံမှန်ဖြစ်ပြီးတည်ငြိမ်တဲ့နှလုံးခုန်နှုန်းကိုထိန်းထားရန်အတွက်သုံးပါတယ်။Propafenoneကိုနှလုံးခုန်စည်းချက်မမှန်တာကိုကုသတဲ့ဆေးအဖြစ်သိကြပါတယ်။၎င်းဟာနှလုံးခုန်မမှန်တာကိုဖြစ်စေတဲ့နှလုံးတွင်းရှိဓါတ်စီးမှုတွေကိုတားဆီးပေးပါတယ်။ နှလုံးခုန်မမှန်တာကိုကုသခြင်းအားဖြင့်သွေးခဲဖြစ်နိုင်ချေကိုလျှော့ချပေးနိုင်ပြီးအဲအတွက်ကြောင့်သင့်မှာနှလုံးရောဂါဖောက်နိုင်ချေနဲ့လေဖြတ်မှုတို့ရနိုင်ချေကိုလျော့ကျစေပါတယ်။

Propafenone ဘယ်လိုသောက်သုံးသင့်သလဲ

ယခုဆေးကိုအစာနဲ့သို့မဟုတ်အစာမရှိချိန်မှာပါသောက်လို့ရပြီး၈နာရီခြားတစ်ခါသို့မဟုတ်ဆရာဝန်ညွှန်ကြားတဲ့အတိုင်းသောက်ပါ။

ဆေးပမာဏဟာသင့်ရဲ့ကျန်းမာရေးအခြေအနေနဲ့ဆေးကုသမှုအပေါ်တုံ့ပြန်မှုတို့အပေါ်မှာမူတည်ပါတယ်။

ဆေးရဲ့အကောင်းဆုံးအာနိသင်ကိုရရှိစေရန်အတွက်ဆေးကိုပုံမှန်သောက်ပါ။ သင်ကောင်းကောင်းသတိရနေစေရန်ဆေးကိုနေ့တိုင်းတူညီတဲ့အချိန်တွေမှာသောက်ပါ။

သင့်ရောဂါမသက်သာပါကသို့မဟုတ်ပိုဆိုးလာပါကဆရာဝန်ကိုပြောပြပါ။

Propafenone ဘယ်လိုသိမ်းဆည်းရမလဲ

Propafenoneကိုအခန်းအပူချိန်မှာထားတာအကောင်းဆုံးပါ။ တိုက်ရိုက်နေရောင်ထိတွေ့နိုင်သောနေရာနှင့်စိုစွတ်နေတဲ့နေရာတွေကနေဝေးဝေးထားပါ။ ဆေးအာနိသင်မပျက်အောင်ဆေးကိုရေချိုးခန်းနဲ့ရေခဲသေတ္တာထဲကိုမထည့်ထားသင့်ပါ။Propafenoneဆေးအမျိုးအစားပေါ်မူတည်ပြီးဆေးထိန်းသိမ်းပုံလိုအပ်ချက်လည်းကွာခြားနိုင်ပါတယ်။ ဆေးကိုသိမ်းဆည်းဖို့အတွက်ဆေးထုပ်ပေါ်မှာရှိတဲ့ညွှန်ကြားချက်များကိုဖတ်ဖို့အရေးကြီးပါတယ်။ ဒါမှမဟုတ်သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုလည်းမေးမြန်းနိုင်ပါတယ်။ ကလေးတွေနဲ့အိမ်မွေးတိရစ္ဆာန်တွေဘေးကင်းဖို့အတွက်ဆေးကိုသူတို့နဲ့ဝေးရာမှာထားသင့်ပါတယ်။

Propafenoneကိုအိမ်သာထဲကိုပစ်ချတာနဲ့ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါဒါမှမဟုတ်သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့အရေးကြီးပါတယ်။ ဆေးဝါးများကိုစနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Propafenone အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Propafenoneကိုအသုံးမပြုခင်သင့်မှာယခုဆေးနဲ့သို့မဟုတ်အခြားဆေးတွေနဲ့ဓါတ်မတည့်တာမျိုးတွေရှိရင်သင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူကိုပြောပြပါ။ ယခုဆေးမှာဆေးနဲ့ဓါတ်မတည့်တာတွေသို့မဟုတ်တခြားဘေးထွက်ဆိုးကျိုးတွေဖြစ်စေနိုင်တဲ့ပစ္စည်းတွေပါတတ်ပါတယ်။ အသေးစိတ်အတွက်သင့်ရဲ့ဆေးဝါးကျွမ်းကျင်သူကိုပြောပြပါ။

ယခုဆေးကိုမသုံးခင်သင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုသင့်ရဲ့ရောဂါရာဇဝင်အကြောင်းအထူးသဖြင့်အသက်ရှူခြင်းဆိုင်ရာပြသနာများ(ဥပမာပန်းနာရင်ကြပ်ရောဂါ၊နာတာရှည်လေပြွန်ရောင်ရောဂါ၊လေပြွန်တွင်းရှိလေအိတ်လေးများဖောင်းနေသောရောဂါ)၊ကျောက်ကပ်ရောဂါများ၊အသည်းရောဂါများ၊myasthenia gravisရောဂါ၊မွေးရာပါနှလုံးရောဂါ(Brugadaရောဂါစု)တို့အကြောင်းကိုပြောပြပါ။

Propafenoneဟာနှလုံးခုန်စည်းချက်လွဲမှားတာမျိုးတွေဖြစ်စေတတ်ပါတယ်(QTprolongation)။QTprolongationကယခုချက်ချင်းကိုဆေးကုသမှုခံယူဖို့လိုအပ်တဲ့အခြေအနေတွေဖြစ်တဲ့နှလုံးခုန်အလွန်မြန်ခြင်းသို့မဟုတ်နှလုံးခုန်မမှန်ခြင်းနှင့်အခြားလက္ခဏာများ(ဥပမာအလွန်မူးဝေခြင်း၊သတိလစ်ခြင်း)တွေကိုတော့ဖြစ်စေတာရှားပါတယ်။

တကယ်လို့သင့်မှာတခြားရောဂါတွေရှိခဲ့ရင်သို့မဟုတ်QTprolongationဖြစ်စေနိုင်တဲ့တခြားဆေးတွေသောက်နေမယ်ဆိုရင်တော့QTprolongationရနိုင်ခြေပိုများမှာဖြစ်ပါတယ်။Propafenoneကိုအသုံးမပြုခင်သင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူကိုသင်သောက်နေတဲ့ဆေးတွေအကုန်လုံးကိုပြောပြပါ။ ဒါ့အပြင်သင့်မှာနှလုံးရောဂါတွေရှိရင်(ဥပမာနှလုံးကောင်းကောင်းအလုပ်မလုပ်ခြင်း၊နှလုံးခုန်နှေးခြင်း၊QTprolongation)ဒါမှမဟုတ်သင့်ရဲ့မိသားစုထဲမှာနှလုံးရောဂါဖြစ်ဖူးသူတွေရှိခဲ့ရင်(ဥပမာQTprolongation၊ရုတ်တရက်နှလုံးခုန်ရပ်၍သေဆုံးခြင်း)လည်းဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူကိုပြောပြပါ။

သွေးထဲမှာပိုတက်ဆီယမ်နဲ့မဂ္ဂနီဆီယမ်တွေနည်းနေရင်လည်းQTprolongationရနိုင်ခြေကိုမြင့်တက်စေပါတယ်။ တကယ်လို့သင့်အနေနဲ့အခြားဆေးတွေ(ဥပမာဆီးဆေး)သောက်နေရင်သို့မဟုတ်သင့်မှာချွေးထွက်လွန်ခြင်း၊ဝမ်းလျှောခြင်းနဲ့အန်ခြင်းတို့ဖြစ်နေမယ်ဆိုရင်လည်းQTprolongationရနိုင်ခြေမြင့်တက်မှာဖြစ်ပါတယ်။Propafenoneကိုဘေးကင်းကင်းသုံးနိုင်ဖို့အတွက်ဆရာဝန်ကိုမေးမြန်းပါ။

ယခုဆေးဟာသင့်ကိုမူးဝေစေပါတယ်။ အရက်နဲ့ဆေးခြောက်တွေသုံးမယ်ဆိုသင့်ကိုပိုပြီးမူးဝေစေမှာပါ။ အဲဒါကြောင့်သင့်အနေနဲ့ကောင်းကောင်းပြန်ပြီးအလုပ်မလုပ်နိုင်သေးသ၍ကားမမောင်းပါနဲ့။ စက်တွေကိုအသုံးမပြုပါနဲ့။ နောက်ပြီးအမြဲတမ်းနိုးကြားတက်ကြွနေရန်လိုအပ်တဲ့အလုပ်တွေကိုမလုပ်ပါနဲ့။ အရက်သေစာသောက်စားခြင်းကိုရှောင်ကြဉ်ပါ။ သင်ဆေးခြောက်တွေသုံးနေတယ်ဆိုရင်သင့်ဆရာဝန်ကိုပြောပြပါ။

ခွဲစိတ်ကုသမှုမခံယူခင်သင့်ရဲ့ဆရာဝန်သို့မဟုတ်သွားဆရာဝန်ကိုသင်ယခုဆေးကိုသုံးနေတဲ့အကြောင်းပြောပြပါ။

အသက်ကြီးသူတွေအနေနဲ့ယခုဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေအထူးသဖြင့်QTprolongationကိုပိုပြီးရနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်းမှာဆိုယခုဆေးကိုအမှန်တကယ်လိုအပ်မှသာသုံးသင့်ပါတယ်။ ဆေးရဲ့ကောင်းကျိုးနဲ့ဆိုးကျိုးတွေအကြောင်းကိုသင့်ရဲ့ဆရာဝန်နဲ့ဆွေးနွေးပါ။

ယခုဆေးဟာမိခင်နို့ရည်ထဲမှာပါလာနိုင်ပြီးနို့စို့နေတဲ့ကလေးငယ်အပေါ်မှာမလိုလားအပ်တဲ့ဆိုးကျိုးတွေဖြစ်စေနိုင်ပါတယ်။ ကလေးနို့မတိုက်ခင်ဆရာဝန်နဲ့တိုင်ပင်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Propafenone ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကိုကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်တွင်အသုံးပြုလျှင်ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက်လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင်ဖြစ်နိုင်ချေကောင်းကျိုးများနှင့်ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက်သင့်ရဲ့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ အမေရိကန်နိုင်ငံအစားအသောက်နဲ့ဆေးဝါးစီမံကြီးကြပ်ရေးအဖွဲ့(FDA)ကPropafenoneကိုကိုယ်ဝန်ဆောင်နေစဉ်ဆိုးကျိုးရနိုင်ခြေအဆင့်Cလို့သတ်မှတ်ထားပါတယ်။

FDAရဲ့ကိုယ်ဝန်ဆောင်နေစဉ်ဆိုးကျိုးရနိုင်ခြေအဆင့်တွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

A=ဆိုးကျိုးရနိုင်ခြေမရှိပါ

B=အချို့သောလေ့လာချက်တွေမှာဆိုးကျိုးရနိုင်ခြေမရှိပါ

C=ဆိုးကျိုးရနိုင်ခြေအနည်းငယ်ရှိသည်

D=ဆိုးကျိုးရရှိမည့်အထောက်အထားများရှိသည်

X=ဆေးကိုမသုံးသင့်ပါ

N=မသိပါ

ဘေးထွက်ဆိုးကျိုးများ

Propafenone ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

မူးဝေခြင်း၊ခေါင်းကိုက်ခြင်း၊ခံတွင်းထဲတွင်ဆားအရသာရခြင်း၊ပျို့ခြင်း၊အန်ခြင်း၊ဝမ်းချုပ်ခြင်း၊စိတ်ပင်ပန်းခြင်းနဲ့ပင်ပန်းနွမ်းနယ်ခြင်းတွေရနိုင်ပါတယ်။ အဲဒီဘေးထွက်ဆိုးကျိုးတွေမသက်သာပါကသို့မဟုတ်ပိုဆိုးလာပါကဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုချက်ချင်းပြောပြပါ။

သင့်ဆရာဝန်ကသင့်ကိုဒီဆေးပေးပြီဆိုတာသင့်အပေါ်မှာဒီဆေးရဲ့ကောင်းကျိုးတွေကဆိုးကျိုးရနိုင်ခြေတွေထက်ပိုများတယ်ဆိုတာကိုသုံးသပ်ပြီးမှပေးတယ်ဆိုတာကိုတော့သတိရပါ။ ယခုဆေးကိုသုံးနေတဲ့သူတော်တော်များများမှာပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေမခံစားရပါဘူး။

ရှားပါးပြီးအလွန်ပြင်းထန်တဲ့အောက်ပါဘေးထွက်ဆိုးကျိုးတွေခံစားရပါကဆရာဝန်ကိုချက်ချင်းပြောပြပါ။ ရောဂါပိုးဝင်ခြင်းရဲ့လက္ခဏာများ(ဥပမာကိုယ်အပူချိန်အလွန်တက်ခြင်း၊ပြင်းပြင်းထန်ထန်ချမ်းတုန်ခြင်း၊အားနည်းခြင်း၊အချိန်အတော်ကြာလည်ချောင်းနာခြင်း)၊အသည်းရောဂါရဲ့လက္ခဏာများ(ဥပမာအချိန်အတော်ကြာပျို့ခြင်း၊အန်ခြင်း၊ဗိုက်အောင့်ခြင်း၊မျက်လုံးနဲ့အရေပြားများဝါခြင်း၊ဆီးမည်းမည်းသွားခြင်း)၊နှလုံးကောင်းကောင်းအလုပ်မလုပ်နိုင်ခြင်းရဲ့လက္ခဏာများပိုဆိုးလာခြင်း(ဥပမာအသက်ရှူမဝခြင်း၊ခြေကျင်းဝတ်တဲ့ခြေထောက်များရောင်ခြင်း၊ပုံမှန်မဟုတ်ဘဲမောပန်းခြင်း၊ပုံမှန်မဟုတ်ဘဲရုတ်တရက်ကိုယ်အလေးချိန်တက်လာခြင်း)

ရှားပါးပြီးပြင်းထန်တဲ့အောက်ပါဘေးထွက်ဆိုးကျိုးတွေခံစားရပါကဆေးကုသမှူချက်ချင်းခံယူပါ။ သတိလစ်ခြင်း၊နှလုံးခုန်ပိုမြန်လာခြင်းသို့မဟုတ်ပိုပြီးမမှန်လာခြင်း၊ပြင်းပြင်းထန်ထန်မူးဝေခြင်း။

ယခုဆေးနဲ့အပြင်းအထန်ဓါတ်မတည့်ခြင်းမျိုးကရှားပါတယ်။ ဒါပေမယ့်တကယ်လို့သင့်မှာဆေးနဲ့အပြင်းအထန်ဓါတ်မတည့်တဲ့လက္ခဏာတွေဖြစ်တဲ့အရေပြားမှာအနီကွက်များထွက်ခြင်း၊ယားယံခြင်း၊ဖောရောင်ခြင်း(အထူးသဖြင့်မျက်နှာ၊လျှာနဲ့လည်ချောင်း)၊အလွန်မူးဝေခြင်း၊အသက်ရှူရခက်ခဲခြင်းများရှိပါကဆေးကုသမှုချက်ချင်းခံယူပါ။

အထက်ပါဘေးထွက်ဆိုးကျိုးများကိုလူတိုင်းခံစားရတာတော့မဟုတ်ပါဘူး။ အထက်မှာမပါတဲ့အခြားဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါသေးတယ်။ သင့်ဆီမှာဘေးထွက်ဆိုးကျိုးတစ်ခုခုရှိတယ်ထင်ပြီးသံသယဝင်နေပါကသင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Propafenone နဲ့ ဓါတ်ပြုနိုင်သလဲ

Propafenoneအပြင်အခြားဆေးတော်တော်များများကလည်းနှလုံးခုန်ပုံစံကိုသက်ရောက်မှုတွေရှိနိုင်ပါတယ်။(QT prolongation) ဥပမာamiodarone,dofetilide,flecainide,pimozide,procainamide,quinidine,sotalol,macrolideပိုးသတ်ဆေးများ(ဥပမာclarithromycin,erythromycin),နဲ့အချို့သောquinoloneပိုးသတ်ဆေးများ(ဥပမာsparfloxacin)တို့ဖြစ်ကြပါတယ်။ (သတိပြုရမည့်အရာများ အကြောင်းကိုလည်းဆက်ဖတ်ပါ)

အခြားဆေးတွေဟာသင့်ခန္ဓါကိုယ်ကနေpropafenoneဆေးစွန့်ထုတ်တာကိုသက်ရောက်နိုင်ပြီးpropafenoneဆေးအလုပ်လုပ်တာကိုထိခိုက်နိုင်ပါတယ်။ဥပမာအားဖြင့်asunaprevir,desipramine,ketoconazole,orlistat,phenobarbital,phenytoin,rifampin,နဲ့HIV protease တားဆေးများ(ဥပမာritonavir,tipranavir)နဲ့အခြားဆေးတွေဖြစ်ပါတယ်။

Propafenoneဟာသင့်ခန္ဓါကိုယ်ကနေအခြားဆေးတွေစွန့်ထုတ်မှုကိုနှေးစေနိုင်ပြီးဆေးတွေရဲ့အလုပ်လုပ်မှုကိုထိခိုက်စေနိုင်ပါတယ်။ သက်ရောက်မှုခံရနိုင်တဲ့ဆေးတွေကတော့digoxin,imipramine,metoprolol,propranolol,warfarin,နဲ့အခြားဆေးတွေဖြစ်ပါတယ်။

Propafenoneကသင်လက်ရှိသောက်နေတဲ့အခြားဆေးတွေနဲ့ဓါတ်ပြုပြီးဆေးရဲ့ထိရောက်မှုနဲ့ဘေးထွက်ဆိုးကျိုးရနိုင်ခြေကိုပြောင်းလဲနိုင်ပါတယ်။ မလိုလားအပ်တဲ့ဆေးဝါးဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့သင်လက်ရှိသောက်သုံးနေတဲ့ဆေးဝါးတွေအားလုံးရဲ့စာရင်းကိုလုပ်ထားပြီး(စာရင်းလုပ်တဲ့အခါမှာဆရာဝန်ညွှန်ကြားထားတာတွေ၊မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်)ဆရာဝန်ဒါမှမဟုတ်ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကိုဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ရပ်ဆိုင်းခြင်း၊ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Propafenone နဲ့ ဓါတ်ပြုနိုင်သလား

Propafenoneဟာအစားအသောက်ဒါမှမဟုတ်အရက်သေစာနဲ့ဓါတ်ပြုမှုတွေဖြစ်ပြီးဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့အစားအသောက်၊အရက်သေစာတွေနဲ့ဓါတ်ပြုနိုင်ချေရှိမရှိကိုသင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူနှင့်မေးမြန်းတိုင်ပင်ပါ။

သင့်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်ရဲ့ခွင့်ပြုချက်မရပါကယခုဆေးကိုသုံးနေစဉ်စပျစ်သီးစားခြင်းနဲ့စပျစ်သီးဖျော်ရည်သောက်ခြင်းကိုရှောင်ကြဉ်ပါ။ စပျစ်သီးဟာယခုဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေရနိုင်ချေကိုမြင့်တက်စေနိုင်ပါတယ်။ အသေးစိတ်အတွက်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုမေးမြန်းပါ။

ဘယ်ရောဂါအခြေအနေတွေက Propafenone နဲ့ ဓါတ်ပြုနိုင်သလဲ

Propafenoneဟာသင့်ရဲ့နဂိုကျန်းမာရေးအခြေအနေများနဲ့သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ်ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့်သင့်ရဲ့လက်ရှိကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန်ဒါမှမဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Propafenone ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Atrial fibrillatonရောဂါအတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ

ပထမအကြိမ်အတွက်

ဆေးအာနိသင်မြန်မြန်ရအောင်လုပ်ထားသောဆေးပြားများအတွက်:ဆေး၁၅၀မီလီဂရမ်ကိုသောက်ဆေးအဖြစ်၈နာရီခြားတစ်ခါသောက်ပါ။

ဆေးအာနိသင်ကြာကြာခံအောင်လုပ်ထားသောဆေးပြားများအတွက်:ဆေး၂၂၅မီလီဂရမ်ကို၁၂နာရီခြားတစ်ခါသောက်ပါ။

ဆေးအာနိသင်ကိုဆက်ထိန်းရန်အတွက်ပမာဏ

ဆေးအာနိသင်မြန်မြန်ရအောင်လုပ်ထားသောဆေးပြားများအတွက်:ဆေး၂၂၅မီလီဂရမ်ကို၈နာရီခြားတစ်ခါသောက်ရတဲ့အထိရောက်အောင်အနည်းဆုံး၃ရက်မှ၄ရက်အတွင်းတိုးရပါမယ်။ လိုအပ်ပါကဆေး၃၀၀မီလီဂရမ်ကို၈နာရီခြားတစ်ခါသောက်ပါ။

ဆေးအာနိသင်ကြာကြာခံအောင်လုပ်ထားသောဆေးပြားများအတွက်:ဆေးစသောက်ပြီး၅ရက်ကြာတဲ့အခါမှာဆေး၃၂၅မီလီဂရမ်ကို၁၂နာရီခြားတစ်ခါသောက်ရတဲ့အထိရောက်အောင်ဆေးပမာဏတိုးပါ။ အချို့လူနာတွေအတွက်၁၂နာရီခြားတစ်ခါမှာဆေး၄၂၅မီလီဂရမ်အထိသောက်ဖို့လိုအပ်ပါတယ်။

Atrial flutter ရောဂါအတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ

ပထမအကြိမ်အတွက်

ဆေးအာနိသင်မြန်မြန်ရအောင်လုပ်ထားသောဆေးပြားများအတွက်:ဆေး၁၅၀မီလီဂရမ်ကိုသောက်ဆေးအဖြစ်၈နာရီခြားတစ်ခါသောက်ပါ။

ဆေးအာနိသင်ကြာကြာခံအောင်လုပ်ထားသောဆေးပြားများအတွက်:ဆေး၂၂၅မီလီဂရမ်ကို၁၂နာရီခြားတစ်ခါသောက်ပါ။

ဆေးအာနိသင်ကိုဆက်ထိန်းရန်အတွက်ပမာဏ

ဆေးအာနိသင်မြန်မြန်ရအောင်လုပ်ထားသောဆေးပြားများအတွက်:ဆေး၂၂၅မီလီဂရမ်ကို၈နာရီခြားတစ်ခါသောက်ရတဲ့အထိရောက်အောင်အနည်းဆုံး၃ရက်မှ၄ရက်အတွင်းတိုးရပါမယ်။ လိုအပ်ပါကဆေး၃၀၀မီလီဂရမ်ကို၈နာရီခြားတစ်ခါသောက်ပါ။

ဆေးအာနိသင်ကြာကြာခံအောင်လုပ်ထားသောဆေးပြားများအတွက်:ဆေးစသောက်ပြီး၅ရက်ကြာတဲ့အခါမှာဆေး၃၂၅မီလီဂရမ်ကို၁၂နာရီခြားတစ်ခါသောက်ရတဲ့အထိရောက်အောင်ဆေးပမာဏတိုးပါ။ အချို့လူနာတွေအတွက်၁၂နာရီခြားတစ်ခါမှာဆေး၄၂၅မီလီဂရမ်အထိသောက်ဖို့လိုအပ်ပါတယ်။

Ventricular tachycardia ရောဂါအတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ

ပထမအကြိမ်အတွက်

ဆေးအာနိသင်မြန်မြန်ရအောင်လုပ်ထားသောဆေးပြားများအတွက်:ဆေး၁၅၀မီလီဂရမ်ကိုသောက်ဆေးအဖြစ်၈နာရီခြားတစ်ခါသောက်ပါ။

ဆေးအာနိသင်ကြာကြာခံအောင်လုပ်ထားသောဆေးပြားများအတွက်:ဆေး၂၂၅မီလီဂရမ်ကို၁၂နာရီခြားတစ်ခါသောက်ပါ။

ဆေးအာနိသင်ကိုဆက်ထိန်းရန်အတွက်ပမာဏ

ဆေးအာနိသင်မြန်မြန်ရအောင်လုပ်ထားသောဆေးပြားများအတွက်:ဆေး၂၂၅မီလီဂရမ်ကို၈နာရီခြားတစ်ခါသောက်ရတဲ့အထိရောက်အောင်အနည်းဆုံး၃ရက်မှ၄ရက်အတွင်းတိုးရပါမယ်။ လိုအပ်ပါကဆေး၃၀၀မီလီဂရမ်ကို၈နာရီခြားတစ်ခါသောက်ပါ။

ဆေးအာနိသင်ကြာကြာခံအောင်လုပ်ထားသောဆေးပြားများအတွက်:ဆေးစသောက်ပြီး၅ရက်ကြာတဲ့အခါမှာဆေး၃၂၅မီလီဂရမ်ကို၁၂နာရီခြားတစ်ခါသောက်ရတဲ့အထိရောက်အောင်ဆေးပမာဏတိုးပါ။ အချို့လူနာတွေအတွက်၁၂နာရီခြားတစ်ခါမှာဆေး၄၂၅မီလီဂရမ်အထိသောက်ဖို့လိုအပ်ပါတယ်။

Wolff-Parkinson-White ရောဂါစုအတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ

ပထမအကြိမ်အတွက်

ဆေးအာနိသင်မြန်မြန်ရအောင်လုပ်ထားသောဆေးပြားများအတွက်:ဆေး၁၅၀မီလီဂရမ်ကိုသောက်ဆေးအဖြစ်၈နာရီခြားတစ်ခါသောက်ပါ။

ဆေးအာနိသင်ကြာကြာခံအောင်လုပ်ထားသောဆေးပြားများအတွက်:ဆေး၂၂၅မီလီဂရမ်ကို၁၂နာရီခြားတစ်ခါသောက်ပါ။

ဆေးအာနိသင်ကိုဆက်ထိန်းရန်အတွက်ပမာဏ

ဆေးအာနိသင်မြန်မြန်ရအောင်လုပ်ထားသောဆေးပြားများအတွက်:ဆေး၂၂၅မီလီဂရမ်ကို၈နာရီခြားတစ်ခါသောက်ရတဲ့အထိရောက်အောင်အနည်းဆုံး၃ရက်မှ၄ရက်အတွင်းတိုးရပါမယ်။ လိုအပ်ပါကဆေး၃၀၀မီလီဂရမ်ကို၈နာရီခြားတစ်ခါသောက်ပါ။

ဆေးအာနိသင်ကြာကြာခံအောင်လုပ်ထားသောဆေးပြားများအတွက်:ဆေးစသောက်ပြီး၅ရက်ကြာတဲ့အခါမှာဆေး၃၂၅မီလီဂရမ်ကို၁၂နာရီခြားတစ်ခါသောက်ရတဲ့အထိရောက်အောင်ဆေးပမာဏတိုးပါ။ အချို့လူနာတွေအတွက်၁၂နာရီခြားတစ်ခါမှာဆေး၄၂၅မီလီဂရမ်အထိသောက်ဖို့လိုအပ်ပါတယ်။

ကျောက်ကပ်အတွက်ဆေးပမာဏထိန်းညှိခြင်း

ဆေးပမာဏထိန်းညှိဖို့အတွက်အတိအကျညွှန်ကြားထားတာမျိုးမရှိသေးပါဘူး။ ဒါပေမယ့်ဆေးပမာဏရွေးချယ်တဲ့အခါမှာသတိနဲ့ရွေးချယ်သင့်ပါတယ်။

အသည်းအတွက်ဆေးပမာဏထိန်းညှိခြင်း

ယေဘုယျအားဖြင့်ဆေးအာနိသင်ဆက်ထိန်းဖို့ပေးရတဲ့ဆေးပမာဏသည်ပုံမှန်ပေးနေကျဆေးပမာဏရဲ့၂၀မှ၃၀ရာခိုင်နှုန်းဖြစ်ပါတယ်။

ဆေးပမာဏထိန်းညှိခြင်း

ECGရှိ QRS complex ကျယ်နေတဲ့လူနာတွေသို့မဟုတ် secondသို့မဟုတ်third degree AV blockရနေတဲ့လူနာတွေမှာဆေးပမာဏလျှော့ရန်စဉ်းစားသင့်ပါတယ်။

သတိပြုရမည့်အရာများ

အသက်ကြီးသူတွေသို့မဟုတ်ယခင်ကနှလုံးကြွက်သားထိခိုက်ခြင်းခံရဖူးတဲ့လူနာတွေမှာဆေးနဲ့စကုသနေစဉ်အတွင်းဆေးပမာဏကိုတဖြည်းဖြည်းတိုးတဲ့နေရာမှာပိုမြန်မြန်တိုးသင့်ပါတယ်။

အခြားရှင်းလင်းအကြံပြုချက်များ

တစ်နေ့ကိုဆေးပမာဏ၉၀၀မီလီဂရမ်ထက်ပိုသောက်ပါကအသုံးဝင်လား၊ဘေးကင်းရဲ့လားဆိုတာတွေနဲ့ပတ်သက်ပြီးပြဌာန်းထားခြင်းများမရှိပါ။

ကလေးတွေအတွက် Propafenone ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာတွေအတွက်ဆေးပမာဏသတ်မှတ်ထားခြင်းမရှိသေးပါ။ သင့်ကလေးအတွက်ဆေးဟာဘေးမကင်းနိုင်ပါဘူး။ ဆေးကိုမသုံးခင်ဆေးရဲ့ဘေးကင်းမှုကိုအပြည့်အဝနားလည်ထားဖို့အရေးကြီးပါတယ်။ အသေးစိတ်အတွက်သင့်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူနဲ့တိုင်ပင်ပါ။

Propafenone ကိုဘယ်လိုရရှိနိုင်သလဲ

Propafenoneဆေးကိုအောက်ပါပုံစံပြင်းအားများနဲ့ရရှိနိုင်ပါတယ်။

သောက်ဆေးပြားပုံစံ

ဆေးအာနိသင်ကြာရှည်ခံအောင်ပြုလုပ်ထားတဲ့သောက်ဆေးတောင့်ပုံစံ

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ်ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Propafenoneဆေးကိုသောက်ဖို့လွတ်သွားခဲ့ပါက(မေ့ခဲ့ပါက)သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်ပါ။ သို့သော်လည်းနောက်တစ်ကြိမ်ဆေးသောက်ရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်တော့လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကိုနှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement