Norethisterone ကို တားဆေးအဖြစ် အသုံးပြုကြသည်။Norethisterone တွင် estrogen လုံးဝမပါဝင်သဖြင့် ၎င်းကို “ဆေးအသေးစားလေးများ” ဟုလည်းခေါ်ကြလေ့ရှိသည်။Norethindrone (ပရိုဂျက်စတင် တမျိုး)သည် အောက်ပါအချက်နည်းလမ်းနှစ်သွယ်ဖြင့် ကိုယ်ဝန်မရှိစေရန် တားဆီးပေးသည်။
၁။ မိန်းမကိုယ်အတွင်းရှိ အကျိအချွဲများကို ပိုထူအောင်လုပ်ပေးခြင်းအားဖြင့် သုတ်ပိုးများမှာ မမျိုးဥဆီမရောက်နိုင်တော့သဖြင့် မျိုးအောင်ခြင်းဖြစ်စဉ် ဆက်လက်မဖြစ်ပေါ်နိုင်ခြင်း။
၂။ သားအိမ်နံရံဆီသို့ မျိုးအောင်ပြီးသား ဥလေး လာရောက်မကပ်တွယ်နိုင်အောင် လုပ်ပေးခြင်း စသည်တို့ ဖြစ်ကြပါသည်။
ထို့အပြင် ၎င်းသည် အမျိုးသမီးများ လစဉ်ရာသီစက်ဝန်း၏ အလယ်ရောက်ချိန်၌ ဖြစ်လေ့ရှိသည့် သားဥကြွေခြင်းကို လည်း တားဆီးပေးပါသည်။ဤ “ဆေးအသေးစားလေးများ”သည် အခြားသော ပဋိသန္ဓေတားနည်းလမ်းများဖြစ်ကြသော ကွန်ဒုံး၊အမျိုးသမီးအဂါၤထဲထည့်ရသော ပဋိသန္ဓေတားပစ္စည်းများထက် ပို၍ ထိရောက်မှုရှိသော်လည်း သားဥကြွေခြင်းကို အမြဲတစေ
တားဆီးပေးနိုင်ခြင်း မရှိသဖြင့် estrogen နှင့် progestin ပူးတွဲပါဝင်သော ဟော်မုန်းဆေးများကဲ့သို့ အာနိသင်မထက်မြက်ပါ။Norethisterone ကို estrogen မသုံးစွဲသင့်သည့် အမျိုးသမီးများတွင် အဓိက အသုံးပြုလေ့ရှိသည်။ မတော်တဆ ကိုယ်ဝန်ရသွားခြင်းမဖြစ်စေရန် ဆေးကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း အတိအကျ လိုက်နာသောက်သုံးရပါမည်။
Norethisterone သည် သင်နှင့် သင့်အဖော်အား လိင်မှတဆင့် ကူးစက်သော ရောဂါများဖြစ်သည့် HIV၊ဆီးပူညောင်းကျ၊ကာလသားအစရှိသည်တို့ကို ကာကွယ်မပေးနိုင်ကြောင်းသိထားရမည်။
Norethisterone ကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း (အများအားဖြင့် တနေ့လျှင်တကြိမ်) သောက်ပါ။ သင့်အတွက် သောက်ရအဆင်ပြေဆုံးဖြစ်မည့် အချိန်တချိန်ကို ရွေးချယ်ပြီး နေ့စဉ် ထိုအချိန်တွင် အချိန်တိတိကျကျမှန်မှန်ကန်ကန် သောက်ပါ။ အကယ်၍ သင့်အနေဖြင့် ဆေးသောက်ပြီးနောက် ဗိုက်အောင့်/နာခြင်းများ ခံစားရပါက ဆေးကို ညစာစားအပြီး သို့မဟုတ် ညအိပ်ယာမဝင်မီ သောက်ပါ။ သင့်အတွက် မှတ်မိရလွယ်ကူစေမည့် အခြားသော
အချိန်တစ်ချိန်ကို ရွေးချယ်၍လည်း သောက်နိုင်သည်။ မည်သည့် အချိန်တွင်သောက်သည်ဖြစ်စေ အရေးအကြီးဆုံးမှာ ဆေးတစ်လုံးနှင့် တစ်လုံးအကြား ၂၄နာရီ ကွာစေရန်ဖြစ်သည်။ ထို့ကြောင့် ဆေးကို နေ့စဉ် အချိန်မှန်မှန် သောက်ရပါမည်။
ရာသီစက်ဝန်း၏ ပထမဆုံးနေ့ (ရာသီစလာသည့် ပထမဆုံးနေ့)တွင် ဆေးစသောက်ပါက အကောင်းဆုံးဖြစ်သည်။ အကယ်၍ ထိုနေ့မဟုတ်ဘဲ အခြားနေ့များတွင် စတင်သောက်ဖြစ်ခဲ့ပါက ဆေးအာနိသင်ပြရန် အချိန်လိုအပ်သည့်အတွက် မတော်တဆ ကိုယ်ဝန်ရသွားခြင်းကို ကာကွယ်ရန် ဟော်မုန်းမဟုတ်သော ပဋိသန္ဓေတားနည်းလမ်းများ (ဥပမာ။ ။ ကွန်ဒုံး၊သုတ်ပိုးသတ်ဆေး စသည်) တို့ကို ပါ ပထမ ၄၈နာရီအတွင်း အသုံးပြုရမည်။
ထို့နောက် တစ်နေ့တစ်လုံးမှန်မှန် သောက်သွားရမည်။ ဆေးကဒ်၏ နောက်ဆုံးဆေးလုံးကို သောက်ပြီးပါက နောက်တစ်ရက်တွင် ဆေးကဒ်အသစ်ကို ဆက်သောက်ရမည်။ ဆေးတစ်ကဒ်နှင့် တစ်ကဒ်ကြားတွင် နားရန် မလိုသလို ဟော်မုန်းမပါသည့် မည်သည့် ဆေးပြားများကိုမှ သောက်ရန် မလိုပေ။ ဆေးသောက်ပြီးနောက် ဓမ္မတာမမှန်ခြင်း၊နည်းခြင်း၊များခြင်းတို့ ဖြစ်နိုင်ပါသည်။ ထို့အပြင် ပုံမှန်မဟုတ်သော ကြားရက်များတွင်လည်း သွေးအနည်းငယ် ဆင်းနိုင်ပါသည်။ သို့သော် ဆေးသောက်ခြင်းကို ရပ်စရာမလိုပါ။
ဆေးသောက်ရန်မေ့လျှင် ၊ဆေးကို အချိန်မှန်မှန်မသောက်လျှင်
သို့မဟုတ် ဆေးကဒ်အသစ်သောက်ရန် နောက်ကျလျှင် မတော်တဆကိုယ်ဝန်ရှိသွားနိုင်ပါသည်။ အကယ်၍ သင်သည် ဆေးသောက်ရန်မေ့သွားခဲ့လျှင် သို့မဟုတ် သောက်နေကျအချိန်ထက် ၃နာရီ သို့မဟုတ် ထို့ထက်ပိုနောက်ကျပြီးမှ သောက်မိလျှင် သို့မဟုတ် ဝမ်းလျှောနေလျှင် သို့မဟုတ် ဆေးသောက်ပြီး မကြာမီအန်လျှင် နောက်၄၈နာရီအတွင်း လိင်ဆက်ဆံတိုင်း ထပ်ဆောင်း နည်းလမ်းများဖြစ်သော ကွန်ဒုံး သို့မဟုတ် သုတ်ပိုးသတ်ဆေးတို့ကို အသုံးပြုပါ။
ဤဆေး၏ အခြားသော ပုံစံများ (ဥပမာ။ ။ အရေပြားတွင်ကပ်ရသော ပုံစံ၊အခြားသော ပဋိသန္ဓေတားသောက်ဆေးများ)သို့ ပြောင်းလဲသုံးစွဲလိုလျှင် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။ မရှင်းလင်းသည်များရှိလျှင် ဆေးကဒ်တွင်ပါသော ဆေးအညွန်းကို သေချာစွာဖတ်ပါ သို့မဟုတ်ဆရာဝန်ကို မေးမြန်းပါ။
(ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)
Norethisterone ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Norethisterone ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Norethisterone ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ဝေးရာမှာထားပါ။)
Norethisterone ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။
(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)
Norethisterone ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။
Norethisterone မသောက်သုံးမီ
သင့်အနေဖြင့် လတ်တလော ခွဲစိတ်မှုပြုလုပ်ထားလျှင်၊ အကြောင်းကြောင်းကြောင့် လှုပ်ရှားနိုင်ခြင်း မရှိလျှင် ၊ရင်သားကင်ဆာဖြစ်နေလျှင် သို့မဟုတ်
ဆေးလိပ်သောက်ခြင်းသည် Norethisterone ၏ ဘေးထွက်ဆိုးကျိုးများကို ပိုများစေသဖြင့်သင်ဆေးလိပ်သောက်တတ်ပါက ဆရာဝန်ကို အသိပေးပါ။
ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် ××× ရှိသည်ဟု သတ်မှတ်ထားသည်။)
အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
အင်ပြင်များထွက်ခြင်း၊အသက်ရှုရ ခက်ခဲလာခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာ သို့မဟုတ် လည်ချောင်းတို့ ရောင်ရမ်းခြင်း အစရှိသော ဓါတ်မတည့်သည့် လက္ခဏာများ ခံစားလာရပါက အရေးပေါ်ကုသမှုကို ခံယူရပါမည်။
အောက်ပါလက္ခဏာများ ခံစားရပါက Norethisterone သောက်သုံးခြင်းကို ချက်ချင်းရပ်ပြီး ဆရာဝန်နှင့် အမြန်ပြသပါ။
သာမန်ဘေးထွက် လက္ခဏာများမှာ
ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)
Norethisterone ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး
(စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။) အထူးသဖြင့်
Aprepitant, carbamazepine, felbamate, griseofulvin, HIV protease inhibitors
(eg, ritonavir), hydantoins (eg, phenytoin), modafinil, nevirapine, rifampin,
St. John’s wort, or tetracyclines —–> norethindrone ၏ အကျိုးအာနိသင်ကို လျော့ကျစေမည်။
Corticosteroids (eg, prednisone), theophylline, or troleandomycin —- >norethindrone ၏ ဘေးထွက်ဆိုးကျိုးများကို ပိုဆိုးစေမည်။
Beta-adrenergic blockers (eg, propranolol), lamotrigine, or thyroid medicines —-> norethindrone ၏ အကျိုးအာနိသင်ကို လျော့ကျစေမည်။
Norethisterone က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။
Norethisterone ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
မိန်းမကိုယ်မှ ပုံမှန်မဟုတ်သော သွေးဆင်းခြင်းများအတွက်
ရာသီထိန်ခြင်းအတွက်
တားဆေးအဖြစ်သုံးလျှင်
ဝ.၃၅မီလီဂရမ်ကို နေ့စဉ်တူညီသော အချိန်၌ တနေ့တကြိမ် သောက်သုံးရမည်။
Endomeriosis အတွက်
သောက်ဆေးပြား : ဝ.၃၅ မီလီဂရမ်
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ)
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။