Loratadine ဟာ histamine ဓါတ်ကို ဆန့်ကျင်ပေးနိုင်တဲ့ ဆေးတမျိုးဖြစ်ပြီး hay fever ဒါမှမဟုတ် အခြားသော ဓါတ်မတည့်ခြင်းတွေကြောင့် ခံစားရနိုင်တဲ့ ယားယံခြင်း၊နှာရည်ယိုခြင်း၊မျက်ရည်များထွက်ခြင်း နဲ့ နှာချေဆတ်ခြင်းတို့ကို ကုသဖို့အတွက် အများဆုံး အသုံးပြုလေ့ရှိကြပါတယ်။ အင်ပြင်အဖုအပိန့်တွေကြောင့် ယားယံခြင်းကို ကုသပေးဖို့လည်း အသုံးပြုနိုင်ပါတယ်။Loratadine ဟာ အင်ပြင်ထွက်ခြင်းကို မကာကွယ်ပေးနိုင်တဲ့အပြင် ပြင်းထန်တဲ့ ဓါတ်မတည့်ဝေဒနာတွေကိုလည်း ကာကွယ်ခြင်း/ကုသခြင်း မပြုလုပ်နိုင်ပါဘူး။ ဒါကြောင့် ဓါတ်မတည့်ခြင်းတွေကို ကုသရာမှာ epinephrineသုံးစွဲဖို့ သင့်ဆရာဝန်က ညွှန်ကြားထားရင် epinephrine ဆေးထိုးကိရိယာကို သွားလေရာ ဆောင်သွားရမှာဖြစ်ပြီး epinephrine အစား loratadine ကို အသုံးမပြုရပါဘူး။
တကယ်လို့ သင့်အနေနဲ့ Loratadine ကို မိမိဖာသာ အသုံးပြုတယ်ဆိုရင် ဆေးညွှန်းကို သေချာစွာ ဖတ်ရှုဖို့လိုပါတယ်။ ဒါမှသာ ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသဖို့လိုအပ်မလဲဆိုတာကို သိရှိနိုင်မှာ ဖြစ်ပါတယ်။ ဆရာဝန်ကိုယ်တိုင် ညွှန်ကြားထားတဲ့ အခြေအနေတွေကလွဲလို့ Loratadine ကို အသက်၆နှစ်အောက်ကလေးတွေမှာ အသုံးမပြုရပါဘူး။ ဝါးစားနိုင်တဲ့ ဆေးပြားတွေကို (ဆရာဝန် ညွှန်ကြားချက်မရှိဘဲ) အသက်၂နှစ်အောက်ကလေးတွေမှာ အသုံးမပြုရပါဘူး။
တကယ်လို့ သင့်အနေနဲ့ Loratadine ကို မိမိဖာသာ ဝယ်ယူသုံးစွဲမယ်ဆိုရင် ဆေးမသောက်ခင်မှာ အညွှန်းကို သေချာစွာ ဖတ်ရှုရပါမယ်။ တကယ်လို့ ဆရာဝန်ညွှန်ကြားချက်အရ သောက်တယ်ဆိုရင်လည်း ဆရာဝန်ရဲ့ လမ်းညွှန်မှာကြားချက်တွေကို အတိအကျလိုက်နာရပါမယ်။ တကယ်လို့ သင့်အနေနဲ့ မရှင်းလင်းတာတွေရှိရင် ဆရာဝန်ကို မေးမြန်းနိုင်ပါတယ်။Loratadine ကို အစာရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေ တနေ့ကို တကြိမ် သို့မဟုတ် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဒါမှမဟုတ် ဆေးညွှန်းမှာပါတဲ့အတိုင်း သောက်သုံးနိုင်ပါတယ်။
တကယ်လို့ သင့်အနေနဲ့ ဝါးစားနိုင်တဲ့ ဆေးပြားပုံစံကို သုံးစွဲတယ်ဆိုရင် ဆေးပြားကို ကျေညက်စွာ ဝါးစားပြီးမှ မြိုချရပါမယ်။ သုံးစွဲရမယ့် ဆေးပမာဏဟာ သင့်အသက်အရွယ်၊ကျန်းမာရေးအခြေအနေ နဲ့ ဆေးကိုတုံ့ပြန်မှုတို့အပေါ် မူတည်နေပါတယ်။ သတ်မှတ်ထားတဲ့ ပမာဏ ဒါမှမဟုတ် သတ်မှတ်ထားတဲ့ ကာလထက် ဆေးကိုပိုသောက်ခြင်း မပြုရပါဘူး။
ဆေးသောက်ပြီး သုံးရက်လောက်ကြာတဲ့အထိ ဓါတ်မတည့်ခြင်းလက္ခဏာတွေ မသက်သာရင် ဒါမှမဟုတ် ရက်သတ္တပတ်ခြောက်ပတ်ထက်ပိုပြီး အင်ပြင်တွေ ဆက်လက်ရှိနေရင် ဆရာဝန်ကို အသိပေးရပါမယ်။ သင့်ရောဂါအခြေအနေ ပိုဆိုးလာရင် ဒါမှမဟုတ် ပြင်းထန်ဆိုးရွားတဲ့ ပြဿနာတွေ ပေါ်ပေါက်လာခဲ့ရင် (ဥပမာ ပြင်းထန်တဲ့ ဓါတ်မတည့်ခြင်းတွေ ဖြစ်ပေါ်လာရင်) အရေးပေါ်ဆေးဝါးကုသမှုကို အမြန်ဆုံး ခံယူရပါမယ်။
[ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)
Loratadine ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ loratadine ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ loratadine ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)
Loratadine ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။
(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)
Loratadine ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။
loratadine ကို မသုံးစွဲခင်မှာ အောက်ပါအချက်တွေရှိရင် ဆရာဝန်ကို ကြိုပြောပါ။
phenylketonuria ရောဂါရှိခြင်း (ဒီရောဂါဟာ မွေးရာပါရောဂါတမျိုးဖြစ်ပြီး ဉာဏ်ရည်ချို့တဲ့ခြင်းကို ကာကွယ်ဖို့အတွက် အထူးစီမံထားတဲ့ အစားအသောက်ပုံစံနဲ့ ကျွေးမွေးရမှာ ဖြစ်ပါတယ်)။ သောက်ဆေးပြားတံဆိပ်အချို့မှာ aspartame ပါဝင်လာနိုင်ပြီး အဆိုပါ aspartame ကနေ phenylalanine အဖြစ်ပြောင်းလဲသွားနိုင်ပါတယ်။
ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် B ရှိသည်ဟု သတ်မှတ်ထားသည်။)
အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။
ဓါတ်မတည့်ခြင်းရဲ့ လက္ခဏာတွေ (ဥပမာ အင်ပြင်များထွက်ခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာ၊လည်ချောင်းစသည်တို့ ရောင်ရမ်းခြင်းစသည်) ကို ခံစားလာရပြီဆိုရင် အရေးပေါ်ဆေးကုသမှုကို အမြန်ဆုံး ခံယူရပါမယ်။ နှလုံးခုန်မြန်ခြင်း၊မမှန်ခြင်း၊မေ့လဲသွားတော့မယောင် ခံစားရခြင်း၊အသားဝါခြင်း၊တက်ခြင်း အစရှိတဲ့ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးတွေ ပေါ်ပေါက်လာရင် ဆရာဝန်ကို ချက်ချင်းအသိပေးရပါမယ်။
ခေါင်းကိုက်ခြင်း၊ဂဏှာမငြိမ်ဖြစ်ခြင်း၊ပင်ပန်းနွမ်းနယ်ခြင်း၊လေးလံထိုင်းမှိုင်းခြင်း၊ဗိုက်နာဗိုက်အောင့်ခြင်း၊ဝမ်းလျှောခြင်း၊အာခြောက်ခြင်း၊လည်ချောင်းနာခြင်း၊အသံရှတတဖြစ်ခြင်း၊မျက်စိနီရဲခြင်း၊အမြင်အာရုံဝေဝါးခြင်း၊နှာခေါင်းသွေးလျှံခြင်း၊အရေပြားတွင် အနီစက်များထွက်ခြင်း အစရှိတဲ့ လက္ခဏာတွေကတော့ သိပ်မပြင်းထန်တဲ့ လက္ခဏာတွေပဲ ဖြစ်ကြပါတယ်။
ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။
Loratadine ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။
Loratadine ဟာ desloratadine နဲ့အလွန်ဆင်တူတဲ့အတွက် loratadine အသုံးပြုနေစဉ်ကာလမှာ desloratadine ပါဝင်တဲ့ ဆေးတွေကို မသုံးစွဲရပါဘူး။
Loratadine က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။
Loratadine ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
နှာရည်ယို၊နှာပိတ်ခြင်းများအတွက် :
အင်ပြင်များထခြင်းအတွက် :
loratadine ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
သောက်ဆေးပြား ၁၀ မီလီဂရမ်။
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။
Loratadine ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။