အသုံးပြုနည်း
Lactated Ringers ကို မည်သည့်အကြောင်းအရာများအတွက် အသုံးပြုကြပါသလဲ။
ထွက်မှာ သေချာပြီလား။
Lactated Ringers ကို မည်သည့်အကြောင်းအရာများအတွက် အသုံးပြုကြပါသလဲ။
Lactated Ringers ကို အရွယ်ရောက်ပြီးသူများနှင့် အသက် ကြီးသူလူနာများတွင်ရေဓါတ်နှင့် ဆားဓါတ်ဖြည့် ရန် အများဆုံးအသုံးပြုကြသည်။
Lactated Ringers ကို ဘယ်လိုအသုံးပြုသင့်ပါသလဲ။
ဆေးသွင်းရန်ပြင်ဆင်ခြင်း
ဆေးမသွင်းမီတခြားလိုအပ်သောဆေးများထပ်ပေါင်းပါ။
ဆေးသွင်းနေစဉ် ဆေးဘူးထဲသို့ဆေးထပ်ထည့်ခြင်း
Lactated Ringers ကိုဘယ်လိုသိုလှောင်သိမ်းဆည်းထား သင့်ပါသလဲ။
Lactated Ringers ကို အခန်းအပူချိန်တွင် သိုလှောင်ထား နိုင်ပြီးတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင် ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲ ဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအ ထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Lactated Ringers ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်း တာတွေမပြုလုပ်ပါနဲ့။ Lactated Ringers ဆေးအမျိုးအစား နဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်း တဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာ ပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။
ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ် တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။
Lactated Ringers ကိုမသုံးခင်မှာ ဘယ်အချက်အလက်တွေကို သိထားသင့်သလဲ။
ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့ အချိန်မှာ သုံးဖို့ စိတ်ချရရဲ့လား။
ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက် နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ် နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက် များမရှိပါ။ ဆေးမသွင်းမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။
အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။
Lactated Ringers က ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်လဲ။
ဆိုးကျိုးများမှာ
အခြားပြင်းထန်သောဆိုးကျိုးများမှာ
ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့် တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေး ထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများ လည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ် ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်း ကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။
ဘယ်ဆေးဝါးတွေက Lactated Ringers နဲ့ ဓါတ်ပြုမှုတွေ ဖြစ်နိုင်သလဲ။
အစားအသောက် ဒါမှမဟုတ် အရက်သေစာတွေက Lactated Ringers နဲ့ ဓါတ်ပြုနိုင်ပါသလား။
Lactated Ringers က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုး သက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။
ဘယ်လိုကျန်းမာရေးအခြေအနေတွေက Lactated Ringers နဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိမလဲ။
ကျောက်ကပ် သို့ နှလုံး မကောင်းသောလူနာများ (အထူးသဖြင့် ခွဲစိတ်ပြီးခါစလူနာများနှင့် အသက်ကြီးသူများ)တွင် ယခုဆေးဝါး ကိုအသုံးပြုပါကသတိပြုသင့်သည်။
ယခုဖော်ပြပါအချက်အလက်များသည် ဆေးပညာရပ်ဆိုင်ရာ အကြံပြုချက်များနေရာတွင်အစားထိုးရန်မဟုတ်ပါ။ ဆေးကိုအသုံးမပြုခင်မှာ ဆရာဝန်နှင့်ဖြစ်စေ ဆေးဝါးကျွမ်းကျင်သူနှင့်ဖြစ်စေ အမြဲ ဆွေးနွေးတိုင်ပင်ပါ။
အရွယ်ရောက်ပြီးသူတွေမှာ Lactated Ringers ကို အသုံးပြုရမယ့်အချိုးအစားက ဘယ်လောက်လဲ။
ကလေးငယ်တွေမှာ Lactated Ringers ကို အသုံးပြုရမယ့်အချိုးအစားက ဘယ်လောက်လဲ။
ကလေးလူနာများအတွက် စိတ်ချရမှုနှင့် ထိရောက်မှုရှိမရှိကို စစ်ဆေးရန်လုံလောက်သောစမ်းသပ်ချက်များမရှိသေးပါဘူး။ သို့သော်လည်း ကလေးငယ်များတွင် ထိုသို့သောဓါတ်ဆား ရည်များအသုံးပြုခြင်းကိုဆေးစာအုပ်များတွင် ပြဌာန်းထားပါသည်။ ဆိုးကျိုးများ၊ သတိပြုရန်ဆောင်ရန် ရှောင်ရန်များကို ကလေး ငယ်များတွင်စောင့်ကြည့်သင့်ပါသည်။ သင်သိချင်သည် များရှိ သော် ဆရာဝန် သို့ ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေး သင့်ပါသည်။
Lactated Ringers ကို ဘယ်လိုပုံစံမျိုး အချိုးအစားမျိုးတွေနဲ့ရရှိနိုင်မလဲ။
Lactated Ringers ကို 1000ml ပါသော ဘူးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
အရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။
ဆေးအရည်ပမာဏများသွားပါက လူနာအခြေအနေ ကိုပြန်လည် သုံးသပ်ပြီး သင့်လျော်သောကုသမှုပေး ရပါမည်။ ဆေးပမာဏ လွန်သွားပြီး ပိုတက်ဆီယမ်ဓါတ်များသွားသော အခြေအနေတွင် ဆေးကိုချက်ချင်းရပ်ပြီး သွေးတွင်းပိုတက်ဆီ ယမ်ဓါတ်ကိုချ ရ ပါမည်။
ဆေးသွင်းဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။
ဆေးသွင်းဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသွင်းပါ။ သို့သော်လည်း နောက်တစ်ကြိမ်သွင်းရမယ့် အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သွင်းလိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးတာမျိုးမလုပ်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။
ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ကို အသုံးပြုပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိရဲ့လားဆိုတာကို တွက်ချက်ပါ။ ဒီကျန်းမာရေး ကိရိယာကို အသုံးပြုပြီး ကလေးရဲ့ (BMI) ကိုလည်း တွက်ချက်လို့ ရပါတယ်။
အမျိုးသား
အမျိုးသမီး
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Lactated Ringers®. https://www.drugs.com/pro/lactated-ringers.html. Accessed October 19, 2016.
Sodium chloride, potassium chloride, sodium lactate and calcium (Lactated Ringer’s Solution). http://www.medicinenet.com/ringers-lactated_ringers_solution-intravenous/article.htm. Accessed October 19, 2016.
Lactated Ringer’s. http://www.rxlist.com/lactated-ringers-drug/warnings-precautions.htm. Accessed October 19, 2016.