ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများအား ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါသည်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။
ဆေးဓါတ်ပြုမှုများ
ဘယ်ဆေးတွေက Kremil-S Extra Strength® (ခရီးမေးလ် အက်စ်) နဲ့ ဓါတ်ပြုနိုင်သလဲ
Kremil-S Extra Strength သည် သင်အခုသောက်သုံးနေသည့်တခြားသော ဆေးဝါးများနှင့် ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးများကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သော ပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သော ဆေးဝါးဓါတ်ပြုမှုများ မဖြစ်လာစေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံး၏စာရင်းကိုပြုစုထားပြီး (စာရင်းလုပ်သည့်အခါ ဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲ သောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအား အမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနှင့်။ ဥပမာ –
- Amphetamine;
- ပဋိဇီဝဆေးများ
- Captopril;
- Delavirdine;
- Gabapentin;
- နှလုံးဆေးများ – digoxin or digitoxin;
- Hyoscyamine;
- Iron salts;
- Isoniazid;
- အသက်ရှုခက်ရာတွင်သုံးသော ဆေးများ ipratropium နှင့် tiotropium;
- ဆီးချိုဆေးများ
- မှိုသတ်ဆေးများ itraconazole နှင့် ketoconazole;
- အရိုးပွရာတွင်သုံးသောဆေးများ alendronate, etidronate, risedronate နှင့် tiludronate;
- ဆီးရွှင်လွန်းသော ဆီးအိမ်အတွက်သုံးသည့်ဆေးများ oxybutynin နှင့် tolterodine;
- အတက်ရောဂါကျောက်ဆေးများ ethotoin နှင့် phenytoin;
- Methenamine;
- Mycophenolate;
- Pancrelipase;
- Penicillamine;
- Phenothiazines များ – chlorpromazine, mesoridazine, prochlorperazine, thioridazine;
- Quinidine;
- Rosuvastatin;
- Sodium fluoride;
- Sodium polystyrene sulfonate;
- Sotalol;
- Sucralfate;
- Tacrolimus;
- Thyroid hormones like levothyroxine;
- Ursodiol;
- ဗီတာမင် D;
- Zalcitabine;
အစားအသောက်တွေနဲ့ အရက်က Kremil-S Extra Strength® (ခရီးမေးလ် အက်စ်) နဲ့ ဓါတ်ပြုနိုင်သလား
Kremil-S Extra Strength က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သော ပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓါတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေအတွက် Kremil-S Extra Strength® (ခရီးမေးလ် အက်စ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
Kremil-S Extra Strength ၏ ဆေးပမာဏနှင့်ပါတ်သတ်၍ ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။
တစ်ချို့ဖြစ်ရပ်များအတွက် ရည်ညွှန်းပမာဏမှာ အစာစားပြီးတိုင်း သို့ အိပ်ယာဝင်ချိန်တွင် ၁-၂ ပြား သောက်ရမည်ဖြစ်သည်။ သို့မဟုတ် ဆရာဝန်ညွှန်သည့်အတိုင်း သောက်ပါ။
ကလေးတွေအတွက် Kremil-S Extra Strength® (ခရီးမေးလ် အက်စ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
ကလေးလူနာများ၌ အချိုးအစားဘယ်လောက်ပေးရမည်ဆိုခြင်းအား အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မည်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်၌ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ရာ လိုအပ်ပါသည်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင်၏ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။
Kremil-S Extra Strength® (ခရီးမေးလ် အက်စ်) ကိုဘယ်လိုရရှိနိုင်သလဲ
Kremil-S Extra Strength ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။
ဝါးစားနိုင်သည့်ဆေးပြား – Aluminum Hydroxide 356 mg, Magnesium Hydroxide 466 mg and Simethicone 20 mg.
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
Kremil-S Extra Strength ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါက လွတ်သွားသောအကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်၌ပင် သောက်လိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနှင့်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။