(ယေဘူယျအသိပေးချက် –ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)
ဆေးဓါတ်ပြုမှုများ
ဘယ်ဆေးတွေက Grepiflox (ဂရပ်ပီဖလော့စ်) နဲ့ ဓါတ်ပြုနိုင်သလဲ
Grepiflox ဟာ သင်အခ ုလောလောဆယ်သောက်သုံးနေတဲ့ တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေ မပြုလုပ်ပါနဲ့။
အောက်ပါဆေးများသည် သင်သောက်နေသောဆေးများနှင့် ဓါတ်ပြုမှုဖြစ်နိုင်ပါသည်။
- နှလုံးခုန်မမှန်ခြင်းတွင် သုံးသည့် ဆေးများ
(e.g., amiodarone, dofetilide, procainamide, quinidine, sotalol), arsenic, asenapine, bepridil, chloroquine, cisapride, citalopram, clozapine, crizotinib, dolasetron, droperidol, halofantrine, haloperidol, iloperidone, imidazoles (e.g., fluconazole, ketoconazole), macrolides (e.g., erythromycin), maprotiline, methadone, nilotinib, ondansetron, paliperidone, pentamidine, phenothiazines (e.g., chlorpromazine), pimozide, quetiapine, romidepsin, tacrolimus, telithromycin, tetrabenazine, toremifene, tricyclic antidepressants (e.g., nortriptyline), tyrosine kinase inhibitors (e.g., sunitinib), vandetanib, or ziprasidone
နှလုံးခုန်မမှန်ခြင်း စသည့် နှလုံးရောဂါများ ပိုဆိုးလာနိုင်သောကြောင့်ဖြစ်သည်။
- အင်ဆူလင်နှင့် အခြား ဆီးချိုရောဂါဆေးများ
သွေးတွင်း သကြားဓါတ် ကို ပြောင်းလဲစေနိုင်သည်။
- Corticosteroids (e.g., prednisone)
အရွတ်များ ပိုမိုထိခိုက်စေနိုင်သည်။
- သွေးကျဲဆေးများ (e.g., warfarin)
သွေးထွက်နိုင်ချေ ပိုများစေသည်။
- Nonsteroidal anti-inflammatory drugs (NSAIDs) အယောင်ကျဆေးများ(e.g., ibuprofen)
တက်ခြင်း စသည့် ဘေးထွက်ဆိုးကျိုး ပိုများနိုင်သောကြောင့်ဖြစ်သည်။
အစားအသောက် ဒါမှမဟုတ် အရက်သေစာတွေက grepiflox (levofloxacin) နဲ့ ဓါတ်ပြုနိုင်ပါသလား။
grepiflox (levofloxacin) က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။
ဘယ်လိုကျန်းမာရေးအခြေအနေတွေက grepiflox (levofloxacin)
နဲ့သက်ရောက်ဓါတ်ပြုမှုတွေရှိမလဲ။
grepiflox (levofloxacin) ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေက ိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံ ပြောင်းလဲသွားတာတေ ွဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြးီပါတယ်။
အထူးသဖြင့်သင့်မှာ
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေအတွက် Grepiflox (ဂရပ်ပီဖလော့စ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
လူထုထဲတွင်ဖြစ်ပွားသော နမိုးနီးယား အဆုတ်ယောင်ရောဂါ
သတ်မှတ်ထားသော ဆေးပမာဏ – 500mg သောက်ဆေး/အကြောဆေး ၁နေ့ ၁ခါ၊ ၇ရက်မှ ၁၄ ရက် (သို့) 750mg သောက်ဆေး/အကြောဆေး ၁နေ့ ၁ခါ၊ ၅ရက်
ဆေးရုံများတွင်ဖြစ်ပွားသော နမိုးနီးယား အဆုတ်ယောင်ရောဂါ သတ်မှတ်ထားသော ဆေးပမာဏ – 750mg သောက်ဆေး/အကြောဆေး ၁နေ့ ၁ခါ၊ ၇ရက်မှ ၁၄ ရက်
ဘက်တီးရီးယားကြောင့် နှခေါင်းဘေးရှိ အိပ်ကလေးများယောင်ခြင်း
သတ်မှတ်ထားသော ဆေးပမာဏ – 500mg သောက်ဆေး/အကြောဆေး ၁နေ့ ၁ခါ၊ ၁၀ ရက်မှ ၁၄ ရက် (သို့) 750mg သောက်ဆေး/အကြောဆေး ၁နေ့ ၁ခါ၊ ၅ရက်
ဘက်တီးရီးယားကြောင့် နာတာရှည် ရင်ကြပ်ရောဂါပိုဆိုးလာခြင်း
သတ်မှတ်ထားသော ဆေးပမာဏ – 500mg သောက်ဆေး/အကြောဆေး ၁နေ့ ၁ခါ၊ ၇ရက်နှင့်အထက်
ထောင့်သန်းရောဂါ – ရောဂါပိုးနှင့် ထိတွေ့ပြီးချိန် ကုသမှု
သတ်မှတ်ထားသော ဆေးပမာဏ – 500mg သောက်ဆေး ၁နေ့ ၁ခါ၊ ရက် ၆၀
ရောဂါပိုးနှင့် ထိတွေ့ပြီးလျှင် တတ်နိုင်သမျှ မြန်မြန်သောက်ပါ။
အရေပြားနှင့် ချုပ်ရိုးများပိုးဝင်ခြင်း
မပြင်းထန် : သတ်မှတ်ထားသော ဆေးပမာဏ – 500mg သောက်ဆေး/အကြောဆေး ၁နေ့ ၁ခါ၊ ၇ရက်မှ ၁၀ ရက်
ပြင်းထန် : သတ်မှတ်ထားသော ဆေးပမာဏ – 750mg သောက်ဆေး/အကြောဆေး ၁နေ့ ၁ခါ၊ ၇ရက် မှ ၁၄ ရက်
ဘက်တီးရီးယားပိုးကြောင့်ဖြစ်သော နာတာရှည် ဆီးကျိတ်ယောင်ရောဂါ
သတ်မှတ်ထားသော ဆေးပမာဏ – 500mg သောက်ဆေး/အကြောဆေး ၁နေ့ ၁ခါ၊ ၂၈ရက်
ပြင်းထန်သော ဆီးလမ်းကြောင်းပိုးဝင်ခြင်းနှင့် ကျောက်ကပ်ယောင်ခြင်း
သတ်မှတ်ထားသော ဆေးပမာဏ – 250mg သောက်ဆေး/အကြောဆေး ၁နေ့ ၁ခါ၊ ၁၀ရက် (သို့) 750mg သောက်ဆေး/အကြောဆေး ၁နေ့ ၁ခါ၊ ၅ရက်
မပြင်းထန်သော ဆီးလမ်းကြောင်းပိုးဝင်ခြင်း
သတ်မှတ်ထားသော ဆေးပမာဏ – 250mg သောက်ဆေး/အကြောဆေး ၁နေ့ ၁ခါ၊ ၃ရက်
ပလိပ်ဂ် ရောဂါ
လူကြီးများနှင့် ၆ လ အထက် ကလေးများတွင် Yersinia pestis ကြောင့်ဖြစ်သော ပလိပ်ဂ်ရောဂါများ (pneumonic and septicemic plague) အပါအဝင် ပလိပ်ဂ် ရောဂါများ ကုသရန်နှင့် ကာကွယ်ရန်သုံးပါသည်။
သတ်မှတ်ထားသော ဆေးပမာဏ – 500mg သောက်ဆေး/အကြောဆေး ၁နေ့ ၁ခါ၊ ၁၀ရက် မှ ၁၄ရက်
ဝက်ခြံကြီးများ
သတ်မှတ်ထားသော ဆေးပမာဏ – 100mg သောက်ဆေး ၁နေ့ ၄ခါ (၈နာရီခြား)၊ ၄ပတ်
ဝှေးစေ့ အညှာယောင်ခြင်း
သတ်မှတ်ထားသော ဆေးပမာဏ – 500mg သောက်ဆေး ၁နေ့ ၁ခါ၊ ၁၀ရက်
ကလေးငယ်တွေမှာ grepiflox (levofloxacin) ကိုသောက်သုံးရမယ့်အချိုးအစားကဘယ်လောက်လဲ။
ထောင့်သန်းရောဂါ – ရောဂါပိုးနှင့် ထိတွေ့ပြီးချိန် ကုသမှု
၆လ/ ၆လအထက် နှင့် 50kg အောက် : သတ်မှတ်ထားသော ဆေးပမာဏ – 8mg/kg ဖြင့် သောက်ဆေး ၁နေ့ ၂ခါ (၁၂ နာရီခြား)၊ ရက် ၆၀
ရောဂါပိုးနှင့် ထိတွေ့ပြီးလျှင် တတ်နိုင်သမျှ မြန်မြန်သောက်ပါ။
၁ ခါ သောက် 250mg ထက်မပိုရ။
၆လ/ ၆လအထက် နှင့် 50kg အထက် : သတ်မှတ်ထားသော ဆေးပမာဏ – 500mg သောက်ဆေး ၁နေ့ ၁ခါ၊ ရက် ၆၀
ရောဂါပိုးနှင့် ထိတွေ့ပြီးလျှင် တတ်နိုင်သမျှ မြန်မြန်သောက်ပါ။
ပလိပ်ဂ် ရောဂါ
လူကြီးများနှင့် ၆ လ အထက် ကလေးများတွင် Yersinia pestis ကြောင့်ဖြစ်သော ပလိပ်ဂ်ရောဂါများ (pneumonic and septicemic plague) အပါအဝင် ပလိပ်ဂ် ရောဂါများ ကုသရန်နှင့် ကာကွယ်ရန်သုံးပါသည်။
၆လ/ ၆လအထက် နှင့် 50kg အောက် : သတ်မှတ်ထားသော ဆေးပမာဏ – 8mg/kg ဖြင့် သောက်ဆေး/အကြောဆေး ၁နေ့ ၂ခါ (၁၂ နာရီခြား)၊ ၁၀ရက် မှ ၁၄ရက်
၁ ခါ သောက် 250mg ထက်မပိုရ။
50kg အထက် : သတ်မှတ်ထားသော ဆေးပမာဏ – 500mg သောက်ဆေး/အကြောဆေး ၁နေ့ ၁ခါ၊ ၁၀ရက် မှ ၁၄ရက်
ဘက်တီးရီးယားကြောင့် နှာခေါင်း နှင့် နှာခေါင်းဘေးရှိ အိပ်ကလေးများယောင်ခြင်း
သတ်မှတ်ထားသော ဆေးပမာဏ – 10 – 20mg/kg ဖြင့် သောက်ဆေး ၁နေ့ ၁ခါ (သို့) ၂ခါ (၁၂ နာရီခြား)
လူထုထဲတွင်ဖြစ်ပွားသော နမိုးနီးယား အဆုတ်ယောင်ရောဂါ (Off-label)
S နမိုးနီးယား
- ၆လ မှ ၅နှစ် : သတ်မှတ်ထားသော ဆေးပမာဏ – 16-20mg/kg ဖြင့် သောက်ဆေး ၁နေ့ ၁ခါ၊ ၁၀ရက်
- ၅နှစ် မှ ၁၆နှစ် : သတ်မှတ်ထားသော ဆေးပမာဏ – 8-10mg/kg ဖြင့် သောက်ဆေး ၁နေ့ ၁ခါ၊ ၁၀ရက်
၁ ရက် 750mg ထက်မပိုရ။
M နမိုးနီးယား၊ C မျက်ခမ်းစပ်ရောဂါ၊ C နမိုးနီးယား
- အရိုးများရင့်ကျက်သော ဆယ်ကျော်သက်အရွယ် : သတ်မှတ်ထားသော ဆေးပမာဏ – 500mg သောက်ဆေး ၁နေ့ ၁ခါ၊ ၁၀ရက်
၁ ရက် 750mg ထက်မပိုရ။
grepiflox (levofloxacin) ကိုဘယ်လိုပုံစံမျိုးတွေနဲ့ရရှိနိုင်မလဲ။
grepiflox (levofloxacin)ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံ၊ ပမာဏများနှင့် ရရှိနိုင်ပါတယ်။
- Levofloxacin အကြောသွင်းဆေးရည် 500mg/100ml
အရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။
အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏ လွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ် ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။
ဆေးသောက်/ထိုးဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။
Grepiflox ကိုသောက်/ထိုးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရ ရခြင်း သောက်/ထိုးပါ။ အကယ်၍ နောက်တစ်ကြိမ် သောက်/ထိုးရမည့်အချိန်နှင့် ကပ်နေပြီဆိုပါက လွတ်သွားသော အကြိမ်ကို မသောက်/မထိုးပါနှင့်တော့။ ပုံမှန် အကြိမ်များအတိုင်းသာ ဆက်သောက်/ထိုးပါ။ နှစ်ကြိမ်စာ တစ်ခါထဲ မသောက်/မထိုးပါနှင့်။ တစ်နေ့ တစ်ခါထပ်ပို မသောက်/မထိုး ပါနှင့်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။