မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
Ethambutol INH သည် တီဘီရောဂါ(အမျိုးအစား ၁ နှင့် ၃)တွင် အများဆုံး အသုံးပြုသောဆေး ဖြစ်ပါသည်။
ထိုဆေးကို တီဘီရောဂါ ကုသမှု၏ နောက်ဆက်တွဲအဆင့်များတွင် သုံးပါသည်။
ထို့ပြင် ဆရာဝန်ညွှန်ကြားချက်နှင့် အညီအခြားသော ကုသမှုများတွင်လည်း အသုံးပြုပါသည်။
Ethambutol နှင့် Isoniazid ဆေးများကို ဆရာဝန် ညွှန်ကြားထားသည့် အတိုင်းသောက်သင့်ပါသည်။
သိလိုသည်များရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။
ဆေးကို ရေတဖန်ခွက်ဖြင့် မြိုချပါ။
ဆေးကို အစာနှင့်တွဲမသောက်ရပါ။
အစာမစားမီ အနည်းဆုံး ၁ နာရီနှင့် အစာစားပြီး ၂ နာရီခန့်ခြားမှ သောက်သင့်ပါသည်။
(ယေဘူယျ အသိပေးချက် – ဆေးအများစုမှာအခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)
Ethambutol INH ကို ၂၅ ဒီဂရီ ဆဲလ်စီးရပ်စ်အောက် မှာသိမ်းပါ။ တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Ethambutol INH ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Ethambutol INH ဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။
Ethambutol နှင့် Isoniazid ဆေးများကို အခြားသော တီဘီဆေးများနှင့် တွဲသောက်ခြင်းသည် အသည်းကို ပျက်စီးစေသောကြောင့် တွဲမသောက်ရပါ။
တီဘီရောဂါ ကုသမှုများတွင် Ethambutol နှင့် Isoniazid ဆေးများကို အခြားသော ဖော်စပ်ပုံ ဆေးပမာဏများကို ဆရာဝန်ကညွှန်ကြားထားလျှင်သာ သောက်ရပါမည်။
ဆေးသောက်နေရင်း အောက်ဖော်ပြပါ အသည်းထိခိုက်သည့် လက္ခဏာများပေါ်လာလျှင် ဆရာဝန်အား ချက်ချင်းအကြောင်းကြားရပါမည်။
ထိုလက္ခဏာများရှိလှင် ဆရာဝန်က အသည်းလုပ်ငန်းဆောင်တာများကို စစ်ဆေးခြင်းများ ပြုလုပ်ပါလိမ့်မည်။
ထို့ပြင် Ethambutol နှင့် Isoniazid ဆေးများသည် မျက်လုံးများကို ထိခိုက်စေနိုင်သော ဆိုးကျိုးရှိခြင်းကြောင့် အမြင်အာရုံ ပြသနာများရှိပါက ဆရာဝန်အား ချက်ချင်းအကြောင်းကြားရပါမည်။
အမြင်အာရုံပြောင်းလဲမှုများကို ကောင်းစွာ မပြောနိုင်သော ကလေးများနှင့် ဆေးမသောက်မီတည်းက အမြင်အာရုံမကောင်းသောသူများကို ဆေးသောက်နေစဉ် ပိုပြီး ဂရုစိုက်ရပါမည်။
ဆေးသောက်နေရင်း သွေးထဲတွင် ယူရစ် အက်ဆစ် ပမာဏများ မြင့်တက်လာပါက ရောဂါ လက္ခဏာများကို ပိုပြီး သတိပြုရပါမည်။
ကိုယ်ဝန်ရှိနေလျှင် သို့မဟုတ် ကလေးယူရန် စီစဉ်နေလျှင် ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။
Ethambutol နှင့် Isoniazid ဆေးများသည် မိခင်နို့ထဲတွင်ပါနိုင်သော်လည်း နို့စို့သော ကလေးငယ်များတွင် ဆိုးကျိုး တစ်စုံတစ်ရာ မတွေ့ရသေးပါ။
သို့သော် မိခင်နို့ရည်ထဲတွင် ပါသော ပမာဏသည် အလွန်နည်းသောကြောင့် မိခင်မှ ကလေးကို မကူးစက်ရန် ကာကွယ်နိုင်သည့် လုံလောက်သော ပမာဏ မဟုတ်ပါ။
အောက်ပါတို့သည် Ethambutol နှင့် Isoniazid တို့ကြောင့် ဖြစ်လေ့ရှိသော ဘေးထွက်ဆိုးကျိုးများဖြစ်ပါသည်။ အရေးအကြီးဆုံး သတိထားရမည်မှာ ထိုဆေးများသည် အမြင်အာရုံကြောကို ရောင်ရမ်းစေခြင်း၊ အခြားအာရုံကြောများကို ထိခိုက်စေခြင်းနှင့် အသည်းကို ရောင်ရမ်းစေခြင်းတို့ ဖြစ်စေနိုင်ပါသည်။
၁၀ ယောက်တွင် ၁ ယောက်နှုန်းနှင့် အဖြစ်များဆုံးသော ဘေးထွက်ဆိုးကျိုးများမှာ အရေပြားများ(အထူးသဖြင့် လက်နှင့် ခြေတို့) စူးရှ ထုံကျဉ်ခြင်းဖြစ်ပါသည်။ ထို့ပြင် သွေးထဲတွင် ယူရစ် အက်ဆစ် ပမာဏများ ကိုလည်း မြင့်တက်လာစေကြောင်း တွေ့ရပါသည်။ အထူးသဖြင့် ဆေးစသောက်စဉ် ၁ လမှ ၃ လအတွင် မြင့်တက်ပြီး ကျန်အချိန်များတွင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါသည်။ သို့သော် ပမာဏလွန်ကဲစွာ ဖြစ်လာပါက ဆရာဝန်သည် ဆေးကို ဖြတ်ရန် စဉ်းစားပါလိမ့်မည်။
ဆေးသောက်သူ လူ ၁၀၀ တွင် ၁ ယောက်သည် မျက်စိအမြင်အာရုံကြောရောင်ရမ်းခြင်းကို ခံစားရပါသည်။ သို့သော် သောက်ရသောဆေးပမာဏနှင့်လည်း ဆိုင်ပါသည်။ လက္ခဏာများမှည အရောင်များ မကွဲပြားတော့ခြင်းနှင့် မြင်ကွင်းအလယ်နှင့် ဘေးဘက်ရှိနေရာများ ကျဉ်းသွားခြင်း ဖြစ်ပါသည်။ Ethambutol ဆေးရပ်လိုက်လျှင် ထိုလက္ခဏာများ ပျောက်သွားမည်ဖြစ်ပါသည်။ သို့သော် အမြင်အာရုံနှင့် ဆိုင်သော ပြသနာတစ်စုံတစ်ခု ဖြစ်ပေါ်ခဲ့လျှင် ဆရာဝန်ထံ ချက်ချင်းဆက်သွယ်ရမည်ဖြစ်ပါသည်။
အဖြစ်နည်းသော ဆိုးကျိုးများ(လူ ၁၀၀၀တွင် ၁ ယောက်ဖြစ်သော)မှာ
(ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)
Ethambutol INH ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။
အောက်ပါဆေးများနှင့် Ethambutol နှင့် Isoniazid ကို တွဲမသောက်သင့်ပါ။
အောက်ပါဆေးများသည် Ethambutol INH နှင့် ဓါတ်ပြုနိုင်ပါသည်။
Ethambutol INH က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။
Ethambutol INH ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါတယ်။
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
လူနာ၏ ကိုယ်အလေးချိန် အပေါ်မူတည်ပြီး Ethambutol INH ကိုသောက်သုံးရမယ့်အချိုးအစား ကွာခြားသွားပါသည်။
၄၀ မှ ၅၅ ကီလိုအောက်တွင် တနေ့ ၂ ပြား နေ့စဉ် ဖြစ်ပါသည်။
၅၅ ကီလိုအထက်တွင် တနေ့ ၃ ပြား နေ့စဉ် ဖြစ်ပါသည်။
ဆေးများသည် ကီလို ၄၀အောက်လူနာများတွင် သောက်ရန် မသင့်တော်ပါ။
အကယ်၍ သင့်တွင် ဥပမာအားဖြင့် ကျောက်ကပ်ရောဂါ ရှိနေသောကြောင့် ဆေးပမာဏကို လျှော့သောက်ရမည့် အနေအထားမျိုးတွင် Ethambutol နှင့် Isoniazid ကို သက်သက်စီခွဲသောက်နိုင်ပါသည်။
(ယေဘူယျအသိပေးချက် – ကလေးလူနာများမှာဘယ်လောက်အချိုးအစားပေးရမလဲဆိုတာအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာစိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ)
Ethambutol INH ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။
Ethambutol INH ကိုသောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ နောက်တစ်ကြိမ်သောက်ရမည့်အချိန်ထက် ၆ နာရီကျော် လိုနေသေးလျှင် မေ့သွားသည့်ဆေးကို အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နှင့် ၆ နာရီ အောက် နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။