backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

2

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Diazepam (ဒိုင်ရာဇီပန်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Diazepam (ဒိုင်ရာဇီပန်)

အသုံးပြုပုံများ

Diazepam (ဒိုင်ရာဇီပန်) ကို ဘာအတွက်အသုံးပြုကြသလဲ

Diazepam အား စိုးရိမ်ခြင်း၊ ရုတ်တရတ် အရက်ဖြတ်ခြင်းနှင့် အတက်ရောဂါများကို ကုသရန် အသုံးပြုပါသည်။ ၎င်းအား ကြွက်သားများ ကျုံ့ဆန့်လွန်းခြင်းအတွက်လဲသုံးပြီး ဆေးပညာဆိုင်ရာ လုပ်ငန်းစဉ်များကိုမလုပ်ခင် စိတ်ငြိမ်စေရန်အတွက်လဲ သုံး၏။ Diazepam သည် Benzodiazepines ဟုခေါ်သော ဆေးအုပ်စုတွင်ပါဝင်ပြီး ဦးနှောက်နှင့်အာရုံကြောများအပေါ် (ဗဟိုအာရုံကြောစနစ်)အား သက်ရောက်စေပြီး စိတ်ငြိမ်စေပါသည်။ Diazepam သည် တစ်ချို့သော သဘာဝဓါတုပစ္စည်းများဖြစ်သည့် GABA ၏ အာနိသင်ကို ပိုအားတိုးစေခြင်းဖြင့် အလုပ်လုပ်ပါသည်။

တခြားအသုံးများ – ဒီအပိုင်းတွင်ပါဝင်သောအသုံးများသည် approved professiona; labeling မှ သတ်မှတ်ထားသော စာရင်းများတွင်မပါသောလဲ သင်၏ကျန်းမားရေးကျွမ်းကျင်သူမှ လမ်းညွှန်ကောင်း လမ်းညွှန်နိုင်သည်။ ဤအပိုင်းတွင်ပါသော အသုံးများအား ကျန်းမာရေးကျွမ်းကျင်သူ လမ်းညွှန်မှသာ အသုံးပြုပါ။

Diazepam အား အလွန်ဆိုးဝါးသည့် အိပ်မက်ဆိုးများကို ကာကွယ်ရန်အတွက်လဲ အသုံးပြုနိုင်ပါသည်။

Diazepam (ဒိုင်ရာဇီပန်) ဘယ်လိုသောက်သုံးသင့်သလဲ

Diazepam အား ဆရာဝန်ညွှန်ကြားသည့်အတိုင်း သောက်ပါ။ ဆေးပမာဏသည် သင်၏ကျန်းမာရေးအခြေအနေ၊ အသက်နှင့် ကုသမှုအား တုန့်ပြန်နိုင်မှုအပေါ် မူတည်ပါသည်။ ဤဆေး၏ အရည်ပုံစံကို သောက်သုံးမည်ဆိုပါက ဆေးချိန်သည်ပစ္စည်းကို သေချာသုံးပြီး တိကျသော ပမာဏကိုတိုင်းတာပါ။ အိမ်သုံးဇွန်းအားမသုံးပါနှင့်။ ပမာဏအမှန် မရပဲနေပါလိမ့်မည်။ oral concentrate solution အနေဖြင့်သုံးမည်ဆိုပါက အစက်ချပစ္စည်းကိုသုံးပြီး တိကျသောပမာဏကိုချိန်ပါ၊ ပြီးနောက် မသောက်သုံးခင် ဆေးအားသောက်စရာ သို့ အစာပျော့ပျော့တွင်ရောပါ။ (ဥပမာ ပန်းသီးဆော့၊ ပူတင်း)

Diazepam အား ညွှန်ကြားသည့်အတိုင်း အတိအကျလိုက်နာပါ။ ဆေးပမာဏတိုးခြင်း၊ အကြိမ်ရေတိုးခြင်း၊ သောက်ခိုင်းသည်ထက် ပိုကြာအောင်သောက်ခြင်းမျိုးတို့အားရှောင်ပါ။ Diazepam သည် စွဲစေတတ်ပါသည်။ ထို့အတူ အချိန်အကြာကြီးသောက်ရမည်ဆိုလျှင် သို့မဟုတ် အတက်ရောဂါထိန်းရန်သောက်ရမည်ဆိုလျှင် ဆရာဝန်မှ ခွင့်မပြုပဲနှင့် ဆေးကိုရုတ်တရတ် ရပ်မပစ်ရပါ။ ဆေးရုတ်တရတ်ရပ်လိုက်ပါက တစ်ချို့သောအခြေအနေများ ပိုဆိုးသွားနိုင်ပါသည်။ ဆေးပမာဏအား တဖြည်းဖြည်းလျော့ချရမည်ဖြစ်သည်။

အချိန်အကြာကြီးသုံးပါက ဒီဆေးသည် ကောင်းကောင်း အာနိသင်ပြတော့မည်မဟုတ်သောကြောင့် မတူညီသည့် ဆေးပမာဏ ပြောင်းဖို့ လိုကောင်းလိုနိုင်ပါသည်။ ဤဆေးမှ အာနိသင်မပြတော့လျှင် ဆရာဝန်အားပြောပါ။

ဆရာဝန်အားမပြောပဲနှင့် ဂရိတ်ဖုသီးနှင့် ဖျော်ရည်စားသုံးခြင်းအား ရှောင်ကျဉ်ပါ။ ဂရိတ်ဖုသီးသည် သင်၏သွေးအတွင်းမှ တစ်ချို့သောဆေးများကို ပမာဏ တိုးမြင့်လာစေနိုင်ပါသည်။ အသေးစိတ်သိလိုပါက ဆရာဝန်နှင့်ဆက်သွယ်ပါ။ အခြေအနေများ ဆက်ဖြစ်နေလျှင် သို့ ပိုဆိုးလာလျှင် ဆရာဝန်ကို အကြောင်းကြားပါ။

Diazepam (ဒိုင်ရာဇီပန်) ဘယ်လိုသိမ်းဆည်းရမလဲ

[ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Diazepam ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နှင့်စိုစွတ်မှုမရှိအောင်ထားခြင်းက အကောင်းဆုံးသိုလှောင်သိမ်းဆည်းနည်းပင် ဖြစ်သည်။ ဆေးအာနိသင်ပျက်ပြယ်ခြင်းနှင့်ဆေးအနေအထားပျက်ယွင်းမှုများမဖြစ်စေရန်Diazepam ကို ရေချိုးခန်းတွင်သိမ်းဆည်းခြင်းနှင့် ရေခဲအောင် သိမ်းဆည်းခြင်းမျိုးတွေမပြုလုပ်ပါနှင့်။ Diazepamဆေးအမျိုးအစားနှင့် ဆေးထုတ်လုပ်သည့် ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းသောပုံစံကွဲပြားခြားနားမှုများရှိနိုင်ပါသည်။ ထို့အတွက် ဆေးဘူးအခွံ၌ပါသော သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ြ+ကည့်ရှုစစ်ဆေးတာမျိုး သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအား မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရစေရန်အတွက် ဆေးဝါးအကုန်လုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့်ဝေးရာတွင်ထားပါ။)

Diazepamအားအိမ်သာထဲပစ်ချခြင်း၊ရေထွက်ပေါက်များမှဆေးချတာမျိုးအားမလုပ်သင့်ပါ။ ဆေးဝါးများကိုမလိုအပ်တော့သည့်အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားသည့်အခါများတွင် စနစ်တကျစွန့်ပစ်ဖို့ရာအရေးကြီး၏။ ဆေးဝါးများကို စနစ်တကျ မည်ကဲ့သို့စွန့်ပစ်ရမည်ဆိုခြင်းနှင့် ပတ်သက်၍ သင့်၏ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့်တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Diazepam အားရေခဲသေတ္တာထဲ၌သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါသည်။ ဆေးအာနိသင်ပျက်ပြယ်နိုင်သောကြောင့်အေးခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Diazepam (ဒိုင်ရာဇီပန်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Diazepam အားမသောက်သုံးခင် Diazepam, alprazolam (Xanax), chlordiazepoxide (Librium, Librax), clonazepam (Klonopin), clorazepate (Tranxene), estazolam (ProSom), flurazepam (Dalmane), lorazepam (Ativan), oxazepam (Serax), prazepam (Centrax), temazepam (Restoril), triazolam (Halcion), သို့မဟုတ် တခြားဆေးများနှင့် မတည့်တာရှိလျှင် ဆရာဝန် သို့ ဆေးဝါးကျွမ်းကျင်ကိုပြောပါ။

ညွှန်ကြားထားသည့်ဆေး၊ မညွှန်ကြားပဲသောက်နေသည့်ဆေးများ အထူးသဖြင့် antihistamines; cimetidine (Tagamet); digoxin (Lanoxin); disulfiram (Antabuse); fluoxetine (Prozac); isoniazid (INH, Laniazid, Nydrazid); ketoconazole (Nizoral); levodopa (Larodopa, Sinemet); medications for depression, seizures, pain, Parkinson’s disease, asthma, colds, or allergies; metoprolol (Lopressor, Toprol XL); muscle relaxants; oral contraceptives; probenecid (Benemid); propoxyphene (Darvon); propranolol (Inderal); ranitidine (Zantac); rifampin (Rifadin); sedatives; sleeping pills; theophylline (Theo-Dur); tranquilizers; valproic acid (Depakene); and vitamins တို့သုံးနေလျှင် ဆရာဝန်အားပြောပါ။ ဤဆေးများသည် Diazepam ကြောင့်ဖြစ်သော ငိုက်မျဉ်းခြင်းအား ပိုဆိုးစေနိုင်သည်။

Antacids များသုံးနေလျှင် Diazepam ကိုအရင်သောက်ပါ။ တစ်နာရီခြားပြီးမှ Antacid ကိုသုံးပါ။ ရေတိမ်၊ အတက်ရောဂါ၊ အဆုတ် နှလုံးနှင့် အသည်းရောဂါများရှိလျှင် ဆရာဝန်အားပြောပါ။ သင့်၌ကိုယ်ဝန်ရှိလျှင် သို့ ကိုယ်ဝန်ဆောင်နို့တိုက်ဖို့ အစီအစဉ်ရှိလျှင် Diazepam သုံးနေစဉ် ကိုယ်ဝန်ရလာလျှင် ဆရာဝန်ကိုပြောပါ။ အသက် ၆၅ နှစ်ဆိုပါက Diazepam သောက်၍ဖြစ်နိုင်မည့် အကျိုးနှင့်ဆိုးကျိုးများကို မေးပါ။ အသက်ကြီးသူများတွင် Diazepam သည် တခြားဆေးများထက် စိတ်ချရသည်မဟုတ်ပါ။

သွားခွဲစိတ်မှုအပါအဝင် မည်သည့်ခွဲစိတ်မှုမျိုးလုပ်ပါစေ သင် Diazepam ကိုသုံးနေပါက ဆရာဝန် သို့ သွားဆရာဝန်ကို ပြောပြပါ။

ဤဆေးသည် အိပ်ငိုက်စေတတ်ကြောင်း သိထားရမည်။ ဤဆေးမှ သင့်အပေါ်သက်ရောက်မူ မည်ကဲ့သို့ရှိကြောင်း မသိမချင်း ကားများ စက်များမမောင်းပါနှင့်။

အရက်သည် ဆေး၏အိပ်ချင်မှုကို ပိုတိုးစေနိုင်သည်ကို သတိထားပါ။ ဆေးသုံးစွဲနေစဉ်ကာလတွင် အရက်နှင့် အရက်ပါသောသောက်စရာများကို ရှောင်ကြဉ်ပါ။

ဆေးရွက်ကြီးပါသည့် ပစ္စည်းများသုံးနေလျှင် ဆရာဝန်ကိုပြောပါ။ စီးကရက်သောက်ခြင်းသည် ဆေး၏အာနိသင်အား လျော့ကျစေပါသည်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Diazepam (ဒိုင်ရာဇီပန်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

[ယေဘူယျအသိပေးချက်

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် D ရှိသည်ဟု သတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

• A=ဆိုးကျိုးမရှိပါ။

• B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။

• C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။

• D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။

• X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။

• N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။)

ဘေးထွက်ဆိုးကျိုးများ

Diazepam (ဒိုင်ရာဇီပန်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဝမ်းချုပ်ခြင်းနှင့် ကိုယ်ဟန်မမှန်ခြင်းတို့ ဖြစ်စေနိုင်ပါသည်။

သင့်၌ ဓါတ်မတည့်မှုလက္ခဏာများဖြစ်သည့် အသက်ရှူရခက်ခြင်း၊ လည်ချောင်းပိတ်ခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာများဖူးယောင်ခြင်း သို့ အင်ပျဉ်ထခြင်းများ ဖြစ်လာပါက အရေးပေါ်ဆေးကုသမှု ချက်ချင်းခံယူပါ။ သင့်၌အောက်ပါတို့ဖြစ်လျှင် ဆရာဝန်ကိုချက်ချင်းခေါ်ပါ။

• ကယောင်ကတမ်းဖြစ်ခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်း၊ မူမမှန်သည့်အတွေးများ အပြုအမူ ဖြစ်လာခြင်း

• ပုံမှန်မဟုတ်သည့် အန္တရာယ်ရှိသည့်အပြုအမူများ၊ အတားအဆီးမရှိခြင်းနှင့် အန္တရာယ်ကိုမကြောက်ခြင်း

• စိတ်ခံစားချက်မကောင်းခြင်း၊ သတ်သေလိုစိတ် ကိုယ့်ကိုယ်ကို နာကျင်လိုစိတ်များဖြစ်လာခြင်း

• အလွန်တက်ကြွခြင်း၊ စိတ်တိုခြင်း၊ ရန်ပြုလိုခြင်းများ သို့ အတက်ရောဂါ ပိုဆိုးလာခြင်း

• အသက်ရှူ မျှင်းခြင်း

• မူးမေ့လဲမလို ခံစားရခြင်း

• ကြွက်သားများ လှုပ်ခြင်း တုန်ခြင်း

• ဆီးအိမ်မထိန်းနိုင်တော့ခြင်း

• ဆီးနည်းခြင်း သို့ လုံးဝမသွားခြင်း

• အဖြစ်များသော ဘေးထွက်ဆိုးကျိုးများမှာ –

• မှတ်ဉာဏ်ပြဿနာ

• ငိုက်မျဉ်းခြင်း၊ မူးချာပတ်ချာခံစားရခြင်း

• ဂဏာမငြိမ်ခြင်း

• ကြွက်သားအားနည်းခြင်း

• ပျို့ခြင်း၊ ဝမ်းချုပ်ခြင်း

• သွားရည်ကျခြင်း အာခြောက်ခြင်း အာလေးခြင်း

• အမြင်ဝါးခြင်း နှစ်ရိပ်နှစ်ထပ်မြင်ခြင်း

• အရေပြားယားယံခြင်း အဖုအပိန့်ထွက်ခြင်း

• လိင်ကိစ္စ စိတ်မပါခြင်း

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများအား ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါသည်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Diazepam (ဒိုင်ရာဇီပန်) နဲ့ ဓါတ်ပြုနိုင်သလဲ

Diazepamသည်သင်အခုသောက်သုံးနေသည့်တခြားသော ဆေးဝါးများနှင့် ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးများကျိုးသက်ရောက်မှုပုံစံနှင့်ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သောဆေးဝါးဓါတ်ပြုမှုများမဖြစ်လာစေရန်သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံး၏စာရင်းကိုပြုစုထားပြီး (စာရင်းလုပ်သည့်အခါဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲ သောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူအား အမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနှင့်။)

ဤဆေးအား အောက်ပါဆေးများနှင့် တွဲမသုံးရပါ။ သို့သော် တစ်ချို့ရောဂါများတွင် တွဲရနိုင်သည်။ အကယ်၍ ဆေးနှစ်ခုလုံး တွဲသုံးရန်ညွှန်ပါက သင်၏ဆရာဝန်သည် ဆေးပမာဏ သို့ သောက်ရမည်အချိန်တို့ကို ပြောင်းလဲပါလိမ့်မည်။ Alfentanil, Amobarbital, Anileridine, Aprobarbital, Buprenorphine, Butabarbital, Butalbital, Carbinoxamine, Carisoprodol, Chloral Hydrate, Chlorzoxazone, Cobicistat, Codeine, Dantrolene, Eslicarbazepine Acetate, Ethchlorvynol, Etravirine, Fentanyl, Fosphenytoin, Fospropofol, Hydrocodone, Hydromorphone, Itraconazole, Ketorolac, Levorphanol, Meclizine, Meperidine, Mephenesin, Mephobarbital, Meprobamate, Metaxalone, Methadone, Methocarbamol, Methohexital, Mirtazapine, Morphine, Morphine Sulfate Liposome, Orlistat, Oxycodone, Oxymorphone, Pentobarbital, Phenobarbital, Phenytoin, Primidone, Propoxyphene, Remifentanil, Secobarbital, Sodium Oxybate, Sufentanil, Suvorexant, Tapentadol, Thiopental, Zolpidem.

ဤဆေးနှင့် အောက်ပါဆေးများကိုတွဲသုံးလျှင် တစ်ချို့သော ဘေးထွက်ဆိုးကျိုးများကို ပိုဆိုးစေနိုင်သည်။ သို့သော ဆေးနှစ်ခုတွဲသုံးခြင်းသည် အကောင်းဆုံး ကုသမှုလဲ ဖြစ်နေနိုင်ပါသည်။ အကယ်၍ ဆေးနှစ်ခုလုံး တွဲသုံးရန်ညွှန်ပါက သင်၏ဆရာဝန်သည် ဆေးပမာဏ သို့ သောက်ရမည်အချိန်တို့ကို ပြောင်းလဲပါလိမ့်မည်။ Amitriptyline, Amprenavir, Clarithromycin, Dalfopristin, Disulfiram, Erythromycin, Fluvoxamine, Ginkgo, Isoniazid, Perampanel, Quinupristin, Rifapentine, Roxithromycin, St John’s Wort, Theophylline, Troleandomycin.

အစားအသောက်တွေနဲ့ အရက်က Diazepam (ဒိုင်ရာဇီပန်) နဲ့ ဓါတ်ပြုနိုင်သလား

Diazepamက အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သော ပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓါတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဤဆေးနှင့် အောက်ပါတို့ကိုတွဲသုံးလျှင် တစ်ချို့သော ဘေးထွက်ဆိုးကျိုးများကို ပိုဆိုးစေနိုင်သည်။ သို့သော် နှစ်ခုတွဲသုံးခြင်းသည် အကောင်းဆုံး ဖြစ်နေနိုင်ပါသည်။ အကယ်၍ နှစ်ခုလုံး တွဲသုံးရန်ညွှန်ပါက သင်၏ဆရာဝန်သည် ဆေးပမာဏ သို့ သောက်ရမည်အချိန်တို့ကို ပြောင်းလဲပါလိမ့်မည်။ သို့မဟုတ် အစားအစာ၊ အရက် သို့မဟုတ် ဆေးရွက်ကြီး ဂရိတ်ဖုဖျော်ရည် စသည်တို့နှင့် ပါတ်သတ်သည့် အထူးညွှန်ကြားချက်များကို ပေးပါလိမ့်မည်။

ဘယ်ရောဂါအခြေအနေတွေက Diazepam (ဒိုင်ရာဇီပန်) နဲ့ ဓါတ်ပြုနိုင်သလဲ

Diazepamသည်သင်၏နဂိုကျန်းမာရေးအခြေအနေများနှင့် သက်ရောက်ဓါတ်ပြုမှုများရှိနိုင်ပါသည်။ သင်၏ကျန်းမာရေးအခြေအနေအားပိုဆိုးသွားစေခြင်း သို့မဟုတ် ဆေးသက်ရောက်မှုပုံစံ ပြောင်းလဲသွားခြင်းများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင်၏ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီး၏။ အထူးသဖြင့်

• အရက်သောက်ခြင်း၊ သို့ ဆေးစွဲခြင်း

• Diazepam စွဲခြင်း

• အသက်ရှူရခက်ခြင်း၊ အဆုတ်ပြဿနာများ၊

• ရေတိမ်- ထောင့်ပိတ်ရေတိမ်

• အသည်းရောဂါ

• Myasthenia gravis

• အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း – ဤအခြေအနေရှိသော လူနာများတွင် ဆေးကိုမသုံးရပါ

• စိတ်ကျရောဂါရှိဖူးလျှင် – သတိနှင့်သုံးပါ။ အခြေအနေကို ပိုဆိုးသွားစေနိုင်ပါသည်။

• ကျောက်ကပ်ရောဂါ

• အသည်းရောဂါ အပျော့သို့ ပြင်းထန် – သတိနှင့်သုံးပါ။ ဆေးများကို ခန္ဓါကိုယ်မှ မစွန့်ထုတ်နိုင်သောကြောင့် အာနိသင် ပိုတိုးသွားနိုင်ပါသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Diazepam (ဒိုင်ရာဇီပန်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

စိုးရိမ်တတ်ခြင်းအတွက် လူကြီးသုံးရန် ပုံမှန်ဆေးပမာဏ

တစ်ရက်လျှင် 1-10 mg နှစ်ကြိမ်မှ လေးကြိမ်။

အသားဆေးနှင့် အကြောဆေး – 2-5 mg (အလယ်အလတ် စိုးရိမ်တတ်ခြင်းအတွက်) သို့ 2-10 mg (ပြင်းထန်စွာ စိုးရိမ်တတ်ခြင်းအတွက်) တစ်ခါသုံးနိုင်ပါသည်။ လိုအပ်ပါက ၃ -၄ နာရီကြာလျှင် ထပ်ထိုးနိုင်ပါသည်။

အရက်ဖြတ်ခြင်းအတွက် အတွက် လူကြီးသုံးရန် ပုံမှန်ဆေးပမာဏ

ပထမ ၂၄ နာရီအတွင်း 10 mg ၃-၄ ကြိမ်။ ပြီးနောက် 5 mg အား လိုအပ်သလို ၃-၄ကြိမ်ထိ သောက်နိုင်သည်။

အသားဆေးနှင့် အကြောဆေး – 5-10 mg တစ်ကြိမ်။ လိုအပ်လျှင် ၃ -၄နာရီကြာပါက ထပ်ထိုးနိုင်သည်။

ICU Agitation အတွက် လူကြီးသုံးရန် ပုံမှန်ဆေးပမာဏ

ကနဦးပမာဏ – acute agitation အား ထိန်းနိုင်ရန် 0.02 to 0.08 mg/kg နှုန်းဖြင့် ၂ -၅ မိနစ်ကြာထိုးရန်။ ဝ.၅ မှ ၂ နာရီကြာတိုင်း ထိုးနိုင်သည်။

ထိန်းသိမ်းပမာဏ – အကြောဆေးဖြင့် 0.4 to 0.2 mg/kg/hr နှုန်း တောက်လျောက်သွင်းပါ။

ကြွက်သားအလွန် ကျုံ့ဆန့်ခြင်း အတွက် လူကြီးသုံးရန် ပုံမှန်ဆေးပမာဏ

တစ်ရက်လျှင် 2-10mg ၃-၄ကြိမ် သောက်ရန်။

အသေားဆေးနှင့် အကြောဆေး – ကနဦးတွင် 5-10 mg။ ထို့နောက် ၃-၄နာရီကြာလျှင် 5-10 mg ။ လိုအပ်ပါက ဥပမာ – မေးခိုင်ဆိုလျှင် ပိုများသည့်ပမာဏ လိုပါလိမ့်မည်။

အတက်ရောဂါ အတွက် လူကြီးသုံးရန် ပုံမှန်ဆေးပမာဏ

2-10 mg အား တစ်ရက်လျှင် ၂ -၄ ကြိမ်သောက်ရန်။

စအိုသွင်းဂျဲလ် – 0.2mg/kg နှုန်း။ တွက်၍ရသည့် အနီးစပ်ဆုံး ဆေးပမာဏကိုယူပါ။ ထပ်လောင်းပမာဏ ၂.၅ mg အား ပထမဆေးသွင်းစဉ် ထွက်ကျပါက ထပ်ဖြည့်နိုင်သည်။ 4-12 နာရီကြာလျှင် ထပ်ထည့်နိုင်သည်။ ၅ ရက်လျှင် အများဆုံး တစ်ကြိမ်သာတက်ပြီး တစ်လလျှင် ၅ ကြိမ်သာ ရှိမည်ဖြစ်သည်။

Endoscopy သို့ ဓါတ်ကင်ရန် ကြိုတင်ဆေးပေးခြင်းအတွက် လူကြီးသုံးရန် ပုံမှန်ဆေးပမာဏ

အကြောဆေး – 10 mg သို့ 10 အောက်ဆိုလျှင် ပုံမှန်အားဖြင့် လုံလောက်ပါသည်။ သို့သော် တစ်ချို့လူနာများတွင် လိုအပ်သော အိပ်ချင်စိတ် ရရှိစေရန်အတွင် 20 mg ထိ လိုနိုင်ပါသည်။

အသားဆေး – အကြောဆေးသုံးမရလျှင် စစ်ဆေးကုသမှုမလုပ်ခင် နာရီဝက်ခန့်ကြို၍ 5-10 mg ထိုးနိုင်ပါသည်။

ဘိန်းပါသောအနာပျောက်ဆေးများအား သုံးပုံတစ်ပုံခန့် လော့ချရပြီး တစ်ချို့တွင် ဆေးရပ်ထားရန်လိုအပ်သည်။

Status Epilepticus (ဝက်ရူးပြန်ခြင်း) အတွက် လူကြီးသုံးရန် ပုံမှန်ဆေးပမာဏ

အသားဆေးနှင့် အကြောဆေး – ကနဦးအစတွင် 5-10 mg (အကြောဆေးဆိုပိုကောင်းသည်)

10 – 15 မိနစ်ခြားပြီး ထပ်ထိုးနိုင်သည်။ 30 mg အများဆုံးထိ ထိုးနိုင်သည်။

မေ့ဆေး အတွက် လူကြီးသုံးရန် ပုံမှန်ဆေးပမာဏ

မေ့ဆေးမပေးခင် ဆေးကြိုပေးခြင်း –

10 mg အသားဆေးအား မခွဲစိတ်မီ ၁-၂ နာရီကြို ထိုးပါ။

ကလေးတွေအတွက် Diazepam (ဒိုင်ရာဇီပန်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

{ယေဘူယျအသိပေးချက် – ကလေးလူနာများ၌ အချိုးအစားဘယ်လောက်ပေးရမည်ဆိုခြင်းအား အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မည်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်၌ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ရာလိုအပ်ပါသည်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင်၏ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။)

အတက်ရောဂါအတွက် ကလေးသုံးရန် ပုံမှန်ပမာဏ

စအိုသွင်းဂျဲလ်

မွေးကင်းစမှ ၆လအောက်: လမ်းညွှန်မထားပါ။ benzoic acid, benzyl alcohol, ethanol 10%, propylene glycol နှင့် sodium benzoate တို့ပါသော ထုတ်ကုန်များ မသုံးရပါ။ ဗဟိုအာရုံကြောစနစ် ဖိနှိပ်မှုအတော်ကြာကြောင်း Diazepam သုံးသည့် မွေးကင်းစများတွင် တွေ့ရသည်။

မွေးကင်းစ ၆ လ မှ ၂ နှစ်ထိ: မသတ်မှတ်ရသေးပါ။

၂ နှစ်မှ ၅ နှစ်: 0.5 mg/kg တွက်ချက်ရသည့် အနီးဆုံး ပမာဏကို ယူပါ။

၆ မှ ၁၁နှစ်: 0.3 mg/kg, တွက်ချက်ရသည့် အနီးဆုံး ပမာဏကို ယူပါ။

၁၂ နှစ်နှင့်အထက်: 0.2 mg/kg, တွက်ချက်ရသည့် အနီးဆုံး ပမာဏကို ယူပါ။ ထပ်လောင်းပမာဏ ၂.၅ mg အား ပထမဆေးသွင်းစဉ် ထွက်ကျပါက ထပ်ဖြည့်နိုင်သည်။ 4-12 နာရီကြာလျှင် ထပ်ထည့်နိုင်သည်။ ၅ ရက်လျှင် အများဆုံး တစ်ကြိမ်သာတက်ပြီး တစ်လလျှင် ၅ ကြိမ်သာ ရှိမည်ဖြစ်သည်။

Status Epilepticus (ဝက်ရူးပြန်ခြင်း) အတွက် ကလေးသုံးရန် ပုံမှန်ပမာဏ

မွေးကင်းစ: အကြောဆေး – (ကနဦးသုံးရမည့်ဆေးအဖြစ် မသတ်မှတ်ထားပါ။ ဤဆေးတွင် benzoic acid, benzyl alcohol နှင့် sodium benzoate တို့ ပါဝင်သောကြောင့်ဖြစ်သည်။) 0.1 to 0.3 mg/kg/dose နှုန်းဖြင့် ၃-၅ မိနစ်ကြာအောင်ထိုးပြီး ၁၅-၃၀ မိနစ်ကြာလျှင် 2mg အများဆုံးထိ ထပ်ထိုးနိုင်သည်။

မွေးကင်းစ ရက် ၃၀: အကြောဆေး – 0.1 to 0.3 mg/kg နှုန်းဖြင့် ၃-၅ မိနစ်ကြာအောင်ထိုးပြီး ၅-၁၀ မိနစ်ကြာလျှင် 10mg/dose နှုန်း အများဆုံးထိ ထပ်ထိုးနိုင်သည်။

ထုတ်ဝေသူမှ ထောက်ခံချက်:

ရက် ၃၀ အထက်နှင့် ၅ နှစ်အောက်: အကြောဆေး – 0.2-0.5 mg အား၂-၅ မိနစ်ကြာအောင် ဖြည်းဖြည်းချင်းထိုးပြီး 5 mg အများဆုံးထိ ထိုးနိုင်ပါသည်။ လိုအပ်လျှင် ၂-၄ နာရီးခြားပြီး ထပ်ထိုးနိုင်ပါသည်။

၅ နှစ်နှင့် အထက်1 mg အား အား၂-၅ မိနစ်ကြာအောင် ဖြည်းဖြည်းချင်းထိုးပြီး 10 mg အများဆုံးထိ ထိုးနိုင်ပါသည်။ လိုအပ်လျှင် ၂-၄ နာရီးခြားပြီး ထပ်ထိုးနိုင်ပါသည်။

စိုးရိမ်ခြင်း အတွက် ကလေးသုံးရန် ပုံမှန်ပမာဏ

၁ မှ ၁၂နှစ်:

0.12 to 0.8 mg/kg/day အား ခွဲပြီး ၆-၈ နာရီခြားပြီး တိုက်ပါ။

အသားဆေး: 0.04 to 0.3 mg/kg နှုန်းဖြင့် ၂-၄နာရီခြားပြီး လိုအပ်သလို ထိုးနိုင်သည်။ အများဆုံးမှာ ၈နာရီအတွင်း 0.6 mg/kg နှုန်းသာရှိရမည်။

ကလေးများတွင် အဖျားကြီး၍တက်ခြင်းအား ကာကွယ်ရန်: သောက်ဆေး: 1 mg/kg/day နှုန်းဖြင့် ခွဲခြမ်းကာ ၈ နာရီခြားပြီး တိုက်နိုင်သည်။

အဖျားစသည့်အချိန်တွင် ကနဦးကုသမှုအဖြစ်စတိုက်ပြီး အဖျားပျောက်ပြီးနောက်၂၄နာရီအထိ တိုက်ပါ။

ကြွက်သားအလွန်ကျုံ့ဆန့်ခြင်းအတွက် ကလေးသုံးရန် ပုံမှန်ပမာဏ

၁ မှ ၁၂ နှစ်:

0.12 to 0.8 mg/kg/day နှုန်းဖြင့် ခွဲခြမ်းပြီး ၆-၈နာရီခြား တိုက်ပါ။

အသားဆေး: 0.04 to 0.3 mg/kg နှုန်းဖြင့် ၂-၄ နာရီခြား လိုအပ်လိုထိုးနိုင်ပြီး အများဆုံး ပမာဏမှာ ၈ နာရီအတွင်း 0.6 mg/kg နှုန်းသာရှိရမည်။

ကလေးများတွင် အဖျားကြီး၍တက်ခြင်းအား ကာကွယ်ရန်: သောက်ဆေး: 1 mg/kg/day နှုန်းဖြင့် ခွဲခြမ်းကာ ၈ နာရီခြားပြီး တိုက်နိုင်သည်။

အဖျားစသည့်အချိန်တွင် ကနဦးကုသမှုအဖြစ်စတိုက်ပြီး အဖျားပျောက်ပြီးနောက်၂၄နာရီအထိ တိုက်ပါ။

အတက်ရောဂါ ကာကွယ်ရန်အတွက် ကလေးသုံးရန် ပုံမှန်ပမာဏ

1 to 12 years:

0.12 to 0.8 mg/kg/day နှုန်းဖြင့် ခွဲခြမ်းပြီး ၆-၈နာရီခြား တိုက်ပါ။

အသားဆေး: 0.04 to 0.3 mg/kg နှုန်းဖြင့် ၂-၄ နာရီခြား လိုအပ်လိုထိုးနိုင်ပြီး အများဆုံး ပမာဏမှာ ၈ နာရီအတွင်း 0.6 mg/kg နှုန်းသာရှိရမည်။

ကလေးများတွင် အဖျားကြီး၍တက်ခြင်းအား ကာကွယ်ရန်: သောက်ဆေး: 1 mg/kg/day နှုန်းဖြင့် ခွဲခြမ်းကာ ၈ နာရီခြားပြီး တိုက်နိုင်သည်။

အဖျားစသည့်အချိန်တွင် ကနဦးကုသမှုအဖြစ်စတိုက်ပြီး အဖျားပျောက်ပြီးနောက်၂၄နာရီအထိ တိုက်ပါ။

ခဏတာစိတ်ငြိမ်ဆေးအတွက် ကလေးသုံးရန် ပုံမှန်ပမာဏ

ကုသမှုလုပ်ငန်းစဉ်များအတွက် သတိရှိပြီး စိတ်ငြိမ်စေရန်:

၁ မှ ၁၂ နှစ်: 0.2 to 0.3 mg/kg နှုန်းဖြင့် ကုသမှုလုပ်ငန်းစဉ်မလုပ်ခင် ၄၅-၆၀မိနစ်ကြိုတင်၍ တိုက်ပါ။ 10 mg အများဆုံးထိုတိုက်နိုင်သည်။

၁၃ မှ ၁၈ နှစ်: 5 mg ၄၅-၆၀မိနစ်ကြိုတင်၍ တိုက်ပါ။ 2.5mg ထပ်တိုက်နိုင်သည်။

စိတ်ငြိမ်ဆေး:

၁ မှ ၁၂ နှစ်:

0.02 to 0.3 mg/kg လိုအပ်သလို ၆-၈ နာရီခြားပြီး တိုက်ရန်။

အသားဆေး : 0.04 to 0.3 mg/kg အသားဆေးအား လိုအပ်သလို ၂-၄ နာရီခြားပြီးထိုးပါ။ ၈ နာရီအတွင်း 0.6 mg/kg အများဆုံးထိုးနိုင်သည်။

၁၃ မှ ၁၈နှစ်:

2 to 10 mg အား လိုအပ်သလို ၂-၄ ကြိမ်တိုက်ပါ။

အသားဆေးနှင့် အကြောဆေး – 2-10 mg အား တစ်ရက်လျှင် ၂-၄ကြိမ် လိုအပ်သလိုထိုးနိုင်သည်။

မေးခိုင်ခြင်းအတွက် ကလေးသုံးရန် ပုံမှန်ပမာဏ

၁ လအောက်: 0.83 to 1.67 mg/kg/hour အား တောက်လျှောက်အကြောဆေးသွင်းခြင်း သို့မဟုတ် 1.67 to 3.33 mg/kg အား နှစ်နာရီကြာတိုင်း ဖြေးဖြေးထိုးခြင်း (20 to 40 mg/kg/day)။ Diazepam သည် မွေးကင်းစများအတွက် မရွေးချယ်ရသော ဆေးဖြစ်ပါသည်။ ၎င်းတွင် benzyl alcohol နှင့် propylene glycol တို့ပါဝင်သောကြောင့် ဖြစ်သည်။

၁ လမှ ၅ နှစ်: 1 to 2 mg အား အသားဆေးနှင့် အကြောဆေး ဖြည်းဖြည်းထိုးနိုင်ပြီ လိုအပ်သလို ၃-၄နာရီခြားလျှင် ထပ်ထိုးနိုင်သည်။ သို့မဟုတ် 15 mg/kg/day နှုန်းဖြင့် ခွဲခြားကာ ၂ နာရီခြားတစ်ခါထိုးနိုင်သည်။

၅ နှစ်အထက်: 5 to 10 mg အသားဆေး အကြောဆေးဖြည်းဖြည်းထိုးနိုင်ပြီး လိုအပ်သလို ၃-၄နာရီခြားပြီး ထိုးနိုင်သည်။

Diazepam (ဒိုင်ရာဇီပန်) ကိုဘယ်လိုရရှိနိုင်သလဲ

Diazepam ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

သောက်ဆေးပြား: 2 mg5 mg10 mg

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Diazepam ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမည့်အချိန်နှင့်နီးကပ်နေပြီဆိုပါက လွတ်သွားသောအကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်၌ပင် သောက်လိုက်ပါ။ ဆေးပမာဏအားနှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနှင့်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement