နှလုံးကျန်းမာရေး –အရည်အသွေးကောင်းတဲ့ ဗီတာမင်အားဆေးတွေသောက်သုံးခြင်းက နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ခြေကိုလျော့နည်းစေနိုင်ပါတယ်လို့ သုတေသနတွေကဖော်ပြပါတယ်။ ဗီတာမင်B1၊ B2၊ B6၊ K1၊ Niacin (B3) ၊CoQ10 နဲ့ magnesium တို့အားလုံးက နှလုံးကျန်းမာရေးအတွက် အရေးပါပါတယ်။
ကိုယ်ခံအားစနစ်- ဗီတာမင် C ဟာ ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးနိုင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ဗီတာမင် D နဲ့ E တို့ကလည်း ကိုယ်ခံအားကိုကောင်းစေတဲ့အပြင် ဓါတ်မတည့်မှုလက္ခဏာတွေကိုလျော့ပါးစေပါတယ်။
မျက်စိကျန်းမာရေး – ဗီတာမင်A၊ C၊ E၊ Niacin (B3) နဲ့ selenium တို့က မျက်စိကျန်းမာရေးကို အထောက်အပံ့ပေးပါတယ်။
ရေမှာပျော်ဝင်လွယ်တဲ့ဗီတာမင်များ – အဆီမှာပျော်ဝင်လွယ်တဲ့ဗီတာမင်တွေ(A၊ D၊ E နဲ့ K) ပိုလျှံရင် ခန္ဓါကိုယ်ထဲမှာ ထိန်းသိမ်းထားနိုင်ပါတယ်။ ရေမှာပျော်ဝင်လွယ်တဲ့ဗီတာမင်တွေကတော့ ခန္ဓါကိုယ်ကစွန့်ထုတ်လိုက်တဲ့အထဲပါသွားတတ်တယ်။ ဒီတော့ အဲဒီဗီတာမင်တွေကိုနေ့စဉ်ရရှိနေစေဖို့ အားဆေးသောက်ဖို့လိုပါလိမ့်မယ်။
ဆံပင်နဲ့အသားအရေ – ဗီတာမင်B3 (Niacin)၊ biotin နဲ့ ဗီတာမင် C တို့က ဆံသားကျန်းမာရေးအတွက်ကောင်းပြီး ဆံပင်သန်စေပါတယ်။ အသားအရေကျန်းမာလှပဖို့က ဗီတာမင် A ၊C ၊ E နဲ့ CoQ10တို့ကို လိုအပ်ပါတယ်။
ခွန်အားတိုးစေခြင်း- ဗီတာမင် ဘီအုပ်စုအပါအဝင် ဗီတာမင်အားဆေးတွေက ခွန်အားကိုတိုးစေပြီး စိတ်ဖိစီးမှုလျော့ပါးစေကာ ကျန်းမာသက်ရှည်စေပါတယ်။
နာလန်ထစ ကျန်းမာရေး – နာမကျန်းဖြစ်ထားပြီး နာလန်ထစ အချိန်မှာ မြန်မြန်ကျန်းမာလာစေဖို့ ဗီတာမင်အားဆေးတွေက ကူညီပေးပါတယ်။ ခန္ဓါကိုယ်မှာ ဆုံးရှုံးသွားတဲ့ခွန်အားတွေကိုမြန်မြန်ပြန်ရရှိနိုင်ဖို့ ဗီတာမင်နဲ့သတ္တုဓါတ်တွေဖြည့်တင်းဖို့လိုအပ်ပါတယ်။
အစားချင့်ချိန်စားရသူတွေ – အစားချင့်ချိန်စားနေသူတွေ၊ ဥပမာ – ကယ်လိုရီတွက်ပြီးစားနေတဲ့ အားကစားသမား သို့မဟုတ် သတ်သတ်လွတ်စားသူတွေမှာ လိုအပ်တဲ့အာဟာရဓါတ်တွေကို အစားအစာကနေ ရရှိနိုင်ဖို့မသေချာတဲ့အတွက် ဗီတာမင်အားဆေးတွေနဲ့မှပြည့်စုံမှာပါ။ ဥပမာ သတ်သတ်လွတ်သမားတွေမှာ အသားကနေရရှိနိုင်တဲ့ ဗီတာမင်ဘီအုပ်စုဝင်ဓါတ်တစ်ချို့ကို မရရှိနိုင်လို့ အားဆေးကနေပဲ ရရှိနိုင်မှာဖြစ်ပါတယ်။
ဦးနှောက်ဉာဏ်စွမ်း – လူတွေက အသက်ကြီးလာတာနဲ့အမျှ ဦးနှောက်စွမ်းရည်တွေကလျော့ကျလာပါတယ်။ သက်ကြီးပိုင်းရောက်လာတဲ့အခါ မှတ်ဉာဏ်စွမ်းရည်ယုတ်လျော့မှုကို ကာကွယ်နိုင်ဖို့၊နှေးကွေးစေဖို့ ဗီတာမင်အားဆေးတွေနဲ့အားဖြည့်ရပါတယ်။
ကျန်းမာရေးနဲ့ညီညွတ်မျှတစွာစားသုံးပေးဖို့က အဓိကအရေးကြီးသလို အစာအာဟာရနဲ့ကျန်းမာတဲ့လူနေမှုပုံစံကို အားဆေးနဲ့အစားထိုးလို့မရဘူးဆိုပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အာဟာရဓါတ်တွေလိုအပ်တဲ့အခါ ဗီတာမင်အားဆေးတွေနဲ့ပြန်ဖြည့်တင်းရပါတယ်။ ဗီတာမင်အားဆေးတွေက တစ်နေ့တစ်လုံးသောက်ရုံနဲ့ လိုအပ်နေတဲ့နေရာကိုပြန်လည်ဖြည့်တင်း ကူညီပေးနိုင်ပါတယ်။ ဥပမာ ကျန်းမာရေးအတွက် အဓိကအရေးပါတဲ့ ဗီတာမင်နဲ့သတ္တုဓါတ် ၂၆ မျိုးပါရှိတဲ့ Renovit အားဆေးဟာ အသက်ကြီးသူများ၊ နာလန်ထစ လူနာများ၊ အစားနည်းသူများလို အာဟာရမပြည့်ဝသူတွေအတွက် အထူးသင့်လျော်ပါတယ်။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။