backup og meta

ဗီတာမင်ဘီ၃ ဆိုတာဘာလဲ

ဗီတာမင်ဘီ၃ ဆိုတာဘာလဲ

ဗီတာမင်ဘီ၃ (Niacin) ကို မည်သည့်အကြောင်းအရာများအတွက် အသုံးပြုကြပါသလဲ။

ဗီတာမင်ဘီ၃ (Niacin) ကို ထိုဓါတ်ချို့တဲ့ခြင်း၊သွေးထဲတွင် Triglycerides အဆီဓါတ်နည်းခြင်းကိုကာကွယ်ရန် နှင့်ကုသရန်သောက်သုံးကြပါသည်။

၎င်းကိုနှလုံးရောဂါရှိသူများတွင် နှလုံးထိခိုက်မှုကိုလျှော့ချရန်နှင့် အဆီဓါတ်လျှော့နည်းစေရန်နှင့် နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်ရန် သုံးပါသည်။

ဗီတာမင်ဘီ၃ ကို အခြားသော နေရာများတွင်လည်း အသုံးပြုနိုင်ပါသည်။ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်များနှင့်တိုင်ပင်သင့်သည်။

Vitamin B3 (Niacin) ကို ဘယ်လိုသောက်သုံးသင့်ပါသလဲ။

ဆေးတောင့်၊ ဆေးပြား

အစာနှင့်တွဲ၍ဖြစ်စေ၊ ဆေးချည်းဖြစ်စေ ရေတစ်ခွက်နှင့်သောက်ပါ။ ဆေးကို မဝါးရ။ မချေရ။

ဆေးရည်

သက်မှတ်ထားသောဇွန်း၊ ခွက်ဖြင့်သောက်ပါ။

မရှင်းလင်းသည်များရှိလျှင် ဆရာဝန်သို့မဟုတ် ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများနှင့် တိုင်ပင်သင့်ပါသည်။

ဗီတာမင်ဘီ၃ (Niacin) ကိုဘယ်လို သိုလှောင်သိမ်းဆည်းထားသင့်ပါသလဲ။

ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်

ဗီတာမင်ဘီ၃ ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ ဗီတာမင်ဘီ၃(Niacin) ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ ဗီတာမင် ဘီ၃ (Niacin) ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

ဗီတာမင်ဘီ၃ (Niacin) ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ

ဗီတာမင်ဘီ၃ (Niacin) ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

သတိပြုရမည့်အချက်များနှင့် သတိပေးချက်များ

Vitamin B3 (Niacin) ကိုမသောက်သုံးခင်မှာ ဘယ်အချက်အလက်တွေကို သိထားသင့်သလဲ။

ဗီတာမင်ဘီ ၃ (Niacin) မသောက်ခင် အောက်ပါအချက်များရှိပါက ဆရာဝန်နှင့်တိုင်ပင်ပါ။

  • မိမိတွင်ကိုယ်ဝန်ရှိလျှင် သို့မဟုတ် နို့တိုက်သောမိခင်ဖြစ်လျှင်
  • သင်သောက်နေသော ဆေးများ (ဆေးညွှန်းပါ/မပါသောဆေးများ၊တိုင်းရင်းဆေးများ) ရှိလျှင်
  • မိမိတွင်ဓါတ်မတည့်ခြင်းများရှိလျှင်
  • အခြားရောဂါများရှိလျှင် ဆရာဝန်ကိုပြောပြပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့အချိန်မှာ သောက်ဖို့ စိတ်ချရရဲ့လား။

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ထိုကြောင့် ဗီတာမင်ဘီ၃ ကိုကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆရာဝန်နှင့်အမြဲတိုင်ပင်ပါ။

ဘေးထွက် ဆိုးကျိုးများ

Vitamin B3 (Niacin) က ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်လဲ။

တွေ့ရလေ့ရှိသော လက္ခဏာများမှာ ဝမ်းလျှောခြင်းနှင့် ချောင်းဆိုးခြင်းတို့ဖြစ်သည်။ သို့သော် အောက်ပါ ဆိုးကျိုးလက္ခဏာများပေါ်ပေါက်ပါက အရေးပေါ်ဆေးခန်းသို့သွားပြရမည်။

  • ခေါင်းကိုက်ခြင်း၊ခေါင်းမူးခြင်း
  • နှလုံးခုန်မြန်ခြင်း
  • တုပ်ကွေးကဲ့သို့ ကိုယ်လက်ကိုက်ခဲခြင်း ၊ လည်ချောင်းနာပြီးဖျားခြင
  • ပုံမှန်ထက် ဆီးသွားနည်းခြင်း
  • သွေးဝမ်းသွားခြင်း၊ ဝမ်းအရည်များသွားခြင်း
  • ဖြူဖျော့လာခြင်း၊ အသားဝါခြင်း၊ဆီးအရောင် မဲမဲသွားခြင်း၊ ဆီးနောက်ခြင်း နှင့် ဆီးတွင်သွေးပါခြင်း ပင်ပန်းနွမ်းနယ်ခြင်း
  • အစားအသောက်ပျက်ခြင်း
  • ကျောနှင့်ရင် ညှပ်အောင့်ခြင်း၊ပျို့အန်ခြင်း
  • အသက်ရှုကျပ်လာခြင်း နှင့် အစာမျိုရခက်ခြင်း
  • အနီဖုများထခြင်း၊ မျက်နှာ နှုတ်ခမ်းနှင့်လျှာတို့ ဖောင်းလာရောင်လာခြင်း(မျက်နှာနှင့်ကိုယ်ပေါ်တွင်)တို့ဖြစ်သည်။

အခြားသောဘေးထွက်ဆိုးကျိုးများစွာရှိနိုင်ပါသေးသည်။ ဗီတာမင်ဘီ၃ သောက်သူတိုင်း ထိုဘေးထွက်ဆိုးကျိုးများ ခံစားရသည်မဟုတ်ပါ။ အသေးစိတ်သိရှိလိုပါက ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့်တိုင်ပင်သင့်သည်။

ဆေးဝါးဓါတ်ပြုမှုများ

ဘယ်ဆေးဝါးတွေက Vitamin B3 (Niacin) နဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်သလဲ။

ဗီတာမင်ဘီ၃ (Niacin) သည် မိမိယခုလက်ရှိသောက်သုံးနေသောဆေးဝါးများ၏ အာနိသင်များပြောင်းလဲသွားနိုင်ပြီး ဘေးထွက်ဆိုးကျိုးများကိုလည်းပိုဆိုးစေနိုင်ပါသည်။

ထို့ကြောင့်ဖြစ်နိုင်ခြေရှိသော ဓါတ်မတည့်မှုများကိုလျှော့ချရန် သင်သောက်နေသော ဆေးများ (ဆေးညွှန်းပါ/မပါသောဆေးများ၊တိုင်းရင်းဆေးများ)ကို စာရင်းလုပ်ပြီး ဆရာဝန်နှင့်တိုင်ပင်ပါ။ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်၏ ခွင့်ပြုချက်မပါဘဲ ဆေးများကို ၎င်းမိမိသဘောနှင့်အတိုးအလျှော့ပြုခြင်း၊ဆေးဖြတ်လိုက်ခြင်းတို့ မပြုလုပ်ရပါ။

အောက်ပါဆေးများသောက်နေပါက သင့်ဆရာဝန်အားပြောပါ။

  • Tetracycline :၎င်းသည် ဗီတာမင်ဘီ၃ ၏စုပ်ယူနိုင်မှုအာနိသင်ကိုလျော့နည်းစေသည်။ ထို့ကြောင့် Tetracycline ကို ဗီတာမင်ဘီ အုပ်စုပါဝင်သောဆေးများနှင့်တွဲမသောက်သင့်ပါ။
  • Aspirin :ဗီတာမင်ဘီ၃ မသောက်မီ Aspirin သောက်လျှင် ဆေးအာနိသင်ကိုပိုပြင်းထန်စေသည်။
  • phenytoin (Dilantin) နဲ့ valproic acid (Depakote) သောက်သူများတွင် ဗီတာမင်ဘီ၃ ဓါတ်ချို့တဲ့သည်ကိုတွေ့ရသည်။
  • withcarbamazepine (Tegretol) (သို့) Mysoline (Primidone) ၏အာနိသင်သည် ဗီတာမင်ဘီ၃ ကြောင့် ပြင်းထန်တတ်သည်။
  • သွေးကျဲဆေးများ နှင့်တွဲသောက်မိပါက သွေးထွက်လွန်တတ်သည်။
  • Alpha blocker ကဲ့သို့သော သွေးပေါင်ကျဆေးမျိုးနှင့် တွဲသောက်မှုလျှင် သွေးပေါင်အကျလွန်တတ်သည်။
  • colestipol (Colestid)၊ colesevelam (Welchol) နဲ့ cholestyramine (Questran) စသောသည်းခြေရည်နှင့် ပေါင်းစပ် အဆီကျဆေးများ၏ အာနိသင်ကို လျော့နည်းစေသည်။
  • Statin အုပ်စု အဆီကျဆေးများနှင့်တွဲသောက်လျှင် နှလုံးရောဂါပိုဆိုးလာမှုနှုန်းနည်းစေသည်ဟု ဆိုသော်လည်း ကြွက်သားရောင်ရမ်းခြင်းနှင့် အသည်းပျက်စီးခြင်းတို့ဖြစ်တတ်သည်
  • ဆီးချိုဆေးများ (သောက်ဆေး/အင်ဆူလင်ထိုးဆေး)များ နှင့်တွဲသောက်လျှင် သွေးတွင်းအချိုဓါတ် မြင့်တင်နိုင်သောကြောင့် သေချာစွာ တိုင်းတာစောင့်ကြည့်ရန်လိုအပ်သည်။
  • TB ရောဂါဆေးများသည် ဗီတာမင်ဘီ၃ ဓါတ်ကိုချို့တဲ့စေသည်။
  • နီကိုတင်း ကပ်ခွာများ၏အာနိသင်သည် ဗီတာမင်ဘီ၃ နှင့်တွဲလျှင် မျက်နှာနီရဲခြင်းတို့ဖြစ်ကာပိုဆိုးစေသည်။

အစားအသောက် ဒါမှမဟုတ် အရက်သေစာတွေက ဗီတာမင်ဘီ၃ (Niacin) နဲ့ ဓါတ်ပြုနိုင်ပါသလား။

ဗီတာမင်ဘီ၃ (Niacin) က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ အသည်းကိုပို၍အဆိပ်အတောက်ဖြစ်စေပါသည်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဗီတာမင်ဘီ၃ (Niacin) သည်မည်သည့်ရောဂါအမျိုးအစားများနှင့်ဓါတ်ပြုနိုင်ပါသနည်း။

ဗီတာမင်ဘီ၃ (Niacin) ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့လက်ရှိကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီးပါတယ်။

အထူးသဖြင့်သင့်မှာ

  • ကျောက်ကပ်ရောဂါ၊ အသည်းရောဂါ
  • ဆီးချို
  • နှလုံးရောဂါ နှင့် နှလုံးအောင့်ခြင်း
  • အဆစ်ရောင်ရောဂါ
  • ကြွက်သားအားနည်းသောရောဂါများရှိပါက ပို၍အရေးကြီးပါသည်။

သောက်သုံးရမည့်ပမာဏ

အရွယ်ရောက်ပြီးသူတွေမှာ ဗီတာမင်ဘီ၃ (Niacin) ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

သင့်ရောဂါအပေါ်မူတည်၍ဆေးအချိုးအစားကွာခြားမှုရှိသည်။

အာဟာရတန်ဖိုးမျှတစေရန်လိုအပ်သော ပမာဏ

နေ့စဉ်လိုအပ်ချက်အတွက် သတ်မှတ်ထားသော ပမာဏမှာ-

  • အသက် ၁၉နှစ်နှင့် အထက် အမျိုးသား – ၁၆ မီလီဂရမ်
  • အသက် ၁၉နှစ်နှင့် အထက် အမျိုးသမီး -၁၄ မီလီဂရမ်
  • ကိုယ်ဝန်သည် -၁၈ မီလီဂရမ်
  • နို့တိုက်မိခင် – ၁၇ မီလီဂရမ်

ဖြည့်စွက်အာဟာရအတွက် သတ်မှတ်ထားသော ပမာဏမှာ-

၅၀ မီလီဂရမ် တစ်နေ့ ၂ကြိမ် သို့မဟုတ် ၁၀၀ မီလီဂရမ် တနေ့တစ်ကြိမ်

သွေးထဲတွင် အဆီပမာဏများသူတို့အတွက်-

ချက်ချင်း အာနိသင်ပြသောဆေး

၂၅၀ မီလီဂရမ် တစ်နေ့တကြိမ်

၁.၅-၂ မီလီဂရမ် တစ်နေ့ ၃-၄ ကြိမ်(အပတ်စဉ် ဆေး၏ အာနိသင်ပြမပြ နှင့် လူနာ၏ခံနိုင်ရည်ကိုစမ်းသပ်ရမည်။)

ထို့နောက် ၂-၄ ပတ်ခြားတခါ ဆေးညှိရမည်။

အများဆုံးသောက်သုံးနိုင်သော ပမာဏ ၁-၂မီလီဂရမ် တနေ့တကြိမ် ဖြစ်သည်။

ဗီတာမင်ဘီ၃ ချို့တဲ့ခြင်းကြောင့်ဖြစ်သော pelllgara ရောဂါ (အရေပြားရောင်၊ မှတ်ဉာဏ်ချို့ယွင်း၊ ပါးစပ်အနာဖြစ်၊ ဝမ်းလျှော) အတွက်-

  • ၅၀-၁၀၀ မီလီဂရမ် တနေ့ ၃-၄ ကြိမ်
  • အများဆုံးသောက်သုံးနိုင်သော ပမာဏမှာ ၅၀၀ မီလီဂရမ် တနေ့တကြိမ်

ကလေးငယ်တွေမှာ ဗီတာမင်ဘီ၃ (Niacin) ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

အာဟာရတန်ဖိုးမျှတစေရန်လိုအပ်သော ပမာဏ

နေ့စဉ်လိုအပ်ချက်အတွက် သတ်မှတ်ထားသော ပမာဏမှာ-

  • အသက် ၆ လအထိ ၂ မီလီဂရမ်
  • အသက် ၆ လမှ ၁နှစ် အထိ ၃မီလီဂရမ်
  • အသက် ၁-၄ နှစ် ၆မီလီဂရမ်
  • အသက် ၄-၉ နှစ် ၈မီလီဂရမ်
  • အသက် ၉-၁၄ နှစ် ၁၂မီလီဂရမ်
  • အသက် ၁၄-၁၈ နှစ် ၁၆မီလီဂရမ် (ယောင်္ကျားလေး) ၁၄မီလီဂရမ် (မိန်းကလေး)

ဗီတာမင်ဘီ၃ ချို့တဲ့ခြင်းကြောင့်ဖြစ်သော pelllagra ရောဂါ (အရေပြားရောင်၊ မှတ်ဉာဏ်ချို့ယွင်း၊ ပါးစပ်အနာဖြစ်၊ ဝမ်းလျှော)ရောဂါအတွက်-

၅၀-၁၀၀ မီလီဂရမ် တစ်နေ့ ၃ ကြိမ်

ဗီတာမင်ဘီ၃ (Niacin) ကိုဘယ်လိုပုံစံတွေနဲ့ရနိုင်သလဲ။

  • ဆေးတောင့် ၅၀၀ မီလီဂရမ်
  • ဆေးပြား ၅၀၀ မီလီဂရမ်
  • ဆေးပြား ၅၀၀ ၊ ၇၅၀၊ ၁၀၀၀ မီလီဂရမ်
  • ဆေးရည် ၁၀၀ မီလီ
  • ဝ.၀၁% ကိုယ်လိမ်းခရင်မ်၊ လိုး၇ှင်းအရည်၊ပေါင်ဒါ၊ ဖြန်းဆေး နှင့် မျက်နှာကပ်

အရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

ဗီတာမင်ဘီ၃ (Niacin) ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Niacin. https://www.drugs.com/niacin.html. Accessed October 08, 2016.
Niacin. http://umm.edu/health/medical/altmed/supplement/vitamin-b3-niacin. Accessed October 08, 2016.
Niacin. https://medlineplus.gov/druginfo/meds/a682518.html. Accessed October 08, 2016.

ယခုပုံစံ

12/05/2020

Dr. Zin Thu Thu Win မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Enervon-C (အန်နာဗွန် စီ)

သွေးတွင်းအဆီကျစေနိုင်တဲ့ ဆေးတွေက ဘယ်လို ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်လဲ!



Dr. Zin Thu Thu Win မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement