လောလောလတ်လတ် Bပိုးကူးထားတဲ့သူတွေကို အများအားဖြင့် လက္ခဏာသက်သာအောင်ပဲ ကုသလေ့ရှိပါတယ်။ အများစုကလည်း လပိုင်းလောက်နေရင် သက်သာသွားကြပါတယ်။
Bပိုးကူးခံရတာကို ဘာကြောင့် ဆေးတွေ မတိုက်လဲ။ Bပိုးက အသည်းကင်ဆာဖြစ်တတ်တယ်ဆို ဘာလို့ မကုပေးလဲဆိုပြီး တွေးနေမှာပါ။ Bပိုးကူးခံရသူအများစုက လပိုင်းလောက်နေရင် ပိုးတွေပျောက်သွားတတ်ပါတယ်။ Bပိုးကူးခံရတိုင်း လူတိုင်းက နာတာရှည် အသည်းရောင်အသားဝါ အဆင့်ကို ရောက်ကြတာ မဟုတ်ပါဘူး။ ဒါကြောင့် လပိုင်းလောက် စောင့်ကြည့်ပြီး သွေးပြန်စစ်ပါလိမ့်မယ်။ သွေးစစ်လို့ Bပိုးဆက်ရှိနေသေးတယ်ဆိုမှသာ ဆေးဆက်ကုဖို့ လိုပါလိမ့်မယ်။
နာတာရှည် အသည်းရောင် အသားဝါ Bပိုး ပျောက်အောင် ဘယ်လိုကုသလဲ။
လတ်တလော ပိုးကူးခံရပြီး ၆လကြာလို့ သွေးပြန်စစ်ကြည့်တာ ပိုးဆက်ရှိနေသေးရင်ဖြစ်ဖြစ်၊ ဆေးစစ်ရင်း ပိုးတွေ့လို့ နာတာရှည် ကူးခံထားရတာပဲဖြစ်ဖြစ် Bပိုးနဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ရှောင်ဖို့ ဆေးကုဖို့ လိုပါတယ်။
အထူးသဖြင့်
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။