ပန်းသီး၊ သစ်တော်သီး၊ အုတ်ဂျုံ စတဲ့အစားအစာတွေမှာ အမျှင်ဓာတ်ပါဝင်မှုများပါတယ်။ အမျှင်ဓာတ်က အစာအိမ်ထဲမှာ အက်စစ်ထွက်ရှိမှုပမာဏကိုလျော့နည်းစေပြီး လေပွခြင်း၊ ဗိုက်အောင့်ခြင်းတွေကို သက်သာစေပါတယ်။ အစာအိမ်အနာ ကိုလည်း ကာကွယ်ပေးတယ်လို့ သုတေသနတွေက ဆိုပါတယ်။
ဗီတာမင် A ကြွယ်ဝတဲ့ ကန်စွန်းဥက အစာအိမ်အနာတွေကို သေးငယ်သွားစေနိုင်တယ်၊ မဖြစ်ခင်မှာလည်း ကြိုတင်ကာကွယ်ပေးနိုင်တဲ့ အစွမ်းရှိတယ်လို့ သိရပါတယ်။ ဟင်းနုနွယ်၊ မုန်လာဥနီနဲ့ အမဲအသည်းတို့အပါအဝင် ဗီတာမင် A ကြွယ်ဝတဲ့တခြားအစားအစာတွေဟာလည်း အာနိသင်အလားတူပါပဲ။
ဗီတာမင် C ကြွယ်ဝတဲ့ ပန်းငရုတ်ပွက အစာအိမ်အနာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင် C က အနာကျက်စေနိုင်တဲ့အစွမ်းရှိတာမို့ ဒီဓာတ်မလုံလောက်တဲ့သူတွေမှာ အစာအိမ်အနာ ဖြစ်နိုင်ခြေပိုများပါတယ်။ ပန်းငရုတ်ပွအပြင် အရည်ရွှမ်းတဲ့ အချဉ်သီးတွေ၊ စတော်ဘယ်ရီ၊ ကီဝီနဲ့ ပန်းဂေါ်ဖီစိမ်းတို့ကိုလည်း စားလို့ ရပါတယ်။
အဆိုးဆုံးအစားအစာတွေက –
အရင်က အစာအိမ်အနာကို သက်သာစေတယ် ဆိုပြီး နွားနို့ကို သောက်လေ့ရှိကြပါတယ်။ အခုတော့ နွားနို့က အနာကို မကာကွယ်နိုင်၊ မသက်သာစေနိုင်ဘူးလို့ သိလာကြပါပြီ။ တကယ်တော့ နွားနို့ကြောင့် အစာအိမ်အက်စစ်ပိုထွက်စေလို့ ပိုဆိုးကုန်တာ ဖြစ်နိုင်ပါတယ်။ ဒါ့ပြင် အဆီများတဲ့ နွားနို့တွေဆို အစာခြေရခက်တဲ့ ပြဿနာပါ ဖြစ်စေနိုင်ပါတယ်။