brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

Stomach Ache (ဗိုက်အောင့်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Stomach Ache (ဗိုက်အောင့်ခြင်း) ကဘာလဲ။

ဝမ်းဗိုက်ဘယ်နေရာ အစိတ်အပိုင်းမှာပဲနာနာ ဗိုက်အောင့်တယ်လို့ ခေါ်ပါတယ်။

Stomach Ache (ဗိုက်အောင့်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အဖြစ်များတတ်တဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။ လူတိုင်းနီးပါး ဗိုက်အောင့်ဖူးကြပါတယ်။ မိန်းကလေးတွေမှာ ပိုတွေ့ရတတ်ပြီး အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေကို ရှောင်ရှားခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ အသေးစိတ်သိလိုတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သွားပြသင့်ပါတယ်။

လက္ခဏာများ

Stomach Ache (ဗိုက်အောင့်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အတွေ့ရများတဲ့ လက္ခဏာတွေကတော့

ဆီးသွားသည့်အခါ နာခြင်း၊ ဆီးခဏခဏသွားခြင်း

• ဗိုက်ကိုထိမိသည့်အခါ နာခြင်း

• အော့အန်ခြင်း

• နာရီတော်တော်ကြာအောင့်ခြင်း

• ရေငတ်ခြင်း

• ဖျားခြင်းတို့ဖြစ်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာ မပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ တကယ်လို့ ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်ဖော်ပြပါအချက်တွေထဲက တစ်ခုခုရှိခဲ့မယ်ဆိုရင် သွားပြသင့်ပါတယ်။

သွေးအန်ခြင်း

• အနီရောင်(သို့)အနက်ရောင်ဝမ်းသွားခြင်း

• အသက်ရှူရခက်ခြင်း

• ကိုယ်ဝန်ဆောင်စဉ်ဗိုက်အောင့်ခြင်း

အကြောင်းရင်းများ

Stomach Ache (ဗိုက်အောင့်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ အစာမကြေခြင်း၊ ဝမ်းချုပ်ခြင်း၊ အစာအိမ် ဗိုင်းရပ်စ်ပိုးဝင်ခြင်း၊ အစာအဆိပ်သင့်ခြင်း၊ အစာနဲ့ ဓါတ်မတည့်ခြင်း၊ လေ၊ နို့နှင့်မတည့်ခြင်း၊ ဆီးကျောက်တည်ခြင်းတွေကြောင့် ပိုဖြစ်နိုင်ပါတယ်။

ဖြစ်နိုင်ခြေများ

Stomach Ache (ဗိုက်အောင့်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ဖြစ်စေနိုင်တဲ့အကြောင်းတွေကတော့ အများကြီးရှိပါတယ်။

အရက်၊ ကော်ဖီ၊ လက်ဖက်ရည် အလွန်အကျွံသောက်ခြင်း

• ဆေးလိပ်သောက်ခြင်း

• အကိုက်အခဲပျောက်ဆေးများမှီဝဲခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Stomach Ache (ဗိုက်အောင့်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဗိုက်အောင့်တဲ့ပုံစံရောဂါ ရာဇဝင် နှင့် ကိုယ်ခန္ဓါစမ်းသပ်စစ်ဆေးမှု ရလဒ်တွေအပေါ်မူတည်ပြီး ရောဂါအမည်တပ်နိုင်ပါတယ်။ အခါအားလျော်စွာ ခွဲစိတ်ကြည့်မှ သိနိုင်တာမျိုးတွေလည်း ရှိပါတယ်။

Stomach Ache (ဗိုက်အောင့်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ဖြစ်တဲ့အကြောင်းရင်းပေါ် မူတည်ပြီး ကုသမှုအမျိုးမျိုးရှိပါတယ်။ ပေးရတဲ့ဆေးတွေလည်း မတူနိုင်သလို အစားအသောက်မဆင်ခြင်လို့ ဗိုက်နာရတာမျိုးဆို အစားအသောက်အလေ့အထပြောင်းလဲရုံနဲ့ အဆင်ပြေသွားနိုင်ပါတယ်။ အူအတက်ရောင်ခြင်း၊ အူကျွံခြင်းကြောင့်ဆိုရင်တော့ ခွဲစိတ်ကုသမှသာ အဆင်ပြေနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

fact-check
Hello Sayarwon Panel
မှ အချက်အလက် စစ်ဆေးထားပါသည်။
Hello Sayarwon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။