backup og meta

Helicobacter Pylori Infection (Heliocbacter pylori ရောဂါပိုး)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Helicobacter Pylori Infection (Heliocbacter pylori ရောဂါပိုး) ကဘာလဲ။

H pyloriရောဂါပိုးဆိုသည်မှာ အစာအိမ်ကို ထိခိုက်စေသည့် helicobacter pyloriဟုခေါ်သောဘက်တီးရီးယားတခုမှ ဖြစ်ပွားစေသည့်ရောဂါဖြစ်သည်။ ကလေးဘဝတွင် အများအားဖြင့်ဖြစ်ပွားတတ်သည်။ အစာအိမ်အနာများ၏

အဖြစ်များစေသောအကြောင်းအရင်းတခုဖြစ်ပြီး ကမ္ဘာပေါ်ရှိလူတစ်ဝက်ကျော်လောက်တွင် ရှိနေသောရောဂါပိုးဖြစ်သည်။ လူအများစုတွင် ထိုပိုးကြောင့် မဖျားနာသောကြောင့် ရှိမှန်းပင်သတိမထားမိကြပေ။ အကယ်၍သင့်တွင် အစာအိမ်နာ၏လက္ခဏာများပြလာပါက သင်၏ဆရာဝန်သည် h pylori ရောဂါပိုးရှိမရှိကို စမ်းဆေးပါလိမ့်မည်။h pylori သည် ပိုးသတ်ဆေးများဖြင့် ပျောက်ကင်းနိုင်ပါသည်။

Helicobacter Pylori Infection (Heliocbacter pylori ရောဂါပိုး) က ဘယ်လောက်အဖြစ်များသလဲ

H pylori ပိုးသည် အဖြစ်များပါသည်။ ကမ္ဘာ့ လူဦးရေ၏သုံးပုံနှစ်ပုံတွင် ပင် ရှိနေသောပိုးဖြစ်သည်။ လူအများစုအတွက် အနာများ(သို့)အခြားသောလက္ခဏာများမဖြစ်ပွားစေပါ။ အကယ်၍သင့်တွင် ပြဿနာများရှိလာပါက ထိုပိုးများကိုသတ်နိုင်သောဆေးများနှင့် အနာပြန်ကျက်စေသောဆေးများကို အသုံးပြုရပါမည်။ သို့သော်

ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Helicobacter Pylori Infection (Heliocbacter pylori ရောဂါပိုး) ရဲ့လက္ခဏာတွေကဘာတွေလဲ

H pyloriရှိသောလူအများစုတွင် မည်သည့်အခါမှ လက္ခဏာမပြတတ်ခြင်းကို သတိပြုမိပြီးဖြစ်သည်။ ထိုကဲ့သို့အဘယ်ကြောင့်ဖြစ်သည်ကို မသဲကွဲသေးသော်လည်း အချို့သောသူများတွင် H pyloriပိုးမှ ပေးစွမ်းသောဘေးဥပဒ်များကို မွေးရာပါခံနိုင်ရည်ရှိနေသည်။

H pylori ပိုးမှ လက္ခဏာများပြသောအခါ အောက်ပါတို့ပါဝင်သည်။

  • သင်၏ဝမ်းဗိုက်အောင့်ခြင်း(သို့)ပူစပ်ပူလောင်ဖြစ်ခြင်း
  • သင့်အစာအိမ်တွင်အစာမရှိသောအခါ ဗိုက်ပိုအောင့်ခြင်း
  • ပျို့ခြင်း
  • အစားစားချင်စိတ်မရှိခြင်း
  • ခဏဏလေချဉ်တက်ခြင်း
  • အစာမကြေခြင်း

အကြောင်းအရင်းထူးထူးခြားခြားမရှိပဲကိုယ်အလေးချိန်ကျဆင်းသွားခြင်း

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Helicobacter Pylori Infection (Heliocbacter pylori ရောဂါပိုး) ကိုဘာတွေကဖြစ်စေသလဲ

ယခုအချိန်ထိH pyloriရောဂါပိုးမည်ကဲ့သို့ပြန့်ကြောင်းကိုမသိရသေးပေ။ လူအများအပြားတွင် ထိုပိုးသည် နှစ် ထောင်ပေါင်းများစွာ ကပ်၍နေနေသည်။ ပို၍ပြောရလျှင် ပိုးများသည် လူတစ်ဦး၏ပါးစပ်မှတဆင့် နောက်တစ်ဦးထံသို့ကူးစက်ကြသည်။ ထိုပိုးများသည် မစင်များကနေ ပါးစပ်သို့လည်း ကူးစက်ကာပြန့်သွားနိုင်ကြသည်။ ရေချိုးခန်းအားအသုံးပြုပြီးသောအခါလက်များကိုသေချာသန့်စင်စွာမဆေးသောအခါထိုသို့ဖြစ်ပွားရသည်။H pyloriပိုးသည် ညစ်ပတ်သောရေနှင့်အစားအသောက်များကို ကိုင်တွယ်ရာမှ လည်းကူးစက်နိုင်သည်။ ဘက်တီးရီးယားများသည် အစာအိမ်၏နံရံအမြှေးပါးကို ထိုးဖောက်ပြီး အစာအိမ်ရှိအက်စစ်များကို ဓါတ်ပြယ်စေသော ပစ္စည်းများကိုထုတ်လုပ်ကြခြင်းဖြင့် အစာအိမ်ပြဿနာများကို ဖြစ်စေသည်ဟုယုံကြည်ရသည်။ ထိုသို့ဖြစ်ပွားခြင်းဖြင့် အစာအိမ်ရှိဆဲလ်များကို ပြင်းထန်သည့် အက်စစ်များအား ခံနိုင်ရည်မရှိအောင်ပြုလုပ်ပေးသည်။ အစာအိမ်အက်စက်များနှင့် h pyloriပိုးတို့ပေါင်းကာ အစာအိမ်နံရံကို ထိခိုက်ပြီး အစာအိမ်(သို့)duodenumဟုခေါ်သည့် အူသိမ်ပထမအပိုင်းတွင် အနာများကိုဖြစ်ပွားစေပါသည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Helicobacter Pylori Infection (Heliocbacter pylori ရောဂါပိုး) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

Heliocbacter pylori ရောဂါပိုး ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

လူနေထူထပ်သောအခြေအနေများတွင် နေထိုင်ခြင်း

အိမ်တစ်အိမ်တွင် လူအများအပြားနှင့် နေထိုင်ပါက သင့်တွင် h pyloriပိုးဝင်ရောက်နိုင်ချေပိုများသည်။ သန့်စင်သောရေမရပါ

ကလည်း ဖြစ်နိုင်ချေများသည်။ သန့်ရှင်းသောရေကို

ထောက်ပံ့ပေးနိုင်ပါက h pyloriဖြစ်ပွားနိုင်ချေကို လျှော့ချနိုင်သည်။

ဖွံ့ဖြိုးဆဲနိုင်ငံတွင် နေထိုင်ခြင်း

လူနေထူထပ်ပြီး ပတ်ဝန်းကျင်သန့်ရှင်းမှုမရှိသော

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်သူများသည်H pylori ရောဂါ ပို၍ဖြစ်ပွားနိုင်ချေများသည်။

H pylori ရောဂါပိုးရှိသူနှင့် နေထိုင်ခြင်း

အကယ်၍သင်သည်H pyloriပိုးရှိသူတစ်ယောက်နှင့်နေထိုင်ပါက H pyloriဖြစ်ပွားနိုင်ချေများသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Helicobacter Pylori Infection (Heliocbacter pylori ရောဂါပိုး) ကို ဘယ်လိုအတည်ပြုပါသလဲ

ထိုရောဂါသင့်တွင် ဖြစ်နေသည်ဟုဆရာဝန်မှ သံသယရှိပါက ကိုင်တွယ်ထိတွေ့စမ်းသပ်ခြင်းအပြင်အခြားသောစစ်ဆေးမှုများကို ပြုလုပ်ရတတ်ပါသည်။ အချို့သောစစ်ဆေးမှုများမှာ

သွေးစစ်ခြင်း

သွေးနမူနာအားဓါတ်ခွဲကြည့်ခြင်းဖြင့် သင်၏ကိုယ်တွင် ရှိနေသော(သို့)ရှိခဲ့ဖူးသော H pylori ပိုးကို တွေ့ရှိနိုင်သည်။ သို့သော် အသက်ရှူမှုအားစစ်ဆေးခြင်းနှင့် ဝမ်းစစ်ဆေးမှုများသည် ဖြစ်ပွားနေသောH pyloriပိုးများကို သွေးစစ်ဆေးမှုများထက်ပိုမိုဖော်ထုတ်ပေးနိုင်သည်။

Breath test

စစ်ဆေးမှုအတွင်းတွင် သင်သည် ကာဗွန်မော်လီကျူးများပါသော ဆေးပြား၊အရည်(သို့)ပူတင်း ကို မျိုချရသည်။

အကယ်၍သင့်တွင် ထိုပိုးရှိပါက မျိုချထားသောအရည်သည် သင့်အစာအိမ်ထဲတွင် ပြိုကွဲသွားသောအခါ ကာဗွန်ထွက်လာသည်။ သင်၏ကိုယ်သည် ကာဗွန်ကိုစုပ်ယူပြီး အသက်ရှူထုတ်သောအခါ တပါတည်း ထုတ်ပေးလိုက်သည်။ အိတ်ထဲသို့သင်သည်မှုတ်ထုတ်ရပြီး သင်၏ဆရာဝန်မှ အထူးပြုလုပ်ထားသောစက်တခုဖြင့် ကာဗွန်မောလီကျူးများကို စစ်ဆေးသည်။

ဝမ်းစစ်ဆေးမှု

Stool antigen testဟုခေါ်သော h pylori ပိုးနှင့်ပတ်သတ်သည့် မိမိကိုယ်မှမဟုတ်သော ပရိုတိန်းများကို ဓါတ်ခွဲစစ်ဆေးခြင်းဖြစ်သည်။Breath test ကဲ့သို့ပင် PPISနှင့် bismuth subsalicylate တို့သည် ထိုစစ်ဆေးမှု၏ ရလဒ်များကို ထိခိုက်စေနိုင်သောကြောင့် သင်၏ဆရာဝန်သည် သင့်အား စစ်ဆေးမှုမတိုင်ခင်နှစ်ပတ်အလိုတွင် ထို ဆေးများမသောက်ရန်မှာကြားတတ်သည်။

မှန်ပြောင်းဖြင့်စစ်ဆေးခြင်း

ကိုယ်တွင်းသို့မှန်ပြောင်းကြည့်ခြင်း ဟုခေါ်သည့် ထို စစ်ဆေးမှုအတွက် သင့်အားစိတ်ငြိမ်ဆေးပေးထားရသည်။ စစ်ဆေးနေစဉ်တွင် သင့်ဆရာဝန်သည် ကင်မရာပါသည့် ရှည်လျားပျော့ပျောင်းသော ပြွန်အားသင့်လည်ချောင်းနှင့် အစာမျိုပြွန်မှတဆင့် သင့်အစာအိမ်နှင့် အူသိမ်အစပိုင်းအထိထည့်ထားရသည်။ ထိုကိရိယာသည် သင့်ဆရာဝန်အား အထက်ပိုင်းအစာလမ်းကြောင်းရှိမူမမှန်သည့်တည်ဆောက်ပုံများကို ကြည့်ရှူစေနိုင်ပြီး နမူနာအသားစများကိုလည်း စစ်ဆေးရန် ဖြတ်ထုတ်နိုင်သည်။

Helicobacter Pylori Infection (Heliocbacter pylori ရောဂါပိုး) ကို ဘယ်လိုကုသပါသလဲ

H pylori ရောဂါပိုးများကို ပိုးသတ်ဆေးနှစ်မျိုးဖြင့် အများအားဖြင့်ကုသပြီး ပိုးသတ်ဆေးတခုအား ဘက်တီးရီးယားများ၏ ဆေးယဉ်ပါးမှုကိုလည်း ကာကွယ်နိုင်ပါသည်။ သင်၏ဆရာဝန်သည် အက်စစ်များအားဓါတ်ဖြယ်ပေးသောဆေးကိုလည်း အစာအိမ်နံရံအနာကျက်စေရန် ပေးတတ်သည်။

အက်စစ်များအား ဓါတ်ဖြယ်ပေးနိုင်သည့် ဆေးများမှာ

Proton pump inhibitors

ထိုဆေးများသည် အစာအိမ်ထဲတွင် အက်စစ်များ ထုတ်လုပ်ခံနေရသည်ကို တားနိုင်ပြီး အချို့သောPPI ဆေးများမှာ

Omeprazole,esomeprazole,lansoprazoleနှင့် pantoprazole တို့ဖြစ်ကြသည်။

Histamine blockers

Histamine ကဲ့သို့သော အက်စစ်ထုတ်လုပ်စေသည့် ပစ္စည်းများ၏ ထိရောက်မှုအားကို လျှော့ချပေးသောဆေးများဖြစ်သည်။cimetidineနှင့် ranitidine တို့ဖြစ်သည်။

Bismuth subsalicylate

Pepto bismolဟုပို၍အသိများပြီး ထိုဆေးသည် အစာအိမ်အနာများကို ကာရံပေး၍ အစာအိမ်အက်စစ်များကို ကာကွယ်ပေးသည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Heliocbacter pylori ရောဂါပိုး ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Heliocbacter pylori ရောဂါပိုး ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

  • ရေချိုးခန်းသုံးပြီးသောအခါ နှင့် သင်သည် အစားအသောက်တခုခုကို မပြင်ဆင်မီ(သို့)မစားမီတွင် လက်များဆေးပါ။
  • မသန့်ရှင်းသော အစားအစာများ(သို့)ရေများကို ရှောင်ပါ။
  • သေချာမချက်ပြုတ်ထားသောမည်သည့်အစားအစာမဆို မစားပါနှင့်။
  • လက်မဆေးရသေးသောသူများမှ ကျွေးသည့် (သို့)ပြင်ဆင်ပေးသည့် အစားအစာများကို ရှောင်ကြဉ်ပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Helicobacter pylori infection. http://www.healthline.com/desktop-article/helicobacter-pylori?variation=nolb#Causes2 . Accessed January 17, 2017.
Helicobacter pylori infection. http://www.mayoclinic.org/diseases-conditions/h-pylori/basics/tests-diagnosis/con-20030903 . Accessed January 17, 2017.
Helicobacter pylori infection. http://www.webmd.com/digestive-disorders/h-pylori-helicobacter-pylori#1 . Accessed January 17, 2017.

ယခုပုံစံ

13/09/2019

Dr.Nyan Linn မှ ရေးသားသည်။

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အပူအစပ်တွေ စားပြီးရင် ဗိုက်အောင့်ရတဲ့ အကြောင်းအရင်း

ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ!



Dr.Nyan Linn မှ ရေးသားသည်။ · 13/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement