အဓိပ္ပါယ်ဖွင့်ဆိုချက်
Gastrointestinal Bleeding (အစာအိမ်နှင့်အူလမ်းကြောင်း သွေးယိုစိမ့်ခြင်း) ကဘာလဲ။
အစာအိမ်နှင့်အူလမ်းကြောင်း သွေးယိုစိမ့်ခြင်း ဆိုတာ အစာခြေဖြတ်ရေးလမ်းကြောင်း တစ်လျှောက် မှာဖြစ်နှိင်တဲ့ ရောဂါလက္ခဏာတစ်ခုဖြစ်တယ်။ ယိုစိမ့်သောသွေးကို စွန့်ပစ် လိုက်သော ဝမ်းထဲမှာသော်လည်းကောင်း၊ အန်ထုတ်လိုက်သော အစာဟောင်းများထဲမှာလည်းကောင်း တွေ့ရတတ်ပါတယ်။ သွေးပါသော ဝမ်းဟာ အမဲရောင် သို့မဟုတ် ကတ္တရာစေးပုံစံဖြစ်နေတတ်ပါတယ်။ သို့သော် သွေးယိုစိမ့်တိုင်း ထိုသို့တွေ့ရမည် မဟုတ်ပါ။ သွေးယိုစိမ့်မှု အဆင့်ပေါ်မူတည်ပြီး ရောဂါလက္ခဏာမှာ အသေးစား မှ ပြင်းထန်/အသက်အန္တရာယ်စိုးရိမ်ရတဲ့ထိ ရှိတတ်ပါတယ်။