မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
အစာရေမျိုပြွန်ရောင်ခြင်းသည် အစာရေမျိုပြွန်ရှိ နံရံများ ရောင်ခြင်းဖြစ်ပြီး အစာရေမျိုပြွန်ဆိုသည်မှာ အစာများကို လည်ချောင်းမှ အစာအိမ်ဆီပို့ပေးသော ပြွန်ဖြစ်ပါသည်။
မကုသပဲထားပါက ဒီအခြေအနေသည် မအီမသာဖြစ်လာနိုင်ပြီး မျိုရခက်ခြင်း၊ အနာဖြစ်ခြင်းနှင့် အစာရေမျိုပြွန်အမာရွတ်ထင်ခြင်းများ ဖြစ်စေနိုင်ပါသည်။ နာကျင်ခြင်း၊ မျိုရခက်ခြင်းတို့အပြင် တစ်ခါတစ်ရံ ရင်ဘတ်အောင့်ခြင်းလည်း ဖြစ်စေနိုင်ပါသည်။
တစ်ချို့တွင် ဘာရပ်အစာရေမျိုပြွန်ရောဂါ ဖြစ်လာနိုင်ပြီး အစာရေမျိုပြွန်ကင်ဆာ ဖြစ်နိုင်ချေမြင့်စေသည့် အချက်တစ်ချက်ဖြစ်၏။
အစာရေမျိုပြွန်ရောင်ခြင်းကို အရွယ်ရောက်ပြီးသူများတွင် တွေ့ရများပြိး ကလေးများတွင် သိပ်မဖြစ်တတ်ပါ။ အဖြစ်များဆုံးသော အစာရေမျိုပြွန်ရောင်ခြင်းအမျိုးအစားမှာ အစာခြေရန် ပြန်တက်ခြင်း (GERD) နှင့်ဆက်စပ်သော အမျိုးအစားဖြစ်သည်။
အစာခြေရည်ပြန်တက်ခြင်းလက္ခဏာများသည် လစဉ် လူဦးရေ၏ ၃၃-၄၄% ခန့် ဖြစ်ပွားနေပြီး ၇-၁၀% သည် နေ့စဉ် လက္ခဏာများကို ခံစားနေရပါသည်။ သို့သော် ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။
အစာရေမျိုပြွန်ရောင်ခြင်း၏ ရောဂါလက္ခဏာများစွားရှိ၏။ သို့သော် အဖြစ်အများဆုံး လက္ခဏာများမှာ-
အကယ်၍ သင့်၌ အောက်ပါတို့ဖြစ်လာလျှင် ချက်ချင်း ဆေးကုသမှု ခံယူရမည်။
သင့်၌ သို့မဟုတ် သင့်ကလေးငယ်၌ အောက်ဖော်ပြပါအချက်အလက်များထဲမှ တစ်ခုခုရှိခဲ့လျှင် သင့်ဆရာဝန်နှင့် ဆက်သွယ်သင့်သည်။
သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမယ်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။
လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်တာက အကောင်းဆုံးပါပဲ။
ဖစ်ပွားရသည့်အကြောင်းရင်းပေါ်မူတည်၍ အစာရေမျိုပြွန်ရောင်ခြင်း ၄ မျိုးရှိပါသည်။ အီရိုစီနိုဖိလစ် အစာရေမျိုပြွန်ရောင်ခြင်း၊ အက်စစ်နောက်ပြန်တက်ခြင်းကြောင့် အစာရေမျိုပြွန်ရောင်ခြင်း၊ ဆေးကြောင့် အစာရေမျိုပြွန်ရောင်ခြင်းနှင့် ပိုးဝင်သောကြောင့် အစာရေမျိုပြွန်ရောင်ခြင်း တို့ဖြစ်သည်။ တစ်ချို့ဖြစ်ရပ်များတွင် ဖြစ်ပွားရသည့်အချက် တစ်ချက်ထက်ပိုပြီး ရှိနေနိုင်ပါသည်။
အစာရေမျိုအောက်ပိုင်းမှ စပင်တာ အစို့ရှင်သည် အစာအိမ်ထဲမှ အက်စစ်များ အစာရေမျိုပြွန်သို့မရောက်စေရန် တားဆီးပေး၏။ ထိုအစို့ရှင် ပွင့်သင့်သည့်အချိန်မဟုတ်ပဲပွင့်လျှင် သို့မဟုတ် သေချာ မပိတ်နိုင်လျှင် အစာအိမ်ထဲမှာ အရာများ အစာရေမျိုပြွန်ထဲသို့ ပြန်တက်လာနိုင်သည်။
(အစာအိမ်နှင့်အစာရေမျိုပြွန် နောက်ပြန်တက်ခြင်း) GERD သည် အက်စစ်များနောက်ပြန်စီးရာတွင် ခဏခဏဖြစ်ခြင်း သို့ ဆက်တိုက်ဖြစ်နေသော အခြေအနေမျိုးဖြစ်ပါသည်။ GERD ၏နောက်ဆက်တွဲသည် အစာရေမျိုပြွန်တွင် နာတာရှည်ရောင်ရမ်းခြင်းနှင့် တစ်ရှူးပျက်စီးခြင်းတို့ ဖြစ်နိုင်ပါသည်။
အီရိုစီနိုဖေးများသည် အလက်ဂျစ်ဓါတ်ပြုမှုတွင် အရေးပါသော သွေးဖြူဥအမျိုးအစားများဖြစ်သည်။ အီရိုစီနိုဖိလစ် အစာရေမျိုပြွန်ရောင်ခြင်းသည် ထိုသွေးဖြူဥများ အစာရေမျိုပြွန်တွင် အလက်ဂျီဖြစ်စေသည့် ပစ္စည်းသို့ အက်စစ်ပြန်တက်ခြင်း သို့ နှစ်ခုလုံးအား တုန့်ပြန်သည့်အခါတွင် စုပုံလာနိုင်ပါသည်။
ထို အစာရေမျိုပြွန်ရောင်ခြင်းအမျိုးအစားရှိသူများတွင် အစားအစာများနှင့် ဓါတ်မတည့်မှု ရှိပါသည်။ တစ်ချို့ေသောအစာများဖြစ်သည့် နွားနို့၊ ကြက်ဥ၊ ဂျုံဖြူ၊ ပဲပိစပ်၊ မြေပဲ၊ ပဲကြီး၊ ရိုင်းစပါးနှင့် အမဲသားတို့သည့် အီရိုစီနိုဖိလစ် အစာရေမျိုပြွန်ရောင်ခြင်းကို ဖြစ်စေနိုင်ပါသည်။
သို့သော် သမားရိုးကျ အလက်ဂျီစစ်ဆေးမှုများသည် ဘယ်အစားအစာကြောင့် အလက်ဂျီဖြစ်ရသည်ဆိုခြင်းကို မသတ်မှတ်နိုင်ပါ။
အီရိုစီနိုဖိလစ် အစာရေမျိုပြွန်ရောင်ခြင်း ရှိသူများတွင် အစာမဟုတ်သည်များနှင့်လည်း အလက်ဂျီရှိနိုင်ပါသည်။ ဥပမာအားဖြင့် ရှုရှိုက်မိသော အလက်ဂျင်များဖြစ်သည့် ပန်းဝတ်မှုန်တို့လိုအရာများသည်လည်း ဖြစ်စေနိုင်ပါသည်။
များစွာသော သောက်ဆေးများသည် အစာရေမျိုပြွန်၏ နံရံများနှင့် ထိတွေ့ချိန်အတော်ကြလာပါက တစ်ရှူးပျက်စီးမှုကို ဖြစ်စေနိုင်ပါသည်။ ဥပမာအားဖြင့် ဆေးတောင့်များအား ရေနည်းနည်း သို့မဟုတ် ရေမပါပဲမျိုချပါက ဆေးလုံးချည်းသော်လည်းကောင်း ဆေးလုံးမှအကြွင်းအကျန်များသော်လည်းကောင်း အစာရေမျိုပြွန်တွင် ကျန်ရှိနိုင်ပါသည်။
အစာရေမျိုပြွန်ရောင်ခြင်းနှင့် ဆက်စပ်နိုင်သော ဆေးများမှာ-
အကိုက်အခဲပျောက်ဆေးများ ဥပမာ အက်စ်ပရင်၊ ibuprofen နှင့် naproxen sodium
ပဋိဇီဝဆေးများ ဥပမာ Tetracycline နှင့် doxycycline
ပိုတက်စီယမ် ချို့တဲ့ရာတွင်သုံးသော Potassium Chloride
alendronate (Fosamax) အပါအဝင် Bisphosphonates များ – ကြွပ်ဆပ်အားနည်းသော အရိုး (အရိုးပွ)တွင် သုံးသောဆေး
နှလုံးပြဿနာများအတွက် သုံးသော Quinidine
ဘက်တီးရီးယား၊ ဗိုင်းရပ်စ် သို့မဟုတ် မှိုများ အစာရေမျိုပြွန်၏တစ်ရှူးများသို့ ကူးစက်လျှင် အစာရေမျိုပြွန်ရောင်ခြင်းဖြစ်နိုင်ပါသည်။ ပိုးကူးစက်ခြင်းကြောင့်အစာရေမျိုပြွန်ရောင်ခြင်းသည် တခြားဟာများနှင့်ယှဉ်လျှင် ရှားပါသည်။ ကိုယ်ခံအားမကောင်းသောလူများ ဥပမာ HIV/AIDS သို့မဟုတ် ကင်ဆာရှိသူများတွင် တွေ့ရလေ့ရှိပါသည်။
ပါးစပ်တွင် ရှိနေတတ်သော မှိုတစ်မျိုး Candida albicans သည် အစာရေမျိုပြွန်ရောင်မှုဖြစ်စေသော အဖြစ်များသည့်အကြောင်းရင်းပင်ဖြစ်သည်။
ထိုကဲ့သို့ ပိုးကူးစက်မှုများသည် ကိုယ်ခံအားမကောင်းခြင်း၊ ဆီးချို၊ ကင်ဆာနှင့် ပဋိဇီဝဆေးသုံးခြင်းတို့နှင့် ဆက်စပ်ပါသည်။
အစာရေမျိုပြွန်ရောင်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများမှာ –
HIV AIDS၊ ဆီးချို၊ လူကီးမီးယား၊ လင်ဖိုးမားနှင့် တခြားသော ကိုယ်ခံအားမှပြန်တိုက်သည့် ရေဂါများကြောင့် ကိုယ်ခံအား နည်းခြင်း
အစာအိမ်ကျွံခြင်း (အစာအိမ်သည် အစာပြွန်နှင့် အစာအိမ်ကြားရှိ ရင်ဝမ်းခြားကြွက်သားပေါက်မှ အထက်သို့ကျွံဝင်ခြင်း)
ကင်ဆာဆေးသွင်းခြင်း
ရင်ဘတ်အား ဓါတ်ရောင်ခြည်နှင့်ကုခြင်း
ရင်ဘတ်တစ်ဝိုက် ခွဲစိတ်ခြင်း
ကိုယ်အင်္ဂါအစားထိုးရာတွင် ခန္ဓါကိုယ်မှ လက်မခံခြင်းအား ကာကွယ်ပေးသော ဆေးများ
အက်စ်ပရင်နှင့် အရောင်ကျဆေးများ
နာတာရှည် အန်ခြင်း
အဝလွန်ခြင်း
အရက်နှင့်ဆေးလိပ်
သင့်၌ ကျန်းမာသော ကိုယ်ခံအားစနစ်ရှိနေလျှင် အစာရေမျိုပြွန်ပိုးဝင်ရန် အခွင့်အရေးနည်းပါသည်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ဆရာဝန်မှ သင့်အား ရောဂါရာဇဝင်မေးခြင်းနှင့် စမ်းသပ်ခြင်းများ ပြုလုပ်ပါမည်။ အစာရေမျိုပြွန်ရောင်ခြင်းကို အမည်တပ်နိုင်ရန် စစ်ဆေးမှုများစွာ လုပ်ရနိုင်ပါသည်။
သေးငယ် ရှည်လျား ကွေးညွှတ်နိုင်သော အလင်းပြွန် အန်ဒိုစကုပ်ကို သုံးပြီး အစာရေမျိုပြွန်ကို ကြည့်နိုင်ပါသည်။
စစ်ဆေးရာတွင် အစာရေမျိုပြွန်၏ တစ်ရှူးနမူနာကို ယူကာ အဏုကြည့်မှန်ပြောင်းဖြင့်ကြည့်ရန် ဓါတ်ခွဲခန်းကို ပို့ရပါမည်။
စစ်ဆေးရာတွင် ဘေရီယမ်ပျော်ရည်ကိုသောက်ပြီး အစာရေမျိုပြွန်ကို ဓါတ်မှန်ရိုက်မည်ဖြစ်သည်။ ဘေရီယမ်သည် အစာရေမျိုပြွန်နံရံတွင် သုတ်လိမ်းသလိုဖြစ်ပြီး ဓါတ်မှန်တွင် အဖြူရောင်အဖြစ်မြင်ရပါမည်။
သင့်လက္ခဏာများကိုဖြစ်သော တိကျသည့်အကြောင်းရင်းပေါ် မူတည်ပြီး တစ်ချို့ကုထုံးများရှိပါသည်။ ဆေးများမှာ –
ဗိုင်းရပ်စ်သတ်ဆေးများ
မှိုသတ်ဆေးများ
အန်တဆစ်များ
အကိုက်အခဲပျောက်ဆေးများ
စတီးရွိက်သောက်ဆေးများ
ပရိုတွန်ပန့်ပိတ်ဆေးများ (အစာအိမ် အက်စစ်မထွက်အောင်လုပ်သည်)
ဖြစ်စေသည့်အစာကို မှတ်သားကား နောက်မစားမိရန်နေရပါမည်။ ဖြစ်နေကျ အစာများတွင် ခရမ်းချဉ်သီး၊ ချဉ်သောအသီးများ၊ စပ်သောအစာများ၊ အရက်၊ ကဖိန်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပူစီနံ၊နှင့် ချောကလက် တို့ပါဝင်သည်။
စပ်သောအစာများ၊ ချဉ်သောအစာများနှင့် သောက်စရာများ၊ အစိမ်းများ မာသောအစာများကို ရှောင်ခြင်းဖြင့် သင်၏လက္ခဏာများကို သက်သာစေနိုင်ပါသည်။ နည်းနည်းစီကိုက်ကာ ကောင်းကောင်းဝါးစားပါ။ ဆေးရွက်ကြီး၊ အရက်တို့လို ရောင်ရမ်းခြင်းကိုဖြစ်စေပြီး ကိုယ်ခံအားကို ဖိနှိပ်သောအရာများကို ရှောင်ပါ။ ဆရာဝန်အား မိမိစားသောက်ရမည့်ပုံစံကို မေးပါ။
အစာရေမျိုပြွန် ကျဉ်းလွန်းပြီး အစာများနင်လာသည့်အခါမျိုးတွင် အစာရေမျိုပြွန်ကိုချဲ့ရန်အတွက် ခွဲစိတ်ရန်လိုပါလိမ့်မည်။
ရေများများသောက်ရန်လိုပါလိမ့်မည်။ ဆေးအရည်များကို သောက်သုံးရပါမည်။ သို့မဟုတ် တခြားဆေးများကိုပြောင်းပါ။ ဆေးသောက်ပြီးနောက် မိနစ် ၃၀ ခန့် မလှဲလျောင်းရပါ။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အစာရေမျိုပြွန်ရောင်ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် အစာရေမျိုပြွန်ရောင်ခြင်း ကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။
ငရုပ်သီး၊ ငရုပ်သီးမှုန့်၊ ဟင်းအနှစ်နှင့် ဇာတိပ္ဖိုလ်သီးများလို စပ်သည်များကိုရှောင်ပါ။
မာသောအစာများဖြစ်သည့် ခွံမာသီးများ၊ ဘီစကွပ်ခြောက်များနှင့် ဟင်းသီးဟင်းရွက်စိမ်းများကိုရှောင်ပါ။
ချဉ်သောအစာများဖြစ်သည့် ခရမ်းချဉ်သီး၊ လိမ္မော်သီး၊ စပျစ်သီးနှင့် ၎င်းဖျော်ရည်များကိုရှောင်ပါ။ ထိုအစား ဗီတာမင်စီကြွယ်ဝသည့် အစားအစာအတုများကို စားပါ။
ပန်းသီးဆော့၊ ချက်ထားသည့် နှံစားသီးနှံများ၊ အားလူးချေ၊ ကြက်ဥပူတင်း၊ ပူတင်ဒနှင့် ပရိုတင်းရှိတ်များလို ပျော့သည့်အစာများကို အစားထိုးပါ။
နည်းနည်းကိုက်ပြီး ကြေညက်အောင်ဝါးပါ
မျိုချရလွယ်စေရန်အတွက် အရည်များကို ပိုက်နှင့်သောက်ပါ။
အရက်နှင့်ဆေးရွက်ကြီးရှောင်ပါ။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။