brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ရင်ပူခြင်းကို သက်သာစေမယ့် အစားအသောက် (၆) မျိုး

ရင်ပူခြင်းကို သက်သာစေမယ့် အစားအသောက် (၆) မျိုး

ရင်ပူခြင်းကို သက်သာစေမယ့် အစားအသောက် (၆) မျိုး

ခုပဲ ထမင်းစားပြီးတယ်၊ ထပ်ဆာလာတယ်။ ထပ်စားတယ်၊ ထပ်ဆာတယ်။ ဗိုက်သာပြည့်ပြီးတောင့်လာတယ် ပူလောင်နေတုန်းပဲ။ ရင်ပူတယ်၊ အစာအိမ်ကပူလောင်နေတယ်။ ဒါကို ရင်ပူနာလို့ခေါ်ပါတယ်။ ဆေးပညာအရတော့ အစာအိမ်အက်စစ်တွေပြန်ဆန်တက်တဲ့ GERDရောဂါပါ။ ရင်ပူနာကိုဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေက အများကြီးရှိပေမယ့် သက်သာလျော့ပါးအောင်လုပ်နိုင်တဲ့နည်းကတော့ တူတူပါပဲ။

ဆေးကိုပဲအားကိုးမနေဘဲ အနေအထိုင်နဲ့အစားအသောက်ကိုဆင်ခြင်ရမှာပေါ့။ လုပ်ချင်ရာလုပ်နေပြီး ထစ်ခနဲရှိဆေးတွေဝါးစားလိုက်တာမျိုးပဲလုပ်နေရင် ကြာလာတဲ့အခါ ထိခိုက်လာမှာ ကိုယ်ကိုယ်တိုင်ပါပဲ။ တော်ကြာ အပ်နဲ့ထွင်းရမယ့်နေရာ ပုဆိန်နဲ့ပေါက်နေရပါလိမ့်မယ်။ GERD မှာ သက်ရောက်မှုအရှိစေဆုံးက အစားအသောက်တွေပါပဲ။ ချောကလက်၊ကြက်သွန်နီ၊အက်စစ်ဓါတ်များတဲ့အစားအစာတွေနဲ့အနီရောင်ရှိတဲ့အသားတွေအပါအဝင် ရှောင်သင့်တဲ့အစားအသောက်တွေက တသီတတန်းကြီးရှိနေသလို ရင်ပူခြင်းကိုသက်သာစေမယ့် အစားအစာတွေလည်းရှိပါတယ်။

ရင်ပူနြာဖစ်တတ်ရင် ဒါတွေစားပေးနော်

(၁) ကြက်ရင်အုံသား

အဆီမပါဘဲ ပရိုတင်းကြွယ်ဝတဲ့ ကြက်ရင်အုံသားက အစာကြေလည်းလွယ်ပါတယ်။ အရေခွံတွေခွာပစ်ဖို့တော့ မမေ့ပါနဲ့။

(၂) ရေ

GERDဖြစ်ရင်ရေပုံမှန်သောက်ဖို့မမေ့ပါနဲ့။ ရင်ပူလို့ဆိုပြီး အချိုရည်တွေသောက်တာ၊ အက်စစ်ဓါတ်များတဲ့အချိုရည်ဗူးတွေသောက်တာက ပိုဆိုးစေနိုင်ပါတယ်။ အရက်၊ဘီယာရှောင်ပြီးရေပဲပိုသောက်ပေးပါ။ ဂက်စ်များတဲ့အချိုရည်ဗူးတွေကလေပွစေပြီး ဗိုက်ကယ်စေနိုင်ပါတယ်။

(၃) ချင်း

ချင်းက ဗိုက်ပြဿနာတွေအတွက် ထိန်းပေးနိုင်တဲ့ဆေးတစ်လက်ပါ။ လက်ဖက်ရည်ကြမ်းထဲကို အခြောက်ခံထားတဲ့ချင်းအနည်းငယ်ခတ်သောက်ပါ ဒါမှမဟုတ် အခြောက်ခံထားတဲ့ချင်းအနည်းငယ်ကို ဝါးစားပါ။ ဒါပေမယ့် ချင်းပြုတ်ရည် သို့မဟုတ် ချင်းထည့်သောက်တာများသွားရင် ရင်ပူနာကို ပိုဆိုးစေတယ်နော်။

(၄) ဖရဲသီး

အက်စစ်ဓါတ်နည်းတဲ့အသီးဖြစ်တဲ့အပြင် ချိုချိုလေးနဲ့ရင်အေးစေတာမို့ စားလို့ရပါတယ်။ ဖရဲသီးလိုပဲ သခွားမွှေးကိုလည်းစားလို့ရပါတယ်။

(၅) ဆန်လုံးညို၊ အုတ်ဂျုံ

ဆန်လုံးညိုနဲ့ အုတ်ဂျုံတို့က အမျှင်ဓါတ်ကြွယ်ဝတဲ့အတွက် အဆာခံစေပြီး အားပြည့်နေစေပါတယ်။ အလွယ်ဆုံးက ကွေကာအုတ်သောက်ပါ။

(၆) အာလူး

အာလူး၊ မုန်လာဥနီ၊ နိုကိုဥ စတဲ့ မျိုးနွှယ်တူ ဟင်းသီးဟင်းရွက်တွေက ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကာဗိုဟိုက်ဒရိတ်တွေနဲ့ အမျှင်ဓါတ်တွေကြွယ်ဝပါတယ်။ ဒါပေမယ့် GERD ရှိသူတွေဟာ ဒီဥတွေကို ကြက်သွန်နဲ့ရောချက်တာတွေမစားသင့်ပါဘူး။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 05/09/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။