backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Bloated Stomach (ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း )

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Ye Pyae Hein မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Bloated Stomach (ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း ) ကဘာလဲ။

အစာအိမ်နှင့် အူလမ်းကြောင်းအတွင်းရှိသော လေများသည်ပုံမှန်ထက် ပိုမိုများပြားလာသောအခါ ပြည့်အင့်ခြင်းကိုစတင်ခံစားသည်။ တစ်ခါတရံတွင် သိသာမြင်သာသည်အထိ ဗိုက်ဖောင်းခြင်း မျိုးလည်းရှိတတ်ပါသည်။ မြိုချလိုက်သောလေများ။ အစာချေရာမှ ထွက်ပေါ်လာသောလေများ အလွန်များပြားလာသောအခါ မအီမသာဖြစ်ခြင်းစတင်ခံစားရတယ်။ တစ်နေ့တည်းတွင်ပင် အကြိမ်မြောက်များစွာ ခံစားရခြင်းမျိုးလည်းရှိတတ်ပါတယ်။

Bloated Stomach (ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ

အဖြစ်များသောရောဂါဖြစ်ပြီးကလေးငယ်များတွင်လည်း ဖြစ်ပွားလေ့ရှိသည်။ အမျိုးသားများ ထက် အမျိုးသမီးများတွင် ပိုအဖြစ်များပါတယ်။ အခြားသော အစာအိမ်အူလမ်းကြောင်း ရောဂါများ(ဥပမာ-အူလမ်းကြောင်း မငြိမ်သက်ရောင်ရမ်းသောရောဂါ Inflammatory bowel syndrome)နဲ့တွဲ၍ဖြစ်တတ်တယ်။ ပြင်းထန်ဆိုးရွားသောရောဂါမဟုတ်သည့် အတွက် အလွယ်တကူပျောက်ကင်းနိုင်ပါတယ်။

လက္ခဏာများ

Bloated Stomach (ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဖြစ်အများဆုံးရောဂါလက္ခဏာမှာ အစာစားပြီးပြည့်အင့်ခြင်း၊မအီမသာဖြစ်ခြင်း၊လေချဉ်တက်ခြင်း၊ဗိုက်ကယ်ခြင်းတို့ဖြစ်တတ်ပါသည်။

အထက်တွင် ဖော်ပြထားသောလက္ခဏာများ အပြင် အခြားလက္ခဏာတွေ လည်းရှိနိုင်ပါ သေးတယ်။ သင့်ဆီမှာမေးခွန်းတစ်ခုခု ရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ယေဘူယျအားဖြင့် အစားအသောက် အနေအထိုင်ပြောင်းလဲခြင်းဖြင့်လွယ်ကူစွာ သက်သာပျောက်ကင်းတတ်သော်လည်းအောက်ဖော်ပြပါအချက်အလက်များမှတစ်ခုခုရှိခဲ့လျှင် သင့်ဆရာဝန်နှင့် ပြသဆွေးနွေး

ဆက်သွယ်သင့်ပါသည်။

-ရင်ဘတ်အောင့်ခြင်း

-အကြောင်းမဲ့ ကိုယ်အလေးချိန်လျော့ကျလာခြင်း

-ဝမ်းလျှောခြင်း

-အဆက်မပြတ်ဝမ်းဗိုက်နာကျင်ခြင်း

-ဝမ်းသွားသောအကြိမ်ရေနှင့် ဝမ်းအရောင်ပြောင်းလဲလာခြင်း

-အဖျားကြီးခြင်း

-ဗိုက်ရစ်နာခြင်း

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာများမှ တစ်ခုခုရှိနေလျှင် သို့မဟုတ်မေးခွန်း တစ်ခုခုရှိနေလျှင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ လူတစ်ဦးချင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်သည့်အတွက်သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုသည်ကို သင့်ဆရာဝန်နှင့် တိုင်ပင်ခြင်းသည်အကောင်းဆုံးဖြစ်သည်။

အကြောင်းရင်းများ

Bloated Stomach (ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း ) ကိုဘာတွေကဖြစ်စေသလဲ

ရင်ပြည့်ရင်ကယ်ခြင်းသည် အခြားသောရောဂါများ( ဥပမာ အူလမ်းကြောင်း မငြိမ်သက်ရောင်ရမ်းသည့်ရောဂါ Inflammatory bowel syndrome) ကြောင့်ဖြစ်တတ်သကဲ့သို့ အောက်ပါအခြေအနေများကြောင့်လည်း ဖြစ်နိုင်ပါတယ်။

-အစားများခြင်း

-အဆီအဆိမ့်များနှင့် ဂတ်စ် (gas)ပါသောအချိုရည်များ သောက်သုံးခြင်း

-အစားအစာကို တစ်ခါတည်းနှင့်အများကြီး စားခြင်း

-ပီကေဝါးခြင်း

-စိတ်ဖိစီးမှုနှင့် စိုးရိမ်စိတ်များခြင်း

-ဆေးလိပ်သောက်ခြင်း

-အစားစားစဉ်စကားပြောခြင်း။

Risk factors

ငါ့ဆီမှာ Bloated Stomach (ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ရင်ပြည့်ရင်ကယ်ခြင်းဖြစ်ပွားနိုင်ချေကိုမြင့်စေသောအကြောင်းရင်းများစွာရှိပါသည်။

ဥပမာအားဖြင့်

-မိမိစားသောအစားအစာတွင် အမျှင်ဓါတ်ကြွယ်ဝလွန်းသော အသီးအနှံ ၊အသီးအရွက၊် အစေ့အဆံ၊ပဲ စသည်တ့ိုပါလျှင်

-သင်သည် လက်တို့စ်(Lactose)၊ဂလူတမ်(Gluten) စသည်တို့နှင့်မတည့်လျှင်

(လက်တို့စ်သည် နို့၊ဒိန်ခဲနှင့် နို့ထွက်ပစ္စညိးတို့တွင်ပါဝင်ပြီး ဂလူတမ်သည် ပေါင်မုန့်၊ ပါစတာ စသည့် ဂျူံနှင့်ပြုလုပ်သောအစားအစာတို့တွင်ပါဝင်သည်။)

-သင်သည် ကိုယ်လက်လှုပ်ရှားမှု နည်းသူဆိုလျှင်

– ဂတ်စ် (gas) ပါသော အချိုရည်များကို သောက်သုံးတတ်လျှင်

-အစာအိမ်နှင့် အူလမ်းကြောင်းမငြိမ်သက်ရောင်ရမ်းသောရောဂါ (Inflammatory bowel syndrome) ကဲ့သို့နာတာရှည် ရောဂါအခံရှိလျှင် ပိုမိုဖြစ်ပွားတတ်ပါသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Bloated Stomach (ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း ) ကို ဘယ်လိုအတည်ပြုပါသလဲ

အဓိကအားဖြင့် ကျွမ်းကျင်သော ဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်းနှင့် သေချာစွာ

စမ်းသပ်ခြင်းဖြင့် ရောဂါကိုသိရှိနိုင်သည်။ သင့်အနေဖြင့် ခံစားနေရသောလက္ခဏာများ၊ အစား အသောက်ပုံစံ၊အခြားသုံးစွဲနေသောဆေးဝါးများ ကိုလည်း ဆရာဝန်ကို ပြောပြရန်လိုပါတယ်။

Bloated Stomach (ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း ) ကို ဘယ်လိုကုသပါသလဲ

မည့်သည့်အစားအစာစားရင် ဝေဒနာခံစားရသည်ကို မှတ်သားထားခြင်းဖြင့် ထိုအစား အစာကိုသိရှိရှောင်ကြဉ်နိုင်မည်။

-အဆီဓါတ်များသော အစားအစာများသည် အစာကြေရန်ခက်ခဲသဖြင့် အလွန်အမင်း

စားသုံးခြင်းကိုရှောင်ကြဉ်ရမည်။

-အမျှင်ဓါတ်များသော အစားအစာများသည် ကျန်းမာရေးအတွက်ကောင်းမွန်သော်လည်း ဗိုက်ကယ်ခြင်းကို ဖြစ်စေတတ်သည့်အတွက် အမျှင်ဓါတ်ပါသောအစားအစာများနှင့် အသားမကျသေးခင်တွင် အနည်းငယ်မျှသာစားသုံးသင့်သည်။

-နို့နှင့် နို့ထွက် ပစ္စည်းများကို တစ်ကြိမ်တွင် အနည်းငယ်သာစားသုံးသင့်သည်။

အထက်ပါနည်းလမ်းများဖြင့်မသက်သာပါက အောက်ပါဆေးအချို့ကိုသောက်သုံးနိုင်သည်။

-Simeticone-မလိုအပ်သော အစာအိမ်တွင်းမှလေများကို ကြေပျက်သက်သာစေပြီး

ဆေးဆိုင်များတွင် အလွယ်တကူရရှိနိုင်သည်။

-Activated charcoal-လေကြေစေနိုင်သော အာနိသင်ရှိသည်။

-Lactase ပါဝင်ဆေးများ-နို့တွင်ပါဝင်သောသကြား လက်တို့စ်နှင့် မတည့်သောသူများတွင် လက်တို့စ် lactose ကိုချေဖျက်ရန် ကူညီပေးသည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ရင်ပြည့်ရင်ကယ်ရောဂါကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်ဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ရင်ပြည့်ရင်ကယ်ရောဂါကိုကုသရာတွင်အကူအညီပေးနိုင်ပါသည်။

-နည်းနည်းနှင့် ခဏခဏစားပါ။

-အစာကိုဖြည်းဖြည်းစားပါ။

-ဆီကြော်နှင့် အဆီများသောအစားအစာများကို ရှောင်ပါ။

-ဂတ်စ် (gas) ပါသော အချိုရည်များကိုရှောင်ပါ။

-ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါ။

-ဆေးလိပ်ဖြတ်ပါ။

-ပီကေဝါးခြင်းသည်လည်း အစာအိမ်လေပွခြင်းကိုဖြစ်စေသည့်အတွက် ရှောင်ကြဉ်ပါ။

အကယ်၍သိချင်သည်များရှိသေးပါကသင့်အတွက်သင့်တော်သောအဖြေရှာဖွေနိုင်ရန် ဆရာဝန်နှင့်ဆွးနွေးတိုင်ပင်သင့်ပါသည်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေ အတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Ye Pyae Hein မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement