ကိုယ်ဝန်ဆောင်ဆီးချိုသွေးချိုဖြစ်သော အမျိုးသမီးများ လုပ်ဆောင်သင့်သည့် အချက်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

ကိုယ်ဝန်ဆောင်ခြင်းသည် အမျိုးသမီးတစ်ယောက်၏ ဘဝတွင် ထူးခြားသော အချိန်ဖြစ်ပါသည်။ ထိုအချိန်တွင် သင့်ခန္ဓါကိုယ်သည် များစွာပြောင်းလဲသွားနိုင်ပြီး ဆီးချိုကဲ့သို့သော ရောဂါများကို ဖြစ်နိုင်ချေများစေသော အချိန်လည်း ဖြစ်သည်။ သုတေသနများတွင် ကိုယ်ဝန်ဆောင်ချိန်တွင် ဆီးချိုရောဂါဖြစ်သော အမျိုးသမီးများသည် နောင်တွင် ဆီးချိုရောဂါ ဆက်ဖြစ်နိုင်ချေ ၃၅-၆၀ % ရှိသည် ဟု ဖော်ပြထားသည်။ ထိုအမျိုးသမီးမှ မွေးသော ကလေးတွင်လည်း ဘဝတွင် ဆီးချိုရောဂါဖြစ်နိုင်ချေ များသည်။

သင့်တွင် ကိုယ်ဝန်ကြောင့် ဆီးချိုရောဂါဖြစ်လျှင်ဆရာဝန်ထံသို့ သွားရောက်ပြသ၍ ကုသမှု ခံယူသင့်သည်။ ကုသမှုများတွင် ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများစားခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်း တို့ပါဝင်သည်။ တခါတရံတွင် ဆေးသောက်ရခြင်း နှင့် ဆေးစစ်ရခြင်းများလည်း ပါဝင်နိုင်သည်။ အောက်ပါတို့သည် သင့်တွင် ကိုယ်ဝန်ကြောင့် ဆီးချိုရောဂါဖြစ်လျှင် လုပ်ဆောင်ရမည့်အရာများဖြစ်ပါသည်။

ကျန်းမာရေးနှင့် ညီညွတ်အောင် စားခြင်း

သင်၏ သွေးထဲမှ သကြားဓါတ်ကို ထိန်းညှိရန် ကျန်းမာသော အစားအသောက်များကို စားသင့်သည်။ သင့်တွင် ဆီးချိုရောဂါ ဖြစ်လျှင်ဆရာဝန် သို့မဟုတ် အာဟာရပညာရှင်မှ အစားအသောက်ကို ဂရုစိုက်ပြုလုပ်ရန် ညွှန်ကြားပါလိမ့်မည်။ သင်၏ ဆီးချိုကို ထိန်းညှိနိုင်ရန် အစားအသောက်ကို ဂရုစိုက်ရပါမည်။

  • ညီညွတ်မျှတစွာ စားသောက်ပါ။ သင်သည် အသီးအရွက်သာ စားသူ သို့မဟုတ် ထူးခြားသောအစားအသောက်ပုံစံ ရှိပါက ဆရာဝန်နှင့်တိုင်ပင်ပြီး သင့်အာဟာရကိုမျှတအောင်လုပ်ဆောင်ပါ။
  • ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာကိုရွေးချယ်ပါ။
  • ဆား နှင့် အနှစ်များ မထည့်သော အလတ်ဆတ်သော အသီးအရွက်များ၊ အစိမ်းရောင်၊ အဝါရောင်၊အနီရောင်ရှိသော အသီးအရွက်များ၊ ဆလတ်ရွက်၊ မုန်လာဥနီ၊ ဘရိုကိုလီ၊ စသည့်အသီးအရွက်များပါဝင်သည်။
  • လိမ္မော်သီး၊ ကျွဲကော်သီး စသည့် အမျှင်ဓါတ်ပါသော အသီးများ။
  • အဆီထုတ်ထားသော နို့ထွက်ပစ္စည်းများ
  • ပြောင်း၊ နှံ၊ ဂျုံ၊ ပဲ၊ ကဲ့သို့သောအစားအစာများ
  • အသားဓါတ်ပါသော အသား၊ ငါး၊ ပုစွန်
  • ငါးကြီးဆီ ကဲ့သိုသော ကျန်းမာရေးနှင့်ညီညတ်သောအဆီဓါတ်
  • သံလွင်ဆီ ကဲ့သို့သော ကျန်းမာရေးနှင့် ညီညွတ်သောအဆီ
  • သကြားများစွာ ပါဝင်သော အချိုဓါတ်များသော အစားအစာများကိုရှောင်ရမည်။
  • အချိုရည်များအစား ရေများများသောက်ပါ။
  • တစ်နေ့လျှင် အစားကိုငါးကြိမ်နည်းနည်းစီခွဲစားပါ။ စားသည့် ပမာဏကို နေ့စဉ်တူညီစွာ စားပါ။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် သွေးထဲမှ သကြားဓါတ်ကို ကျဆင်းစေပါလိမ့်မည်။

လေ့ကျင့်ခန်းများများလုပ်ပါ။

ကာယလေ့ကျင့်ခန်းများသည် ကိုယ်ဝန်ဆောင်ချိန်တွင် ဖြစ်သော ဆီးချိုရောဂါကို ကုသရာတွင် အမြဲပါဝင်သည်။ ကိုယ်ဝန်ဆောင်ချိန်တွင် လေ့ကျင့်ခန်းလုပ်ခြင်းသည် သင်နှင့် သင့်ကလေးကို ကျန်းမာစေပါသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် သင့်သွေးထဲရှိ သကြားဓါတ်ကို ကျစေပြီး အလေးချိန်ကိုလည်း ထိန်းပေးသည်။ ကလေးကိုလည်း အလွယ်တကူ မွေးစေနိုင်ပါသည်။

လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးသင့်သည်။ တစ်နေ့လျှင် မိနစ် ၃၀ ခန့် ၊ တစ်ပတ်ကို ၅ရက်ခန့်လေ့ကျင့်ခန်းကို အသင့်အတင့် ပြုလုပ်ပေးပါ။ လမ်းလျောက်ခြင်း၊ ရေကူးခြင်းများသည် ကိုယ်ဝန်ဆောင်ချိန်တွင် ပြုလုပ်နိုင်သည်။ လေ့ကျင့်ခန်း မပြုလုပ်ခင် ဘယ်လို လေ့ကျင့်ခန်းမျိုးသည် သင့်အတွက် သင့်တော်သည်ကို သိနိုင်ရန် သင့်ဆရာဝန် နှင့် ဆွေးနွေးပါ။

ဆီးချိုကို ပုံမှန်စစ်ပါ။

သင့်တွင် ကိုယ်ဝန်ဆောင်နေချိန်တွင် ဆီးချိုရောဂါရှိပအေါက သင့်သွေးထဲရှိသကြားဓါတ်ကို ပုံမှန် စစ်ဆေးပေးသင့်သည်။ ထို့သို့ဖြင့် သင့်အခြေအနေကို သင်သိနေနိုင်ပြီး အခြေအနေကို ထိန်းညှိနိုင်သည်။ အခြေအနေဆိုးလာလျှင် ဆရာဝန်နှင့် ပြသပါ။ ဆီးချိုကို မည်သို့စစ်ဆေးရမည်၊ ဘယ်နှစ်ကြိမ်စစ်ရမည် ကိုသိရှိရန် သင့်ဆရာဝန်နှင့် တိုင်ပင်ပါ။

သင်၏ ကျန်းမာရေးကို စစ်ဆေးရန် ဆရာဝန်နှင့် ပုံမှန် ပြသပါ။ ထိုသို့ စစ်ဆေးခြင်းခြင့် သင့်ကျန်းမာရေးအတွက် အချက်အလက်များ ပိုရနိုင်သည်။ ဆရာဝန်မှ သင်စားနေသော အစားအသောက်၊ လုပ်နေသောလေ့ကျင့်ခန်းများ နှင့် ပုံမှန်မဟုတ်သော ဖြစ်ရပ်များကို သိရှိနိုင်ရန် မေးမြန်းလိမ့်မည်။

လိုအပ်လျှင် ဆေးသောက်ပါ။

ကိုယ်ဝန်ဆောင်ချိန်တွင် ဆေးသောက်ရန်ကို ပုံမှန်အားဖြင့် မညွှန်ကြားပါ။ သို့သော် ဆီးချိုရောဂါသည် သင်နှင့် သင့်ကလေး၏ ကျန်းမာရေးကို ထိခိုက်စေနိုင်လျှင် ဆေးသောက်ရနိုင်ပါသည်။

ကိုယ်ဝန်ဆောင်နေချိန် ဖြစ်သော ဆီးချိုရောဂါသည် ကလေးမွေးပြီးနောက် ပျောက်ကင်းသွားနိုင်ပါသည်။ သို့သော် နောက်ပိုင်းတွင် သင်နှင့်သင့်ကလေးတွင် ဆီးချိုရောဂါ ဖြစ်ပွားနိုင်ချေရှိပါသည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်ချိန်တွင် ဆီးချိုရောဂါဖြစ်ပါက သင်နှင့် သင့်ကလေး၏ ကျန်းမာရေးအတွက် လုပ်ဆောင်ရမည်များကို ချက်ချင်းလုပ်ဆောင်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ပြီးပြည့်စုံတဲ့ မျက်စိကျန်းမာရေးအတွက် ဘာတွေဂရုစိုက်သင့်သလဲ။

မျက်စိအဆုံး နားအရှုံး ဖြစ်တာကြောင့် မျက်လုံးကို သေချာ ဂရုမစိုက်လို့ အမြင်ကွယ်ပြီး အသက်ဆုံးရှုံးသွားတဲ့အထိ ဖြစ်သွားနိုင်တယ်ဆိုတာ သတိပြုဖို့ လိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

တစ်နေ့ ပန်းသီးတစ်လုံးစားရင် သင်ဘယ်လောက်အထိတောင် ကျန်းမာလာမလဲ

ပန်းသီးချိုချိုမွမွလေးတွေ ကြိုက်တတ်သူတွေ ရှိကြလား။ ပန်းသီးတစ်နေ့ တစ်လုံးမှီဝဲပေးမယ်ဆိုရင် နေ့စဉ်လူနေမှုဘဝမှာ အရမ်းကို ကျန်းမာစေတတ်ပါတယ်တဲ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

အစာအိမ်ထွက်ပေါက်ကြွက်သားပြုပြင်ခွဲစိတ်ခြင်း

အူသိမ်အဝမှာ ကျဉ်းမြောင်းပိတ်ဆို့ရင်တော့ အစာအိမ်ထွက်ပေါက်ကြွက်သားကို ပြုပြင်ခွဲစိတ်ခြင်း (pyloroplasty) နည်းလမ်းနဲ့ ကုသနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

ကိုယ်ဝန်ဆောင် ဆီးချိုနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

ကိုယ်ဝန်ဆောင်ဆီးချိုဆိုတာက ကျန်တဲ့အချိန်တွေမှာ မဖြစ်ဘဲ ကိုယ်ဝန်ဆောင်ချိန်မှာမှ ဖြစ်တဲ့ ဆီးချို အမျိုးအစား တစ်ရပ်ပါ။ မေမေတိုင်းသတိထားဖို့ လိုပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ကိုဗစ်ကာကွယ်ဆေး နဲ့ myths များစွာ

ကိုဗစ်ကာကွယ်ဆေး နဲ့ myths များစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 3 mins read
အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 2 mins read
အမျိုးသားတို့ သိထားသင့်တဲ့ ကျန်းမာရေးအခြေအနေများ

အမျိုးသားတို့ သိထားသင့်တဲ့ ကျန်းမာရေးအခြေအနေများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 6, 2021 . 3 mins read
နောက်ကျမှ ညစာစားခြင်းဟာ သင့်ကျန်းမာရေးကို ဘယ်လောက်ထိခိုက်စေသလဲ

နောက်ကျမှ ညစာစားခြင်းဟာ သင့်ကျန်းမာရေးကို ဘယ်လောက်ထိခိုက်စေသလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 31, 2020 . 2 mins read