backup og meta

ကလေးတွေ မှာဘာလို့ COVID-19 အဖြစ်နည်းတာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 22/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေ မှာဘာလို့ COVID-19 အဖြစ်နည်းတာလဲ

    ခုဆိုရင် COVID-19ကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာလိုက်ပါပြီ။ လက်ရှိအချိန်အထိ လူပေါင်း ၁၃၀၀၀၀ကျော် ကူးစက်ခံရပြီး ၄၉၀၀ကျော် သေဆုံးသွားပါပြီ။ ဒီထဲမှာ အများစုကတော့ သက်ကြီးရွယ်အိုတွေ၊ နဂို ရောဂါအခံရှိသူတွေ အများဆုံးပါဝင်ပါတယ်။ ထူးဆန်းတာက ပုံမှန်ကူးစက်ရောဂါတွေဆိုရင် အသက်ကြီးတဲ့ သူတွေ၊ ကိုယ်ခံအားနည်းတဲ့ သူတွေ၊ ကလေးတွေ ၊ ကိုယ်ဝန်ဆောင်တွေ အများဆုံး ထိခိုက်တာပါ။ ဒီတစ်ခေါက်မှာတော့ ကလေးနဲ့ ပတ်သတ်ပြီး အသံ သိပ်မကြားရပါဘူး။ ဘာကြောင့်လဲ ဆိုတာ ဆက်ကြည့်ရအောင်။

    ကလေးတွေ မှာဘာလို့ သိပ်မတွေ့ရတာလဲ။

    ခုထက်ထိ ကလေးတွေမှာ COVID-19 တွေ့တယ်ဆိုတဲ့ သတင်း သိပ်မကြားရသေးပါဘူး။ တရုတ်မှာ လူပေါင်း ၄၄၀၀၀ ကူးစက်ခံရတဲ့ အချိန်မှာ အသက် ၉နှစ်အောက်ကလေး ကူးခံရတာ ၄၁၆ယောက်ပဲ ရှိပါတယ်။ ဒါဟာ ဖြစ်တဲ့သူ စုစုပေါင်းရဲ့ ၁ရာခိုင်နှုန်းပဲ ရှိတာပါ။

    သြစတေးလျမှာဆိုရင်လည်း ရှားရှားပါးပါး ၁ယောက်လောက်ပဲ တွေ့ပါတယ်။

    ၂၉ရက် ဖေဖော်ဝါရီ ဒေတာတွေအရ ၉နှစ်အောက် ကလေးတွေမှာ သေဆုံးသူ မတွေ့သေးပါဘူး။ ၁၀နှစ်နဲ့ ၁၉နှစ်ကြားမျာဆို ၀.၂ ရာခိုင်နှုန်းပဲ ရှိပါတယ်။

    ဘာလို့ ဒီလိုနည်းရတာလဲ ဆိုတဲ့ အကြောင်းရင်းကို သေသေချာချာ မပြောနိုင်သေးပါဘူး။ ဖြစ်နိုင်တာကတော့

  • ကလေးတွေနဲ့ ဗိုင်းရပ်စ် အထိအတွေ့နည်းတာ
  • ကူးစက်ခံရမှုနည်းတာ
  • ကူးခံရရင်တောင်မှ လက္ခဏာ သေချာမပြလို့ မသိလိုက်တာ များလားလို့ ယူဆကြပါတယ်။
  • ကလေးတွေ မှာရောထူးခြားတဲ့ လက္ခဏာတွေ ရှိလား။

    ကလေးမှာ ဖြစ်တဲ့ လက္ခဏာနဲ့ လူကြီးမှာ ဖြစ်တဲ့ လက္ခဏာက တူတူပါပဲ။ ဒါပေမယ့် ကလေးမှာ လက္ခဏာတွေက သိပ်မဆိုးပါဘူး။ တုပ်ကွေးမိသလိုမျိုး ဖျားတာ၊ နှာရည်ယိုတာ၊ ချောင်းဆိုးတာလောက်ပဲ ရှိပါတယ်။ အန်တာ၊ ဝမ်းလျှောတာတွေလည်း ရှိတယ်လို့ ပြောပါတယ်။

    လူကြီးတွေလိုမျိုး တခြားရောဂါအခံရှိတဲ့ ကလေးတွေမှာ ပိုဖြစ်နိုင်ချေရှိလား၊ ပိုဆိုးနိုင်လားဆိုတာ မပြောနိုင်သေးပါဘူး။ ဒါနဲ့ ပတ်သတ်ပြီး ထပ်လေ့လာစရာတွေ ရှိသေးတယ်လို့ ဆိုပါတယ်။

    ကလေးတွေကို ရောဂါမဖြစ်အောင် ဘယ်လို ကာကွယ်ပေးမလဲ။

    လူကြီးတွေ လုပ်သလိုမျိုးပဲ ကလေးတွေကိုလည်း သင်ပေးရမှာပါ။

  • ရေနဲ့ ဆပ်ပြာသုံးပြီးပဲ ဖြစ်ဖြစ်၊ လက်သန့်ဆေးရည်သုံးပြီးပဲ ဖြစ်ဖြစ် လက်ဆေးဖို့ သင်ပေးရမှာပါ။ စနစ်တကျ လက်ဆေးနည်းကိုလည်း သင်ပေးရပါမယ်။
  • နေမကောင်း ဖြစ်နေတဲ့ လူအနား၊ နှာစေးချောင်းဆိုးနေတဲ့ လူအနား မသွားခိုင်းပါနဲ့။
  • ကလေးနဲ့ ထိတွေ့မှုများတဲ့ ပစ္စည်းတွေကို မကြာခဏ သန့်ရှင်းရေး လုပ်ပေးပါ။ ဥပမာ သူ့ရဲ့ စာကြည့်စားပွဲ၊ ထိုင်ခုံ၊ တံခါးလက်ကိုင်၊ မီးခလုတ်။
  • အရုပ်တွေကိုလည်း သေချာ သန့်ရှင်းရေး လုပ်ပေးပါ။
  • ကလေးတွေ နေမကောင်းဖြစ်ရင် ကျောင်းမပို့ပါနဲ့။
  • ချောင်းဆိုး နှာချေရင် ဘယ်လိုချေရမလဲ ဆိုတာ သင်ပေးထားပါ။
  • နေကောင်းတဲ့ ကလေးကို မဖြစ်မနေ mask တပ်ပေးစရာ မလိုပါ။
  • ကလေးတွေကနေ ရောဂါကူးနိုင်လား။

    ကလေးတွေအနေနဲ့ ရောဂါကူးတာ သိပ်မတွေ့ရပေမယ့် သူတို့ဆီကနေ  သူများကို ရောဂါကူးနိုင်ပါသေးတယ်။ ကလေးတွေက ဟိုဟိုဒီဒီ လျှောက်သွားတယ်။ သူငယ်ချင်းတွေနဲ့ ကစားတယ်။ ဗိုင်းရပ်စ်တွေ လျှောက်ပျံ့နိုင်ပါတယ်။ ရောဂါပိုးရှိနေရင်တောင် မပြင်းထန်ကြတဲ့ အတွက် သာမန်အတိုင်း လှုပ်ရှားနေနိုင်ပါသေးတယ်။

    ပြန်ချုပ်ရမယ်ဆိုရင် COVID-19 ကလေးတွေမှာ တွေ့တာ နည်းပါတယ်။ မရှိတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကလေးတွေကို လူကြီးတွေလိုပဲ ဂရုစိုက်ရမှာပါ။ ကာကွယ်ရမယ့် နည်းလမ်းတွေကိုလည်း သင်ပေးထားပါ။ ရောဂါလက္ခဏာတွေကို စောင့်ကြည့်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 22/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement