brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

ဆီးကျိတ်ကင်ဆာကို ဘယ်လိုကုသမလဲ။

ခေတ်သစ်လူနေမှုဘဝကြောင့် ယောက်ျားတွေကော မိန်းမတွေမှာပါ ကင်ဆာရောဂါ များစွာ ဖြစ်တတ်ကြပါတယ်။ အဖြစ်များဆုံး ကင်ဆာတစ်ခုကတော့ ဆီးကျိတ်ကင်ဆာပါ။ ယင်းရောဂါကို စစ်ဆေးတွေ့ရှိပါက သင်ဟာ ဘယ်လိုကုသမှုမျိုး ခံယူမယ်ဆိုတာ သေချာစဉ်းစားရပါတော့မယ်။ ဘာကြောင့်လဲဆိုတော့ သင့်ရွေးချယ်မှုတစ်ချင်းစီက သင့်ကျန်းမာရေး အတွက် အရမ်း အရေးကြီးနေလို့ပါ။

ဆီးကျိတ်ကင်ဆာကို ဘယ်လိုကုသမလဲ။

၁။ ဆီးကျိတ်ကင်ဆာ အမျိုးစားပေါင်းစုံ ရှိပါတယ်။

ဥပမာအားဖြင့်

• Prostatic adenocarcinoma

• Small cell carcinoma

• Squamous cell carcinoma

• Prostatic sarcomas

• Transitional cell carcinomas

တို့ဖြစ်ပါတယ်။

၂။ ကုသမှု ရွေးချယ်ခြင်း

ဘယ်လိုကုမှုမျိုး ခံယူမလဲဆိုတာ တိုင်ပင်ခြင်းက အရမ်းအရေးကြီးပါတယ်။ အဲဒါက ရောဂါရှင်ကိုယ်တိုင် သူ့ရောဂါအခြေအနေ ဘယ်လိုရှိလဲဆိုနဲ့ ဘယ်လိုသက်သာအောင် လုပရမလဲဆိုတာ သိအောင် ကူညီပေးပါတယ်။ လူနာနဲ့ဆရာဝန် နှစ်ယောက်လုံး အတွက် တွေးတောကြံဆ နိုင်စရာ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

• လက်ရှိအသက်နဲ့ နောက်ထပ်ဘယ်လောက်ထိ အသက်ရှင်မလဲဆိုတဲ့ ခန့်မှန်းချက်

• ဆရာဝန်ရဲ့ ထင်မြင်ချက်နဲ့ လူနာရဲ့ သူ့ရဲ့ ကုသမှုပေါ်မှာ ရှိတဲ့ ခံစားချက်

• လူနာ့ကင်ဆာရဲ့ အခြေအနေနဲ့ ပြင်းထန်မှု အဆင့်

• လူနာရဲ့ ရောဂါကုထုံး၏ ဆိုးကျိုးတွေ အပေါ်မှာရှိတဲ့ ခံစားချက်

• လူနာရဲ့ စိုးရိမ်ရတဲ့ ကျန်းမာရေး အခြေအနေ

တို့ဖြစ်ပါတယ်။

မြန်မြန်ဆုံးဖြတ်ချက်ချတာက အကောင်းဆုံး နည်းလမ်းတော့ မဟုတ်ပါဘူး။ လူနာက သူ့ရဲ့ ရောဂါအခြေအနေ၊ ကုထုံး၊ ရှောင်ရှားရမဲ့ အရာတွေ နဲ့ ပတ်သတ်ပြီး တော်တော်များများ သိဖို့လိုပါတယ်။ အခြားတစ်ဖက်မှပြောရလျင်လည်း ကင်ဆာက သူ့ကို ဘာတွေဖြစ်စေနိုင်တယ်ဆိုတာ လူနာက ဆရာဝန်ကို မေးသင့်ပါတယ်။

၃။ ကုထုံးနဲ့ပတ်သတ်ပြီး စဉ်းစားရမယ့်အရာတွေ အများကြီး ရှိပါတယ်။

ကုထုံးမရွေးချယ်ခင်မှာ လူနာက သူ့ရောဂါအခြေအနေကို ရှင်းရှင်းလင်းလင်းသိဖို့ မေးခွန်းမေးသင့်ပါတယ်။

သင့်ကင်ဆာရောဂါနဲ့ ပတ်သတ်ပြီးတစ်ခုခု လုပ်မှရမယ်၊ အဲဒီတစ်ခုခုက ဆိုးဝါးလှတဲ့ ဆိုးကျိုးတွေ ရှိနိုင်တယ်ဆိုတာ သင်လက်ခံနိုင်မှာလား။ သင့်ကို အနီးကပ်စောင့်ကြည့်နေမှာကို နောက်ကြာလာရင် စိတ်သောက ရောက်မယ်ဆိုရင်တောင်မှ ကျေနပ်မှာလား။

ဘယ်ထိရောက်တဲ့ ကုသမျိုးက သင့်ဘဝကိုထိခိုက်စေမှာလဲ။ ဥပမာအားဖြင့် ပန်းသေခြင်း၊ ဆီးဝမ်းမထိန်းနိုင်ခြင်း၊ အူမကြီးချို့ယွင်းခြင်းတွေပဲ ဖြစ်တယ်။

သင့်ရဲ့ ကနဦးကုသမှုက သင်ထင်သလောက် မအောင်မြင်ဘူးဆိုရင် သင်ဘယ်လိုနေလဲ။

ဆရာဝန်က သင့်ကင်ဆာကို အရှင်းပျောက်အောင် ကုပေးနိုင်တယ်လို့ ပြောရင် သင် ချက်ချင်း သိချင်မှာလား။

ခွဲစိတ်စရာမလိုဘူးဆိုကော ကုထုံးရဲ့ဆိုကျိုးတွေကိုမသိဘဲ လက်ခံလိုက်မှာလား။

သင့်ကုသမှုနဲ့ ပြန်လည် နာလန်ထူတဲ့အချိန်တွေဟာ သင့်အတွက်ဘယ်လောက်အရေးကြီးသလဲ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

fact-check
Hello Sayarwon Panel
မှ အချက်အလက် စစ်ဆေးထားပါသည်။
Phyo Wai Yan မှ ရေးသားသည်။ · 17/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။