backup og meta

Thyroid Nodules (သိုင်းရွိုက်အကျိတ်ဖြစ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Thyroid Nodules (သိုင်းရွိုက်အကျိတ်ဖြစ်ခြင်း) ကဘာလဲ။

သိုင်းရွိုက်အကျိတ်ဖြစ်ခြင်းဆိုတာ သိုင်းရွိုက်ဂလင်းထဲမှာ ပုံမှန်မဟုတ်တဲ့ အကျိတ်တွေဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ သိုင်းရွိုက်ဂလင်းရဲ့ ပုံမှန်မဟုတ်တဲ့ အစိတ်အပိုင်းတွေ ရောင်ရမ်းကြီးထွားလာခြင်းကို သေချာစွာ မကုသရင် ဖြစ်တတ်ပါတယ်။ တခါတရံ ကင်ဆာလို ဆိုးရွားတဲ့ အခြေအနေတွေကြောင့် ဖြစ်တတ်ပါတယ်။

Thyroid Nodules (သိုင်းရွိုက်အကျိတ်ဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

တွေ့ရများပါတယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။

အသက်အရွယ်မရွေး ဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။

ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Thyroid Nodules (သိုင်းရွိုက်အကျိတ်ဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

သိုင်းရွိုက်ဂလင်းကနေ သိုင်းရွိုက်ဟော်မုန်းကို ထုတ်လုပ်ပါတယ်။ သိုင်းရွိုက်အကျိတ်အများစုဟာ ဟော်မုန်းပမာဏကို မပြောင်းလဲစေနိုင်ပါဘူး။ တခါတရံမှာ ဟော်မုန်းပမာဏကို ပိုပြီး များလာစေတတ်ပါတယ်။

အောက်ပါလက္ခဏာတွေ တွေ့နိုင်ပါတယ်။

  • စိတ်ပူပန်ခြင်း၊ အနှောင့်အယှက်ဖြစ်ခြင်း၊ အိပ်မပျော်ခြင်း
  • အားနည်းပင်ပန်းခြင်း
  • ကိုယ်အလေးချိန် အလိုလိုကျသွားခြင်း
  • နှလုံးခုန်မြန်ခြင်း
  • အစာအိမ် အူလမ်းကြောင်း မကြာခဏ လှုပ်ရှားခြင်း

လူတချို့မှာ လက္ခဏာမပြတတ်ပါဘူး။ တခါတရံ အစာမျိုရခက်တဲ့ လက္ခဏာမျိုး ပြတတ်ပါတယ်။ များသောအားဖြင့် ပုံမှန်စမ်းသပ်ခြင်းတွေ ပြုလုပ်ပေးရာကနေ သိုင်းရွိုက်အကျိတ်ဖြစ်နေတာကို သိသွားရခြင်းမျိုး ရှိပါတယ်။

အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

အကြောင်းရင်းများ

Thyroid Nodules (သိုင်းရွိုက်အကျိတ်ဖြစ်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

သိုင်းရွိုက်အကျိတ်ကိုဖြစ်စေတဲ့ အကြောင်းမျိုးစုံရှိပါတယ်။ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • အိုင်အိုဒင်းချို့တဲ့ခြင်း။ အိုင်အိုဒင်းဓါတ် ချို့တဲ့ခြင်းဟာ သိုင်းရွိုက်ဂလင်းမှာ အကျိတ်များ ဖြစ်ပေါ်လာစေနိုင်ပါတယ်။
  • ပုံမှန်သိုင်းရွိုက်တစ်သျှူးများ ကြီးထွားလာခြင်း။ အကြောင်းအရင်းကို ရှင်းလင်းစွာ မသိရသေးပါဘူး။ သိုင်းရွိုက်အဒီနိုးမားလို့ တခါတရံ ရည်ညွှန်းပါတယ်။
  • သိုင်းရွိုက်အရည်အိတ်ဖြစ်ခြင်း။ သိုင်းရွိုက်အဒီနိုးမား ပျက်စီးသွားရင် အရည်အိတ်လေးတွေအနေနဲ့ ကျန်ရစ်ခဲ့ပါတယ်။ များသောအားဖြင့် အစိုင်အခဲနဲ့ အရည်တွေ ရောနေတတ်ပါတယ်။ အရည်အိတ်ဟာ ကင်ဆာမဟုတ်ပေမယ့် ကင်ဆာအစိတ်အပိုင်းတွေနဲ့လည်း ရောနေတတ်ပါတယ်။
  • သိုင်းရွိုက်ရောင်ခြင်း။ ဟာရှီနိုမိုတိုရောဂါလို့ ခေါ်ပါတယ်။ သိုင်းရွိုက်ဂလင်း စွမ်းဆောင်ရည် ကျဆင်းတဲ့ အခြေအနေနဲ့လည်း ဆက်စပ်နေပါတယ်။
  • လည်ပင်းကြီးခြင်း။ အိုင်အိုဒင်းနည်းပါးခြင်း ဒါမှမဟုတ် သိုင်းရွိုက်ရောဂါကြောင့် သိုင်းရွိုက်ဂလင်းဟာ ကြီးထွားလာတတ်ပါတယ်။
  • သိုင်းရွိုက်ကင်ဆာ။ သိုင်းရွိုက်အကျိတ်မှာ ကင်ဆာဖြစ်နိုင်ခြေနည်းပေမယ့် မိသားစုရာဇဝင်ရှိခြင်း၊ အသက် ၃၀အောက်ငယ်ခြင်း ၆၀အထက်ကြီးခြင်း ယောက်ျားလေးဖြစ်ခြင်း၊ ဓါတ်ရောင်ခြည် ကုသမှုခံယူဖူးခြင်း စတဲ့ဖြစ်နိုင်ခြေမြင်ပစေတဲ့ အရာတွေ ရှိနေပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Thyroid Nodules (သိုင်းရွိုက်အကျိတ်ဖြစ်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အောက်ပါအချက်တွေက မြင့်မားစေပါတယ်။

  • မိသားစုဝင်များတွင် လည်ပင်းကြီးဖူးခြင်း
  • အိုင်အိုဒင်းနည်းပါးသောနေရာတွင် ကြီးပြင်းလာခြင်း (အထူးသဖြင့် အမျိုးသမီးများ)
  • မသိနိုင်သော ပတ်ဝန်းကျင်အကြောင်းအရာများ (ပတ်ဝန်းကျင်ညစ်ညမ်းခြင်း၊ ပိုးသတ်ဆေးများ)
  • ဟော်မုန်းဆေးများ အလွဲသုံးခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Thyroid Nodules (သိုင်းရွိုက်အကျိတ်ဖြစ်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

အောက်ပါစမ်းသပ်မှုတွေ အသေးစိတ်ပြုလုပ်ပါလိမ့်မယ်။

  • ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်း။ တခုခုကို မျိုချခိုင်းပြီး သိုင်းရွိုက်ဂလင်းရဲ့ အထက်အောက် လှုပ်ရှားမှုပုံစံကို ကြည့်ရှုပါလိမ့်မယ်။
  • သိုင်းရွိုက်လုပ်ငန်းစစ်ဆေးခြင်း။ သိုင်းရွိုက်ဂလင်းက ထုတ်တဲ့ ဟော်မုန်းများနဲ့ ပီကျူထရီဂလင်းက ထုတ်လုပ်တဲ့ TSH ဟော်မုန်းကို စစ်ဆေးပါတယ်။ TSH ဟော်မုန်းဟာ သိုင်းရွိုက်ဟော်မုန်းတွေ ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတာကြောင့် TSH စစ်ဆေးခြင်းဟာ သိုင်းရွိုက်ဟော်မုန်းများ များများထုတ်နေသလား၊ နည်းနည်းထုတ်နေသလား သိနိုင်ပါတယ်။
  • အသံလှိုင်းများနဲ့ ပုံရိပ်ဖော်စစ်ဆေးပါတယ်။ အကျိတ်ရဲ့ ပုံစံနဲ့ ဖွဲ့စည်းပုံကို သိနိုင်ပါတယ်။ အပ်နဲ့ အသားစယူစစ်ဆေးခြင်းအတွက် နေရာညွှန်ပြပေးနိုင်ပါတယ်။
  • အပ်ဖြင့် အသားစယူစစ်ဆေးခြင်း။ ကင်ဆာဟုတ်မဟုတ် စစ်ဆေးပါတယ်။
  • သိုင်းရွိုက်စကင်ဖတ်ခြင်း။ ရေဒီယိုသတ္တိကြွတဲ့ အိုင်အိုဒင်းကို သွေးပြန်ကြောထဲ ထိုးသွင်းပါတယ်။ ပြီးရင် အထူးကင်မရာတမျိုးနဲ့ ရိုက်ကူးပြီး ကွန်ပျူတာမျက်နှာပြင်ပေါ်မှာ ပုံရိပ်ဖော်စစ်ဆေးနိုင်ပါတယ်။

Thyroid Nodules (သိုင်းရွိုက်အကျိတ်ဖြစ်ခြင်း) ကို ဘယ်လိုကုသပါသလဲ

အကြောင်းအရင်းကိုလိုက်ပြီး ကုသမှုနည်းလမ်းတွေ ကွဲပြားပါတယ်။

ကင်ဆာမဟုတ်သော အကျိတ်များကုသခြင်း

ကင်ဆာမဟုတ်သော အကျိတ်တွေအတွက် အောင်ပါနည်းလမ်းတွေ ရှိပါတယ်။

  • စောင့်ကြည့်ခြင်း။ ကင်ဆာမဟုတ်ရင် စောင့်ကြည့်ဖို့ အကြံပြုပါလိမ့်မယ်။ ပုံမှန်ချိန်းဆိုပြီး စစ်ဆေးကြည့်ရှုပါလိမ့်မယ်။
  • သိုင်းရွိုက်ဟော်မုန်းဖိနှိပ်သည့်ကုသခြင်း။ levothyroxine လို ဖန်တီးထားတဲ့ ဟော်မုန်းဆေးနဲ့ ကုသခြင်းဖြစ်ပါတယ်။ ဒီကုသခြင်းရဲ့ အဓိကစိတ်ကူးကတော့ ဟော်မုန်းထုတ်လုပ်မှု နည်းသွားပြီး သိုင်းရွိုက်တစ်သျှူး ကြီးထွားမှု လျော့နည်းစေဖို့ ဖြစ်ပါတယ်။
  • အကျိတ်များစုပေါင်းပြီး ကြီးမားလာတဲ့အခါ ခွဲစိတ်ကုသနိုင်ပါတယ်။ အကျိတ်ကြီးလာရင် အသက်ရှူလမ်းကြောင်း၊ အစာမျိုပြွန်နဲ့ သွေးကြောတွေကို ဖိအားဖြစ်စေပါတယ်။ အသားစယူစစ်ဆေးခြင်းကနေ သိရှိပြီး ကင်ဆာလက္ခဏာရှိမရှိကြည့်ရှုကာ ခွဲစိတ်ဖယ်ရှားနိုင်ပါတယ်။

သိုင်းရွိုက်ဂလင်းအလုပ်အလွန်လုပ်ခြင်းကို ကုသခြင်း

အောက်ပါနည်းတွေ ပါဝင်ပါတယ်။

  • ရေဒီယိုသတ္တကြွအိုင်အိုဒင်း။ အလုပ်အလွန် အကျွံလုပ်နေတဲ့ အဒီနိုးမားနဲ့ အကျိတ်များကြောင့် လည်ပင်းကြီးခြင်းကို ကုသဖို့ အသုံးပြုပါတယ်။ ဆေးတောင့်၊ ဆေးရည်ပုံစံတွေနဲ့ ပေးပါတယ်။ ရေဒီယိုသတ္တိကြွအိုင်အိုဒင်းကို သိုင်းရိွုက်ဂလင်းကနေ စုပ်ယူပါတယ်။
  • သိုင်းရွိုက်ဆန့်ကျင်ဆေးများ။ methimazole (Tapazole) လိုဆေးတွေ ပါဝင်ပါတယ်။ ရေရှည်ကုသရပြီး အသည်းကို ထိခိုက်စေတဲ့ ဘေးထွကင်ဆိုးကျိုးလည်း ရှိပါတယ်။ ကုသမှု အကျိုးအပြစ်တွေကို ဆရာဝန်နဲ့ တိုင်ပင်ပါ။
  • အထက်ပါကုသနည်းတွေနဲ့ မထိရောက်ဖူးထင်ရင် ခွဲစိတ်ကုသနိုင်ပါတယ်။ ဘေးထွက်အန္တရာယ်တချို့ရှိတာကြောင့် ဆရာဝန်နဲ့ ဆွေးနွေးပါ။

ကင်ဆာအကျိတ်များ ကုသခြင်း

များသောအားဖြင့် ခွဲစိတ်ကုသပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Internal medicine Department of Pham Ngoc Thach Medic Uni. Thyroid Goiter Teaching presentation| Dr. Chau Ngoc Hoa. Accessed 19 Feb, 2017.

Hegedüs L. Clinical practice. The thyroid nodule. N Engl J Med 2004; 351:1764. Accessed 19 Feb, 2017.

Steele SR, Martin MJ, Mullenix PS, et al. The significance of incidental thyroid abnormalities identified during carotid duplex ultrasonography. Arch Surg 2005; 140:981. Accessed 19 Feb, 2017.

Thyroid Nodules. http://www.medicinenet.com/thyroid_nodules/page4.htm#what_is_the_treatment_for_thyroid_nodules. Accessed 19 Feb, 2017.

Thyroid Nodules. http://www.mayoclinic.org/diseases-conditions/thyroid-nodules. Accessed 19 Feb, 2017.

Thyroid Nodules. http://www.webmd.com/women/tc/thyroid-nodules-topic-overview. Accessed 19 Feb, 2017.

ယခုပုံစံ

14/07/2022

Written by Dr. Thant Zin

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အစာအိမ်ပိုး ကြောင့် အစာအိမ်ကင်ဆာ ဖြစ်တတ်တာ သိပါရဲ့လား

ကင်ဆာဖြစ်နိုင်ခြေကို ဘယ်လိုနည်းလမ်းတွေနဲ့ လျှော့ချလို့ ရမလဲ!


Written by

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement