backup og meta

Stomach Cancer (အစာအိမ် ကင်ဆာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Stomach Cancer (အစာအိမ် ကင်ဆာ) ကဘာလဲ။

အစာအိမ်ကင်ဆာ ဆိုတာ အစာအိမ်မှာ ကင်ဆာဆဲလ် ပေါက်ဖွားလာခြင်း ဖြစ်ပါတယ်။ အစာအိမ်ထဲက ဆဲလ်တွေ ကင်ဆာအဖြစ် ကြီးထွားမှုများလာတဲ့ အချိန်မှာ ဖြစ်လာပါတယ်။ အစာအိမ်ကင်ဆာဟာ အဖြစ်များတဲ့ ရောဂါဖြစ်ပြီး တခြားအင်္ဂါတွေကို ပျံ့နှံ့နိုင်ပါတယ်။ သေချာကူသမှု မပြုလျှင် အသက်ဆုံးရှူံးနိုင်စေပါတယ်။

Stomach Cancer (အစာအိမ် ကင်ဆာ) က ဘယ်လောက်အဖြစ်များသလဲ

အသက်အရွယ် မရွေး ကင်ဆာဖြစ်နိုင်ပါတယ်။ သို့သော်လည်း အသက် ၄၀ အထက် အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Stomach Cancer (အစာအိမ် ကင်ဆာ) ရဲ့လက္ခဏာတွေကဘာတွေလဲ

အစာအိမ်ကင်ဆာအဆင့်နုသေးတဲ့ လူနာတွေမှာ ရောဂါလက္ခဏာတွေ ပြခင်မှ ပြဦးမှာပါ။ ကင်ဆာရင့်လာတာနဲ့ အမျှ ဗိုက်အောင့်ခြင်း၊ ပျို့ခြင်း၊ နှင့် အစားအသောက်ပျက်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။ တခြားလက္ခဏာတွေ အနေနဲ့ အစာစားပြီး ရင်ပြည့်ခြင်း၊ အစာမျိုရ ခက်ခြင်း၊ နှလုံးအောင့်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ဝမ်းသွေးပါခြင်း၊ အလုံးအခဲ စမ်းမိခြင်း၊ အစာစားပြီး ဗိုက်တင်းခြင်းနှင့် ဝမ်းဗိုက်ဖောခြင်း တို့ဖြစ်နိုင်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခု ရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Stomach Cancer (အစာအိမ် ကင်ဆာ) ကိုဘာတွေကဖြစ်စေသလဲ

ဖြစ်ပွားစေသည့် အကြောင်းအရင်းကို သေချာ မသိရသော်လည်း တချို့သော အကြောင်းအရာတွေက ဒီရောဂါကို ဖြစ်လာစေနိုင်မှု မြင့်မားပါတယ်။ nitrates များတဲ့ အစားအစာတွေက ဒီကင်ဆာကို ဖြစ်ပွားနိုင်ချေများ ပါတယ်။ nitrates (နိုက်ထရိတ်) ( မီးဖုတ်ထားတဲ့၊ ဆားဖြူးထားတဲ့ အစာတွေမှာတွေ့ရနိုင်) တွေကို bacteria တွေက nitrites အဖြစ်ပြောင်းစေပြီး nitrites က ကင်ဆာဖြစ်စေပါတယ်။ helicobacter pylori လို့ခေါ်တဲ့ ဘက်တီးရီးယား ကူးစက်ခံထားရတဲ့ အစာအိမ်ရှိတဲ့ လူတွေမှာ အစာအိမ်ကင်ဆာဖြစ်လာဖို့ အလားအလာ များပါတယ်။

ဖြစ်ပွားနိုင်ခြေမြင့်မာစေသော အကြောင်းအရာများ

Stomach Cancer (အစာအိမ် ကင်ဆာ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အစာအိမ်ကင်ဆာ ဖြစ်ပွားနိုင်ချေ ကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • ဆားများပြီး မီးခိုးကျပ်တိုက် အစာများ။
  • သစ်သီးနှင့် ဟင်းရွက်မပါတဲ့ အစာများ
  • Aflatoxin မှိုပါတဲ့ အစာများ စားခြင်း။
  • အစာအိမ်ကင်ဆာ မျိုးရိုးရှိခြင်း
  • Helicobacter pylori ဘက်တီးရီးယား ကူးစက်ခြင်း
  • နာတာရှည် အစာအိမ် ရောင်ခြင်း
  • ဆေးလိပ်သောက်ခြင်း
  • အစာအိမ် အသားပိုအလုံးများရှိခြင်း

အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့် သင့်မှာ အစာအိမ်ကင်ဆာ မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာ မှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Stomach Cancer (အစာအိမ် ကင်ဆာ) ကို ဘယ်လိုအတည်ပြုပါသလဲ

အစာအိမ်ကင်ဆာ ရှိမရှိစစ် ဆေးနိုင်တဲ့ နည်းလမ်းတွေကတော့

  • အစာအိမ်မှန်ပြောင်းကြည့်ခြင်း
  • သွေးစစ်ခြင်း
  • ကွန်ပျူတာ ဓါတ်မှန် ရိုက်ခြင်း သို့ X ray ဓါတ်မှန်ရိုက်ခြင်း

Stomach Cancer (အစာအိမ် ကင်ဆာ) ကို ဘယ်လိုကုသပါသလဲ

ကင်ဆာပျံ့နှံ့မှု အခြေအနေပေါ်မူတည်ပြီး ကုသမှု အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ခွဲစိပ်ခြင်းကတော့ ပျောက်ကင်းဖို့အတွက် တစ်ခုတည်းသော အခွင့်အရေးဖြစ်ပါတယ်။ ခွဲစိပ်မှုမှာ အစာအိမ်အပိုင်းတစ်ခု ခွဲထုတ်ခြင်းဖြင့် ကင်ဆာကို ဖယ်ရှားခြင်း(subtotal gastrectomy) သို့ အစာအိမ်တစ်ခုလုံးနီးပါး ဖယ်ထုတ်ခြင်းတို့ ပါဝင်ပါတယ်။ ကင်ဆာရင့်နေပြီ ဖြစ်တဲ့ လူတွေနဲ့ ခွဲစိပ်လို့မရနိုင်တဲ့ သူတွေ အတွက်ကတော့ ကင်ဆာဆေးသွင်းခြင်း သို့ ဓါတ်ရောင်ခြည်ပေးခြင်းများ လုပ်နိုင်သော်လည်း ထိုနည်းလမ်းတွေကတော့ ကင်ဆာကို လုံးဝမပျောက်ကင်းစေနိုင်ပါဘူး။ တချို့လူတွေမှာ ခွဲစိပ်ပြီး လမ်းကြောင်းလွှဲခြင်းဖြင့် ရောဂါလက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အစာအိမ်ကင်ဆာ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် အစာအိမ်ကင်ဆာ ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

• ဆရာဝန်ညွှန်ကြားချက်ကို လိုက်နာပါ။

• ဆေးလိပ်မသောက်ပါနဲ့။

• သစ်သီး နှင့် ဟင်းသီးဟင်းရွက်ပါဝင်တဲ့ ကျန်းမာတဲ့ စားသောက်မှုကို ပြုကျင့်ပါ။

• ဆာများပြီး မီးခိုးကျပ်တိုက် အစာတွေကို ရှောင်ပါ။

• အရက်မသောက်ပါနဲ့။

• အစာအိမ်ကင်ဆာ အခြေအနေကို စောင့်ကြည့်ရန် အချိန်မှန်မှန် အစာအိမ် မှန်ပြောင်း ကြည့်ပေးပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ferri, Fred. Ferri’s Netter Patient Advisor. Philadelphia, PA: Saunders / Elsevier, 2012. Print edition. Page 339.

Porter, R. S., Kaplan, J. L., Homeier, B. P., & Albert, R. K. (2009). The Merck manual home health handbook. Whitehouse Station, NJ, Merck Research Laboratories. Print edition. Page 190.

Stomach cancer http://www.mayoclinic.org/diseases-conditions/stomach-cancer/basics/definition/con-20038197. Accessed September 24, 2015.

Stomach cancer https://www.nlm.nih.gov/medlineplus/ency/article/000223.htm. Accessed September 24, 2015.

ယခုပုံစံ

12/05/2020

Dr. Kaung Thar မှ ရေးသားသည်။


ဆက်စပ် အကြောင်းအရာများ

အစာအိမ်ပိုး ကြောင့် အစာအိမ်ကင်ဆာ ဖြစ်တတ်တာ သိပါရဲ့လား

ကင်ဆာဖြစ်နိုင်ခြေကို ဘယ်လိုနည်းလမ်းတွေနဲ့ လျှော့ချလို့ ရမလဲ!



Dr. Kaung Thar မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement