backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Rectal Polyps ( အစာဟောင်းအိမ်အသားပို )

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Rectal Polyps ( အစာဟောင်းအိမ်အသားပို )

အဓိပ္ပါယ်ဖွင့်ဆိုချက်

Rectal Polyps ( အစာဟောင်းအိမ်အသားပို ) ကဘာလဲ။

အစာဟောင်းအိမ်အသားပိုဆိုသည်မှာ အူမကြီးနံရံများတွင် ဖြစ်ပေါ်တတ်သည့် ဆဲလ်အစုအဝေးလေးများကို ဆိုလိုသည်။ အူမကြီးအသားပိုအများစုမှာ အန္တရာယ်မရှိပါ။

သို့သော် အချိန်ကြာလာသည်နှင့် တစ်ချို့သော အူမကြီးအသားပိုများသည် အူမကြီးကင်ဆာအဖြစ် ပြောင်းသွားနိုင်ပြီး နောက်ပိုင်းအဆင့်များတွင် အသက်အန္တရာယ်ရှိသည်အထိ ဖြစ်နိုင်၏။ အသားပိုများသည် အချောင်းလိုက် သို့မဟုတ် ချိန်သီးပုံစံနှင့်ရှိတတ်ပြီး အရွယ်အစားအမျိုးမျိုး ရှိနိုင်သည်။

အသားပိုများတွေ့ရနိုင်ချေသည် ၇%မှ ၅၀% ထိရှိပြီး အများဆုံးမှာ ရင်ခွဲစစ်ဆေးစဉ် အလွန်သေးငယ်သည့်အသားပိုများ (များသောအားဖြင့် hyperplastic polys သို့ adenoma)ဖြစ်သည်။ အသားပိုများသည် များသောအားဖြင့် အများကြီးရှိတတ်ပြီး အတွေ့ရဆုံးမှာ အစာဟောင်းအိမ်တွင်ဖြစ်သည်။

Rectal Polyps ( အစာဟောင်းအိမ်အသားပို ) က ဘယ်လောက်အဖြစ်များသလဲ

လူတိုင်း အူမကြီးအသားပိုပေါက်နိုင်၏။ အသက် ၅၀ ကျော်လာလျှင် သို့မဟုတ် အဝလွန်လျှင် သို့မဟုတ် ဆေးလိပ်သောက်လျှင် သို့မဟုတ် အူမကြီးအသားပို သို့ ကင်ဆာရောဂါ မိသားစုမျိုးရိုးရှိဖူးလျှင် ဖြစ်နိုင်ချေ ပိုမြင့်သည်။

သို့သော် ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

လက္ခဏာများ

Rectal Polyps ( အစာဟောင်းအိမ်အသားပို ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ဖြစ်ရပ်အများစုတွင် အစာဟောင်းအိမ်အသားပိုသည့် လက္ခဏာများမပြပဲ အူမကြီးကင်ဆာရှိမရှိ စစ်ဆေးခြင်းများ ပြုလုပ်ခါမှ သိရှိရသည်မျိုးပင်။ သို့သော် သင့်၌ လက္ခဏာများရှိသည်ဆိုပါက အောက်ပါတို့ဖြစ်နိုင်သည်။

ဝမ်းတွင်သွေးပါခြင်း သို့ အစာဟောင်းအိမ် သွေးထွက်ခြင်း

နာခြင်း၊ ဝမ်းလျှောခြင်း သို့ ဝမ်းချုပ်ခြင်း – ၎င်းတို့သည် တစ်ပတ်ထက်ကြာခြင်း

အသားပိုအကြီးရှိလျှင် ပျို့ခြင်း သို့မဟုတ် အန်ခြင်း

အိမ်သာသုံးစက္ကူတွင် သုံးပြီးသွေးစပါခြင်း သို့မဟုတ် ဝမ်းတွင် သွေးမျှင်များပါခြင်းသည် အစာဟောင်းအိမ် သွေးထွက်ခြင်းကိုပြညွှန်ပြီး ဆရာဝန်နှင့် စစ်ဆေးမှု ခံယူသင့်သည်။

အသားပိုများရှိမရှိ အမြန်စစ်ဆေးခြင်းမျိုးအား မှန်မှန်လုပ်ရန် လိုအပ်ပါသည်။ အူမကြီးအသားပိုများကို အစောပိုင်းအဆင့်တွင် သိထားပါက အန္တရာယ်မရှိပဲ အူမကြီးမှန်ပြောင်းကြည့်စဉ် ဖယ်ရှားနိုင်ပါသည်။ အသားပိုများဖယ်ခြင်းဖြင့် အူမကြီးကင်ဆာဖြစ်နိုင်ချေကို လျော့ချနိုင်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

စောလျင်စွာသိရှိကုသခြင်းသည် အစာဟောင်းအိမ်အသားပိုများ ပိုဆိုးမလာအောင် တခြားသော ကျန်းမာရေးဆိုင်ရာအရေးပေါ်များ ဖြစ်မလာအောင် တာဆီးနိုင်သည်။ ထို့ကြောင့် ပြင်းထန်သည့်အခြေအနေများကို ကာကွယ်နိုင်ရန် ဆရာဝန်နှင့် တတ်နိုင်သလောက် မြန်မြန်ဆွေးနွေးပါ။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမယ်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။

လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Rectal Polyps ( အစာဟောင်းအိမ်အသားပို ) ကိုဘာတွေကဖြစ်စေသလဲ

အစာဟောင်းအိမ်အသားပိုကို ဖြစ်စေရသည့် အကြောင်းရင်းအား ဆရာဝန်များ တိတိကျကမသိရသေးပါ။ သို့သော် အသားပိုများသည့် ပုံမှန်မဟုတ်သည့်တစ်ရှူးများ ကြီးထွားခြင်းရလဒ် ဖြစ်ကောင်းဖြစ်နိုင်သည်။ ကျန်းမာသောဆဲလ်များသည် အစီအစဉ်တကျ ကွဲပွားကြီးထွား၏။ တစ်ချို့ဗီဇများတွင် ဗီဇပြောင်းလဲမှုဖြစ်ပါက ဆဲလ်အသစ်များ မလိုသော်လည်း ဆဲလ်များကို ဆက်လက်ကွဲပွားစေနိုင်သည်။

အူမကြီးနှင့် အစာဟောင်းအိမ်တို့တွင် ဒီလို မထိန်းချုပ်ပဲ ကွဲပွားနေခြင်းမှသည် အသားပိုများဖြစ်စေနိုင်သည်။ အသားပိုများသည် အူမကြီး၏ မည်သည့်နေရာတွင်မဆို ဖြစ်နိုင်ပြီး အထူးသဖြင့် အစာဟောင်းအိမ်တွင် အဖြစ်များသည်။ ယေဘုယျအားဖြင့် အသားပိုကြီးလာသည်နှင့် ကင်ဆာဖြစ်နိုင်ချေ များလေလေဖြစ်သည်။

ဖြစ်နိုင်ခြေများ

Rectal Polyps ( အစာဟောင်းအိမ်အသားပို ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အစာဟောင်းအိမ်အသားပို သို့ ကင်ဆာ ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်

  • အသက်အရွယ်

အူမကြီးအသားပိုရှိသော လူအများစုသည် အသက် ၅၀ နှင့် အထက်လူများဖြစ်သည်။

  • မျိုးရိုးရှိခြင်း

သင့်မိဘ မောင်နှမ သို့ ကလေးများတွင် အသားပို သို့ ကင်ဆာရှိပါက သင်လဲ ရှိနိုင်ချေများသည်။ မိသားစုဝင် အတော်များများတွင် ရှိနေသည်ဆိုပါက သင့်၌ဖြစ်နိုင်ချေ အလွန်မြင့်နေပါမည်။ သို့သော် တစ်ချို့လူများတွင်တော့ မျိုးရိုးမရှိပဲနှင့်လဲ ဖြစ်နိုင်၏။

  • ဆေးရွက်ကြီးနှင့် အရက်
  • အဝလွန်ခြင်းနှင့်ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း
  • လူမျိုး

အာဖရိကန်-အမေရိကန်ကပြားများသည် အူမကြီးကင်ဆာ ဖြစ်နိုင်ချေ ပိုများ၏။

  • သေချာမထိန်းသောဆီးချိုအမျိုးအစား၂

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Rectal Polyps ( အစာဟောင်းအိမ်အသားပို ) ကို ဘယ်လိုအတည်ပြုပါသလဲ

ကင်ဆာမဖြစ်ခင် အသားပိုများကို ရှာတွေ့စေရန် စစ်ဆေးခြင်းသည် အရေးအပါဆုံးပင်ဖြစ်သည်။ ထိုစစ်ဆေးမှုများသည် အူမကြီးအစာဟောင်းအိမ်ကင်ဆာကို အစောပိုင်းအဆင့်များ – သင်ပြန်ကောင်းနိုင်သောအဆင့်များတွင် – ရှာဖွေတွေ့ရှိနိုင်ရန် အထောက်အကူပြု၏။

  • အူမကြီးမှန်ပြောင်း

၎င်းသည် အစာဟောင်းအိမ်အသားပိုနှင့်ကင်ဆာအတွက် အကောင်းဆုံးစစ်ဆေးမှုဟုဆိုသည်။ အသားပိုများတွေ့သည်နှင့် ဆရာဝန်သည် ချက်ချင်းဖယ်ပေးနိုင်သလို စစ်ဆေးရန် အသားစလဲ ယူနိုင်ပါသည်။

  • ပုံရိပ်ဖော်အူမကြီးမှန်ပြောင်း (ကွန်ပျူတာအူမကြီးဓါတ်မှန်)

အန္တရာယ်ပိုနည်းသော ဒီစစ်ဆေးမှုတွင် ကွန်ပျူတာဓါတ်မှန်ကိုသုံးပြီး အူမကြီးအား ပုံဖော်ကြည့်နိုင်သည်။ ပုံရိပ်ဖော်အူမကြီးမှန်ပြောင်းကြည့်ခြင်းသည် ရိုးရိုးမှန်ပြောင်းကဲ့သို့ပင် အူကိုပြင်ဆင်ထားရန်လိုသည်။ အသားပိုတွေပါက ရိုးရိုးမှန်ပြောင်းသုံးပြီး ဖယ်ရှားဖို့ လိုအပ်နိုင်သည်။

  • ကွေ့ဆန့်လွယ်သောမှန်ပြောင်းဖြင့် အူမကြီး၏တတိယပိုင်းအားကြည့်ခြင်း

ဒီတစ်ခုတွင် သေးငယ်သောအလင်းပြွန်အား အစာဟောင်းအိမ်မှထည့်ကာ အစာဟောင်းအိမ်နှင့် အူမကြီးတတိယပိုင်း (Sigmoid) အားကြည့်ရှူ့စစ်ဆေးနိုင်သည်။ အသားပိုရှိသည်ကို တွေ့ရပါက အူမကြီးမှန်ပြောင်းသုံးပြီး ဖယ်ရှားနိုင်သည်။

  • ဝမ်းစစ်ဆေးခြင်း

ဆရာဝန်မှ သင့်အား စစ်ဆေးရန်ပစ္စည်းသေတ္တာကိုပေးကာ ဝမ်းယူရမည့်ပုံကို ညွှန်ကြားပါလိမ့်မည်။ ဓါတ်ခွဲစစ်ဆေးရန် အထူးသဖြင့် အဏုကြည့်မှန်ပြောင်းနှင့်ကြည့်မှ မြင်ရမည့် သွေးယိုခြင်းအတွက် ဝမ်းနမူနာယူပြီးပါက ဆရာဝန်ဆီကို ပြန်ပေးပါ။ ဒီစစ်ဆေးမှုသည် အသားပိုလက္ခဏာဖြစ်သော ဝမ်းထဲ၌ သွေးပါမပါကို သိရှိစေနိုင်ပါသည်။

Rectal Polyps ( အစာဟောင်းအိမ်အသားပို ) ကို ဘယ်လိုကုသပါသလဲ

အစာဟောင်းအိမ်အသားပိုကိုကုသရန် အကောင်းဆုံးသည် ဖယ်ရှားခြင်းသာအကောင်းဆုံးဟု ယုံကြည်ကြသည်။ ဆရာဝန်သည် မှန်ပြောင်းကြည့်ရင်းနှင့် အသားပိုများကို ဖယ်ရှားပေးနိုင်သည်။

ထို့နောက်မှ အသားပိုများကို အဏုကြည့်မှန်ပြောင်းနှင့်ကြည့်ကာ ဘာအမျိုးအစား၊ ကင်ဆာဆဲလ်ပါမပါ စစ်ဆေးမည်ဖြစ်သည်။ များသောအားဖြင့် မခွဲမစိတ်ရပဲ အသားပိုများကို ဖယ်ရှားနိုင်ပါသည်။

သို့သော် အသားပိုများ အလွန်ကြီးပြီး မှန်ပြောင်းကြည့်စဉ် မဖယ်ရှားနိုင်ပါက ခွဲစိတ်ရန် လိုအပ်နိုင်သည်။ ဖြစ်ရပ်အများစုတွင်တော့ ဝမ်းတွင်းကြည့်မှန်ပြောင်းစနစ်ဖြင့် ခွဲစိတ်ရနိုင်ပါသည်။

ဒီခွဲစိတ်မှုမျိုးသည် အန္တရာယ်ပိုနည်းပြီး ဝမ်းတွင်းကြည့်မှန်ပြောင်း – သေးငယ်ပြီး အလင်းပါသည့်ပြွန်၊ resolution မြင့်သည့် ကင်မရာပါ မှန်ပြာင်း- နှင့် ခွဲစိတ်ခြင်းဖြစ်သည်။ ထိုမှန်ပြောင်းအား ဗိုကိုဖောက် ထည့်ရပါသည်။ ခွဲစိတ်ဆရာဝန်မှ အူမကြီးကို မြင်ရသည်နှင့် အထူးပြုလုပ်ထားသော ကိရိယာများသုံးက အသားပိုကို ဖယ်ရှားပါသည်။

ရောဂါဗေဒပညာရှင် သို့ တစ်ရှူးခွဲခြမ်းစစ်ဆေးမှုတွင် ကျွမ်းကျင်သူတို့မှ အသားပိုအား ကင်ဆာရှိမရှိ စစ်ဆေးပါလိမ့်မည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အစာဟောင်းအိမ်အသားပို ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

ဒီအခြေအနေအားကာကွယ်ရန်အတွက် အိမ်သုံးကုထုံးတစ်ချို့ကို ပြုလုပ်နိုင်ပါသည်။

သစ်သီးများ၊ ဟင်းသီးဟင်းရွက်များနှင့် ဂျုံကြမ်းများကို စားပါ

အဆီလျှော့ပါ

အရက်သောက်ခြင်းကို ထိန်းပါ

ဆေးရွက်ကြီးမသုံးပါနှင့်

ကိုယ်လက်လှုပ်ရှားပြီး ကျန်းမာရေးနှင့်ညီသော အလေးချိန်ကိုထိန်းပါ

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement