backup og meta

မုန့်ချိုအိတ်ကင်ဆာ (Pancreatic Cancer)

အဓိပ္ပါယ်ဖွင့်ဆိုချက်လက္ခဏာများအကြောင်းရင်းများဖြစ်နိုင်ခြေများရောဂါအဖြေရှာခြင်းနှင့် ကုသမှု

အဓိပ္ပါယ်ဖွင့်ဆိုချက်

မုန့်ချိုအိတ်ကင်ဆာ (Pancreatic Cancer)က ဘာလဲ။

မုန့်ချိုအိတ်ကင်ဆာဆိုတာ အစာအိမ်နောက်မှာရှိတဲ့ အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းဖြစ်တဲ့ မုန့်ချိုအိတ်ရဲ့ တစ်ရှူးထဲမှာ ဖြစ်တတ်တဲ့ ကင်ဆာဖြစ်ပါတယ်။

မုန့်ချိုအိတ်ဟာ အစာခြေဖျက်ရာမှာ အရေးပါတဲ့ အင်ဇိုင်းတွေ ထုတ်လုပ်ပြီး အရေးပါတဲ့ နေရာမှာ ပါဝင်ပါတယ်။ ဂလူကဂွန်၊ အင်ဆူလင် စတဲ့ သွေးတွင်းသကြားဓါတ် ဇီဝဖြစ်ပျက်မှုတွေကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်းတွေ ထုတ်လုပ်ပေးပါတယ်။ အင်ဆူလင်ဟာ ဂလူးကို့စ်ကနေ စွမ်းအင်ဖြစ်စေပြီး ဂလူကဂွန်ဟာ သကြားဓါတ်နည်းနေချိန်မှာ မြှင့်တင်ပေးပါတယ်။

မုန့်ချိုအိတ်ကင်ဆာ (Pancreatic Cancer)က ဘယ်လောက်အဖြစ်များသလဲ

မုန့်ချိုအိတ်ကင်ဆာဟာ အမေရိကန်မှာ ကင်ဆာနဲ့ပတ်သက်တဲ့ သေဆုံးမှုတွေမှာ စတုတ္ထမြောက်သေဆုံးမှုအမြင့်ဆုံး ဖြစ်ပါတယ်။ မုန့်ချိုအိတ်ရဲ့ တည်နေရာကြောင့် ရောဂါရှာသိဖို့ ခဲယဉ်းပြီး ကြာမှသိလာရတတ်ပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ခြေ အန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။

ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

မုန့်ချိုအိတ်ကင်ဆာ (Pancreatic Cancer)ရဲ့ လက္ခဏာတွေက ဘာတွေလဲ

ရောဂါဆိုးလာတဲ့အချိန်မတိုင်မီထိ လက္ခဏာ မပြတတ်ပါဘူး။ အောက်ပါလက္ခဏာတွေ ပြတတ်ပါတယ်။

  • ဝမ်းဗိုက်အပေါ်ပိုင်းအောင့်ပြီး နောက်ကျောကိုပါ ပြန့်နှံ့ခြင်း
  • အသားရောင်ဝါပြီး မျက်လုံးဖြူခြင်း
  • အစားအသောက်ပျက်ခြင်း
  • ကိုယ်အလေးချိန်ကျဆင်းခြင်း
  • စိတ်ကျခြင်း
  • သွေးခဲခြင်း

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

စောစီးစွာ ရောဂါရှာဖွေကုသခြင်းဟာ အခြေအနေပိုဆိုး မသွားအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဆရာဝန်နဲ့ မြန်နိုင်သမျှ မြန်အောင် ပြသပါ။

အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

အကြောင်းရင်းများ

မုန့်ချိုအိတ်ကင်ဆာ (Pancreatic Cancer)ကို ဘာတွေကဖြစ်စေသလဲ

အကြောင်းအရင်းကိုတော့ ယနေ့တိုင် မသိရသေးပါဘူး။ ဒီကင်ဆာအမျိုးအစားဟာ ပုံမှန်မဟုတ်တဲ့ဆဲလ်တွေ မုန့်ချိုအိတ်ထဲမှာ ကြီးထွားလာပြီး အကျိတ်ဖြစ်ပေါ်ရာကနေ စတင်ဖြစ်ပွားပါတယ်။ ပုံမှန်ဆဲလ်တွေဟာ သူ့ပမာဏအတိုင်းပဲ ကြီးထွားလာပြီး သေဆုံးတတ်ပါတယ်။ ကင်ဆာဖြစ်ရင်တော့ ဆဲလ်အရေအတွက် ပုံမှန်ထက်များပြားလာပြီး ပုံမှန်ဆဲလ်တွေကိုပါ ဝါးမြိုသွားပါတယ်။

ဖြစ်နိုင်ခြေများ

မုန့်ချိုအိတ်ကင်ဆာ (Pancreatic Cancer) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အောက်ပါအခြေအနေတွေမှာ ဖြစ်ပွားနိုငခြေ ပိုမိုများပြားစေပါတယ်။

  • ဆေးလိပ်သောက်ခြင်း
  • အဝလွန်ခြင်း
  • လေ့ကျင့်ခန်းပုံမှန်မလုပ်ခြင်း
  • အသီးအနှံအစားနည်းခြင်း
  • အဆီများသော အစာစားခြင်း
  • အရက်သောက်လွန်းခြင်း
  • ဆီးချီုရှိခြင်း
  • ပိုးသတ်ဆေး၊ ဓါတုဆေးဝါးများဖြင့် အလုပ်လုပ်နေရခြင်း
  • မုန့်ချိုအိတ်နာတာရှည်ရောင်ရမ်းခြင်း
  • အသည်းပျက်စီးခြင်း
  • မုန့်ချိုအိတ်ကင်ဆာနှင့်ပတ်သက်၍ မိသားစုရာဇဝင်ရှိခြင်း၊ ကင်ဆာနှင့် ဆက်နွယ်သော မျိုးရိုးဗီဇ ချို့ယွင်းမှုရှိခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

မုန့်ချိုအိတ်ကင်ဆာကို ဘယ်လိုအတည်ပြုပါသလဲ

ဒီရောဂါရှိတယ်လို့ သံသယရှိရင် အောက်ပါစမ်းသပ်မှုတွေ အသေးစိတ်ပြုလုပ်ပါလိမ့်မယ်။ လက္ခဏာတွေကို သုံးသပ်ပြီး ရောဂါရာဇဝင်မေးပါလိမ့်မယ်။

အောက်ပါစစ်ဆေးနည်းတွေ ပါဝင်ပါတယ်။

  • မုန့်ချိုအိတ်အနေအထားကို အသေးစိတ်သိနိုင်ရန် CT၊ MRI ရိုက်ခြင်း
  • အစာအိမ်လမ်းကြောင်းအတွင်း မှန်ပြောင်းဖြင့် အာထရာဆောင်းရိုက်ခြင်း
  • အသားစနမူနာစစ်ဆေးခြင်း
  • အကျိတ်လက္ခဏာ CA 19-9 ရှိမရှိ သွေးစစ်ခြင်း

ရောဂါအတည်ပြုပြီးရင် အောက်ပါအတိုင်း အဆင့်သတ်မှတ်ပါလိမ့်မယ်။

အဆင့် ၁။ အကျိတ်ဟာ မုန့်ချိုအိတ်အတွင်းမှာပဲ ရှိနေပါတယ်။

အဆင့် ၂။ အကျိတ်များဟာ နီးစပ်ရာ ဝမ်းဗိုက်အတွင်းက တစ်သျှူးနဲ့ ပြန်ရည်ကြောဖုတွေဆီ ပြန့်နေပါတယ်။

အဆင့် ၃။ အကျိတ်များဟာ အဓိကကျတဲ့ သွေးကြောနဲ့ ပြန်ရေကြောဖုတွေဆီ ပြန့်နှံ့နေပါတယ်။

အဆင့် ၄။ အကျိတ်များဟာ တခြား အင်္ဂါအစိတ်အပိုင်းများ (ဥပမာ အသည်း)ကို ပြန့်နှံ့နေပါတယ်။

မုန့်ချိုအိတ်ကင်ဆာကို ဘယ်လိုကုသပါသလဲ

ကင်ဆာအဆင့်ပေါ် မူတည်ပါတယ်။ ကုသမှုမှာ ရည်ရွယ်ချက် ၂ခုရှိပါတယ်။ ပထမတချက်က ကင်ဆာဆဲလ်တွေကို သေစေဖို့နဲ့ ဒုတိယတချက်က ရောဂါပြန့်နှံ့ခြင်းကို တားဆီးဖို့ ဖြစ်ပါတယ်။ ကိုယ်အလေးချိန်ကျခြင်း၊ အူလမ်းကြောင်းပိတ်ဆို့ခြင်း၊ ဗိုက်အောင့်ခြင်း၊ အသည်းပျက်စီးခြင်း စတာတွေဟာ မုန့်ချိုအိတ်ကင်ဆာကုသစဉ်မှာ တွေ့ရများတဲ့ နောက်ဆက်တွဲပြသနာတွေပဲ ဖြစ်ပါတယ်။

ခွဲစိတ်ခြင်း

အကျိတ်ဟာ မုန့်ချိုအိတ်ထဲမှာပဲရှိသေးရင် ခွဲစိတ်ကုသပါတယ်။ နေရာအတိအကျသိရပါတယ်။ မုန့်ချိုအိတ်ရဲ့ ခေါင်းနဲ့လည်ပင်းပိုင်းမှာရှိရင် ဖြတ်တောက်ဖယ်ရှားတဲ့နည်း သုံးပါတယ်။ မုန့်ချိုအိတ်ရဲ့ ခေါင်ူပိုင်းနဲ့ ကိုယ်ပိုင်းရဲ့ ၂၀%ကို ဖယ်ရှားပါတယ်။ သည်းခြေအိတ်အောက်ခြေတဝက်နဲ့ အူရဲ့အစပိုင်းကိုပါ ဖယ်ထုတ်ရပါတယ်။ နောက်နည်းလမ်းတခုမှာတော့ အစာအိမ်ရဲ့ တစိတ်တပိုင်းပါ ဖယ်ရှားပါတယ်။

ဓါတ်ရောင်ခြည်သုံးကုသခြင်း

မုန့်ချိုအိတ်အပြင်ကို အကျိတ်တွေပြန့်လာရင် ဒီနည်းကို သုံးပါတယ်။ Xray နဲ့ တခြားစွမ်းအားမြင့်ရောင်ခြည်တွေကို ကင်ဆာဆဲလ်တွေသတ်ဖို့ သုံးပါတယ်။

ကင်ဆာဆေးသွင်းခြင်း

ကင်ဆာဆဲလ်တွေ ထပ်မံမပြန့်ပွားရအောင် တခြားနည်းလမ်းတွေနဲ့ပါ ပေါင်းစပ် အသုံးပြုပါတယ်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက မုန့်ချိုအိတ်ကင်ဆာ အတွက် အထောက်အကူ ပြုသလဲ

အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။

  • ဆေးလိပ်ဖြတ်ခြင်း
  • အာဟာရပြည့်ဝအောင် စားသောက်ခြင်း
  • တနေ့လျှင် နာရီဝက်ခန့် လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း
  • အသီးအရွက် များများစားခြင်း
  • အဆီများသော အစာများ ရှောင်ခြင်း
  • အရက်ရှောင်ခြင်း

သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Pancreatic cancer. http://www.healthline.com/health/pancreatic-cancer . Accessed December 28, 2016.

Pancreatic cancer . http://www.webmd.com/cancer/pancreatic-cancer/ . Accessed December 28, 2016.

Pancreatic cancer . http://www.mayoclinic.org/diseases-conditions/pancreatic-cancer/home/ovc-20268502 . Accessed December 28, 2016.

ယခုပုံစံ

21/11/2022

Written by Dr. Thant Zin

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Pancreatic Cysts (မုန့်ချိုအိတ်တွင်အရည်အိတ်ဖြစ်ခြင်း)

Pancreatitis (မုန့်ချိုအိတ်ရောင်ခြင်း)


Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy · မှ ရေးသားထားပါသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 21/11/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement