backup og meta

သားဥအိမ်ကင်ဆာကို မပြန့်အောင် ဘယ်လိုကာကွယ်မလဲ


Dr.Nyan Linn မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သားဥအိမ်ကင်ဆာကို မပြန့်အောင် ဘယ်လိုကာကွယ်မလဲ

    သားဥအိမ်ကင်ဆာသည် အန ္တရာယ်အများဆုံးကင်ဆာထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။ သို့သော် စောစီးစွာ သိပါက အသက်ရှင်နေနိုင်ချေ ၉၅% လောက်မြင့်မားပါတယ်။ သည်ကင်ဆာရဲ့ လက္ခဏာများကို စောစီးစွာ သိဖို့နှင့် မည်သို့ကာကွယ်ရမည်တို့ကို အောက်တွင် ဖေါ်ပြထားပါတယ်။

    သားဥအိမ်ကင်ဆာကို တိတ်တဆိတ် လူသတ်သမား လို့ခေါ်ကြပါတယ်။

    သားဥအိမ်ကင်ဆာရဲ့ လက္ခဏာတွေက သာမန် ရောဂါအသေးစား လက္ခဏာများနဲ့ ဆင်တူပါတယ်။ ထို့ကြောင့် သတိမထားမိဘဲ ကင်ဆာအဆင့်မြင့်ပြီး အခြားနေရာများကို ပျံ့နှံ့ သွားမှ သိကြပါတယ်။ ထိုလက္ခဏာများကတော့

    -ဗိုက်လေပွခြင်း၊ ရောင်ရမ်းခြင်း

    -အစာစားပြီး လျင်မြန်စွာ ဗိုက်ပြည့်ခြင်း(နည်းနည်းသာ စားသော်လည်း)

    -ကိုယ်အလေးချိန်ကျခြင်း၊ တက်ခြင်း

    -ခါးနာခြင်း

    -ဝမ်းသွားခြင်းများ ပုံမမှန်ခြင်း၊ ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်း

    -ဆီးမကြာခဏ သွားလိုခြင်း

    -အကြောင်းပြချက်မရှိဘဲ မိန်းမကိုယ်မှ သွေးဆင်းခြင်း

    -အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း

    အထက်ပါ လက္ခဏာများ ရှိလျှင် သေချာပေါက် သားဥအိမ်ကင်ဆာဖြစ်သည် မဟုတ်ပါ။ အသေးစိတ် သိရှိလိုပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

    သားဥအိမ်ကင်ဆာက မည်သို့လျင်မြန်စွာ ပျံ့နှံ့သလဲ။

    ဆရာဝန်များက ကင်ဆာကျိတ်ကို မည်မျှလျှင်မြန်စွာ ကြီးထွားနှုန်းအပေါ် မူတည်ပြီး အဆင့်သက်မှတ်ကြပါတယ်။ ပုံမှန် အသားစနှင့်တူသော ကင်ဆာတစ်ရှူးသည် နှေးကွေးစွာ ကြီးထွားပါက အဆင့်နိမ့်ကင်ဆာအဖြစ်သတ်မှတ်ပြီး လျင်မြန်စွာကြီးထွား ပျံ့နှံ့သော ကင်ဆာကျိတ်ကိုတော့ အဆင့်မြင့်ကင်ဆာအဖြစ် သတ်မှတ်ကြပါတယ်။ အဆင့် လေး ဆင့်ရှိပါတယ်။

    -အဆင့် ၀ – ကင်ဆာကျိတ်များသည် မကြီးထွားပါ။ သာမန် အသားစ များနဲ့ တူပါတယ်။

    -အဆင့် ၁ – ကင်ဆာကျိတ်သည် ကြီးထွားမှု နှေးပြီး သာမန် အသားစများနဲ့ တူပါသေးသည်။

    -အဆင့် ၂ – ကင်ဆာကျိတ်သည် သာမန် အသားစများနဲ့ မတူတော့ဘဲ နည်းနည်း လျင်မြန်စွာ ကြီးထွားလာပါတယ်။

    -အဆင့် ၃ -ကင်ဆာကျိတ်သည် သာမန်အသားစနှင့် လုံးဝခြားနားပြီး ပိုမို လျင်မြန်စွာကြီးထွား ပျံ့နှံ့ပါတော့တယ်။

    အဆင့်နိမ့်ကင်ဆာများကို စောစီးစွာ ကုသခြင်း

    -အဆင့်နိမ့်ကင်ဆာများအတွက် အကျိတ်ဖြစ်သော သားဥအိမ်ကို ဖယ်ထုတ်ရပါမယ်။ အခြားတစ်ဖက် သားဥအိမ်နှင့် သားအိမ်ကောင်း၍ ကျန်သေးပါက အနာဂါတ်မှာ ကိုယ်ဝန်ဆောင်ကာ ကလေးရနိုင်ပါတယ်။ သွေးဆုံးပြီးဖြစ်၍ ကလေးယူဖို့ အစီအစဉ်မရှိသူများက သားဥအိမ်နှစ်ဖက်လုံးနဲ့ သားအိမ်ကို ထုတ်နိုင်ပါတယ်။ ခွဲစိပ်ပြီးပါက မည်သည့်ကုသနည်းမှ မလိုအပ်ပါ။

    -အဆင့် ၁ ကင်ဆာအတွက် ခွဲစိပ်မှုပြုလုပ်ကာ သားဥအိမ်များ၊ သားဥပြွန်များနဲ့ သားအိမ်တို့ကို ဖယ်ထုတ်ရပါမယ်။ ပြန်ဖြစ်နိုင်ချေများပါက ခွဲစိပ်ပြီးပါက ကင်ဆာဆေးသွင်းရပါမယ်။

    -အဆင့်မြင့် ကင်ဆာ-

    ကင်ဆာ အဆင့်မြင့်သွားပါက ကုသမရနိုင်တော့ပါ။ ကုသမှုရဲ့ ရည်ရွယ်ချက်မှာ ကင်ဆာရောဂါကို တတ်နိုင်သလောက် ထိန်းထားဖို့ပဲ ဖြစ်ပါတယ်။

    ကင်ဆာကို စောလျင်စွာ သိမှ သာ ကုသပျောက်နိုင်ချေ များပါမယ်။ အထက်ပါ လက္ခဏာများ ခံစားရပါက ဆရာဝန်နဲ့ သွားရောက် စစ်ဆေးခြင်းများ ပြုလုပ်သင့်ပါတယ်။ လျစ်လျူမရှုသင့်ပါ။ စောစီးစွာ သိခြင်းသည် ကုသမှုအတွက် အထောက်အကူပြုပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပေးချက်များ ၊ ရောဂါရှာဖွေမှုများ ၊ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr.Nyan Linn မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement