backup og meta

Rectal Cancer (စအိုကင်ဆာ)

အဓိပ္ပာယ်ဖွင့်ဆိုချက်လက္ခဏာများအကြောင်းရင်းများဖြစ်နိုင်ခြေများရောဂါအဖြေရှာခြင်းနှင့် ကုသမှု

Rectal Cancer (စအိုကင်ဆာ) ဆိုတာက ကင်ဆာ တစ်မျိုးပါ။ အဖြစ်မများဘူးဆိုပေမယ့် အူမကြီး ကင်ဆာနဲ့ တွဲပြီး ဖြစ်တာမျိုးတော့ ရှိပါတယ်။

Rectal Cancer (စအိုကင်ဆာ)

အဓိပ္ပာယ်ဖွင့်ဆိုချက်

Rectal Cancer (စအိုကင်ဆာ) ဆိုတာ

Rectal Cancer (စအိုကင်ဆာ) ဆိုတာက အူမကြီးရဲ့ နောက်ဆုံးအပိုင်းမှာ ဖြစ်တဲ့ ကင်ဆာဖြစ်ပါတယ်။ တခါတရံမှာ အူမကြီးနဲ့ တွဲဖြစ်တတ်ပြီး အူမကြီးစအိုကင်ဆာလို့လည်းခေါ်ကြပါတယ်။ စအိုကင်ဆာက စအိုရှိ ဆဲလ်များ ပုံမမှန်ပြောင်းလဲခြင်းမှစတင်ပါတယ်။

လက္ခဏာများ

စအိုကင်ဆာရဲ့လက္ခဏာတွေကဘာတွေလဲ

စအိုကင်ဆာရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

  • ဝမ်းချုပ်ခြင်း
  • စအိုမှသွေးကျခြင်း
  • ဝမ်းလျှောခြင်း
  • ဝမ်းမည်းခြင်း
  • ရှည်မျှောမျှော ဝမ်းများသွားခြင်း
  • ဗိုက်ထဲ နေထိုင်မကောင်းခြင်း
  • အကြောင်းပြချက်မရှိ မောပန်းခြင်း
  • အစားအသောက်ပျက်ခြင်း
  • ကိုယ်အလေးချိန်ကျခြင်း
  • တင်ပါးအတွင်းပိုင်းနာခြင်း

အကြောင်းရင်းများ

စအိုကင်ဆာကို ဘာတွေကဖြစ်စေသလဲ

အဓိကအားဖြင့် အကြောင်းအရင်းနှစ်မျိုးရှိပါသည်။

အူလမ်းကြောင်းရောင်ရမ်းစေတဲ့ရောဂါမှာ နာတာရှည် အူမကြီးရောင်ခြင်းနဲ့ ခရုန်းရောဂါတို့ ပါဝင်ပြီး ဒါတွေက စအိုကင်ဆာကို ပိုပြီးဖြစ်စေနိုင်ပါတယ်။ ရောဂါရှိတာကြာလေလေ ရောင်ရမ်းခြင်း ပိုဆိုးလေလေဖြစ်ပါတယ်။ ဒီလူတွေမှာ ပုံမှန် အူလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်းကို ပြုလုပ်သင့်ပါတယ်။

  • မျိုးရိုးဗီဇ

မိသားစုထဲမှာ နှစ်ယောက် သို့မဟုတ် နှစ်ယောက်ထက် အူမကြီးကင်ဆာ၊ စအိုကင်ဆာ ဖြစ်ဖူးသူများရှိပါက ရောဂါဖြစ်နှုန်းကို နှစ်ဆသုံးဆပိုများစေနိုင်ပါတယ်။  အခြားဗီဇဆိုင်ရာရောဂါများကလည်း စအိုကင်ဆာဖြစ်နှုန်းကို များစေပါတယ်။

ဖြစ်နိုင်ခြေများ

စအိုကင်ဆာဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

စအိုင်ကင်ဆာ ဖြစ်ပွားနိုင်ခြေကို မြင့်စေတဲ့အကြောင်းရင်းအများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • အသက်ကြီးခြင်း
  • ယောက်ျားလေးဖြစ်ခြင်း
  • အရက် အလွန်အကျွံသောက်ခြင်း
  • အနီရောင် အသားများ အလွန်အကျွံစားခြင်း
  • အဝလွန်ခြင်း
  • ဆေးလိပ်သောက်ခြင်း
  • လေ့ကျင့်ခန်းမလုပ်ခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

စအိုကင်ဆာကို ဘယ်လိုအတည်ပြုပါသလဲ

သုင့်ဆရာဝန်က ရောဂါရာဇဝင်မေးခြင်းနဲ့ လိုအပ်တဲ့ စမ်းသပ်မှုများ ပြုလုပ်ပါလိမ့်မယ်။

အူမကြီးမှန်ပြောင်းကြည့်ပြီး အကျိတ်ရှာဖွေခြင်း အသားစရှာဖွေခြင်းများလည်း ပြုလုပ်နိုင်ပါတယ်။ ဒါ့ပြင် တခြားလိုအပ်တဲ့ ဆေးစစ်ချက်များလည်း ပြုလုပ်ပါလိမ့်မယ်။

စအိုကင်ဆာကို အဆင့်ငါးဆင့်ကိုခွဲထားပါတယ်။

  • အဆင့် သုည

ကင်ဆာဖြစ်ပြီး အစောဆုံးအခြေအနေဖြစ်သည်။ အူမကြီးနံရံမှာ ပုံသဏ္ဍာန်မမှန်တဲ့ ဆဲလ်များရှိနေပြီး ဒီဆဲလ်တွေက နောက်ပိုင်းမှာ ကင်ဆာပြောင်းနိုင်ပါတယ်။

  • အဆင့် တစ်

အဆင့်တစ်ကို ဂျု အေ စအိုကင်ဆာဟုလည်းခေါ်သည်။ အူမကြီးအတွင်းနဲ့ အူမကြီးကြွက်သားထိ ပျံ့နေတဲ့ ကင်ဆာအဆင့် ဖြစ်ပါတယ်။

  • အဆင့် နှစ်

အူမကြီးကြွက်သားအပြင်သို့ (အူမကြီးအပြင်လွှာ)သို့ ပျံ့နေတဲ့ ကင်ဆာအဆင့် ဖြစ်ပါတယ်။

  • အဆင့် သုံး

အူမကြီးအပြင်လွှာသာမက ပြန်ရည်ကျိတ်အတွင်းများပါ ပျံနှံ့နေခြင်းဖြစ်ပါတယ်။

  • အဆင့် လေး

အဆင့်အမြင့်ဆုံး ကင်ဆာအဆင့်ဖြစ်ပါတယ်။ ဒီအဆင့်မှာ ကင်ဆာက အခြားသော အင်္ဂါများကို ပျံ့နှံ့နေပြီးဖြစ်ပါတယ်။ ဥပမာ အဆုတ် သို့မဟုတ် ဦးနှောက်

စအိုကင်ဆာကို ဘယ်လိုကုသပါသလဲ

စအိုကင်ဆာလို့ သေချာပါက လူနာအခြေအနေ၊ ရောဂါအခြေအနေပေါ် မူတည်ပြီး ကုထုံးများ‌ ရွေးချယ်ရပါလိမ့်မယ်။ ဆရာဝန်မှ အကောင်းဆုံးနည်းလမ်းကို ပြောပြပါလိမ့်မယ်။ ကုသမှုများက တခုတည်း သို့မဟုတ် နည်းလမ်းများပေါင်းစပ်ပြီး ကုသနိုင်ပါတယ်။ ဥပမာ

  • ခွဲစိတ်ခြင်း
  • ကင်ဆာဆေးသွင်းခြင်း
  • ဓါတ်ရောင်ခြည်ပြခြင်း
  • ဇီဝဆိုင်ရာကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်း

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေနဲ့ စအိုကင်ဆာကို ကုသတဲ့နေရာမှာ မြန်မြန်သက်သာလာအောင် အကူအညီပေးနိုင်ပါတယ်။

  • အသီးအရွက်များများများစားပါ။
  • အနီရောင်အသား လျှော့စားပါ။
  • လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
  • အချိန်ကြာမြင့်စွာ ထိုင်ခြင်းက ကင်ဆာဖြစ်နိုင်ခြေကို များစေတာကြောင့် အထိုင်မများပါစေနဲ့။
  • အမျှင်ဓာတ်ပါတဲ့ အစားအစာ၊ အသီးအရွက်များ စားပေးပါ။
  • အဝလွန်နေရင် ခန္ဓာကိုယ်အလေးချိန်လျော့ချပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Rectal cancer. http://www.mayoclinic.org/diseases-conditions/rectal-cancer/basics/definition/con-20036554 . Accessed February 7, 2017.
Rectal cancer.http://www.webmd.com/colorectal-cancer/guide/outlook-after-treatment. Accessed February 7, 2017.
Rectal cancer. http://www.healthline.com/health/colorectal-cancer#Overview1 . Accessed February 7, 2017.

ယခုပုံစံ

17/11/2023

Dr. Thiha Phyo Myint မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လိင်အင်္ဂါကြွက်နို့ ကုသနည်း နဲ့ ကင်ဆာပြောင်းနိုင် မပြောင်းနိုင်

လျှာကင်ဆာ ကုသမှု ခံယူနေချိန်မှာ ဘာတွေ စားရမလဲ!


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thiha Phyo Myint မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 17/11/2023 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ