backup og meta

ကင်ဆာကို ဓါတ်ရောင်ခြည်ကုထုံးခံယူဖိုအတွက် ဘာတွေပြင်ဆင်ထားရမလဲ

ကင်ဆာကို ဓါတ်ရောင်ခြည်ကုထုံးခံယူဖိုအတွက် ဘာတွေပြင်ဆင်ထားရမလဲ

ရင်သားကင်ဆာ ကုသမှု မပြုလုပ်ခင် ကုသမှုတွေကို ကျွမ်းကျင်တဲ့ ဆရာဝန်တွေက စီစဉ်ပေးမှာ ဖြစ်ပါတယ်။ ရင်သားကင်ဆာ လူနာတွေဟာ လုပ်ငန်းစဉ်ကို သိထားသင့်ပြီး သင့်ကျန်းမာရေး အဖွဲ့က ဘယ်လိုလုပ်မလဲဆိုတာကိုလည်း နားလည်ထားသင့်ပါတယ်။ ဒါဟာ ရလဒ်ကို ကောင်းမွန်စေဖို့ ကုသမှုတွေနဲ့ပတ်သက်ပြီး စိတ်တက်ကြွနေဖို့ကို ကူညီပေးပါတယ်။ ဓါတ်ရောင်ခြည် ကုသမှုနဲ့ ပတ်သက်ပြီး သင်ဘာလုပ်နိုင်လဲဆိုတာ ကြည့်ဖို့ လိုပါတယ်။

ဓါတ်ရောင်ခြည်ကုသမှုအကြောင်း

ဓါတ်ရောင်ခြည်ကုသမှု စီစဉ်ခြင်းကို သင့်ကုသမှု လုပ်ငန်းစဉ်တွေအတွက် သင့်ဆရာဝန်က ဖန်တီးပေးမှာဖြစ်ပါတယ်။ ဘယ်လောက်ဓါတ်ရောင်ခြည်လိုအပ်လဲဆိုတာနဲ့ ဘယ်ကိုပေးရမလဲဆိုတာ ဖေါ်ပြပါတယ်။ ဓါတ်ရောင်ခြည် ကုသမှုဟာ ကင်ဆာဆဲလ်တွေကို သတ်နိုင်တဲ့ ထိရောက်တဲ့ ပစ်မှတ်ထားကုသမှု တစ်ခုဖြစ်ပါတယ်။

ဓါတ်ရောင်ခြည် ကုသမှုအစီအစဉ်ဟာ ကင်ဆာဆဲလ်တွေကို သင့်လျော်တဲ့ ဓါတ်ရောင်ခြည်ပမာဏ ထိတွေ့စေပြီး အခြားပုံမှန်ကျန်းမာတဲ့ ဆဲလ်တွေကို ဓါတ်ရောင်ခြည် ထိတွေ့မှု နည်းနိုင်သမျှ နည်းအောင် ရည်ရွယ်ပါတယ်။ ဓါတ်ရောင်ခြည် ပမာဏဟာ အောက်ပါအချက်တွေပေါ်မှာ မူတည်ပါတယ်။

• ရင်သားကင်ဆာ အမျိုးအစား

• ကိုယ်ခန္ဓါ အတွင်းမှာ ရှိတဲ့ ကင်ဆာဆဲလ်တွေရဲ့ တည်နေပုံ

• အကျိတ်အရွယ်အစား

• ပေးရမယ့်နေရာနဲ့ ဓါတ်ရောင်ခြည် စက်ကြားက အကွာအဝေး

• ဓါတ်ရောင်ခြည်ပေးရမယ့်နေရာဟာ ဓါတ်ရောင်ခြည် အာရုံခံနိုင်တဲ့ နေရာနဲ့ နီးမနီး

• သင့်ကျန်းမာရေးအခြေအနေ

ဆရာဝန်နဲ့တွေ့ပါ။

ကုသမှု အစီအစဉ်ကို ပြုလုပ်ဖို့ ဆရာဝန်နဲ့ တွေ့ဆုံဖို့က အရေးကြီးပါတယ်။ မေးစရာမေးခွန်းတွေ ရှိနေရင် ဆရာဝန်ကို (သို့) ကျန်းမာရေးစောင့်ရှောက်သူကို မေးမြန်းနိုင်ပါတယ်။ သင်နဲ့ သင့်ဆရာဝန်ဟာ ရင်သားကင်ဆာကို တိုက်ထုတ်နိုင်ပြီး သင့်လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့ သင့်လျော်တဲ့ အစီအစဉ်တစ်ခုကို အတူဆွဲနိုင်ပါတယ်။

Scans တွေ ပြုလုပ်ပါ။

သင့်ဆရာဝန်ဟာ ကိုယ်ခန္ဓါ လုပ်ငန်းဆောင်တာတွေကို စစ်ဆေးဖို့ Scans တွေကို ပြုလုပ်ခိုင်းနိုင်ပါတယ်။ CT scans၊ PET scans၊ X-rays (သို့) MRI တွေဟာ သင့်ကင်ဆာရဲ့ အချက်အလက်တွေကို ဆရာဝန်ကို သိစေနိုင်ပါတယ်။ ဒါဆို ဆရာဝန်ဟာ ရင်သားကင်ဆာကုသဖို့ လုံလောက်တဲ့ ဓါတ်ရောင်ခြည်ပမာဏကို တွက်ချက်နိုင်မှာဖြစ်ပြီး အကျိတ်ဖြစ်တဲ့နေရာပတ်ပတ်လည်က ကျန်းမာတဲ့ ကိုယ်အင်္ဂါတွေကို တတ်နိုင်သမျှ ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။

အကျိတ်ကို 3D ပုံရိပ်နဲ့ ကြည့်ရှုပါ။

သင့်ဆရာဝန်က CT scans တွေက ဖန်တီးထားတဲ့ ကင်ဆာရဲ့ 3D ပုံရိပ်ကို ကြည့်ရှုနိုင်ပါတယ်။ 3D ပုံရိပ်ဟာ အလွန်အသုံးဝင်ပါတယ်။ ဆရာဝန်ဟာ ပုံရိပ်ပေါ်မူတည်ပြီး ကင်ဆာကို ကာမိအောင်၊ အခြားကျန်းမာတဲ့ ကိုယ်အင်္ဂါတွေကို မထိခိုက်အောင် ဓါတ်ရောင်ခြည်ပေးနိုင်ပါတယ်။

အခြားပြင်ဆင်မှုများ

ဓါတ်ရောင်ခြည်ကို ကိုယ်ခန္ဓါ အပြင်ဘက်က ပေးမယ်ဆိုရင် ဆရာဝန်ဟာ ဓါတ်ရောင်ခြည်စက်မှာ အသုံးပြုဖို့အတွက် စွဲမြဲတဲ့ မင်နဲ့ အရေပြားပေါ်မှာ အမှတ်မှတ်မှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အခေါက်တိုင်းမှာ ဓါတ်ရောင်ခြည်ဟာ တစ်နေရာတည်းကို ပေးနိုင်ပါတယ်။ ဒါကို ဆေးခြင်း၊ ပွတ်ခြင်း၊ အမှတ်တွေ အရောင်ဖျော့သွားရင် ကိုယ်တိုင် ပြန်ဆွဲခြင်းတွေ မပြုလုပ်သင့်ပါဘူး။ သင့်ဆရာဝန်ကိုသာ ပြန်လည်ဆွဲခိုင်းသင့်ပါတယ်။

သင့်မှာ ရင်သားကင်ဆာ ရှိနေပြီဆို ဓါတ်ရောင်ခြည်ကုသမှု ခံယူရနိုင်ပါတယ်။ သင်ဟာ တက်တက်ကြွကြွရှိရင် ကုသမှုဟာ ပိုမို အောင်မြင်နိုင်ပါတယ်။ ဒါကြောင့် စိတ်ပူခြင်းတွေကို ရပ်လိုက်ပြီး သင့်ကုသမှုအတွက် ကြိုတင် ပြင်ဆင်သင့်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Radiation therapy – How you prepare.

http://www.mayoclinic.org/tests-procedures/radiation-therapy/basics/how-you-prepare/prc-20014327.

Accessed February 11, 2017.

2. Planning your external radiotherapy.

http://www.cancerresearchuk.org/about-cancer/cancers-in-general/treatment/radiotherapy/external/plan/preparing-your-radiotherapy-plan.

Accessed
February 11, 2017.

3. Radiotherapy skin markings.

http://www.cancerresearchuk.org/about-cancer/cancers-in-general/treatment/radiotherapy/external/plan/radiotherapy-skin-markings.

Accessed
February 11, 2017.

4. Producing your radiotherapy plan. http://www.cancerresearchuk.org/about-cancer/cancers-in-general/treatment/radiotherapy/external/plan/producing-your-radiotherapy-plan. Accessed
February 11, 2017.

5. Preparing for Radiation Therapy: Step-by-step through treatment.
http://www.ucdmc.ucdavis.edu/radonc/patients/Rx_stepbystep.html. Accessed February 11,
2017.

ယခုပုံစံ

16/02/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရင်သားကင်ဆာ နှင့် အိပ်စက်ခြင်းဆိုင်ရာပြဿနာ

ရင်သားကင်ဆာကုသပြီးနောက် ကျန်းမာစွာစားသောက်ရန်အစီအစဉ်



Dr . Phyu Mon Latt မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement