backup og meta

သွေးကျဆေးများသည် ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေကို မြင့်စေပါသလား

သွေးကျဆေးများသည် ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေကို မြင့်စေပါသလား

The Intermountain Medical Center Heart Institute in Murray, Utah, The United States ရဲ့ နောက်ဆုံးပေါ်သုတေသန အရ အသုံးများတဲ့ သွေးကျဆေးတွေဟာ ရင်သားကင်ဆာဖြစ်နှုန်းကို တိုးမြှင့်စေခြင်း မရှိဘူးလို့ ဆိုပါတယ်။

သွေးတိုးကျဆေးတွေနဲ့ ရင်သားကင်ဆာ

အရင်က လေ့လာမှု

၂၀၁၃ မှာ Fred Hutchinson Cancer Research Centre ရဲ့ လေ့လာမှုတစ်ခု ထုတ်ဝေခဲ့ပါတယ်။ သူက ဘာလို ဖေါ်ပြလဲဆိုတော့ သွေးတိုးကျဆေး တစ်မျိုးဖြစ်တဲ့ calcium channel blockers တွေဟာ အချို့ အမျိုးသမီးတွေမှာ ရင်သားကင်ဆာကို ဖြစ်စေတယ်ဆိုတာပဲ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ calcium channel blockers ဟာ အမေရိကမှာ လူသိအများဆုံးဆေးတစ်ခု ဖြစ်တာကြောင့် အံ့သြတကြီး ဖြစ်ကုန်ကြပါတယ်။

calcium channel blockers တွေဟာ သွေးတိုးကို ကုသတဲ့ သွေးတိုးကျဆေးဖြစ်ပါတယ်။ သူတို့ဟာ calcium တွေကို နှလုံးနဲ့ သွေးကြောထဲကို ဝင်ရောက်စေခြင်းမှ တားမြစ်ပြီး သွေးပေါင်ကျစေပါတယ်။ အောက်ဖေါ်ပြပါဆေးတွေ ပါဝင်ပါတယ်။ Amlodipine (Norvasc®), Diltiazem (Cardizem LA®, Tiazac®), Isradipine (DynaCirc CR®), Nicardipine (Cardene SR®), Nifedipine (Procardia®, Procardia XL®, Adalat CC®), Nisoldipine (Sular®), and Verapamil (Calan®, Verelan®, Covera – PM®).

ဒါပေမယ့် ဒီလေ့လာမှုဟာ ဆက်နွယ်မှု တစ်ခု ရှိတာကိုသာ ပြနိုင်ခဲ့ပြီး ဆေးနဲ့ ရင်သားကင်ဆာကြားက အကျိုးအကြောင်းဆက်သွယ်မှုကိုတော့ အတည်မပြုနိုင်ခဲ့ပါဘူး။

လောလောဆယ် လေ့လာမှု

၂၀၁၄ မှာ The Intermountain Medical Centre Heart Institute က calcium channel blockers တွေဟာ ရင်သားကင်ဆာနဲ့ ဆက်နွယ်မှု မရှိဘူးလို့ဆိုပါတယ်။ ဒီလေ့လာမှုမှာ Intermountain Healthcare centres နှစ်ခုမှာ ပြသနေတဲ့ အသက် ၅၀ ကနေ ၇၀ ကြား အရင်က ရင်သားကင်ဆာ မရှိခဲ့တဲ့ အမျိုးသမီးပေါင်း ၃၇၀၀ ကျော် ပါဝင်ပါတယ်။

အုပ်စုတစ်ခုချင်းစီမှာ သုတေသီတွေက နှစ်ပေါင်းများစွာ calcium channel blockers သောက်တဲ့ အမျိုးသမီးတွေကို မသောက်သူတွေနဲ့ နှိုင်းယှဉ်ခဲ့ကြပါတယ်။

သူတို့ သုံးသပ်ချက်ချတဲ့အခါမှာတော့ calcium channel blockers အသုံးပြုခြင်းဟာ ရင်သားကင်ဆာဖြစ်ဖို့ ၁.၆ဆ ပိုမို များပြားတယ်လို့ ဆိုပါတယ်။ ဒီလို ပိုမိုဖြစ်စေမှုဟာ ပုံမှန်ထက် အနည်းငယ်သာ များပေမယ့် ၂၀၁၃ ကလေ့လာမှုတွေထက်တော့ အတော်ပိုနည်းတာ တွေ့ရပါတယ်။

နောက်တစ်ဖက်မှာလည်း Intermountain Cardiac Catheterisation Laboratory မှာ ကုသခံနေတဲ့ လူနာတွေကို ကောက်ခံခဲ့တဲ့ အချက်အလက်တွေအရ calcium channel blockers သောက်နေတဲ့ အမျိုးသမီးတွေမှာ ရင်သားကင်ဆာ ဖြစ်နှုန်းဟာ ၅၀% ပိုမို နည်းပါးတယ်ပြီး calcium channel blockers နဲ့ ရင်သားကင်ဆာဟာ ပြောင်းပြန်ဆက်နွယ်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပြောင်းပြန်ဖြစ်နေတဲ့ လေ့လာမှုတွေရဲ့ အဖြေတွေက ဘာကိုပြောလဲဆိုတော့ ရင်သားကင်ဆာ ဖြစ်ပွားနှုန်းတွေနဲ့ ဆက်နွယ်နေတာဟာ calcium channel blockers မဟုတ်ပဲ အခြားအချက်အလက်တွေသာ ဖြစ်နိုင်ပါတယ်။

ဖြစ်နိုင်ခြေကို ဘယ်လိုနည်းအောင် လုပ်မလဲ။

တကယ်တော့ သွေးတိုးဖြစ်စေတဲ့ အချက်တွေက ရင်သားကင်ဆာကိုပါ ဖြစ်နိုင်စေပါတယ်။ ဥပမာ – ဝခြင်း၊ လေ့ကျင့်ခန်းမလုပ်ခြင်း၊ ဆေးလိပ်၊ အရက်သောက်ခြင်း တို့ပဲဖြစ်ပါတယ်။

အောက်ဖေါ်ပြပါအချက်တွေကတော့ သင့်နှလုံးနဲ့ ရင်သားကို အကောင်းဆုံးအခြေအနေဖြစ်စေဖို့ ဖြစ်ပွားစေတဲ့အချက်တွေကို လျော့ကျအောင် ဘယ်လိုလုပ်မလဲ ဆိုတာတွေ ဖြစ်ပါတယ်။

  • အစားလျှော့စားပါ။
  • အရက်လျှော့သောက်ပါ။ တစ်နေ့မှာ နှစ်ခါ (သို့) နှစ်ခါထက်ပိုပြီး အရက်သောက်တဲ့ အမျိုးသမီးတွေမှာ ရင်သားကင်ဆာ ပိုမို ဖြစ်ပွားတတ်တာ တွေ့ရပါတယ်။
  • လေ့ကျင့်ခန်းလုပ်ပါ
  • ဆေးလိပ်မသောက်ပါနဲ့။

ပြီးတော့ သင်ဟာ calcium channel blockers သောက်နေတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

No link between blood pressure medicine and breast cancer http://www.breastcancer.org/research-news/no-link-between-blood-pressure-meds-and-risk.

Accessed October 16, 2016.

High blood pressure medication linked to breast cancer http://www.everydayhealth.com/heart-health/high-blood-pressure-medication-linked-to-breast-cancer-1154.aspx.

Accessed October 16, 2016

Blood pressure drugs tied to breast cancer risk http://www.reuters.com/article/us-blood-pressure-drugs-idUSBRE9740XF20130805.

Accessed October 16, 2016

Blood pressure meds linked to raised breast cancer risk http://www.cbsnews.com/news/blood-pressure-meds-linked-to-raised-breast-cancer-risk/#. Accessed October 16, 2016

Blood pressure drugs increase risk of breast cancer http://www.naturalhealth365.com/breast-cancer-blood-pressure-medication-1538.html. Accessed October 16, 2016

ယခုပုံစံ

16/02/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အစာအိမ်ပိုး ကြောင့် အစာအိမ်ကင်ဆာ ဖြစ်တတ်တာ သိပါရဲ့လား

ကင်ဆာဖြစ်နိုင်ခြေကို ဘယ်လိုနည်းလမ်းတွေနဲ့ လျှော့ချလို့ ရမလဲ!



Dr . Phyu Mon Latt မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement