brand logo
Discover
Health Tools
Communities

Share

ရင်သားကင်ဆာစစ်ဆေးမှုများ- ဆန်ကာတင်စစ်ဆေးနည်းများ

ရင်သားကင်ဆာစစ်ဆေးမှုများ- ဆန်ကာတင်စစ်ဆေးနည်းများ

ရင်သားကင်ဆာစစ်ဆေးမှုများ- ဆန်ကာတင်စစ်ဆေးနည်းများ

ရင်သားကင်ဆာဟာ အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်ပြီး အမျိုးသမီးတွေအတွက် အန္တရာယ်ရှိပါတယ်။။ ၂၅ရာခိုင်နှုန်း ကနေ ၃၅ ရာခိုင်နှုန်း အထိ အမျိုးသမီးတွေဟာ ရောဂါခံစားနေရပါတယ်။ ရင်သားကင်ဆာဟာ အစောပိုင်းအဆင့်တွေမှာ အကောင်းဆုံးကုသနိုင်ပြီး စောစီးစွာ တွေ့ရှိရင် အမြစ်ပြတ်အောင် ကုသနိုင်ပါတယ်။ ရောဂါကို စောစီးစွာ တွေ့ရှိစေဖို့ ကိုယ်တိုင် စမ်းသပ်တဲ့နည်းလမ်းအပြင် အခြားနည်းတွေ အများကြီးလည်း ရှိပါသေးတယ်။ ကုသမှုကို ပိုမိုလွယ်ကူစေဖို့ ရင်သားကင်ဆာ ကြိုတင်စစ်ဆေးမှုကိုလည်း ပြုလုပ်နိုင်ပါတယ်။

မမ်မိုဂရမ် (Mammography)

သူဟာ စစ်ဆေးမှုတွေရဲ့ ပထမအဆင့်ဖြစ်ပါတယ်။ ဒီနည်းဟာ mammograms တွေ ပါဝင်ပါတယ်။ သေးငယ်တဲ့ calcification points တွေကို ရှာဖွေဖို့ X-ray အနည်းငယ်ကို အသုံးပြုခြင်းဖြစ်ပါတယ်။ Mammography ဟာ ရင်သားကင်ဆာ ထိန်းချုပ်မှုမှာ အလွန်အရေးကြီးပါတယ်။ လေ့လာမှု အတော်များများက Mammography ဟာ ၁နှစ် (သို့) ၂နှစ် တစ်ခါ ပြုလုပ်ပေးရင် ရင်သားကင်ဆာကြောင့် သေဆုံးနှုန်းကို အသက် ၄၀ အထက် မိန်းမတွေမှာ ၃၀ရာခိုင်နှုန်းလျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။

ဒီနေ့အထိကတော့ Mammography ဟာ အကောင်းဆုံးရောဂါ ရောဂါအစောပိုင်းကို စစ်ဆေးနည်းဖြစ်ပြီး ရောဂါလက္ခဏာမပြတဲ့ ကင်ဆာတွေကိုပါ ရှာဖွေ တွေ့ရှိနိုင်ပါတယ်။

ရင်သား အာထရာဆောင်း

Breast Ultrasound ဟာ နှုန်းမြင့်အသံလှိုင်း တွေကို အသုံးပြုပြီး ပုံရိပ်တွေကို တည်ဆောက်တာဖြစ်ပါတယ်။ အသံလှိုင်း တွေဟာ ရင်သားကို ဖြတ်သန်းပြီး အခြားတစ်ရှူးတွေကို ပြန်ကန်ထွက်ကာ ရင်သားအတွင်းမှာ ပုံရိပ်ကို ဖြစ်ပေါ်စေပါတယ်။ အာထရာဆောင်း နဲ့ ရင်သား စစ်ဆေးခြင်းဟာ ရိုးရှင်းခြင်း၊ စိတ်ချရခြင်း၊ ဈေးသက်သာခြင်း၊ မြန်ဆန်ခြင်း၊ အဆိပ်သင့်မှု မရှိခြင်း၊ ကိုယ်ခန္ဓါထိုးဖေါက်မှု မရှိခြင်း၊ နာကျင်မှု မရှိခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရှိတာကြောင့် အရွယ်မရွေး အသုံးပြုနိုင်ပါတယ်။ ရင်သားအာထရာဆောင်း ဟာ ပျက်စီးနေတဲ့ အရည်ကျိတ်တွေကို အကျိတ်အမျိုးအစားနဲ့ အရွယ်အစားကို ခွဲခြားပေးနိုင်ပါတယ်။ ပြီးတော့ Xray ရဲ့ အန္တရာယ်တွေ မရှိတာမို့ ကိုယ်ဝန်ဆာင် အမျိုးသမီးနဲ့ အမျိုးသမီးငယ်တွေ မှာလည်း အသုံးပြုနိုင်ပါတယ်။

သံလိုက်ဓါတ်မှန်ရိုက်ခြင်း (MRI)

MRI ဟာ နောက်ဆုံးပေါ်နည်းပညာဖြစ်ပြီး ကမ္ဘာအနှံ့မှာ အသုံးပြုကာ ဗီယက်နမ်မှာ ၁၉၉၆မှာ စတင် အသုံးပြုခဲ့ပါတယ်။ ဒီနည်းလမ်းဟာ ဆဲလ်တွေရဲ့မတူညီတဲ့ ပျက်စီးမှုတွေကို magnetic resonance ကို အသုံးပြုပြီး ဆန်းစစ်တာဖြစ်ပါတယ်။ MRI ဟာ ဆဲလ်တွေရဲ့ ဇီ၀ ရော ဓါတုဖြစ်စဉ်ကိုပါ စစ်ဆေးပေးနိုင်ပါတယ်။ ဒါပေမယ့် သူဟာ ဈေးကြီးပါတယ်။ MRI ဟာ X-rays တွေထက်ပိုပြီး အာရုံခံနိုင်မှု ပိုမိုမြင့်မားပေမယ့် တခါတလေမှာ X-ray မှာ မြင်နိုင်တာမျိုးကို လွတ်သွားတတ်ပါတယ်။ ဒါကြောင့် MRI ကို အခြား စစ်ဆေးမှုတွေ ဖြစ်တဲ့ X-rays (သို့) ရင်သားအာထရာဆောင်းတို့နဲ့ သာတွဲဖက်အသုံးပြုသင့်ပါတယ်။ MRI ဟာ ကိုယ်ခန္ဓါအတွင်းမှာ ရှိတဲ့ သတ္တုပါရှိတဲ့ အစားထိုးပစ္စည်းတွေနဲ့ ဓါတ်ပြုနိုင်တာကြောင့် သတိထား ဆောင်ရွက်သင့်ပါတယ်။

Methods of radioisotope imaging of breast cancer (FDG-PET)

artificial radioactive isotopes (လူလုပ် ရေဒီယို သတ္တိကြွ အိုင်စိုတုတ်ပစ္စည်းများ)နည်းလမ်းဟာ ကိုယ်ခန္ဓါအတွင်းရှိ အင်္ဂါတွေဖြစ်တဲ့ သိုင်းရွိုက်၊ နှလုံး၊ အရိုး၊ အဆုတ်၊ ကျောက်ကပ် အစရှိတာတွေကို စစ်ဆေးပေးနိုင်ပြီး scintigraphy လို့ ခေါ်ပါတယ်။ ဒီနည်းလမ်းဟာ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ ရဲ့ အလုပ်လုပ်ပုံကို သိရှိနိုင်ပြီးတော့ ဒဏ်ရာဖြစ်ပွားမှုတွေနဲ့ အခြားရောဂါရှာဖွေတဲ့ နည်းလမ်းတွေ မသိနိုင်တဲ့ အရိုးကို ကင်ဆာရောဂါ ပျံ့နှံ့ခြင်းတွေကိုပါ သိရှိနိုင်ပါတယ်။

ဒီနည်းလမ်းကို ခွဲစိတ်မှု မပြုခင် ကင်ဆာနေရာရှာဖွေခြင်းနဲ့ ကင်ဆာပျံ့နှံ့ခြင်းတွေကို သိရှိဖို့ အသုံးပြုပါတယ်။ artificial radioactive isotopes နည်းလမ်းတွေဟာ X-ray ထက် ပိုပြီး အာရုံခံနိုင်စွမ်းများပြီး လူနာတွေအတွက် စိတ်ချရပါတယ်။ ရောဂါကြိုတင် စစ်ဆေးခြင်းနဲ့ အမည်တပ်ခြင်းတွေဟာ ရင်သားကင်ဆာ ကုသမှုအတွက် အလွန်အရေးကြီးပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Sayarwon Panel
Fact Checked by Hello Sayarwon Panel · Written by Dr . Phyu Mon Latt · Updated 16/02/2022

Was this article helpful?