backup og meta

ရင်သား အစားထိုး ပြန်လည်တည်ဆောက်ခြင်း

ရင်သား အစားထိုး ပြန်လည်တည်ဆောက်ခြင်း

ရင်သားတစ်ခုလုံး ထုတ်လိုက်ရတဲ့ ခွဲစိတ်မှုဟာ သင့်ကောက်ကြောင်းတွေနဲ့ ကိုယ်ခန္ဓါရဲ့ အဆုံးသတ်မဟုတ်ပါဘူး။ ရင်သားဖြတ်ထုတ်တဲ့ ခွဲစိတ်မှုနောက်မှာ အမြဲတမ်း ရင်သားအစားထိုး ထည့်နိုင်ပါတယ်။

ရင်သားကင်ဆာကို ကုသဖို့ ရင်သားတစ်ခုလုံး ထုတ်လိုက်ရတဲ့ ခွဲစိတ်မှုကို Mastectomy လို့ ခေါ်ပါတယ်။ Mastectomy လုပ်ပြီးသွားတာနဲ့ ဖယ်ထုတ်လိုက်ရတဲ့ ရင်သားကို ပြန်လည်အစားထိုးနိုင်ပါတယ်။

လူနာဟာ ခွဲစိတ်မှုအပြီး ဓါတ်ရောင်ခြည်နဲ့ ကုသဖို့မလိုအပ်ဘူးဆိုရင် သူမဟာ ချက်ချင်း ရင်သားပြန်လည် တည်ဆောက်နိုင်တဲ့ ခွဲစိတ်မှုကို ရွေးနိုင်ပါတယ်။ ခွဲစိတ်ဆရာဝန်ဟာ ရင်သားဖြတ်ထုတ်ပြီးတာနဲ့ တစ်ချိန်ထဲမှာ ပြန်လည်တည်ဆောက်တဲ့ ခွဲစိတ်မှုကို စတင်နိုင်ပါတယ်။ ခွဲစိတ်ဆရာဝန်ဟာ ရင်သားတစ်ခုလုံး ကို ခွဲစိတ်ထုတ်မှု အပြီး ရင်သားပြန်လည်တည်ဆောက်နိုင်ဖို့အတွက် အရေပြား ချန်ထားတဲ့ နည်းနဲ့ ပြုလုပ်မှာ ဖြစ်ပါတယ်။

တကယ်လို့ လူနာဟာ ဓါတ်ရောင်ခြည်ကုသမှုနဲ့ အခြားကုသမှုတွေ လိုအပ်တယ်ဆိုရင် ကုသမှုတွေ အကုန်ပြီးသွားပြီး ရင်သားလုံးဝကျက်သွားတဲ့ အထိစောင့်သင့်ပြီးမှသာ ရင်သားပြန်လည်တည်ဆောက်တဲ့ ခွဲစိတ်မှုကို ပြုလုပ်သင့်တာဖြစ်ပါတယ်။ ဒါကို delayed breast reconstruction လို့ ခေါ်ပါတယ်။

နောက်တစ်နည်းကတော့ Immediate-delayed reconstruction ပဲဖြစ်ပါတယ်။ ရင်သား ထုတ်စဉ်မှာ ရင်သားတစ်ရှူးတွေဟာ အစားထိုးဖို့ အတွက် နေရာချန်ဖို့ tissue expander နဲ့ အစားထိုးမှာ ဖြစ်ပါတယ်။ ခွဲစိတ်ကု ဆရာဝန်တွေက ဖယ်လိုက်တဲ့ တစ်ရှူးတွေကို စစ်ဆေးကြည့်ပြီး အစားထိုးဖို့ ဖြစ်နိုင် ၊ မဖြစ်နိုင် ဆုံးဖြတ်မှာဖြစ်ပါတယ်။ မဖြစ်နိုင်ဘူးဆိုရင် လူနာဟာ ဓါတ်ရောင်ခြည်ကုသပြီးတဲ့ အချိန်အထိ စောင့်ဆိုင်းရမှာ ဖြစ်ပြီး ရင်သားအစားထိုးခြင်းဟာ နှောင့်နှေးသွားမှာ ဖြစ်ပါတယ်။

ရင်သားအစားထိုးခွဲစိတ်ကုသမှု ဟာ ပထမဦးစွာ ရင်သားထုတ်ပြီးသွားရင် ကျန်ခဲ့တဲ့ အရေပြားနဲ့ ရင်ဘတ်ကြွက်သားတွေအောက်မှာ expander ထည့်ပေးပြီး ပြုလုပ်တာဖြစ်ပါတယ်။ ဆရာဝန်နဲ့ သွားရောက်ပြသတိုင်းမှာ expander ကို saline သို့ silicone ထိုးသွင်းပေးမှာဖြစ်ပါတယ်။ ပြီးသွားရင်တော့ ရင်ဘတ်တစ်ရှူးတွေ ကျက်သွားတဲ့အခါမှာ expander ကို implant (ရင်သားအစားထိုး) နဲ့ အစားထိုးမှာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ၆ ပတ်ကနေ ၆ လ အထိ ကြာတတ်ပါတယ်။

ရင်သားအစားထိုးခြင်း ရွေးချယ်မှုကို သက်ရောက်နိုင်တဲ့ အချက်တွေ ရှိပါတယ်။ အဓိကကတော့ ရင်သားဖြတ်ထုတ် ခွဲစိတ်အပြီးမှာ ဓါတ်ရောင်ခြည် ကုသမှုလိုအပ်ခြင်းပဲဖြစ်ပါတယ်။ အမျိုးသမီးအများစုမှာ ခွဲစိတ်ပြီးနောက်ပိုင်း ဓါတ်ရောင်ခြည် လိုအပ်တယ်ဆိုရင် ရင်သားပြန်ဆောက်မှု အစီအစဉ်ကနေ ပယ်ထုတ်ခံရနိုင်ပါတယ်။ ဒါပေမယ့် အမျိုးသမီးတိုင်းကတော့ ခွဲစိတ်မှု မပြီးမချင်း ဓါတ်ရောင်ခြည်ကုသမှု လိုမလို ဆိုတာ သိရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီကိစ္စအတွက် ပလပ်စတစ် ဆာဂျင် (သို့) ဓါတ်ရောင်ခြည် အထူးကု ဆရာဝန်ကို ခွဲစိတ်မှု မပြုခင် ကြိုတင်ဆက်သွယ် မေးမြန်းသင့်ပါတယ်။

ခွဲစိတ်မှုပြီးရင် ရင်သားပြန်လည်တည်ဆောက်ခြင်းကြောင့် ရလာနိုင်တဲ့ ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။ ခွဲစိတ် အဖွဲ့တစ်ခုလုံးဟာ တစ်ချိန်လုံး စောင့်ကြည့်ပေးနေမှာဖြစ်ပြီး စိတ်ချရမှသာ ဆေးရုံဆင်းခိုင်းမှာ ဖြစ်ပါတယ်။ အစားထိုးထားတဲ့ ရင်သားတွေဟာ ပေါက်ပြဲခြင်း၊ ယိုစိမ့်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေဟာ သူမရဲ့ အစားထိုးထားတဲ့ ရင်သား နဲ့ ပတ်သက်ပြီး ဂရုစိုက်ဖို့ လိုပါတယ်။ ပုံမှန်အားဖြင့် အစားထိုးထားတဲ့ ရင်သားတွေဟာ ဆယ်နှစ်ကနေ ဆယ့်ငါးနှစ်အထိ ခံတတ်ပြီး သူတို့မှာ ကုန်ဆုံးရက်ရှိပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ ရင်သား ပြန်လည် အစားထိုးတဲ့ ခွဲစိတ်ကုသမှု လိုအပ်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.breastcancer.org/treatment/surgery/reconstruction/types/implants Accessed September 13, 2016

“Breast Reconstruction After Mastectomy”
https://www.cancer.gov/types/breast/reconstruction-fact-sheet Accessed September 21, 2016

ယခုပုံစံ

16/02/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အစာအိမ်ပိုး ကြောင့် အစာအိမ်ကင်ဆာ ဖြစ်တတ်တာ သိပါရဲ့လား

ကင်ဆာဖြစ်နိုင်ခြေကို ဘယ်လိုနည်းလမ်းတွေနဲ့ လျှော့ချလို့ ရမလဲ!



Dr . Phyu Mon Latt မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement