backup og meta

ရင်သားကင်ဆာ ကုသမှု နောက်ဆက်တွဲ ဆိုးကျိုးများ

ရင်သားကင်ဆာ ကုသမှု နောက်ဆက်တွဲ ဆိုးကျိုးများ

ရင်သားကင်ဆာဟာ အထူးသဖြင့် အမျိုးသမီးတွေအတွက် ပြင်းထန်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ဆေးပညာတိုးတက်လာတဲ့ အလျောက် ကင်ဆာကုသနည်းတွေလည်း အများအပြား ရှိလာကြပါတယ်။ ဒါပေမယ့် ဆေးကုသနည်းတွေမှာ မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေဟာ ကုသမှုတွေအလိုက် ကွာခြားမှုတွေ ရှိပါတယ်။

ကင်ဆာဆေးသွင်းကုသခြင်း

အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ သွေးနီဥနည်းခြင်း၊ ပင်ပန်းလွယ်ခြင်း၊ အလွယ်တကူ အညိုအမဲစွဲခြင်း၊ ရောဂါပိုးဝင်ခြင်း၊ ပျို့ခြင်း၊ ဆံပင်ကျွတ်ခြင်း တို့ပဲ ဖြစ်ပါတယ်။ ကင်ဆာဆေးသွင်းကုသခြင်းဟာ နှလုံးကို ထိခိုက်စေပြီး သွေးကင်ဆာလို ကင်ဆာဖြစ်ပွားခြင်းကို မြှင့်တင်ပေးပါတယ်။ သူဟာ မျိုးဥအိမ်တွေကို ထိခိုက်စေပြီး ဟော်မုန်းထုတ်လုပ်မှုကို ရပ်တန့်စေတာကြောင့် မိန်းမကိုယ်ခြောက်သွေ့ခြင်း၊ ဖိန်းတိန်းရှိန်းတိန်း ဖြစ်ခြင်း တွေကို ခံစားရနိုင်ပါတယ်။ ရာသီရပ်သွားခြင်း၊ မမှန်ခြင်းတွေ ဖြစ်နိုင်ပြီး ကိုယ်ဝန်ရရှိမှုကို တားမြစ်စေပါတယ်။ ဒီလို လက္ခဏာရှိတဲ့ အမျိုးသမီးတွေဟာ ဆေးကြောင့် အရိုးအဆစ်ထိခိုက်နိုင်တာကြောင့် အရိုးပွခြင်း၊ အဆစ်ရောင်ခြင်းနဲ့ နာကျင်ခြင်းတွေ ခံစားရနိုင်ပါတယ်။ ခဏတာ မှတ်ဉာဏ်ပျောက်ဆု့းမှုတွေလည်း ရင်ဆိုင်ရနိုင်ပါတယ်။

ဓါတ်ရောင်ခြည်ဖြင့် ကုသမှု

ဓါတ်ရောင်ခြည်နဲ့ ကုသမှုဟာ ဆိုးကျိုးတွေဖြစ်ပေါ်စေပြီး နှလုံးကို အန္တရာယ် ဖြစ်စေပါတယ်။ ဓါတ်ရောင်ခြည် နည်းစနစ်တွေ တိုးတက်လာပေမယ့် သုတေသနတွေက ဓါတ်ရောင်ခြည်ဟာ နှလုံးရောဂါ ဖြစ်စေတယ်လို့ ဆိုပါတယ်။ နှလုံးကြွက်သားတွေရဲ့ လုပ်ငန်းဆောင်တာကို ထိခိုက်စေပြီးတော့ နှလုံးရောဂါ လက္ခဏာတွေဖြစ်တဲ့ မောခြင်း၊ ပင်ပန်းခြင်း၊ ခြေထောက်နာခြင်း၊ နှလုံးအဆို့ရှင် ပျက်စီးခြင်းတွေ ဖြစ်နိုင်ပါတယ်။ ပိုမို ပြင်းထန်တဲ့

ဆိုးကျိုးတွေကတော့ အဆုတ် အအေးမိခြင်း၊ နှလုံးပျက်စီးခြင်းနဲ့ အခြားကင်ဆာများ ဖြစ်ပေါ်လာခြင်းတွေ ဖြစ်နိုင်ပါတယ်။

ရင်သား တစ်ခုလုံး ဖြတ်ထုတ်ခြင်း

အချို့ နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့ ခဏတာ ရင်ဘတ်ရောင်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အမာရွတ် မာခြင်း၊ ရောဂါပိုးဝင်ခြင်း၊ သွေးထွက်ခြင်း၊ ပြန်ရည်ကျိတ်တွေ ထုတ်လိုက်တာကြောင့် လက်မောင်းရောင်ခြင်း၊ ထုံကျင်ခြင်း၊ နာကျင်ခြင်း၊ ခွဲထားတဲ့နေရာမှာ အရည်စုပြီး ရောင်ရမ်းခြင်း တွေပဲ ဖြစ်ပါတယ်။

ရင်သားတစ်ခုလုံး ဖြတ်ထုတ်ခြင်းရဲ့ အခြားဖြစ်နိုင်တဲ့ ဆိုးကျိုးတစ်ခုကတော့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာ ရရှိမှု ပဲဖြစ်ပါတယ်။ အချို့လူနာတွေဟာ ရင်ဘတ် တစ်ဖက် (သို့) နှစ်ဖက်လုံး ဆုံးရှုံးရတဲ့အတွက် ဝမ်းနည်းတတ်ကြပါတယ်။ အချို့ကတော့ ခွဲစိတ်ပြီး စိတ်ကျခြင်း (သို့) စိတ်ပူခြင်းတွေ ဖြစ်တတ်ပါတယ်။

ဟော်မုန်းကုသမှု

အီစထရိုဂျင် ဟာ ဟော်မုန်းကုသမှုကြောင့် လျော့ကျစေနိုင်ပြီး ဒါဟာ အရိုးပွခြင်းကို ဖြစ်စေနိုင်ပါတယ်။ Estrogen ပမာဏ ကျဆင်းခြင်းဟာ မိန်းမကိုယ် ခြောက်ခြင်းနဲ့ ရောင်ရမ်းခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။

ရင်သားကင်ဆာ ကုသမှုရဲ့ အန္တရာယ်ရှိတဲ့ ဆိုးကျိုးတစ်ခုကတော့ ဆေးကုသပြီးရင် ပြန်ဖြစ်နိုင်တာပဲ ဖြစ်ပါတယ်။ ဒါဟာ လူနာတွေ အကြောက်ဆုံးလဲဖြစ်ပါတယ်။ ပြန်ဖြစ်တဲ့ ကင်ဆာတွေဟာ အရင်တစ်ခုထက် ပိုမြန်၊ ပိုသန်မာပြီး ပိုပြင်းထန်ပါတယ်။ ကင်ဆာ ပြန်ဖြစ်ခြင်းကို ကာကွယ်ဖို့အတွက် ရင်သားခွဲစိတ်ကုသပြီးရင် ကင်ဆာဆေးသွင်းကုသမှုကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။

ရင်သားကင်ဆာ ကုသမှုဟာ လူနာတွေကို အသက်ပိုရှည်စေပြီး လုံးဝပျောက်ကင်းအောင် ကုသနိုင်ပါတယ်။ ဘယ်လို ကုသမှုတွေက ဘယ်လိုဆိုးကျိုးတွေပဲ ဖြစ်စေကာမူ ဆရာဝန်နဲ့ အမြဲတိုင်ပင် ဆွေးနွေးသင့်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Breast Cancer Treatment (PDQ®)–Patient Version,

https://www.cancer.gov/types/breast/patient/breast-treatment-pdq,

Accessed October 13th, 2016.

Breast Cancer Treatment and Pregnancy,

https://www.cancer.gov/types/breast/patient/pregnancy-breast-treatment-pdq,

Accessed October 13th, 2016.

Inflammatory Breast Cancer,

https://www.cancer.gov/types/breast/ibc-fact- sheet,

Accessed October 13th,2016.

Hormone Therapy for Breast Cancer,

https://www.cancer.gov/types/breast/breast-hormone- therapy-fact-sheet,

Accessed October 13th, 2016.

ယခုပုံစံ

16/02/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရင်သားအကျိတ် (သို့) ရင်သားနာကျင်ခြင်းက ရင်သားကင်ဆာလား

ကိုယ်ဝန်ရှိနေချိန်မှာ ရင်သားကင်ဆာကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ



Dr . Phyu Mon Latt မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement